IBTC ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Myanmar Winery & Distillery ကုမ္ပဏီထံမှ အခွန်ကြွေးကျန် ကျပ်သန်းပေါင်း ၂၇၀၀၀ ကို ပြန်လည်ရရှိပြီဟု ပြည်တွင်းအခွန် ပြောကြား
by mgtoeEleven Daily NewsToday, 01:46Written by: အောင်ရဲကိုIBTC ဦးအောင်မိုးကျော်၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Myanmar Winery & Distillery ကုမ္ပဏီထံမှ အခွန်ကြွေးကျန် ကျပ်သန်းပေါင်း ၂၇ဝဝဝ ကို ပြန်လည်ရရှိပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။မေ ၁၇ ရက်က ပြုလုပ်ခဲ့သော ဘဏ္ဍာရေးဝန်ကြီးဌာန လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းပွဲအစီအစဉ်တွင် The Daily Eleven သတင်းစာ၏ မေးမြန်းမှုများအတွင်း ဦးမင်းထွဋ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။အရက်၊ ဘီယာ၊ အချိုရည်ကုမ္ပဏီများ၏ အခွန်ကြွေးကျန်များကို အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးအဖွဲ့မှ လိုက်လံတောင်းခံမှုများနှင့် အခွန်ပိုမိုဆောင်ရန်အတွက် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့တွေ့ဆုံမှုများအတွင်း အခွန်ကြွေးကျန်များ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ဦးမင်းထွဋ်က “ကျွန်တော်တို့ဆီမှာ ၂၇ ဘီလျံတစ်ခုလုံး အခွန်ကြွေးကျန်တဲ့ကုမ္ပဏီက Myanmar Winery & Distillery ဘီယာကုမ္ပဏီပါပဲ။ IBTC လက်အောက်ခံပါ”ဟု ပြောကြားသည်။IBTC ကုမ္ပဏီအနေဖြင့် Grand Royal ဝီစကီ အပါအဝင် ပြည်တွင်း အရက်၊ ဘီယာ လုပ်ငန်းအများစုကို ရရှိထုတ်လုပ်နေပြီး၊ ဒေါ်လာသန်းနှင့်ချီသော ပြည်ပဘီယာလုပ်ငန်းများနှင့်ပင် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေကြောင်းလည်း သိရသည်။ယင်းအပြင် IBTC အနေဖြင့် Mercedes- Benz ကားအပါအဝင် ပြည်ပ ကားအမှတ်တံဆိပ်များကို တရားဝင်ကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချခွင့် ရရှိထားကြောင်းလည်း သိရသည်။ပြည်တွင်းအခွန်များဦးစီးဌာန၏ ဆက်လက်ထုတ်ပြန်မှုအရ ရေသန့်ထုတ်လုပ်ရေးကုမ္ပဏီများထံမှ ရရှိရန် ကျန်သောအခွန်ငွေကျပ်ာ ခြောက်ဘီလျံမှာလည်း ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။

posted from Bloggeroid
No comments:
Post a Comment