ဥရောပသမဂ္ဂ(အီးယူ)က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းဝင်းအတွင်းမှာ မေ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေကို ပြည်သူများ သိရှိဖို့ Open Day အမည်နဲ့ အခမ်းအနား ကျင်းပသွားပါတယ်။ရဲနဲ့ ပြည်သူအကြား ဆက်ဆံရေးကောင်းမွန်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပြီး ဒီမိုကရေစီ ရဲတပ်ဖွဲ့ဖြစ်ဖို့ ပြည်သူလူထုရဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောကြားလိုက်ပါတယ်။အီးယူနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ရဲမှူးချုပ် ၀င်းခေါင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။


posted from Bloggeroid
No comments:
Post a Comment