Friday, May 16, 2014

လယ်ယာမြေသိမ်ပခုက္ကူမြို့နယ်

လယ်ယာမြေစုံစမ်း စစ်ဆေးရေးကော်မရှင်က လျော်ကြေးပေးရန် ဆုံးဖြတ်ထားသော်လည်း ပခုက္ကူလေယာဉ်ကွင်း တည်ဆောက်စဉ် သိမ်းဆည်းခံရသော လယ်ယာမြေများအတွက် တောင်သူများ လျော်ကြေးငွေ မရရှိသေး

by mgtoeEleven Daily NewsToday, 03:45Written by: သက်ထိန်ဝင်းဒေသခံများ၏ ယာမြေဧက ၉၀၀ ကျော်အား သိမ်းယူတည်ဆောက်ခဲ့သော ပခုက္ကူလေယာဉ်ကွင်းကို မြင်တွေ့ရစဉ်ယခင်အစိုးရလက်ထက် ပခုက္ကူလေယာဉ်ကွင်း တည်ဆောက်စဉ် သိမ်းဆည်းခံခဲ့ရသော ယာမြေဧက ၉၀၀ ကျော်အား လယ်ယာမြေနှင့် အခြားမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဗဟိုက လျော်ကြေးငွေပေးရန် ဆုံးဖြတ်ပေးခဲ့သော်လည်း မူလပိုင်ရှင် တောင်သူများအနေဖြင့် ယနေ့အချိန်ထိ လျော်ကြေးငွေ မရရှိသေးကြောင်း မြေပိုင်ရှင်များထံမှ သိရသည်။တာဝန်ရှိသူများဘက်မှ တောင်သူများအား လျော်ကြေးငွေများကို ယခုနှစ် ဧပြီလအတွင်း ပေးအပ်သွားရန်ရှိကြောင်း ပြောကြားထားသော်လည်း မေလအတွင်း ရောက်ရှိလာသည်ထိ လျော်ကြေးငွေ မရရှိသေးကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။“လေယာဉ်ကွင်းဆောက်တုန်းက တောင်သူတွေမှာ သီးနှံသီးချိန်ကြီး ယာတွေကို ဘူဒိုဇာတွေနဲ့ အထိုးခံရပြီး နစ်နာတာတွေ အများကြီးပဲ။ ဦးဆို ယာမြေဧက ၅၀ ကျော်ပါသွားတယ်။ နောက် ထန်းပင် ၁၂၀ လောက်ပါသွားတယ်။ ယာစအသိမ်းခံပြီး ကတည်းက လုပ်စားစရာ မြေနည်းသွားတဲ့အတွက် ဘ၀ကို အတော်ခက်ခက်ခဲခဲ ရပ်တည်ရတယ်။ ယာတွေကို ပြန်စိုက်ခွင့်လည်း မပေးတဲ့အတွက် ထိုက်သင့်တဲ့ လျော်ကြေးကို မြန်နိုင်သမျှမြန်ပြီး လိုချင်ပါတယ်။ အခု သူတို့ပြောတဲ့ အချိန်ထက် နောက်ကျနေတယ်” ဟု မြောက်လူးကန်ကျေးရွာမှ ဦးစိန်သန်းကပြောသည်။ပခုက္ကူလေယာဉ်ကွင်းအား ယခင်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ လမ်းညွှန်မှုဖြင့် ပို့ဆောင်ရေး ၀န်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်လှမြင့်ဆွေ ကြီးကြပ်ကွပ်ကဲပြီး လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနနှင့် ဟုန်ပန်းဆောက်လုပ်ရေး ကုမ္ပဏီတို့မှ ၂၀၀၂ ခုနှစ် ဇူလိုင် မှ ၂၀၀၄ သြဂုတ်ထိ နှစ်နှစ်ကျော် အချိန်ယူတည်ဆောက်ခဲ့ပြီး စတင်ဖွင့်လှစ်ပြီး လအနည်းငယ်သာ လေယာဉ်ပြေးဆွဲခဲ့ပြီးနောက် ယနေ့အချိန်ထိ လေယာဉ် ပြေးဆွဲခြင်း မရှိကြောင်းလည်း သိရသည်။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ တာဝန်ရှိသူ တစ်ဦးကလည်း ကော်မတီအနေဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ယာမြေ မူလပိုင်ရှင်များအား တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းထိ ပေးလျော်သင့်ကြောင်း တင်ပြထားပြီး ခွင့်ပြုချက်ကျလာသည်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ပူးပေါင်း၍ ဒေသခံတောင်သူများအား လျော်ကြေးငွေပေးအပ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ပခုက္ကူလေယာဉ်ကွင်းအတွက် သိမ်းဆည်းခံရသော ယာမြေဧက ၉၀၀ ကျော်သည် ပခုက္ကူမြို့နယ်တွင်းရှိ မြောက်လူးကန်၊ အုတ်ကန်၊ ပန်းတိုင်းခြုံနှင့် ကြီးကျေးရွာတို့မှ တောင်သူများ ပိုင်ဆိုင်သည့် ယာမြေများဖြစ်ကြောင်း သိရသည်။ 

posted from Bloggeroid

No comments:

Post a Comment