Thursday, March 13, 2014

တိုင်းရင်းသားလူနည်းစုများကူညီပေစေလို

တိုင်းရင်းသား လူနည်းစုများ အဖိနှိပ်ခံနေရဆဲဟု ကင်တာနာ ပြော
by Heavyrain
ဧရာဝတီ | Archive | သတင်းToday, 15:05
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် ပြိုလွယ်ပျက်လွယ် အဆင့်တွင် ရှိနေပြီး တိုင်းရင်းသား လူနည်းစုများမှာ ဖိနှိပ် မှုများ ခံနေရဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ကုသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းမည့် အစီရင်ခံစာ မူကြမ်းတွင် ဖော်ပြထားသည်။ စာမျက်နှာ ၂၂ မျက်နှာပါသည့် ယင်း အစီရင်ခံစာကို ကုလသမဂ္ဂက ယမန်နေ့က ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အကြံပြုထား ကြောင်း၊ ၀န်ထမ်း အဖွဲ့အစည်းများသည် တာဝန်ခံမှု မရှိသေးကြောင်း၊ တရားရေးပိုင်းသည်လည်း လွတ်လပ်သည့် မဏ္ဍိုင်တခု ဖြစ် မလာသေးကြောင်း၊ ထို့ကြောင့် တရားဥပဒေ စိုးမိုးမှု ရှိသည်ဟု မသတ်မှတ်နိုင်ကြောင်း၊ အဖွဲ့အစည်းများတွင် စစ်တပ်က အခွင့်ထူး ခံများ အဖြစ် ပါဝင်နေဆဲ ဖြစ်ကြောင်း၊ ပုဒ်မ ၅၉ (စ) နှင့် အခြားပုဒ်မ တချို့ကို ပြင်ဆင်ရန် အကြံပြုထားကြောင်းလည်း AFP သတင်း တရပ်တွင် ဖော်ပြထားသည်။

The post တိုင်းရင်းသား လူနည်းစုများ အဖိနှိပ်ခံနေရဆဲဟု ကင်တာနာ ပြော appeared first on ဧရာဝတီ.

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment