လယ်တီသိမ်နှင့် စေတီဖျက်ဆီးခြင်းကြောင့် ဆိုးကျိုးများ မကျရောက်စေရန် ဆုတောင်းပွဲပြုလုပ်
by 7daynewsNews | 7Day DailyToday, 11:00လက်ပံတောင်းတောင် ဒေသခံများ ဆုတောင်းပြည့် ရင်ပြင်တွင် ဆုတောင်းနေစဉ် (ဓာတ်ပုံ- မျိုးမင်းဦး)ဆားလင်းကြီးမြို့နယ် လက်ပဲတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ အနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံများစုပေါင်း၍ မုံရွာမြို့၊ ဆုတောင်းပြည့်စေတီတော် ရင်ပြင်တော်တောင်ဘက် ဆုတောင်းပြည့်ဘုရားကြီး သမိုင်းပြတိုက်အနီးတွင် လက်ပံတောင်း တောင်ကြားစေတီနှင့် လယ်တီသိမ်ဖျက်ဆီးခြင်းကြောင့် နောင်ဖြစ်လာမည့် ဆိုးကျိုးများ မကျရောက်စေရန် ဆုတောင်းပွဲ အခမ်းအနားကို မေလ ၁၃ ရက် နံနက် ၁၀နာရီအချိန်တွင် ကျင်းပခဲ့သည်။‘‘လက်ပဲတောင်း တောင်ကြားစေတီနဲ့ သိမ်ဖျက်ဆီးလိုက်တဲ့အတွက် ဒေသခံတွေအပေါ် ဆိုးကျိုးတွေ မကျရောက်အောင် ဆုတောင်းပွဲ ကျင်းပတာပါ။ စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာအတိုင်း ဆောင်ရွက်တယ်ဆိုပေမယ့် ပွင့်လင်းမြင်သာမှုမရှိဘူး’’ ဟု အဆိုပါ ဆုတောင်းပွဲကို ဦးဆောင်သော ဆရာတော်တစ်ပါးက မိန့် ကြားသည်။လယ်တီသိမ်နဲ့ စေတီဖျက်ဆီးလိုက်တယ်တော့ ကြားတယ်။ အကြားပဲရှိတာ လက်တွေ့ဝင်ရောက်ဖူးမြော်ခွင့်တောင်းတော့ မပေးဘူး။ ဆက်ဆံရေးရုံးကိုလည်း မေလ ၁ ရက်ကစပြီး ပိတ်ထားတယ်။ သာသနာပျက်စီးတာကိုတော့ လက်မခံနိုင်ဘူး’’ ဟု ဆားလင်းကြီးမြို့နယ် တုံကျေးရွာ ဒေသခံ မစန္ဒာက ပြောသည်။အဆိုပါ ဆုတောင်းပွဲအခမ်းအနားကို မေလ ၁၃ ရက် နံနက် ၉ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ၁၅ မိနစ်ခန့်အကြာ တရားရှုမှတ် ခြင်း၊ မေတ္တာပို့သခြင်း၊ ဆုတောင်း ပြည့်စေတီတော်အား လင်္ကျာရစ် လှည့်ပတ်၍ ဆုတောင်းမေတ္တာ ပို့သခြင်းတို့ ပြုလုပ်ခဲ့သည်။ ဆုတောင်းပွဲတွင် လက်ပံတောင်း တောင်စီမံကိန်းနယ်မြေဖြစ်သည့် တုံကျေးရွာ၊ မိုးကြိုးပြင်ကျေးရွာ၊ ဆည်တည်းကျေးရွာစသည့် ကျေးရွာများမှ အမျိုးသမီး ၅၀ ခန့် ပါဝင်ခဲ့သည်။Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment