တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ၁၀ ရာခိုင်နှုန်းနီးပါး ရှိ
by aungkyawmoe
Eleven Daily NewsYesterday, 04:12
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာအရ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ၁၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ကြောင်း စာမေးပွဲစတင်ဖြေဆိုရသည့် မြန်မာစာနေ့မှ သင်္ချာနေ့အထိ စာမေးပွဲဖြေဆိုခဲ့သည့် စာရင်းမှတ်တမ်းများအရ သိရသည်။
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း လျှောက်ထားသူဦးရေမှာ အမြင်အာရုံချို့ယွင်းသူ ၃၅ ဦး၊ ဆွံ့အနား မကြားသူ ၁၂ ဦး၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၅၂ ဦး ၊မြ၀တီနယ်စပ်ဒေသတွင် ဖြေဆိုသူ ၁၃၉ ဦး အပါအ၀င် စာမေးပွဲဖြေဆိုသူ ဦးရေ ၅၈၈၆၁၂ ဦးရှိခဲ့ပြီး စာမေးပွဲစတင်ဖြေဆိုသည့် မြန်မာစာနေ့၌ စာရင်းရှိ ဦးရေအနက် ၅၄၁၈၁၀ ဦး၊ အင်္ဂလိပ်စာနေ့၌ ၅၄၀၈၀၃ ဦး၊ သချာင်္နေ့၌ ၅၄၀၃၃၂ ဦး ရှိခဲ့သည်။
“စာမေးပွဲစဖြေတဲ့ မြန်မာစာနေ့မှာက စာရင်းရှိ ဦးရေထက် လေးသောင်းကျော် ဖြေဆိုဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒုတိယနေ့မှာက တစ်ထောင်ကျော် ထပ်ပျက်ကွက်ခဲ့ပါတယ်။ တတိယနေ့မှာက ဒုတိယနေ့ထက် လေးရာကျော် ထပ်မံပျက်ကွက်ခဲ့ပါတယ်။ ပထမနေ့မှာ မဖြေနိုင်ကြတဲ့သူတွေက ဒုတိယနေ့ကို ထပ်မဖြေကြတော့ဘူး။ ဒုတိယနေ့မှာ မဖြေနိုင်တဲ့သူတွေကလည်း ဒီလိုပဲ တတိယနေ့မှာ ထပ်မဖြေကြတော့ဘူး”ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာစာဘာသာရပ် ဖြေဆိုသည့်နေ့တွင် အများစုစာမေးပွဲဖြေဆိုနိုင်ခဲ့ပြီး အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်နေ့တွင်လည်း ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။
Local
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment