ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာ၏ အကူအညီ မရဘဲ မဖြစ်နိုင်သောကြောင့် ရခိုင်လူမျိုးများ ဥပဒေမဲ့လုပ်ရပ်များ မလုပ်ရန် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား
by htikeaung
Eleven Daily NewsToday, 02:48
Written by:
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး၊ ရှိုင်းလင်းအောင်
မတ် ၂၉ ရက်က အင်းစိန်မြို့နယ်တွင် ရခိုင်ပြည်နယ် ပဋိပက္ခအလွန် အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးမှုနှင့် ရခိုင်ပြည်နယ် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟောပြောဆွေးနွေးပွဲ ကျင်းပနေစဉ်
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာ၏ အကူအညီ မရဘဲ မဖြစ်နိုင်သောကြောင့် ရခိုင်လူမျိုးများ ဥပဒေမဲ့လုပ်ရပ်များ မလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က မတ် ၂၉ ရက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ပြုလုပ်သော ရခိုင်ပြည်နယ် ပဋိပက္ခအလွန် အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးမှုနှင့် ရခိုင်ပြည်နယ် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟောပြောဆွေးနွေးပွဲတွင် ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့၌ မတ် ၂၆ ရက်နှင့် ၂၇ ရက်များတွင် လူစုလူဝေးဖြင့် INGO နှင့် NGO များ ငှားရမ်းနေထိုင်သော အိမ်များကို ခဲများဖြင့်ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “'ဒီ INGO။ NGO တွေဟာ တစ်ဖက်စောင်းပြီး ရခိုင်ကို တစ်စက်မှ အကျိုးမပြုဘဲနဲ့ ရခိုင်တွေနဲ့ ဆန့်ကျင်ဘက် ရခိုင်မြေ၊ ရခိုင့်သမိုင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာလုနေတဲ့၊ ကျွန်တော်တို့ကို ဆန့်ကျင်ဘက်လုပ်နေတဲ့ ဒီဘင်္ဂါလီကိုပဲ အထောက်အပံ့ပြုနေတဲ့ အဖွဲ့ဖြစ်လို့ ရခိုင်သားတွေ ရင်ထဲမှာလည်း တစ်စက်မှ မကျေနပ်ဘူး။ ဒါ ရခိုင်တွေကိုလည်း အပြစ်ပြောလို့ မရဘူး။ ဒါဟာ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရင် စီမံခန့်ခွဲမှု ညံ့ဖျင်းလို့။ ဒီ INGO၊ NGO တွေဟာ ပြည်ထောင်စုအစိုးရနဲ့ လက်မှတ်ထိုးရင် ဒါတွေဒါတွေ မလုပ်ရဘူး။ တစ်ရာပါရင် ရခိုင်ကို ငါးဆယ်ဟို ဘက်ငါးဆယ် မျှမျှတတလုပ်မှ ဒေသခံက ကျေနပ်မှာဖြစ်တယ်။ ဒါမျိုးတွေကို ထိန်းချုပ်ရမယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိကာလ၌ တရားမ၀င် ခိုးဝင်သူများ ပြဿနာ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နိမ့်ပါးမှုနှင့် အလုပ်လက်မဲ့ပြဿနာများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် သယံဇာတပြဿနာများ စသည့်စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဦးဇော်အေးမောင်က ဆိုသည်။
ထို့ပြင် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှု ပြဿနာ၊ ကျောက်ဖြူဂက်စ်ပိုက်လိုင်း၊ ရေနံပိုက်လိုင်းနှင့် ကျောက်ဖြူမှ တရုတ်ပြည်အထိ မီးရထားလမ်း၊ ကားလမ်းဖောက်လုပ်မှုပြဿနာ၊ ရခိုင်မြေ၊ ရခိုင်ယဉ်ကျေးမှု၊ အမျိုးဘာသာသာသနာနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးစေမည့် ပြဿနာစသည့် စိန်ခေါ်မှုများလည်း ရှိနေသည်ဟု ဦးဇော်အေးမောင်က ပြောကြားသည်။
သန်းခေါင်စာရင်းကောက်ယူမှု ပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် မရှိသော လူမျိုးအမည် ရိုဟင်ဂျာဟု ပြောဆိုမှုများသည် ပဋိပက္ခဖြစ်စေသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် ယင်းအမည် ရေးထည့်ခြင်းအား ရခိုင်လူမျိုးများက လက်မခံခြင်းကို ထောက်ခံသည်ဟု ဦးဇော်အေးမောင်က ပြောကြားသည်။
“ဒီသန်းခေါင်စာရင်းကောက်တာဟာ မြန်မာနိုင်ငံတစ်ခုတည်း ကောက်တာမဟုတ်ဘူး။ UNFPA လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့လည်းပါတယ်။ ဒီစာရင်းကို မှားမှားမှန်မှန် သူပြောတာရေးရမယ်လို့ ရေးလိုက်ရင် ဒီစာရင်းသည် ကမ္ဘာမှာ မှတ်တမ်းတစ်ခု ဖြစ်သွားမယ်။ ဒီကနေ့ သမ္မတကြီး ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပါတီ ၆၅ ပါတီက ခေါင်းဆောင်သုံးယောက်၊ သုံးယောက်စီနဲ့ တွေ့တယ်။ တွေ့တော့ ၀န်ကြီးဦးခင်ရီလည်း ပါတယ်။ ၀န်ကြီးဦးခင်ရီက ကျွန်တော်တို့ တိတ်တိတ်လေးခေါ်ပြီးတော့ ကိုဇော်အေးမောင် စိတ်ချတော့။ သမ္မတကြီးကလည်း Pass ပေးလိုက်ပြီ။ ကျွန်တော်တို့ အရင်တုန်းကလည်း လက်မခံခဲ့ဘူး။ ဒါပေမဲ့ ဒါကိုတော့ ကျွန်တော်သိပ်ပြောလို့ မကောင်းဘူးနဲ့တူတယ်။ တစ်ခုတော့ ကျွန်တော်ပြောလိုက်ပါမယ်။ သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ပတ်သက်ပြီး ရခိုင်တွေဘက်က အတိုင်းအတာတစ်ခုအထိ ရခိုင်တွေ ဆန္ဒနဲ့ဘ၀ ထပ်တူကျပါတယ်လို့ ဒီလောက်ပဲ ကျွန်တော်ပြောလိုက်မယ်။ အဲဒါကြောင့် သန်းခေါင်စာရင်းကောက်တာကို သပိတ်မှောက်စရာ မလိုတော့ဘူး။ သပိတ်မှောက်ရင် ရခိုင်တွေကျန်ခဲ့မယ်” ဟု ဦးဇော်အေးမောင်က ပြောကြားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခအလွန် အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးမှုနှင့် ရခိုင်ပြည်နယ် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟောပြောဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနနှင့် ရခိုင်မိသားစု လူမှုကူညီရေးအသင်း (အင်းစိန်) တို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Politic
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment