Thursday, May 15, 2014

2015အတွက်လာပါပြီ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို လာမည့်သြဂုတ်မှစပြီး ရှစ်လအတွင်း အပြီးကောက်ယူသွားမည်

by mgtoeEleven Daily NewsToday, 05:45ရန်ကုန်မြို့တွင် မေ ၁၅ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးကို တွေ့ရစဉ်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို လာမည့် သြဂုတ်လမှစပြီး ရှစ်လအတွင်း အပြီးကောက်ယူသွားရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြောကြားသည်။အဆိုပါ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ပတ်သက်၍ စမ်းသပ်စီမံချက်ကို မြို့နယ်သုံးမြို့နယ်တွင် စတင်ပြုလုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မေ ၁၅ ရက်က ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်၌ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အစည်းအဝေးတွင် အဖွင့်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။အဆိုပါစမ်းသပ်စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ်ရှိ ၀ိုင်း မော်မြို့နယ်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မကြာမီ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့်အဆိုပါ စမ်းသပ်စစ်တမ်းကို အခြေခံပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။မဲဆန္ဒရှင်စာရင်း စမ်းသပ်အစီအစဉ်နှင့် ပတ်သက်ပြီး မေ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မည်သည့် မြို့များတွင် မည်ကဲ့သို့ ကူညီနိုင်မှုများ ပြုလုပ်သွားနိုင်မည် ဆိုသည်ကို ဆွေးနွေးသွားရန် ရှိကြောင်းလည်း ဦးဝင်းကြည်က ပြောကြားသည်။“Pilot Project က အတွေ့အကြုံတွေကို အခြေခံပြီး အခုနှစ်သြဂုတ်လကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြီးအောင်ကောက်ပါ့မယ်။ ရှစ်လလို့ မှန်းထားပါတယ်။ မျှော်မှန်းတဲ့အတိုင်း ပြည့်စုံမယ်ဆိုရင် ရှစ်လဆိုရင် အခြေခံမဲစာရင်း ရပါလိမ့်မယ်။ အခြေခံ မဲစာရင်းရပြီးရင် သုံးလတစ်ခါဖြစ်စေ၊ လေးလတစ်ခါဖြစ်စေ၊ ခြောက်လတစ်ခါဖြစ်စေ အမြဲတမ်း Update လုပ်သွားရင် ၂၀၁၅ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ကြေညာတာနဲ့ တစ်ပြိုင်နက်မဲစာရင်းကို ကြိုပြီးကပ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။မဲစာရင်းကိုကြိုပြီး စောစောကပ်နိုင်သည့်အတွက် မဲစာရင်းတွင် မပါသေးသည့်သူများ၊ မပါသင့်သည့်သူများကို ၀ိုင်းဝန်းကန့်ကွက် နိုင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အားကိုယူသကဲ့သို့ နိုင်ငံရေးပါတီများ၏ အားကိုလည်း ယူသွားမည်ဖြစ်ကြောင်း ဦးဝင်းကြည်က ပြောကြားသည်။ကြားဖြတ်ရွေးကောက်ပွဲ ကာလက မဲဆန္ဒရှင်စာရင်းကို ကြိုတင်ကြေညာခဲ့သော်လည်း ရွေးကောက်ပွဲနီးကပ်သည်အထိ စောဒကတက်ခြင်းမျိုး များရှိကြောင်း၊ မဲဆန္ဒရှင် စာရင်းပြည့်ပြည့်စုံစုံ ဖြစ်ရေးမှာ ကော်မရှင်တွင် လုံးဝနီးပါး တာဝန်ရှိသော်လည်း မဲပေးပိုင်ခွင့်ရှိသူများကလည်း စာရင်းပါမပါ သွားကြည့်ထားသင့်ကြောင်း၊ ယင်းအတွက် အသိပညာပေးခြင်းကို အရပ်ဘက် အဖွဲ့အ စည်းများနှင့် နိုင်ငံရေးပါတီများက ပြုလုပ်ပေးရန်လိုကြောင်း ဦးဝင်းကြည်က ပြောကြားသည်။မဲစာရင်းပြုစုရာတွင် အခြေခံမဲစာရင်း ပြုစုခြင်း၊ မဲစာရင်းကြေညာခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အတည်ပြုမဲစာရင်း ပြုစုခြင်းဆိုသည့် လုပ်ငန်းရပ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခြေခံမဲစာရင်း စတင်ပြုစုစဉ်ကတည်းက Computerized (ကွန်ပျူတာဖြင့် ထိန်းချုပ်) လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များကို မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်ပြီး အသိပညာပေးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် CSOs အဖွဲ့အစည်း ဖြစ်သည့် ငြိမ်းအေးရှေ့ဆောင် အဖွဲ့လည်း ပါဝင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဒေသများတွင်ရှိသည့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း မဲဆန္ဒရှင်များ အသိပညာပေးရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး အကြံဥာဏ်ပေးစေ လိုကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။၂၀၁၀ ပြည့်နှစ် ပြည်လုံးကျွတ်ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင်ပြုလုပ်ခဲ့ပြီး၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း နှစ်ကုန်ပိုင်းခန့်မှသာ ပြုလုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

posted from Bloggeroid

No comments:

Post a Comment