Thursday, May 22, 2014

နေပြည်တော်-ရန်ကုန် အစိုးရ၀န်ထမ်း သီးသန့်ယာဉ်လိုင်း သောကြာနေ့တိုင်းပြေးဆွဲမည်

by 7daynewsNews | 7Day DailyToday, 16:45အစိုးရ၀န်ထမ်းအထူးသီး သန့်ယာဉ်လိုင်းအစီအစဉ်ကို နေ ပြည်တော်ကုန်းလမ်းပို့ဆောင် ရေးနှင့် ညွှန်ကြားရေးဦးစီးဌာနမှ ကားအစီးရေငါးစီးဖြင့်ယခုလာ မည့် သောကြာနေ့မှစ၍ တစ်ပတ် တစ်ကြိမ်ပြေးဆွဲသွားမည်ဖြစ် ကြောင်းနေပြည်တော်မြို့မဈေး ဂိတ်တာဝန်ခံဦးတင်ဌေးကပြော သည်။‘‘တစ်ပတ်တစ်ကြိမ် သော ကြာနေ့တိုင်းပြေးဆွဲသွားမှာပါ။ အခုလာမယ့်သောကြာနေ့က စပြီး ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။သက် ဆိုင်ရာအစိုးရ၀န်ကြီးဌာနတွေမှာ လက်မှတ်တွေရောင်းပေးနေပါ ပြီ။ တနင်္ဂနွေနေ့ည ၆နာရီမှာ ရန် ကုန်ကနေ ပြန်ထွက်လာမှာဖြစ်ပါ တယ်’’ဟု ဦးတင်ဌေးကပြော သည်။အဆိုပါယာဉ်လိုင်းအတွက် ယာဉ်စီးခလက်မှတ်များကို ၀န် ထမ်းတစ်ဦးလျှင် ၃၂၀၀ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အ သက်အာမခံကြေးအတွက် ၃၀၀ ကျပ်ဖြင့် ထားရှိပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ယာဉ်စီးလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအပါ  အ၀င် ၀န်ကြီးဌာနငါးခုအတွက် လက်မှတ် သုံးစောင်နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး အ ခြားအစိုးရဌာနများအတွက် ငါး စောင်နှုန်းဖြင့် ရောင်းချပေးသွား မည်ဟု သတင်းရရှိသည်။Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment