ယာဉ်အပ်လက်ခံသည့်နေရာများတွင် ယာဉ်ရပ်နားမှု ကြာချိန်အလိုက် တိုးမြှင့်ကောက်ခံမည်
by uploader
News | 7Day DailyToday, 19:17
ယာဉ်ကြောရှုပ်သည့် မန္တလေးမြို့လယ်တစ်နေရာ ဓာတ်ပုံ−ညီညီဇော်
လာမည့် ဧပြီ ၁ ရက်မှ စတင်ကာ စက်ဘီး၊ ဆိုင်ကယ်၊ ကားရပ်နားခွင့်နှင့် ယာဉ်အပ်နှံခွင့် ကောက်ခံမှုများကို ကြာချိန်အလိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးခြောက်မြို့နယ်တွင် လမ်းပိတ်ဆို့မှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး လမ်းဘေးဝဲယာတွင် လေလံချကာ လုပ်ကိုင်ခွင့်ပြုထားသော စက်ဘီး၊ ဆိုင်ကယ် နှင့် ကားအပ်နှံခွင့် ကောက်ခံသည့် လုပ်ငန်းနေရာများတွင် အပ်နှံချိန် တစ်နာရီထက် ကျော်လွန်ပါက ကျော်လွန်သည့်နာရီများအတွက် ဆိုင်ကယ်နှင့်ကားများအား တစ်နာရီလျှင် တစ်ရာကျပ်နှုန်းဖြင့် ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ဌာနခွဲမှူးတစ်ဦးက ပြောကြားသည်။
‘‘လမ်းဘေးက ယာဉ်ရပ်နားတဲ့နေရာတွေမှာ တိုးကောက်မှာပါ။ ရတနာပုံဈေး မြေအောက်ထပ်တို့၊ ဈေးချိုအထပ်မြင့်တို့က ကားပါကင်တို့ကတော့ အရင်နှုန်းထားအတိုင်းပါပဲ’’ဟု ၎င်းဌာနခွဲမှူးက ပြောသည်။
မန္တလေးမြို့တော်တွင် စက်ဘီးတစ်စီးလျှင် တစ်ရာကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် နှစ်ရာကျပ်၊ ကားတစ်စီးလျှင် သုံးရာကျပ်နှုန်းဖြင့် ကောက်ခံရန် သတ်မှတ်ထားသည်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment