အခြေခံဥပဒေပြင်ရေး ဆန္ဒပြပွဲများ နိုင်ငံအ၀န်းခပ်စိပ်စိပ်ဖြစ်လာ
by 7daynews
News | 7Day DailyMar 24, 2014
အခြေခံဥပဒေပြင်ဆင်ရေးလမ်းလျှောက်ဆန္ဒထုတ်ဖော်နေသူများကို မတ်လ ၂၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
ငြိမ်းချမ်း၊ ထွဏ်းထွဏ်းဝင်း
ရန်ကုန်-အခြေခံဥပဒေ ပြင်ဆင် ရန် တဖြည်းဖြည်းနှင့်အချိန် နည်း လာပြီဖြစ်ရာ ဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုမှုများကလည်း နိုင်ငံအနှံ့တွင် နေ့စဉ်ရက်ဆက် ဖြစ်ပေါ်လျက်ရှိသည်။
မတ်လ ၂၃ ရက်၌ ရန်ကုန် မြို့ နေရာလေးခုတွင် တစ်ပြိုင် နက်တည်း ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပြီး မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင်၊ ဒီပဲယင်း၊ ကလေးမြို့တို့တွင် လည်း လူထုဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ရှိ ဗဟန်း၊ ကြည့် မြင်တိုင်၊ ဒေါပုံ၊ မြောက်ဥက္ကလာ မြို့နယ်တို့ရှိ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေတွင် ပြဋ္ဌာန်းထားသော ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (ဃ) နှင့် (စ) တို့ အား ပယ်ဖျက်ရန် လိုလားသော ပြည်သူများသည် ညနေ ၃ နာရီ တွင် တစ်ပြိုင်နက်တည်း ကန့် ကွက်ဆန္ဒပြခဲ့ကြသည်။
ဗဟန်းမြို့နယ်ရှိ ပြည်သူ ၂၀၀ ကျော်သည် ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် ပြဋ္ဌာန်းထားသော ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (ဃ) နှင့် (စ)တို့အား ပယ်ဖျက်ပေးရန် ရတနာပန်းခြံမှစတင်၍ ကြေးသွန်းဘုရား ကြီးအထိ လမ်းလျှောက်ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။
‘‘ဒီပုဒ်မတွေကို ပြင်ကို ပြင် ပေးရမယ်။ ပြင်ပေးတဲ့အထိလည်း တောင်းဆိုသွားမယ်။ ပြည်သူ တွေက တကယ်ပြင်ချင်တယ်ဆို ရင် လွှတ်တော်ကရော အစိုးရက ရော ပြင်ပေးဖို့ လုပ်ရမှာပါ။ ခေါင်း ဆောင်တစ်ယောက် ပေါ်ပေါက် လာဖို့ ဒီပုဒ်မတွေကို ပြင်ပေးရပါ မယ်’’ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသော ပုဒ်မများနှင့် ပတ်သက်ပြီး ပယ်ဖျက်ပေးရန်အတွက် ကန့်ကွက်ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုပိုင်ဖြိုးက ပြော သည်။
‘‘လွှတ်တော်တက်နေတဲ့ သူ တွေကလည်း ပြည်သူတွေက ဒီ ပုဒ်မတွေကို လက်မခံတော့ဘူးဆို တာ သိသင့်နေပါပြီ။ ဒီအခြေခံ ဥပဒေက နာဂစ်နဲ့အတူ လွင့်လာ တဲ့ အာဏာရှင်စိတ်ကြိုက် ရေးဆွဲ ထားတဲ့ ဥပဒေကြီးပါ’’ ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သော ပုဒ်မများနှင့်ပတ်သက်ပြီး ပယ်ဖျက်ပေးရန် ကန့်ကွက်ဆန္ဒ ပြရာတွင် ပါဝင်သူ ဦးသန်းအောင် က ပြောသည်။
ဒေါပုံမြို့နယ်တွင်လည်း အခြေခံဥပဒေ ပြင်ဆင်လိုသော ပြည်သူ ၃၀၀ ခန့်သည် Capital ကုန်တိုက်မှစတင်၍ သုံးဂိတ်ဟောင်း မှတ်တိုင်အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။ ထို့အတူ အခြေခံဥပဒေပြင်ဆင်လိုသော ကြည့် မြင်တိုင်မြို့နယ်ရှိ ပြည်သူ ၃၀၀ ခန့်သည်လည်း အာလာဒင်ကလေး ကစားကွင်းရှေ့မှစတင်၍ ကျောင်းကြီးထိပ်ရှိ ဘုရားကြီးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့သည်။
‘‘ပြင်သင့်တယ်ထင်လို့ တောင်းဆိုတာပါ။ ဒီဥပဒေတွေ ပြင်ဖို့ကလည်း လူတစ်စုအတွက် တင်မဟုတ်ပါဘူး။ ပြည်သူအား လုံးနဲ့ သက်ဆိုင်တယ်ထင်လို့ တောင်းဆိုဆန္ဒပြတာပါ’’ ဟု ဆန္ဒပြရာတွင် ဦးဆောင်သူဦးအောင် နိုင်က ပြောသည်။ မုံရွာမြို့တွင် ဆန္ဒဖော်ထုတ်သူ လူအင်အား တစ်ထောင်ခန့်ရှိပြီး ကလေးမြို့တွင် အရပ်ဘက် လူ့အဖွဲ့အစည်း စုစုပေါင်း ၁၀ ခု ကျော်က စုပေါင်းဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment