Monday, May 12, 2014

သတင်းစာသင်တန်းကျောင်း

လွတ်လပ်သည့် သတင်းစာသင်တန်းကျောင်း ဇူလိုင်တွင် ဖွင့်လှစ်မည်
by ထွန်းထွန်းသိန်း
DVBYesterday, 20:05
မြန်မာဂျာနယ်လစ် အင်စတီကျူကနေ မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် လွတ်လပ်တဲ့ သတင်းစာသင်တန်းကျောင်းကို ရန်ကုန်မြို့မှာ လာမယ့် ဇူလိုင်လလောက် ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

ဒီသင်တန်းကျောင်းအတွက် စီမံခန့်ခွဲရေး ယာယီဘုတ်အဖွဲ့ကို အဖွဲ့ဝင် ၈ ဦးနဲ့ မေလ ၄ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိမှာ နေရာ ရွေးချယ်မူကို ဆောင်ရွက်နေပြီး ဒီပလိုမာသတင်တန်းနှစ်ခု စတင်ပေးသွားမယ်လို့ ယာယီဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဦးသီဟစောက  ဒီဗွီဘီကို ပြောပါတယ်။

မြန်မာသတင်းစာ ပညာသင်တန်းကျောင်း ကနေစာတွေ့၊ လက်တွေ့ လုပ်ငန်းခွင်သင်တန်းတွေနဲ့ သင်ကြားပေးမှာဖြစ်ပြီး ဘွဲ့ပေးမယ့်သင်တန်းတခုမဟုတ်ဘဲ သတင်းစာလောက လိုအပ်ချက်ကို မြန်မြန်ဆန်ဆန်ဖြည့်ဆည်းတာလို့ ဦးသီဟစောက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာသတင်းစာဆရာအသင်း နဲ့ မြန်မာဂျာနယ်လစ် သမဂ္ဂစတဲ့ အဖွဲ့တွေ ဖွဲ့စည်းထားပြီး သတင်းစာလောက ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆောင်ရွက်နေပါတယ်။

မြန်မာဂျာနယ်လစ်အင်စတီကျူကိုတော့ သတင်းစာပညာ သင်တန်းကျောင်းတည်ထောင်ဖို့အတွက် ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကတည်းက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မီဒီယာအဖွဲ့ ၃၉ ဖွဲ့ကနေ စတင်ဆွေးနွေးခဲ့ပြီး စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ကို အခုနှစ် မေလဆန်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်


Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment