Tuesday, March 25, 2014

မြန်မာတွေလဲဒီလိုသမိုင်ရှိပါတယ်ဗျာ

သမိုင်းကိုဖျောက်နေတဲ့လူတွေဟာ သူတို့ရဲ့သမိုင်းတွေသာပျောက်သွားပြီး သမိုင်းကပဲဒဏ်ခတ်သွားမှာပါလို့ ခလီဖွှာဟ်ဦးသိန်းဝင်းအောင်ပြော
by YinYin
News @ M-Media —Yesterday, 19:01
မတ် ၂၅၊ ၂၀၁၄
M-Media
လင်းလင်း



ရန်ကုန်  ။          ။     မတ်လ ၂၃ ရက်နေ့က မန္တလေးတိုင်းအမရပူရမြို့နယ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ကျော်ကတည်ရှိခဲ့သော အစ္စလာမ်ဘာသာဝင် များ၏သမိုင်းဝင်သင်္ချိုင်းအတွင်းရှိ အုတ်ဂူများနှင့် ဗလီတစ်လုံးအား ဖြတ်သိမ်းခဲ့မှုအပေါ် K.A.F.T.G (ဃရာနာ)မှ ဆရာတော် ခလီဖွှာဟ် ဦးသိန်းဝင်းအောင်က သမိုင်းဆိုတာဖျောက်ဖျက်လို့မကောင်းပါဘူး သမိုင်းကိုဖျောက်နေတဲ့လူတွေဟာ သူတို့ရဲ့သမိုင်းတွေသာပျောက်သွားပြီး သမိုင်းကပဲဒဏ်ခတ်သွားမှာပါလို့ ပြောကြားခဲ့ပါသည်။

မန္တလေးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး မတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်မှစတင်ကာ ညနေ ၅ နာရီထိ လင်းဇင်းကုန်း သုသာန်မြမှ အုတ်ဂူများအား ဖျက်ဆီးခဲ့ပြီး ၀တ်ပြုရာနေရာဖြစ်သည့် ဗလီတစ်လုံးကိုပါ ဘူဒိုဇာဖြင့်ထိုး၍ ဖျက်သိမ်းခဲ့ကြောင်းသိရသည်။ ဘိုးတော်မင်းတရားလက်ထက်တွင် အစ္စလာမ်ဘာသာဝင်တို့အတွက် သာသနာပိုင်အဖြစ် ခန့်အပ်ခြင်းခံထားရသော အာဗစ်ရှားဟိုစိုင်နီသခင် ဒါရ်ဂါတော်၊ ဆရာကြီးဦးနု၊ ဦးပိန်တံတားတည်ဆောက်ခဲ့တဲ့ ဦးပိန် ၊ဆရာကြီးဦးနု နှင့် မြို့တော်ဝန်ဘိုင်ဆပ်တို့ရဲ့ဂူတွေကိုတော့ ဖျက်ဆီးခဲ့ခြင်းမပြုခဲ့ဟု သိရသည်။

“ဘာသာပေါင်းစုံကဆရာတော်တွေနဲ့ ကျွန်တော်တို့တွေပေါင်းပြီး သမိုင်းအထောက်အထားတွေကြောင့် ဗလီနဲ့ဇရပ်တွေကို မဖျက်ပစ်ဖို့ မေတ္တာရပ်ခံ ထားသော်လည်း မရခဲ့ပါဘူး၊ဗလီတွေကိုဖျက်လိုက်တာဟာလူတွေရဲ့နှလုံးသားကိုဖြတ်လိုက်သလိုပါပဲ၊ သမိုင်းတွေကိုဖျောက်ပစ်တော့ နောင်လာ နောင်သားတွေအတွက်မကောင်းပါဘူး ကျွန်တော်တို့ကလည်း နောင်လာနောင်သားတွေသိအောင်လို့ ဒီသင်္ချိုင်းဟာ သမိုင်းဝင်ဆိုတာ သိအောင်လို့ တစ်ခုခုလုပ်ရပါ့မယ်” ဟု ခလီဖွှာဟ်ဦးသိန်းဝင်းအောင်ကပြောကြားခဲ့သည်။

သင်္ချိုင်းမြေ မဖျက်ရရေးအတွက် ဘာသာပေါင်းစုံမှဆရာတော်များက သမ္မတထံမေတ္တာရပ်ခံစာတင်ထားသော်လည်း ယဉ်ကျေးမှုဌာနနှင့် ဆိုင်သည်ဟူ၍ ပြောခဲ့ရာယဉ်ကျေးမှုဌာနမှမန္တလေးတိုင်းသာသနာရေးဝန်ကြီးထံသို့လွဲပြောင်းခဲ့သည်ဖြစ်ကြောင်း သိရသည်။

၎င်းဖျက်သိမ်းခံရသော မြေနေရာကိုပြန်လည်ရရှိရေးအတွက် ခလီဖွာဦးသိန်းဝင်းအောင်နှင့်အတူ မန္တလေးတိုင်းမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆရာတော်များမှ ၀ိုင်းဝန်းဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

Related Posts

LightHouse Institute ၏ ပညာရပ်ဆက်ဆိုင်ရာ ဟောပြောပွဲ နှင့် ဘာသာပေါင်းစုံ အီးဒ် မိတ်ဆုံစားပွဲ (Aug 13, 2013)
လားရှိုးတွင်“ ဘာသာပေါင်းစုံ ချစ်ကြည်ရေး မိတ်ဆုံစားပွဲ” ပြုလုပ် (Aug 13, 2013)
ချစ်ကြည်ရေးအတွက် ဘာသာပေါင်းစုံရဲ့ အထွတ်အမြတ်ထားရာများကို ဘာသာပေါင်းစုံမှ လူငယ်များ လည်ပတ် (Jul 8, 2013)
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးအဖွဲ့ မြောက်ဥက္ကလာပ ဗလီဝတ်ကျောင်းတွင် တွေ့ဆုံဆွေးနွေး (Jul 3, 2013)
အမုန်းပွားစေတဲ့ ပုံရိပ်တွေကို လျှော့ချဖို့ ဘယ်လို အစီအစဉ်တွေ လုပ်ကြမလဲ (ဆွေးနွေးပွဲမှ အမေးအဖြေများ) (Jun 28, 2013)
အမေရိကန်သံရုံးမှ စီစဉ်သည့် အမုန်းတရား ရေးသားပြောဆိုမှု ရှောင်ရှားရေး ဆွေးနွေးပွဲ ကျင်းပ (Jun 28, 2013)
တောင်ဥက္ကလာပမြို့နယ်တွင် ဘာသာပေါင်းစုံ တရားပွဲကျင်းပမည် (Jun 27, 2013)
တောင်အာရှနှင့် အရှေ့တောင်အာရှမှ ဗုဒ္ဓဘာသာနှင့် မွတ်စလင်များ ခေါင်းဆောင် ဆွေးနွေးနှီးနှော ဖလှယ်ပွဲကျင်းပ (Jun 21, 2013)
ဘာသာရေးဓလေ့ စရိုက်များ လေ့လာရေးနှင့် ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲ ကို အစ္စလာမ် ဗလီဝတ်ကျောင်းမှာ စတင်ပြုလုပ် (Jun 17, 2013)
Pray For Myanmar မှ စီစဉ်တဲ့ “ဘာသာတရားများ ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ” (Jun 12, 2013)
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment