အရှင်ဉာဏိဿ ရ ဘိဝံသ သန္တိသုခဆရာတော် (ဒါးက)ဤ ဆောင်းပါးကို ရပာန်းတော်များအတွက် အဓိကရည်ရွယ်ပါသည်။ မိကျောင်းမင်းရေခင်းပြခြင်းမပာုတ်ပါ၊ နွားရှေ့ထွန်ကျူးခြင်းလည်းမပာုတ်ပါ၊ ပညာရှိသတိဖြစ်ခဲပာူသော စကားအရ သတိမမူ ဂူမမြင်ဖြစ်နေသော ရပာန်းတော်များအတွက် သတိမူရန် လမ်းကြောင်းပေးခြင်းသာ။ တစ်ခါက မြတ်စွာဘုရားသည် သူ့ခမည်းတော်နေထိုင်ရာ သူ့ဆွေမျိုးများရှိရာ ကပိလ၀တ်ပြည်သို့ ကြွသွားရာ ခမည်းတော်နှင့် ဆွေတော်မျိုးတော်များက သောင်းသောင်းဖြဖြကြိုဆိုကြသည်။ တရားဓမ္မများ နာကြားကြသည်။ တရားဓမ္မများ နာကြား၍ ဆွမ်းစားချိန်နီးကပ်လာသော အခါ မြတ်စွာဘုရားက သပိတ်ပိုက်ပြီး ဆွမ်းခံကြွသွားသည်။ဆွမ်းခံခြင်း အလေ့အထမရှိသေးသော ဗုဒ္ဓဘာသာ အမြစ်မတွယ်သေးသောသူများဖြစ်၍ ဆွမ်းခံကြွခြင်းကို မြင့်မြတ်သည်ပာု မထင်ပဲ တောင်းစားခြင်း သက်သက်အဖြစ် ယူဆကာ မှုးမတ်များက ဘုရင့်ထံမှောက်သွားရောက်၍ “ အရှင်မင်းကြီးရဲ့ သားတော်က အိမ်စဉ်လှည့်ပြီး ထမင်းတောင်းနေတယ် ” ပာု တိုင်ကြားကြသည်။ထိုအကြောင်းကြားလျှင် သုဒ္ဓေါဒနမင်းကြီးသည် ၀တ်လဲတော်ပုဆိုးကိုမှ သေချာမ၀တ်နိုင် ပုဆိုးစွန်တောင်စွဲကာ ဘုရားထံမှောက် အပြေးသွား၍ “ သားတော် ဘယ်လိုလုပ်လိုက်တာလဲ ခမည်းတော်နှင့် ဆွေမျိုးတွေကို အရှက်ခွဲတာလား သားတော်ရဲ့ ရပာန်းတော်တွေကို မကျွေးနိုင်ဘူးထင်လား၊ ဘာဖြစ်လို့ အိမ်စဉ်လှည့်ပြီး လိုက်တောင်းနေရသလဲ ” ပာု လျှောက် ထားလေသည်။ဗုဒ္ဓ “ မင်းကြီး ဒီလိုဆွမ်းခံထွက်တာပာာ ငါဘုရား ဆွေမျိုးစဉ်ဆက်ကျင့်သုံးလာခဲ့တဲ့ ကျင့်ဝတ်ကို ကျင့်သုံးတာဖြစ်တယ် ” ပာုမိန့်လျှင် “ သားတော်ဘုရား မပာာသမ္မတခတ္တိယ မင်းမျိုးကစပြီး ယနေ့ထိ တပည့်တော်တို့ မျိုးရိုးမှာ တောင်းစားတဲ့သူဆိုလို့ တစ်ယောက်မှ မရှိပါဘူး။ ဘာဖြစ်လို့ သားတော်က မျိုးရိုးစဉ်လာလို့ ပြောရတာပါလဲ ” “ မင်းကြီး မပာာသမ္မတခတ္တိယမင်းမျိုးဆိုတာ သင်မင်းကြီး အမျိုးပဲ ငါ့အမျိုး မပာုတ်ဘူး၊ ငါဘုရားအမျိုးဆိုတာက ရှေးဘုရားစဉ်ဆက် သာသနာစဉ်ဆက်က ( အမှား ကံဗုဒ္ဓ၀ံသော ) ငါ့ဘုရားအမျိုးပဲ ” ပာု မိန့်လေသည်။ ၀ိနည်းအဌာမှာ ပါသည့်ဖြစ်ရပ်လေးပါ။ဖြစ်စဉ်က ရိုးရိုးသာမန်ပါ၊ ဒါပေမယ့် စဉ်းစားစရာတွေကတော့ တစ်ပုံတစ်ပင်ပါပဲ၊ ဗုဒ္ဓကဘုရားဖြစ်သွားသည့်အတွက် သာသနာ့နွယ်ဝင်ဖြစ်သွားသည့်အတွက် သာကီမင်းမျိုးတို့သည် သူနှင့်မဆိုင်တော့၊ သူ့အမျိုး မပာုတ်တော့၊ မှန်လှပေသည် ဘုရားပာူသည် တစ်လောကလုံး တစ်စကြ၀ဠာလုံး သတ္တ၀ါအားလုံးကို ကိုယ်စားပြုသည် မပာုတ်လား၊ သူ့အမျိုးတစ်မျိုးအတွက် ပွင့်လာရသည်မပာုတ်ပေ။ ဤသို့ဆိုလျှင် ရပာန်းတော်များကကော ဘယ်လူမျိုးကို ကိုယ်စားပြုမည်လဲ ရပာန်းတော်များသည် ဗုဒ္ဓ၀ံသ,သာသန၀ံသပါပဲ သို့အတွက် မြတ်ဗုဒ္ဓပောာကြားသည့် ဓမ္မကိုသာ ကိုယ်စားပြုရပါမည်။ဓမ္မပာူသည် မြန်မာမပာုတ်၊ တရုတ်မပာုတ်၊ အမေရိကန်မပာုတ်၊ မူဆလင်မပာုတ်ပေ။ ဓမ္မသည် တစ်ကမ္ဘာလုံးဧ။်အမှတ်တံဆိပ်ဖြစ်သည်၊ တစ်စကြာဝဠာလုံးဧ။် သင်္ကေတဖြစ်သည်။ ထိုဓမ္မကိုဖြန့်ဖြူးရသော ဓမ္မကိုယ် စားလှယ်ဖြစ်သော ရပာန်းတော်များသည် လူမျိုးတစ်မျိုးကိုသာ ကိုယ်စား မပြုသင့်ပါ။ မှားနေလျှင် လမ်းကြောင်းပေးသင့်သည်။ ချော်နေလျှင် တည့်ပေး သင့်သည်။ ထို့ထက်ပို၍ ကိုယ်ထိလက်ရောက် မပါဝင်သင့် မပါဝင် ကောင်း။ ဓမ္မသည် မြန်မာလူမျိုးတို့၏ ဓမ္မ မပာုတ်ပါ။ ထိုဓမ္မကို ကိုယ်စားပြုသော သာသနာဝံသ၊ ဗုဒ္ဓ၀ံသရပာန်းတော်များ သည်လည်း မြန်မာမပာုတ်ပါ၊ ဓမ္မသည် International Law ဖြစ်သည်။ ဓမ္မကို ကိုယ်စားပြုရသော ရပာန်းတော်များသည် မြန်မာလူမျိုးတစ်မျိုးတည်းကိုသာ ကာကွယ်သည်ဆိုလျှင် ဓမ္မသည်ဘောင် ကျဉ်းသွားပေလိမ့်မည်။ မြန်မာလူမျိုးပိုင် ဓမ္မ ဖြစ်သွားပေလိမ့်မည်။မြန်မာလူမျိုးပိုင် ဓမ္မဖြင့် ကမ္ဘာကိုမည်သို့ စည်းရုံးမည်နည်း၊ ဘောင်ခတ် ထားသောဓမ္မဖြင့် ကမ္ဘာကို ကျယ်ပြန့်အောင် မည်သို့ဖြန့်မည်နည်း၊ ရပာန်း တော်များ အမြင်မကျဉ်းသင့်ပါ။ လူတွေ သူ့ကိစ္စ သူတို့လုပ်ပါလိမ့်မည်။ သူတို့ နားမလည်ရင် သူတို့ခံပေါ့၊ သူများ ဓါးခုတ်ရာ လက်မလျှိုပါနှင့် ပေါက်ကွဲမည့် ဗုံးတစ်လုံးကို စနက်တံ ၀င်မဖြတ်ပါနှင့်၊ သမိုင်းမှာ ကိုယ်တရားခံဖြစ် သွားလိမ့်မည်။မြန်မာလူမျိုးတစ်မျိုးကိုသာ ကာကွယ်ရန်တာဝန်သည် ရပာန်းတော်များတွင် မရှိပါ။ တစ်ကမ္ဘာလုံး၊ တစ်စကြ၀ဠာလုံးကို သံသရာဘေးဒုက္ခမှ ကယ်တင်ရန် သာ ရပာန်းတော်များဧ။်တာဝန်ဖြစ် သည်။ တစ်ကမ္ဘာလုံး၊ တစ်စကြ၀ဠာလုံးကို ကယ်တင်ရန်တာဝန်ယူထားသော ရပာန်းတော်များသည် လူမျိုးတစ်မျိုး သို့မပာုတ် အဖွဲ့အစည်းတစ်ခုကို ကိုယ်စားမပြုသင့်ပါ။ပညတ်နယ်ပယ်ထဲမှာ နေထိုင်ကြသည့် နိုင်ငံတော်သမ္မတ လွှတ်တော် ဥက္ကဌဆိုသူများပင် ပြည်သူများကို ကိုယ်စားပြုရသည့်အတွက် ပါတီနိုင်ငံရေးကင်းစင်ရသည်မပာုတ်လား၊ ပရမတ်နယ်ပယ်မှာ နေထိုင်ကြသည့် ရပာန်းတော်များသည် ဓမ္မကိုဖြန့်ဖြူးဖို့ တကမ္ဘာလုံးကို ကိုယ်စားပြုနေသူများ ဖြစ်သည့်အတွက် လူမျိုးရေး သံယောဇဉ်၊ ဂိုဏ်းဂဏ သံယောဇဉ် ကင်းစင်ရပေမည်။ သို့မှသာလျှင် ကမ္ဘာက အမြင်ကြည်ပေမည်။ ဘက်လိုက်မှုကင်းသော ဓမ္မအဖြစ် ကမ္ဘာက လက်ခံလာပေမည်။ဗုဒ္ဓလက်ထက်က ကျောင်းအမကြီး ၀ိသာခါယူသည့် အမျိုးသားက ဘာသာခြားပါ၊ ကျောင်းဒကာကြီး အနာထပိဏ်သူဌေးဧ။် သမီး စူဠသုဘဒ္ဒါယူသည့် ယူသည့် အမျိုးသားကလည်း ဘာသာခြား ပါပဲ။ မည်သည့်ရပာန်းကမှ ဥပဒေပြုဖို့ မတောင်းဆိုခဲ့ပါ။ ထိုဥပဒေ၏ အမှား အမှန်ကို တင်ပြနေခြင်း မပာုတ်ပါ ဥပဒေပြုခြင်းသည် လူတို့ကိစ္စသာ မှန်တိုင်း ကောင်းတိုင်း ရပာန်းတော် များ လုပ်သင့်ပါသလား၊ ဤသို့ဆိုလျှင် ဆေးကုခြင်းသည် ကောင်းသောလုပ်ရပ် မှန်သောလုပ်ရပ်ပါပဲ။ မည်သည့်အတွက်ကြောင့် ဗုဒ္ဓခွင့်မပြုခဲ့ပါသလဲ။နောက်တစ်ခုက ဘယ်ပါတီကိုမဲပေးပါ၊ ဘယ်ပါတီကို မဲမပေးနဲ့ ပာု ရပာန်းတော်များ မပြောသင့်ပါ။ ကောင်းခြင်းဆိုးခြင်းကိုတော့ ခွဲခြားပြသင့်ပါတယ်။ ဓမ္မဓိဌာန်အားဖြင့်ပေါ့ ပုဂ္ဂလဓိဌာန် အနေနှင့် တိုက်ရိုက်ပြောခြင်းကား ၀ိနည်းဒေသနာတော်နဲ့ လွတ်ပါရဲ့လား။ မိချောင်းမင်း ရေခင်းပြခြင်း မပာုတ်ကြောင်း ဆောင်းပါးအစ၌ ၀န်ခံခဲ့ပါပြီ။ လောကက မှန်တိုင်းကောင်းတိုင်း ရပာန်းတော်များ လက်မခံသင့်၊ မိမိတို့မှာ ဓမ္မပေတံနှင့် တိုင်းတာ၍ မှားနေသည်ဆိုလျှင် လောကက ဘယ်လောက်မှန်မှန် ပယ်ချရမည်။ ဓမ္မပေတံနှင့် တိုင်းတာ၍ မှန်နေသည် ဆိုလျှင်ကား လောက က ဘယ်လောက်မှားမှား ကျင့်သုံးရမည်သာ။မေတ္တသုတ်၌ “ ကုလေသုအနနုဂိဒ္ဓေါ ဘယ်လူမျိုးကိုမှ ငဲ့ကွက်တွယ်တာမှု မပြုရ၊ ကိုယ်စားမပြုရ ” ပာု ဆိုထားပါသည်။ ရိုးရိုးသာမန် မေတ္တာပွားသူများ အတွက်ပင် ထိုကဲ့သို့ဆိုထားလျှင် တကမ္ဘာလုံးကို သာသနာပြုရမည့် ဓမ္မကိုယ်စားလှယ် ရပာန်းတော်များ စဉ်းစားကြပါ။ လူမျိုးမပျောက်ဖို့က အရေးကြီးသည်။ မှန်ပါသည်။ ထိုကိစ္စကို လူတွေဆောင်ရွက်ပါလိမ့်မည်။ မိမိတို့မှာ ထို့ထက် အရေးကြီးသည့် ကိစ္စရှိသည်။ ထိုအရာကား ဓမ္မမပျောက်ဖို့၊ လောကနှင့် ဓမ္မကို ခွဲခြားနားလည်ကြပါ။ မိမိတို့မှာ ဓမ္မကိုကာကွယ်ဖို့သာ တာဝန်ရှိသည်။ဓမ္မပာူသည် ဘာသာတစ်ခုမပာုတ်ပါ။ ဘာသာပာု ခေါင်းစဉ်တပ်ခြင်းသည် အုပ်စုနှစ်စုအကြား၊ လူမျိုးတစ်မျိုးအကြား နံရံခြားပေးလိုက်သည်နှင့် တူဧ။် ။ မှန်ကန်သော ဓမ္မက နံရံအားလုံးကိုဖြိုသည်၊ တံတိုင်းအားလုံးကို ဖျက်သည်၊ အဆီးအတားအားလုံးကို ဖယ်ရှားသည်။ ဓမ္မပာူသည် ဆေးဖြစ်သည်။ လူတို့ဧ။် စိတ်နှလုံးမသာမယာမှု၊ မငြိမ်းမှု၊ စိတ်ယောက်ယက် ခတ်မှုများက အနာရောဂါဖြစ်သည်။ဆေးသည် ဗုဒ္ဓဘာသာလည်း မပာုတ်၊ ခရစ်ယာန်လည်း မပာုတ်၊ မူဆလင်လည်း မပာုတ်၊ ဖာရစီလည်းမပာုတ်၊ ရပာူဒီလည်းမပာုတ်။ အနာရောဂါသည်လည်း ဗုဒ္ဓဘာသာမပာုတ်၊ ခရစ်ယာန်မပာုတ်၊ မူဆလင်မပာုတ်၊ ဖာရစီမပာုတ်၊ ရပာူဒီမပာုတ်ပါ။ ဗုဒ္ဓကတော့ ခမည်းတော်ကို သူသည် သူ့ခမည်းတော်၏ အမျိုးမပာုတ်ကြောင်း၊ သူ့ခမည်းတော်၏ မျိုးရိုးစဉ်လာများကို မလိုက်နာနိုင်ကြောင်း ဗုဒ္ဓအမျိုး၊ သာသနာအမျိုးဖြစ်၍ ဗုဒ္ဓအမျိုး၊ သာသနာအမျိုးတို့ဧ။် ထုံးတမ်းစဉ်လာများကိုသာ လိုက်နာစောင့်ရှောက်မည် ဖြစ်ကြောင်း အတိအလင်း မိန့်တော်မူခဲ့ပြီ။ ကမ္ဘာကို ဓမ္မဆေးတိုက်ကျွေးကြမည့် ရပာန်းတော်များ ဗုဒ္ဓသားတော်ပာု ၀န်ခံပါလျှင် ဘယ်အမျိုးကို စောင့်မှာလဲ …။The Messenger (26.5.2014)


posted from Bloggeroid
No comments:
Post a Comment