ဘင်္ဂ လား ပင်လယ် အော် ဒေသ တွင်း ကဏ္ဍ စုံ နည်းပ ညာနဲ့ စီးပွား ရေးပူး ပေါင်းဆောင် ရွက်မှု
by kokomyanmarpyithar
အသည်းရောဂါ ကာကွယ် တား ဆီးရေး အစွမ်း ထက် ...Today, 10:31
ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Bay of Bengal Initiative for Multi-Sectoral Technicaland Economic Cooperation (BIMSTEC) အစည်းအဝေးကို မတ်လ(၁)ရက်နေ့ စပြီး (၄)ရက်နေ့အထိ နေပြည်တော်မှာ စတင် ကျင်းပနေပါတယ်။
စစချင်းနေ့နဲ့ နောက်တစ်နေ့မှာတော့ အကြို ညှိနှိုင်းအစည်းအဝေး ကျင်းပနေပြီး တတိယအကြိမ် ဘင်းစ်တက် ၀န်ကြီးအဆင့် ထိပ်သီးအစည်းအဝေး ကိုတော့ မတ်လ (၃)ရက်နေ့နဲ့ (၄)ရက်နေ့မှာ ပြုလုပ်ဖို့ရှိပါတယ်။
အခုကျင်းပနေတဲ့ ဘင်းမ်စတက် အကြိုညှိနှိုင်း အစည်းအဝေးပွဲ ကနေ ရရှိတဲ့ အချက်အလက်တွေကို မူတည်ပြီး နိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီး ဆွေးနွေးပွဲမှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်တယ်လို့ အစည်းအဝေးပွဲ ကျင်းပရေးအဖွဲ့က သတင်းနဲ့ဆက်သွယ်ရေး တာဝန်ခံ ဦးတင်မောင်သန်းက ပြောပါတယ်။
မတ်လ(၃)ရက်နေ့နဲ့ (၄)ရက်နေ့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံ(၇)နိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါနဲ့ ဘူတန် နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိပါတယ်။
မြန်မာနိုင်ငံဟာ ဘင်းမ်စတက် ဥက္ကဌ အဖြစ် (၂၀၀၉)ခုနှစ်မှာ တာဝန်ယူခဲ့ပေမယ့် ဒီ တတိယအကြိမ် ထိပ်သီး အစည်းအဝေးပွဲကို အခုကျမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပ နိုင်ခဲ့တာ ဖြစ်ပါတယ်။
(၂၀၀၄)ခုနှစ်ဇူလိုင်လ(၃၁)ရက်နေ့ မှာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ ပထမအကြိမ် ဘင်းစတက် ထိပ်သီး အစည်းအဝေး (၂၀၀၈)ခုနှစ် နိုဝင်ဘာ(၁၃)ရက်နေ့မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွေ မှာ ဒုတိယအကြိမ် အစည်းအဝေးတွေ ကျင်းပခဲ့ပါတယ်။
BIMSTEC ဟာ အာရှဖွံဖြိုးရေးဘဏ် ADBနဲ့လည်း ဖွံဖြိုးရေးမိတ်ဖက်အဖြစ် ပူးပေါင်းထားပြီး BIMSTEC ဒေသတွင်းနိုင်ငံတွေနဲ့ လမ်းပန်းဆက်သွယ်မှု ဖောက်လုပ်ရေးကို ADBဘဏ်က ဆောင်ရွက်ဖို့ စီမံကိန်း တစ်ရပ်လည်း ရှိပါတယ်။
BBC
Related posts:
�ol>
နီပေါ နိုင်ငံ ဝန်ကြီး ချုပ် မြန်မာ နိုင်ငံ လာမည် နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံရသည့် ဝန်ကြီးချုပ် Sushil Koirala...
ဗဟို အာဖရိက ခေါင်းဆောင် နှုတ်ထွက်ဖို့ တိုက်တွန်း ဗဟို အာဖရိကနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေ ပိုဆိုးလာတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ အာဖရိက ခေါင်းဆောင်တွေ အာဖရိက...
တိုက်ပွဲ များကြောင့် စာမေး ပွဲဖြေမည့် ကျောင်းသား နည်းပါး ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကောင်လွင်ကျေးရွာမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးကြတဲ့အတွက်...
Related posts brought to you by Yet Another Related Posts Plugin.
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment