Friday, May 16, 2014

တို့ မြေ တို့ ယာပြန်ရရေး

မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဒေသခံတောင်သူများ လယ်မြေများ သိမ်းဆည်းခံရမှုနှင့် ထောင်ချခံရမှုများကို ဆန္ဒထုတ်ဖော်ခွင့် မရရှိသဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

by mgtoeEleven Daily NewsToday, 03:45Written by: ရန်မျိုးအောင်မော်ကျွန်းမြို့နယ်ရှိ တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းရေးကော်မတီ ရုံးရှေ့တွင်ပြုလုပ်သည့် အဆိုပါသတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် မိမိတို့ထွန်ယက်စိုက်ပျိုးခဲ့သည့် လယ်မြေများ သိမ်းဆည်းခံရမှုနှင့် ထောင်ချခံရမှုများကို တရားဝင်ခွင့်ပြုမိန့် တင်သော်လည်း ဆန္ဒထုတ်ဖော်ခွင့် မရရှိသဖြင့် မေ ၁၅ ရက် နံနက်ပိုင်း ၈ နာရီခွဲအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်ရှိ တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းရေးကော်မတီရုံးရှေ့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကြပ်စဉ်ချောင်းကျေးရွာအုပ်စု၊ သုံးခွချွန်း ကျေးရွာအုပ်စု၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ တယ်ချောင်းကျေးရွာ အုပ်စုများနှင့် ယင်းမြို့နယ် အနီးဝန်းကျင်ရှိ ကျေးရွာများမှ လယ်မြေသိမ်းခံရသည့် တောင်သူများအား သက်ဆိုင်ရာဒေသ အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများ ရှိသော်လည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း ယင်းတောင်သူများထံမှ သိရသည်။“ပထမကတောင်သူတွေက သူတို့လယ်မြေတွေ သိမ်းခံရတာနဲ့ပတ်သက်ပြီး ဆန္ဒပြဖို့လုပ်ထားတာ။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့က ကျွန်မတို့ဆီမှာ တက်လာတဲ့အမှုတွေကို လယ်ဆည်မှာ တင်ပြဖို့ပြောပြီး ဆန္ဒထုတ်ဖော်မှာကို ပယ်ချလိုက်တယ်။ လယ်သမားတွေက ခွင့်ပြုမိန့်မရလည်း ဆန္ဒပြဖို့ လုပ်ထားတယ်။ ကျွန်မက လယ်ဆည်ကိုတင်ပြီး လယ်သမားတွေ အကြိမ်ကြိမ်ဆွေးနွေးရဲ့နဲ့ မလုပ်ပေးဘူးဆိုမှ အပြောနဲ့အလုပ်မညီလို့ ဒုတိယအကြိမ်အနေနဲ့  စာသင့်ပြီးမှသာ ခွင့်မပြုလည်း ပြသင့်တယ်လို့ ကျွန်မက သူတို့ကိုပြောပြီး တားထားတယ်။ ဥပဒေကို နားမလည်ဘဲ တကယ်လယ်ယာမြေတွေ သိမ်းဆည်းခံရတဲ့ လယ်သမားတွေကို ထပ်ပြီးတော့ ဒုက္ခမရောက်စေချင်ဘူး။ လယ်သမားတွေက ဆန္ဒထုတ်ဖော်ခွင့် မရတော့ သတင်းစာရှင်းလင်းပွဲ လုပ်ခြင်တယ်ဆိုလို့ အခုလို ရှင်းလင်းပွဲလုပ်ဖြစ်တာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းရေးကော်မတီ တာဝန်ခံဒေါ်စုစုနွေးက ပြောကြားသည်။မော်ကျွန်းမြို့နယ်နှင့် ၀ါးခယ်မမြို့နယ်များတွင် လယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှု ၄၄၇ ပုဒ်မနှင့် သီးနှံဖျက်ဆီးမှု ဟူသော စွဲချက် ၄၂၇ ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသည့် လယ်သမား ၁၀၀၀ ကျော်ခန့်ရှိ၍ ၂၀၀ ကျော်ဝန်းကျင်ထိ အကျဉ်းချခံရထားရကြောင်း ပြည်သူ့လွှတ်တော်၏ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် မအူပင်မြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက The Daily Eleven သို့ ပြောကြားသည်။အဆိုပါလယ်သမားများမှာ ယခင်အစိုးရ လက်ထက်များ၌ လယ်ပြန်ယာပြန်သိမ်း၊ တာဝန်မကျေသိမ်းစသည့် အချက်အမျိုးမျိုးဖြင့် လက်လွတ်ဆုံးရှုံးခဲ့ရသည့် မိမိတို့ပိုင် လယ်ယာမြေများကို ပြန်လည်ရရှိရန် ဥပဒေနည်းလမ်းများဖြင့် တာဝန်ရှိသူအဆင့်ဆင့်ထံ တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိသဖြင့် ထွန်တုံးတိုက်ပွဲများ ဆင်နွှဲရာမှ တရားစွဲဆိုထောင်ချ ခံရခြင်းဖြစ်ကြောင်း အမှုရင်ဆိုင်နေရသည့် လယ်သမားများထံမှ သိရသည်။“ဦးတို့ရွာအပိုင်းကတော့ အားလုံးတရားစွဲခံရတာ ၂၂ ယောက်ရှိတယ်။ ဒီထဲမှာ ကျောင်းသားမိဘ ခုနစ်ယောက် လောက်ပါတယ်။ ထွန်တုံးတိုက်ပွဲ စလုပ်တုန်းက ထွန်တဲ့သူရော ဘေးကကြည့်သူတွေရော တရားစွဲတဲ့အထဲ အကုန်ပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်၊ ကြဉ်စဉ်ချောင်း ကျေးရွာအုပ်စု၊ ရာဇူတိုင်ကျေးရွာမှ တောင်သူဦးသန်းဌေးက ပြောကြားသည်။မော်ကျွန်းမြို့နယ်တွင် ၂၀၁၃ ခုနှစ်၌ လယ်မြေနှင့်ပတ်သက်သည့် အမှုပေါင်း ၁၀၀ ကျော်ရှိ၍ လယ်မြေသိမ်းဆည်းခံရသည့် လယ်သမားများကို ဆန္ဒထုတ်ဖော်ရန်ခွင့် မပြုခြင်းမှာ ယင်းမြို့နယ်အတွင်းရှိ လယ်မြေများမှာ တပ်ပိုင်မြေသိမ်းခြင်းနှင့် ကုမ္ပဏီပိုင် သိမ်းခြင်းများ မရှိခြင်းကြောင့် ခွင့်မပြုခြင်း ဖြစ်ကြောင်း မော်ကျွန်းမြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိရသည်။

posted from Bloggeroid

No comments:

Post a Comment