Tuesday, May 6, 2014

M.D.C.Fကိုထင်ကျော်

ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်းဆန္ဒပြသည့် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော် ပုဒ်မ-၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရ
by mgtoe
Eleven Daily NewsYesterday, 03:25
Written by: 
ဥာဏ်ဝင်းရှိန်

ကိုထင်ကျော်အား တောင်ဥက္ကလာပမြို့နယ် တရားရုံးမှ အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားစဉ် (ဓာတ်ပုံ-MDCF)
ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုထင်ကျော်အား မေ ၅ ရက် နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်တွင် ဆန္ဒပြနေစဉ်အတွင်း သက်ဆိုင်ရာမှ လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု အဖွဲ့ဝင်များက ပြောကြားသည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ မေ ၅ ရက် နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၌ (၁၁) ကြိမ်မြောက်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့အား အယုံအကြည် မရှိကြောင်းနှင့် ပြည်သူသည်သာ သခင်ဖြစ်ကြောင်း စာရွက်များဖြန့်ဝေ ဟောပြောဆန္ဒပြနေစဉ်အတွင်း ယင်းကဲ့သို့ လာရောက်ဖမ်းဆီး သွားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုနောင်နောင်က "ကိုထင်ကျော်ကို မနက် ၁၀ နာရီလောက်က ရဲတွေက လာဖမ်းသွားပါတယ်။ လောလောဆယ်တပ်ထားတဲ့ ပုဒ်မက ၅၀၅ (ခ) ပါ။ အာမခံပေးမပေးကတော့ မသိသေးပါဘူး။ အခုသူ့ကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှာ ချုပ်ထားပါတယ်" ဟု မေ ၅ ရက် နံနက် ၁၀ နာရီခွဲက ပြောကြားသည်။

ထိုသို့ဖမ်းဆီးပြီးနောက် တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရုံးချိန်းယူပြီး အင်းစိန်ထောင်သို့ ယင်းနေ့ မွန်းလွဲပိုင်းက ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုဇေယျာလင်းက "မွန်းတည့် ၁၂ နာရီလောက်မှာပဲ တရားရုံးမှာ ရုံးချိန်းယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ အာမခံမရပါဘူး။ လာမယ့် မေ ၁၅ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်ပါတယ်" ဟု မေ ၅ ရက် ညနေပိုင်းက ပြောကြားသည်။

ဧပြီ ၃၀ရက်က ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ပြည်ထောင်စုအစိုးရကို အယုံအကြည် မရှိကြောင်း လက်ကမ်းစာစောင်များကို (၁၀) ကြိမ်မြောက်အဖြစ် ရွှေပြည်သာမြို့နယ်တွင် ဖြန့်ဝေမှုပြုလုပ်ခဲ့ပြီး ယခု (၁၁) ကြိမ်မြောက်အဖြစ် တောင်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်စဉ်ပုဒ်မ-၅၀၅ (ခ) ဖြင့် အဖမ်းခံရခြင်း ဖြစ်သည်။

 

 

Politic
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment