မန္တလေးရှိ လဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် အသုံးပြုသောဆီများကို ကြေငြာပေးရမည်
by Sai Htun
Today View - Myanmar Breaking News - BloggerToday, 16:20
မန္တလေးရှိလဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များတွင် အသုံးပြုနေ သော ဆီအမျိုးအစားများ ကို ကြေငြာ ပေး ရမည် ဖြစ် ကြောင်း စီးပွားကူးသန်း ရောင်း ၀ယ် ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာန မှ တိုင်း ဒေသ ဦးစီးမှုး ဦးဆွေတင့်ကြူးက ပြောသည်။ ဦးဆွေတင့် ကြူးက လဘက် ရည်ဆိုင် တွေ စားသောက် ဆိုင် တွေမှာ သုံးစွဲမည့် ဆီကို ကြေငြာပေးရမည် ဆိုပါစို့  လုပ်ငန်းရှင် က သူတို့ ဘက်က တောင်းဆိုမယ် ကျနော်တို့  က ဘယ်ဆီသုံးရမလည်း ဆိုတာကို ပြောမှာ မဟုတ်ဘူး ။သူတို့ အ နေ နဲ့ စိတ်ချ ရမည့် ဆီကို သုံးစွဲရမည် ။ အဲဒီဆီကို ကြေငြာပေးရမယ်။ ဥပမာ နိုင် ငံခြားက သွင်းတယ် ဆိုလည်း တရားဝင် ခွင့် ပြုချက် နဲ့သွင်း တဲ့ဆီဖြစ် ရမယ် ။ ဘာအမျိုးအစား ဘယ်ဆီ ဘယ်နိုင် ငံက သွင်းတာလည်းဆိုတာ ၊ကြေငြာပေးရမယ် ပြည်တွင်းက ထွက် တဲ့ဆီဆိုလို့  ရှိရင် ဘယ် ဆီကို သုံးပါတယ် ။ နောက်ဆုံးစားအုန်းဆီ ဆိုရင် လည်း ဖြန့်  ဖြူးသူ distributer တွေရဲ့ နာမည် ကို ကြေငြာဖို့ စည်းရုံးပါမယ် ။ ဒါကို ကျနော် ဆီလုပ် ငန်းရှင် များအသင်းနဲ့ပူးပေါင်း ဆောင် ရွက် ချင် ပါတယ် ဟု ပြောသည်။ ထို့ ပြင် ဦးဆွေတင့် ကြူးက မ ကောင်း သော ဆီများတင် သွင်း လာခြင်း ရောနှော နေခြင်း များသိပါက တိတိကျကျတိုင် ကြားနိုင် ပြီး အ ရေးယူမှုများ ချက်ချင်း ပြုလုပ်သွားမည် ဖြစ် ကြောင်း ပြောသည်။ ဆီတွေ မ ကောင်းတာ တွေ သွင်းလာတယ် ရောနှောနေတယ် လုပ်နေတယ် သိရင် တိတိကျကျ ကျနော်တို့ ကို တိုင် ကြားနိုင် ပါတယ်။ ကျနော် တို့ ထိထိရောက်ရောက် အ ရေးယူပါမယ် ဟု ဦးဆွေတင့် ကြူးက ပြောသည်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment