တိုင်းမ်သတင်းထောက် ဟာနာဘိခ်ျ မြန်မာပြည် ဝင် ခွင့် မရ
by danyawadi
အမျိုးသမီးတို့သတိထားစရာ ရင်သားတွင် အမည်မသိ ...Yesterday, 02:35
အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းရဲ့ သတင်းထောက်မစ္စဟာနာဘိခ်ျဟာ မြန်မာပြည် ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခံလိုက်ရပါတယ်။
တိုင်းမ်သတင်းထောက် မစ္စ ဟာနာဘိခ်ျ၊ ဓာတ်ပုံ- harvardhk.org
မစ္စ ဟာနာဘိခ်ျဟာ မနက်ဖြန် ရန်ကုန်မှာ စတင် ကျင်းပမယ့် သတင်း လွတ်လပ်မှုတွေနဲ့ ပတ်သက်တဲ့ မီဒီယာ ကွန်ဖရင့် တက်ရောက်ဖို့ ဖိတ်ကြားခံ ထားရ သူဖြစ်လို့ ဗီဇာလျှောက်ထားစဉ် ငြင်းပယ်ခံရတယ်လို့ ဧရာဝတီက စုံစမ်းသိရှိရပါ တယ်။
အဲဒီလို ဗီဇာ ငြင်းပယ်တဲ့အခါ မြန်မာတာဝန်ရှိသူရဲ့ အကြောင်းပြချက်က သူ့ရဲ့ လုံခြုံရေးအတွက် အခုလို ဗီဇာ ငြင်းပယ်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ညီလာခံတက်ရောက်မယ့် တခြားသူတွေကိုတော့ ဗီဇာ ငြင်းပယ်ခံရတာမျိုး မကြားသေးပါဘူး။
ဒီတော့ ဟာနာဘိခ်ျ တယောက်တည်းကိုများ သီးသန့် ကွက်ပြီး မြန်မာပြည် ဝင်ခွင့် ပိတ်ပင်လိုက်တာလား ဆိုတာတော့ မသဲကွဲပါဘူး။
မစ္စ ဟာနာဘိခ်ျဟာ လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေဖြစ် နေချိန် ကာလက မန္တလေး မစိုးရိမ်တိုက်က ဦးဝီရသူနဲ့ အင်တာဗျူးပြီး The Face of Buddhist Terror ဆိုတဲ့ အမည်နဲ့ တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံး သတင်းဆောင်းပါးရေးသား ခဲ့သူဖြစ်ပါတယ်။
အခုလို တိုင်းမ်သတင်းထောက်ကို မြန်မာနိုင်ငံက ပြည်ဝင်ခွင့် ဗီဇာ မပေးလိုက်တာဟာ ပြုပြင်ပြောင်းလဲ
ရေးတွေ ဖော်ဆောင်နေပြီဆိုတဲ့ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်အပေါ် ကန့်သတ်မှု တခုဖြစ်တယ် လို့လည်း တချို့ သတင်းသမားတွေက သုံးသပ်ဝေဖန်နေကြပါတယ်။
အိမ့်သံစဉ် ~
ဧရာဝတီ Facebook / ဧရာဝတီ Twitter
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment