ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုတွင် စစ်တပ်ရဲ့ ဗီတိုအာဏာအပေါ် စိုးရိမ်ကြောင်း ကင်တားနား ပြော
by ဒီဗွီဘီDVBToday, 16:18မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အကူးအပြောင်းနဲ့ နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တွေအတွက် အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုတွေအပေါ် စစ်တပ်ရဲ့ ဗီတိုအာဏာအပေါ် စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန် တောမတ်စ် အိုဟေး ကင်တားနားက မေလ ၂၄ ရက်နေ့မှာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။မစ္စတာ ကင်တားနားဟာ ဒီလဆိုရင် သူ့ရဲ့ အထူးသံတမန်အဖြစ် ၆ နှစ်ကာလ ရာထူးသက်တမ်း ကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြင်ဆင်မှုကို တားမြစ်ပိုင်ခွင့်ဟာ ၂၀၁၅ ရွေးကောက်ပွဲတွေ အတွက် နိမိတ်ကောင်း မဟုတ်ဘူးလို့လည်း သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဆိုပါတယ်။စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ပြည်သူလူထုက စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုဟာ ပိုပြီး ဒီမိုကရေစီနည်းကျတဲ့နိုင်ငံ တနိုင်ငံဖြစ်လာအောင် အကူးအပြောင်းမှာ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment