Sunday, March 23, 2014

လမ်းတံတားအသုံးပြုခကောက်ခံမှု ဂိတ်ပေါင်း၂၀၀လေလံပြစ်မည်

လမ်းတံတား အသုံးပြုခကောက်ခံမှု ဂိတ်ပေါင်း နှစ်ရာကျော် လေလံပစ်မည်
by 7daynews
News | 7Day DailyToday, 08:56
မြန်မာနိုင်ငံတစ်ဝန်းမှ လမ်းတံတားအသုံးပြုခ ကောက်ခံ မှုဂိတ်ပေါင်း နှစ်ရာကျော်အား လေလံပစ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ရေးဝန်ကြီး ဌာနသည် ယခင်နှစ်များနည်းတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ လမ်း/တံတား အသုံးပြုသူများအားသင့်တင့်မျှတစွာ ကောက်ခံနိုင် ရေးအတွက် စံနှုန်းများကောက်ယူ ၍ လေလံသတ်မှတ်ဈေးနှုန်းများ ဖြင့် လေလံတင်ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

BOT စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသော လမ်းပိုင်းများ မပါ ဘဲ နိုင်ငံတစ်ဝန်းရှိ လမ်း/တံတား လေလံဂိတ်(၂၁၆)ဂိတ်ကို စိတ်ပါ ၀င်စားသူ တိုင်းရင်းသားလုပ်ငန်း ရှင် မည်သူမဆို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အင်ဂျင် နီယာမှူးကြီးရုံးများနှင့် ဆက်သွယ် ၍ ၀င်ရောက်ယှဉ်ပြိုင် လေလံရ ယူနိုင်သည်။

ပြီးခဲ့သည့် အပတ်ကလည်း မန္တလေးတိုင်းဒေသကြီး အင်ဂျင်နီယာမှူးရုံးတွင် ပြုလုပ်ခဲ့သည့် လမ်းတံတားဂိတ် အသုံးပြုခွင့်လေ လံပွဲတွင် လေလံပေးပြီးသား လမ်း ပိုင်းအချို့ပါဝင်လာခဲ့ပြီး လေလံ ၀င်ရောက်ဆွဲသူများအား ဌာနက သတ်မှတ်ငွေများ ပြန်လည်ပေး အပ်ခဲ့ရမှုများ ရှိခဲ့သဖြင့် ယခုခေါ် ယူသည့် လေလံများတွင် ယင်းကဲ့ သို့ အမှားအယွင်းများ မရှိစေရန် အထူးဂရုပြုဆောင်ရွက်တော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ် ဦးက ပြောသည်။

ထို့ကြောင့် လမ်းတံတားဂိတ် များကို လေလံပစ်၍ လုပ်ငန်းရှင် အသစ်များအား ချထားလုပ်ကိုင်ခွင့် ပေးပါက ယခင်ကကဲ့သို့ နှုန်းထား များ မဟုတ်ဘဲ တိုးမြှင့်ကောက်ခံ မည်ကို စိုးရိမ်မိပြီး တိုးမြှင့်ကောက် ခံပါက သယ်ယူပို့ဆောင်စရိတ် မြင့်မားလာနိုင်ကာ စားသုံးသူ အ ပေါ်ကိုသာ သက်ရောက်မည်ကို စိုးရိမ်မိကြောင်း ကုန်တင်ယာဉ် ပိုင်ရှင်များအသင်းမှ အတွင်းရေး မှူး ဦးကျော်ဝင်းက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာ န၏ ထုတ်ပြန်ချက်များအရ မြန် မာနိုင်ငံတစ်ဝန်းတွင် လမ်းတံတား ဂိတ်အသုံးပြုကောက်ခံခွင့် ဂိတ် ကြီး ဂိတ်ငယ်ပေါင်း တစ်ထောင်ကျော်ရှိပြီး ၂၀၁၃ မေလအထိ ကုမ္ပဏီ ၂၈ ခုမှ လမ်းမိုင်ပေါင်း ၃၅၀၀ ကျော်ကို ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားပြီး ကျန်ရှိ သည့် လမ်းမိုင်များအား ဆက် လက်တင်ဒါခေါ်ရန် စီစဉ်လျက်ရှိ သည်။

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment