Saturday, May 24, 2014

ဖယောင်တိုင်ထွန်း၍ဆန္ဒပြ

ချင်းမိုင်မြို့မှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အနေနဲ့ ဖယောင်းတိုင်ထွန်း ချီတက်ဆန္ဒပြ

by ဒီဗွီဘီDVBToday, 18:18ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာတော့ မေလ ၂၃ ရက်နေ့ညက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ပြည်သူတွေ ဖယောင်းတိုင်ထွန်း ချီတက်ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြသူတွေဟာ ဆိုင်းဘုတ်တွေနဲ့ အာဏာသိမ်း ထိုင်းစစ်တပ်ကို အော်ဟစ်ရှုတ်ချခဲ့ကြပြီး လမ်းမတလျှောက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေကြပေမယ့် ထိုင်းကာကွယ်ရေးဦးစီးချုပ် ပရာယုပ်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ပြုပြင် ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောဆိုပြီး ဘယ်လောက်ကြာတဲ့ အထိ အာဏာသိမ်းထားမယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။ရွေးကောက်ပွဲတွေမကျင်းပခင် အရင်ပြုလုပ်မယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေမှာ ကူညီကြဖို့ အရပ်ဖက်အစိုးရ၀န်ထမ်းတွေကိုလည်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းခဲ့ ပါတယ်။ချင်းမိုင်မြို့ဟာ ၀န်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ယင်လပ်တို့ရဲ့ ဇာတိမြေ နဲ့ ထောက်ခံသူတွေရဲ့ အမာခံဒေသဖြစ်ပါတယ်။Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment