Sunday, March 30, 2014

မိကျောင်းကန်ပြသာင်္နာဒီလိုလုခံရ

မိကျောင်းကန် သပိတ်စခန်းကို မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှား
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
ဥာဏ်ဝင်းရှိန်

မိကျောင်းကန် သပိတ်စခန်းရှေ့တွင် မဖျက်သိမ်းမီ သက်ဆိုင်ရာမှ လုံခြုံရေးရယူထားသည်ကို မတ် ၃၀ နံနက် ၃ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မတ် ၃၀ ရက် နံနက် ၃ နာရီခွဲ ၀န်းကျင်ခန့်က မဟာဗန္ဓုလ ပန်းခြံနံဘေးရှိ မိကျောင်းကန် သပိတ်စခန်းကို သက်ဆိုင်ရာက အင်အားနှစ်ထောင်ခန့်ဖြင့် ဖယ်ရှားခဲ့ပြီး ယင်းသို့ဖယ်ရှားမှုကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက် ၃ နာရီခန့်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး၊ စည်ပင်တို့မှ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆောက်လုပ်ထားသည့် မိကျောင်းကန် သပိတ်စခန်းရှိရာသို့ လာရောက်ခဲ့ကြပြီး သတ်မှတ်ချိန်အတွင်း ဖျက်သိမ်းဖယ်ရှားပေးရန် ပြောဆိုခဲ့ပြီး သပိတ်စခန်း ဖွင့်သူများက မဖယ်ရှားပေးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သဖြင့် စည်ပင်လုပ်သားများဖြင့် အင်အားသုံး ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖယ်ရှားရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ အသံချဲ့စက်ဖြင့် သုံးကြိမ်တိုင်တိုင် စည်ပင်ပိုင်နယ်မြေတွင် ယာယီတဲများထိုးခြင်းကို မိမိသဘောနှင့်မိမိ ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပေးပါက သက်ဆိုင်ရာမှ အင်အားသုံး ဖယ်ရှားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး သပိတ်စခန်း ဖွင့်သူများက မဖျက်သိမ်းပေးသဖြင့် ထိုကဲ့သို့ ဖယ်ရှားခဲ့ခြင်းဖြစ်ကာ မဖယ်ရှားမီ ရက်ပိုင်းအလိုတွင် ကြိုတင်သမ္ဗာန်စာ ပေးပို့ခဲ့ခြင်း မရှိကြောင်း သပိတ်စခန်းဖွင့်သူများက ပြောကြားသည်။

သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းက “ကျွန်တော်တို့က မြေသိမ်းခံရတာတွေကို အမှန်တရား ပေါ်ပေါက်လာအောင် တောင်းဆိုဆန္ဒပြနေတာပါ။ အစိုးရကို ဆန့်ကျင်ပုတ်ခတ် ဆန္ဒပြနေကြတာ မဟုတ်ပါဘူး။  ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့နေရာမှာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ထုတ်ဖော်ခွင့်တော့ရှိတယ်။ ဒီလိုမျိုး အကြမ်းဖက် ဖယ်ရှားတာကို လက်မခံနိုင်ပါဘူး” ဟု ပြောကြားသည်။


ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံနံဘေးရှိ မိကျောင်းကန် သပိတ်စခန်းအား မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှားနေစဉ်

ထို့ပြင် ယင်းသို့ဖယ်ရှားခဲ့သော်လည်း သပိတ်စခန်း ဖွင့်သူများဘက်မှ အမိုးအကာများကို ပြန်လည်ဆောက်လုပ်ပြီး ၎င်းတို့၏တောင်းဆိုချက်များ မရမချင်း သပိတ်မှောက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်းကို ဦးစိန်သန်းက “ကျွန်တော်တို့ကို ဒီလိုမျိုး ဖယ်ရှားခဲ့တဲ့အတွက် ပိုပြီးတောင် စိတ်ဓာတ်တွေ ခိုင်မာလာပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာ မရမချင်း အသေခံတောင်းဆို တိုက်ပွဲဝင်သွားမှာပါ။ အမိုးအကာတွေကို ဖျက်သိမ်းသွားပေမယ့်လည်း ကျွန်တော်တို့က ထပ်ဆောက်ပြီး သပိတ်ဆက်မှောက် တောင်းဆိုသွားမှာပဲ” ဟု ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ပြည်သူတို့ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး တတိယအကြိမ်မြောက် သပိတ်စခန်းအဖြစ် မတ် ၂၄ ရက်က ရန်ကုန်မြို့တော် ခန်းမအနီး၊ မဟာဗန္ဓုလပန်းခြံ နံဘေးတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Yangon news
Show commentsOpen link













posted from Bloggeroid

သူတို့ရိုးရာ

လူသေရဲ့အသားစားပြီးအလှူအတန်းရက်ရောကြတဲ့ ထူး ဆန်းသော အ ကျင့် ကျင့် သူ များ
by danyawadi
MYANMAR TIME – News and Articles | Danya WadiToday, 03:11
Sunday, March 30, 2014


အိန္ဒိယနိုင်ငံမြောက်ပိုင်းဂင်္ဂါမြစ်ဘေးတွင်နေထိုင်သောလူသေသားစားပီး လူသေသားများပေါ်တွင်အိပ်သည့်အာဂေါ်ရီလူသားစားသူများသည်ဂင်္ဂါမြစ်ရေကိုလူ၏ဦးခေါင်းခွံများဖြင့်သောက်
သုံးကာ ၄င်းတို့၏ခန္ဒာကိုယ်ပေါ်တွင်လည်း အ၇ိုးပြာများကို သုတ်လိမ်းထားကြသည်။

၎င်းတို့မှာ လူသေသားများကိုသာစားသုံးခြင်းဖြစ်ပီးဒေသခံများက၄င်းတို့ကိုကြောက်၇ွံ့ကြပီးအသက်၃၇အရွယ်ဒါရာဂ်ျမာဆန်အမည်ရှိအိုင်းရစ်ဓာတ်ပုံဆရာမှာ တပစ၇ိယအကျင့် ကျင့်ကြံနေ သည်ဆိုသော၎င်းတို့နှင့်ခဏတာ သွားရောက်နေထိုင်ကာ ၄င်းတို့၏အမူအကျင့်များကို သွားရောက်လေ့လာခဲ့သည်။

ဒရာဂ်ျ က သူတို့တွေက ဂင်္ဂါမြစ်ထဲက အလောင်းတွေကိုယူပီးစားသောက်ကြတာကြောင့်နာမည်ကြီးကြတာပါဟု ပြောပြခဲ့သည်။

၎င်းတို့သည်လူသေများအားမီးသင်္ဂြလ်သည့်နေရာများမှအ၇ိုးခေါင်းများနှင့်လူရိုးများကိုယူဆောင်ကာ၎င်းတို့၏ကျင့်စဉ်များအတွက်အသုံးပြုကြပီးလူသေများဆီမှ စွမ်းအားများရ၇ှိနိုင်သည်ဟု လည်း ယုံကြည်ကြသည်။

တစ်ခါကျွန်တော့်ကိုအ၇ိုးခေါင်းနှင့်ဂင်္ဂါမြစ်ထဲကေ၇ကိုခပ်တိုက်သေးသည်။ဒါပေမယ့်သိပ်မဝေးတဲ့မြစ်ရဲ့အပေါ်ပိုင်းခြောက်ပေအကွာလောက်မှာလူသေအလောင်းတွေကို မီးရှို့ သင်္ဂြလ်နေ တာကြောင့် ကျွန်တော်မသောက်ရဲပါဘူး..။

ရေထဲမှာရောဂါပိုးတွေပါလာနိုင်လို့လည်း ဒရာဂ်ျက ပြောပြခဲ့ပါတယ်.၄င်းလူသေသားစားသူများသည် အ၀တ်အစားများကိုကောင်းမွန်စွာဝတ်စားဆင်ယင်ခြင်းမရှိပဲ အမြဲတစေဆံပင်များရှုပ် ပွနေကာ ဘိုသီဖတ်သီနေတတ်သော်လည်းအလှူအတန်းမှာ အင်မတန်ရက်ေ၇ာသူများဖြစ်သည်ဟု သိ၇သည်။

၎င်းတို့သည်အနာကြီးေ၇ာဂါသည်များအားကုသပေးရေးဖောင်ဒေရှင်းတစ်ခုတည်ထောင်ထားကာလူနာပေါင်း၁၄၇၅၀၃ဦးကို အခမဲ့ဆေးကုသပေးခဲ့ပီဖြစ်ကြောင်းသိရသည်။

http://www.myanmarcnn.com/2014/03/blog-post_6752.html

Show commentsOpen link

posted from Bloggeroid

အကြမ်းဘက်ခံရသောမိချောင်းကန်

မိကျောင်းကန် သပိတ်စခန်းကို မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှား
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
ဥာဏ်ဝင်းရှိန်

မိကျောင်းကန် သပိတ်စခန်းရှေ့တွင် မဖျက်သိမ်းမီ သက်ဆိုင်ရာမှ လုံခြုံရေးရယူထားသည်ကို မတ် ၃၀ နံနက် ၃ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မတ် ၃၀ ရက် နံနက် ၃ နာရီခွဲ ၀န်းကျင်ခန့်က မဟာဗန္ဓုလ ပန်းခြံနံဘေးရှိ မိကျောင်းကန် သပိတ်စခန်းကို သက်ဆိုင်ရာက အင်အားနှစ်ထောင်ခန့်ဖြင့် ဖယ်ရှားခဲ့ပြီး ယင်းသို့ဖယ်ရှားမှုကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက် ၃ နာရီခန့်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး၊ စည်ပင်တို့မှ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆောက်လုပ်ထားသည့် မိကျောင်းကန် သပိတ်စခန်းရှိရာသို့ လာရောက်ခဲ့ကြပြီး သတ်မှတ်ချိန်အတွင်း ဖျက်သိမ်းဖယ်ရှားပေးရန် ပြောဆိုခဲ့ပြီး သပိတ်စခန်း ဖွင့်သူများက မဖယ်ရှားပေးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သဖြင့် စည်ပင်လုပ်သားများဖြင့် အင်အားသုံး ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖယ်ရှားရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ အသံချဲ့စက်ဖြင့် သုံးကြိမ်တိုင်တိုင် စည်ပင်ပိုင်နယ်မြေတွင် ယာယီတဲများထိုးခြင်းကို မိမိသဘောနှင့်မိမိ ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပေးပါက သက်ဆိုင်ရာမှ အင်အားသုံး ဖယ်ရှားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး သပိတ်စခန်း ဖွင့်သူများက မဖျက်သိမ်းပေးသဖြင့် ထိုကဲ့သို့ ဖယ်ရှားခဲ့ခြင်းဖြစ်ကာ မဖယ်ရှားမီ ရက်ပိုင်းအလိုတွင် ကြိုတင်သမ္ဗာန်စာ ပေးပို့ခဲ့ခြင်း မရှိကြောင်း သပိတ်စခန်းဖွင့်သူများက ပြောကြားသည်။

သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းက “ကျွန်တော်တို့က မြေသိမ်းခံရတာတွေကို အမှန်တရား ပေါ်ပေါက်လာအောင် တောင်းဆိုဆန္ဒပြနေတာပါ။ အစိုးရကို ဆန့်ကျင်ပုတ်ခတ် ဆန္ဒပြနေကြတာ မဟုတ်ပါဘူး။  ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့နေရာမှာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ထုတ်ဖော်ခွင့်တော့ရှိတယ်။ ဒီလိုမျိုး အကြမ်းဖက် ဖယ်ရှားတာကို လက်မခံနိုင်ပါဘူး” ဟု ပြောကြားသည်။


ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံနံဘေးရှိ မိကျောင်းကန် သပိတ်စခန်းအား မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှားနေစဉ်

ထို့ပြင် ယင်းသို့ဖယ်ရှားခဲ့သော်လည်း သပိတ်စခန်း ဖွင့်သူများဘက်မှ အမိုးအကာများကို ပြန်လည်ဆောက်လုပ်ပြီး ၎င်းတို့၏တောင်းဆိုချက်များ မရမချင်း သပိတ်မှောက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်းကို ဦးစိန်သန်းက “ကျွန်တော်တို့ကို ဒီလိုမျိုး ဖယ်ရှားခဲ့တဲ့အတွက် ပိုပြီးတောင် စိတ်ဓာတ်တွေ ခိုင်မာလာပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာ မရမချင်း အသေခံတောင်းဆို တိုက်ပွဲဝင်သွားမှာပါ။ အမိုးအကာတွေကို ဖျက်သိမ်းသွားပေမယ့်လည်း ကျွန်တော်တို့က ထပ်ဆောက်ပြီး သပိတ်ဆက်မှောက် တောင်းဆိုသွားမှာပဲ” ဟု ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ပြည်သူတို့ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး တတိယအကြိမ်မြောက် သပိတ်စခန်းအဖြစ် မတ် ၂၄ ရက်က ရန်ကုန်မြို့တော် ခန်းမအနီး၊ မဟာဗန္ဓုလပန်းခြံ နံဘေးတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Yangon news
Show commentsOpen link





posted from Bloggeroid

သင်္ကြန်ကားလိုင်းလေးလိုင်သာပြေးဆွဲမည်

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ အနက် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲမည်
by htikeaung
Eleven Daily NewsToday, 02:48

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ ခန့်တွင် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများ ပြေးဆွဲခြင်းဆိုင်ရာ စီမံချက်” တွင် ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ ယာဉ်လိုင်းများမှာ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး ပိတ်ရက်မရှိ ပြေးဆွဲသွားမည့် ယာဉ်လိုင်းများမှာ စည်းစိမ်ရှင် မန္တလေးယာဉ်လိုင်း၊ မိဟာရ မော်လမြိုင်ယာဉ်လိုင်း၊ မန်းရာဇာ မန္တလေးယာဉ်လိုင်းနှင့် မန္တလာမင်း နေပြည်တော်-မန္တလေး-ပြည်ဦးလွင် ယာဉ်လိုင်းတို့ဖြစ်ကြောင်း သိရသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၂ ရက် နောက်ဆုံးထား ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့ပြင် ဒဂုံဧရာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၃ ရက်တွင် နောက်ဆုံးထား ပြေးဆွဲမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

ယင်းအပြင် “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများပြေးဆွဲရေးနှင့် သက်ဆိုင်သည့် စီမံချက်” တွင် ယာဉ်လိုင်းများအား ယာဉ်တိုက်မှု မဖြစ်စေရေး၊ အရက်သေစာသောက်စား မောင်းနှင်မှု မပြုရေး၊ သတ်မှတ်သည့် ယာဉ်စီးခနှုန်းထားထက် ပိုမိုရောင်းချမှု မပြုလုပ်ရေး၊ ကြိုတင်လက်မှတ် ရောင်းချရာတွင် အမှန်တကယ်စီးနင်းမည့် ခရီးသည်အမည် နိုင်ငံသားစီစစ်ရေး အမှတ်များ တိကျစွာပါရှိရေးနှင့် ယာဉ်ထွက်ချိန်တွင် အမှန်တကယ် စီးနင်းသူနှင့် ကြိုတင်လက်မှတ် ဖြတ်ထားသူမှာ တစ်ဦးတည်းဖြစ်စေရေး၊ ခရီးသွား လုပ်သားပြည်သူများအား ကောင်းမွန်ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရေး စသည့်အချက်များကို ယာဉ်လိုင်းများ သိရှိစေရန် ထုတ်ပြန်ထားသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများတွင် လက်မှတ်ဝယ်ယူရာ၌ လက်မှတ်မှာယူမှု အခက်အခဲများလည်း ဖြစ်ပေါ်နေလျက် ရှိသည်။

Yangon news
Show commentsOpen link

posted from Bloggeroid

ယခုနှစ်အတွင်းဆေးယဉ်ပါးတီဘီကုသရေး

ယခုနှစ်အတွင်း ဆေးယဉ်ပါးတီဘီကုသရေး လုပ်ငန်းများကို မြို့နယ် ၁၁ မြို့နယ်၌ ထပ်မံတိုးချဲ့မည်
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
အိသဉ္ဇာကျော်

အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ တီဘီရောဂါကုသရေး လုပ်ငန်းများတွင် အသုံးပြုသည့် ဆေးဝါးများအား တွေ့ရစဉ်
ယခုနှစ်အတွင်း ဆေးယဉ်ပါးတီဘီကုသရေး လုပ်ငန်းများကို မြို့နယ် ၁၁ မြို့နယ်၌ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ သိရသည်။

မြန်မာနိုင်ငံသည် တီဘီရောဂါ အဖြစ်များသည့် နိုင်ငံ ၂၂ နိုင်ငံတွင် ပါဝင်ပြီး တီဘီရောဂါ ကုသရာတွင် အသုံးပြုသည့် အဓိကဆေးဝါး Rifampicin နှင့် Isoniazid ယဉ်ပါးမှု အဖြစ်များသည့် နိုင်ငံ၌လည်းကောင်း၊ ကမ္ဘာ့တီဘီ၊ အိတ်ခ်ျအိုင်ဗွီ ဒွန်တွဲဖြစ်ပွားမှု အများဆုံးနိုင်ငံ ၄၁ နိုင်ငံတွင် လည်းကောင်း၊ ကမ္ဘာ့ဆေးယဉ်ပါး တီဘီအဖြစ်အများဆုံး နိုင်ငံ ၂၇ နိုင်ငံတွင်လည်းကောင်း ပါဝင်လျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခန့်မှန်းတွက်ချက်မှုများအရ လက်ရှိမြန်မာနိုင်ငံတွင် တီဘီလူနာ နှစ်သိန်းလေးသောင်းခန့် နှစ်စဉ်ဖြစ်ပွားလျက်ရှိပြီး တီဘီလူနာ တစ်သိန်းလေးသောင်းကျော်သာ ကုသမှုခံယူနိုင်ပြီး ဝေဒနာရှင် ကိုးသောင်းခန့်မှာ ဆေးကုသရန် လိုအပ်နေသေးကြောင်းနှင့် ဆေးယဉ်ပါး တီဘီဖြစ်ပွားနှုန်းမှာ လူနာသစ်များတွင် ငါးရာခိုင်နှုန်း၊ လူနာဟောင်းများတွင် ၂၇ ရာခိုင်နှုန်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး တီဘီကုသရေး လုပ်ငန်းများကို ၂၀၀၉ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် ၃၈ မြို့နယ်ခန့်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၈ မြို့နယ်တွင် လက်ရှိဆေးကုသမှု ပေးလျက်ရှိရာ ယခုနှစ်အတွင်း မြို့နယ် ၁၁ မြို့နယ် ထပ်မံတိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး တီဘီဖြစ်ပွားနှုန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းတွက်ချက်ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ ၈၀၀၀ ခန့် ဖြစ်ပွားမည်ဟု ခန့်မှန်းထားပြီး ယင်းတို့အနက်မှ ၃၀ ရာခိုင်နှုန်းသာ ရောဂါစစ်ဆေး ရှာဖွေနိုင်သေးကြောင်းနှင့် ၄၀ ရာခိုင်နှုန်းသာ ဆေးကုသမှု ပေးနိုင်သေးကြောင်း သိရသည်။

ထို့ပြင် တီဘီ/အိတ်ခ်ျအိုင်ဗွီ ဒွန်တွဲဖြစ်ပွားမှုနှုန်းများ လျော့နည်းစေရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် တီဘီလူနာများ၏ ၉ ဒသမ ၇ ရာခိုင်နှုန်းမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ကျန်းမာရေးဦးစီးဌာန အနေဖြင့် တီဘီ/အိတ်ခ်ျအိုင်ဗွီ ပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းများကို နှစ်စဉ်တိုးချဲ့ သွားမည်ဖြစ်ရာ ၂၀၁၆ ခုနှစ်တွင် မြို့နယ် ၃၀၀ အထိ တိုးချဲ့သွားရန် လျာထားကြောင်းနှင့် ဆေးယဉ်ပါး တီဘီကုသရေး လုပ်ငန်းများကို ၂၀၁၅ ခုနှစ်တွင် မြို့နယ် ၁၀၀ အထိ တိုးချဲ့သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဆေးယဉ်ပါး တီဘီဖြစ်ပွားမှု ရှိမရှိ မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှ စတင်စမ်းသပ်ခဲ့ပြီး ယင်းနှစ်တွင်ပင် တီဘီဝေဒနာရှင် ၁၀၀ လျှင် လေးဦးခန့် ဆေးယဉ်ပါးဖြစ်ပွားမှု ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ထပ်မံစစ်ဆေးရာ တီဘီဝေဒနာရှင် ၁၀၀ လျှင် လေးဦးကျော်အထိ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၃၇၇၅ အထိ တိုးမြှင့်သုံးစွဲခဲ့ကြောင်း၊ ၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၁၄ သန်းသာ သုံးစွဲခဲ့ရာမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၆၆၉ ဒသမ ၁၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်ငွေသန်းပေါင်း ၅၈၆ ဒသမ ၆၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်ငွေသန်းပေါင်း ၁၂၀၆ အထိ တိုးမြှင့်သုံးစွဲခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Local
Show commentsOpen link

posted from Bloggeroid

မြန်မာကျွန်းသစ်မြန်မာမသုံးရ

မတ် ၃၁ ရက် ည ၁၂ နာရီ ကျော်လွန်ချိန်တွင် ဆိပ်ကမ်းများ၌ ကျန်ရှိနေသည့် ပြည်ပပို့မည့်သစ်များအား မူလသစ်ကွင်းသို့ ပြန်လည်ပေးပို့ရမည်
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
ရွှန်းလဲ့ဝင်း

ပြည်ပသို့တင်ပို့ရန် သစ်လုံးများ တင်ဆောင်လာသောကားများ သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်
မတ် ၃၁ ရက် ည ၁၂ နာရီ ကျော်လွန်ချိန်တွင် ဆိပ်ကမ်းများ၌ ကျန်ရှိနေသည့် ပြည်ပပို့မည့် မြန်မာ့သစ်များအား မူလသစ်ကွင်းသို့ ပြန်လည်ပေးပို့ရမည်ဟု မြန်မာ့သစ်လုပ်ငန်းက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး တန်ဖိုးမြင့် သစ်အချောထည်များကိုသာ တင်ပို့ရောင်းချခွင့် ပြုမည်ဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်ဆိပ်ကမ်းများမှ ပြည်ပသို့ မြန်မာ့သစ်များ တင်ပို့ခြင်းကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီ နောက်ဆုံးထား တင်ပို့ကြရမည် ဖြစ်သည်။

“မြန်မာ့သစ်လုပ်ငန်းက ဆိပ်ကမ်းတွေကနေ သစ်တွေပြည်ပတင်ပို့ဖို့ သင်္ဘောတင်တာကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီအထိပဲ ခွင့်ပြုဖို့ စာထုတ်ထားပါတယ်။ ည ၁၂ နာရီကျော်လွန်လို့ ဆိပ်ကမ်းတွေမှာ သစ်တွေကျန်နေသေးရင် မူလသစ်ကွင်းကို ပြန်ပို့ရမှာပါ။ မြန်မာ့သစ်လုပ်ငန်းက ဦးဆောင်ပြီး ဆိပ်ကမ်းအာဏာပိုင်နဲ့ အကောက်ခွန်ဌာနတွေက ကူညီလုပ်ဆောင် ပေးရမှာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ ဆိပ်ကမ်းများ၏ ဆိပ်ခံတံတား ၂၆ ခုအနက် ၁၆ ခု ကို ပြည်ပတင်ပို့မည့် သစ်လုံးတင်သင်္ဘောများ ဆိုက်ကပ်၍ သစ်လုံးများ တင်ဆောင်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။

သီလ၀ါဘက်ခြမ်းရှိ MITT နှင့် MIPL ရန်ကုန်ဘက်ခြမ်းတွင် ဆူးလေနှင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ MIP နှင့် HOB စသည့် ဆိပ်ကမ်းငါးခုတွင် ဆိပ်ခံတံတား ၂၆ ခုဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျွန်းသစ် ၁၈၆၆၅၀ တန် ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ထက်တန် ၈၀၀၀၀ လျှော့ချထုတ်လုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် သစ်မာ ၁၃၅၅၂၂၇ တန် ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇၈၇၆၀၀ တန်သာ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံအတွင်း သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံများ တည်ထောင်နိုင်ရန် အမေရိကန်နှင့် အီးယူနိုင်ငံများက ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။ 

Local
Show commentsOpen link

posted from Bloggeroid

နိုင်ငံရေးသမားနဲ့ စပွန်ဆာ

နိုင်ငံရေးသမားနဲ့ စပွန်ဆာ၊ ဒီလိုထောင်ချောက်တွေ ရှိတယ်
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
နေထွန်းနိုင်

(၁)
ဖြတ်လေးဖြတ် နည်းဗျူဟာနဲ့ ရန်သူကို အပြီးတိုင် ချေမှုန်းမယ်ဆိုတာ မြင်းလောင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း ကျင့်သုံးခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်ကစလို့ ၁၉၈၃ ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) နဲ့ ကရင်အမျိုးသား အစည်းအရုံး (ုKNU) ကို ဒီနည်းလမ်းအတိုင်း ချေမှုန်းခဲ့ပါတယ်။ ဒီနေ့အချိန်မှာ BCP က ပျက်သုဉ်းသွားပြီး KNU က ယိုင်နဲ့နဲ့ ဖြစ်နေပါပြီ။

ဖြတ်လေးဖြတ်ဆိုတာ ကိုယ့်ရဲ့ရန်သူကို ရိက္ခာမရှိအောင်၊ ဘဏ္ဍာငွေမရှိအောင်၊ သတင်းအဆက်အသွယ်၊ လူထုနဲ့ ထိတွေ့ဆက်ဆံမှု မရှိအောင် ဖြတ်တောက်တားဆီးပြီး အင်အားချည့်နဲ့အောင် ပြုလုပ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ရန်သူကို ချေမှုန်းတဲ့အခါ ဖြတ်လေးဖြတ်နည်းကိုပဲ အာဏာရှင်တွေ တောက်လျှောက်သုံးခဲ့ပါတယ်။ စစ်ဆင်ရေးတွေ အသုံးပြုခဲ့သလို စိတ်ဓာတ်စစ်ဆင်ရေး အပါအ၀င် နိုင်ငံရေးနယ်ပယ်က သူတွေကိုလည်း ဖြတ်လေးဖြတ်နည်းနဲ့ အင်အားချည့်နဲ့အောင် လုပ်ခဲ့တယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ ကာလလို့ ကြွေးကြော်ထားတဲ့ ဒီနေ့ကာလမှာလည်း ဦးနေ၀င်း မျိုးစေ့ချပေးခဲ့တဲ့ ဖြတ်လေးဖြတ်နည်းကို အာဏာရှင်တွေက အသွင်ပြောင်း သုံးစွဲလာတာ တွေ့နေရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေထဲက အချို့သောသူတွေဟာ ရပ်တည်ချက် မခိုင်မာတော့ပါဘူး။ ကိုယ်ရပ်တည်ရှင်သန်ရေး တစ်ခုတည်းကိုကြည့်ပြီး ပြည်သူကို မျက်ကွယ်ပြုမယ့် ခြေလှမ်းတွေ မြင်လာရပါတယ်။

(၂)
အာဏာရှင်တွေရဲ့ ခေတ်သစ်ဖြတ်လေးဖြတ် နည်းဗျူဟာမှာ ခရိုနီတွေက အဓိကကျပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် ငွေရှိမှ လုပ်ချင်တာ ဖြစ်နိုင်မယ်ဆိုတဲ့ အယူအဆကို နိုင်ငံရေးသမားတွေကြား အရင်ရိုက်သွင်းပါတယ်။ အခြားတစ်ဖက်မှာတော့ ငွေလိုအပ်နေတဲ့ နိုင်ငံရေးသမားတွေကို ငွေမရှိအောင် ပိတ်ဆို့ခဲ့ပါတယ်။

ဘဏ္ဍာရေး အခက်အခဲကြုံတဲ့ နိုင်ငံရေးသမားတွေအတွက် ရွေးချယ်စရာ နည်းလမ်းနှစ်ခု ဖြစ်လာခဲ့ပါတယ်။ တစ်ခုက နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ထောက်ပံ့တာကို လက်ခံတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ခရိုနီတွေကတစ်ဆင့် ကမ်းလှမ်းလာတဲ့ ငွေကြေး၊ အခွင့်အရေး၊ သက်သာခွင့်တွေကို လက်ခံတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်ခုလုံးကို ရွေးချယ်မှုမလုပ်ဘဲ ခိုင်ခိုင်မာမာရပ်တည်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိသလို နည်းလမ်းနှစ်ခုစလုံးကို ရွေးချယ်လိုက်သူတွေ ရှိပါတယ်။ တချို့က ခရိုနီအောက်ကိုမ၀င်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ထောက်ပံ့ငွေကိုယူပြီး ရပ်တည်ခဲ့ကြပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေဆီက သက်သာခွင့်တွေရပြီး အခွင့်ထူးခံတွေ ဖြစ်ခဲ့တဲ့ ခရိုနီတွေက အာဏာရှင်တွေအလိုကျ နည်းလမ်းကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးသမားတွေနဲ့ မီဒီယာက အရေးပါတဲ့နေရာမှာ ရှိပါတယ်။ အာဏာရှင်တွေက နိုင်ငံရေးသမားတွေနဲ့ မီဒီယာကို တိုက်ရိုက်ထိန်းချုပ်တာမျိုး မလုပ်တော့ပါဘူး။ သူတို့ရဲ့ လက်ဝေခံ ခရိုနီတွေကတစ်ဆင့် ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

(၃)
ဒီသုံးနှစ်တာကာလကို ပြန်ကြည့်မယ်ဆိုရင် ခရိုနီတွေဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ခဲ့ကြပါတယ်။ ရပ်တည်ချက် အခိုင်အမာဆုံးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာတောင် ခရိုနီတွေရဲ့ စိမ့်ဝင်မှုတွေ ရှိနေပါပြီ။ NLD ပြီးရင် ပြည်သူလူထုက ယုံကြည်မျှော်လင့်မှု အများဆုံးထားခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာလည်း ခရိုနီတွေရဲ့ စိမ့်ဝင်မှုတွေ ရှိခဲ့ပါတယ်။ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေကိုလည်း သူတို့တွေ ရရှိထားပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို ငွေကြေး၊ အခွင့်အရေး၊ သက်သာခွင့်တွေပေးပြီး ချဉ်းကပ်ဝင်ရောက်နေကြတဲ့ ခရိုနီတွေထဲမှာ ပေါ်ပေါ်ထင်ထင်နဲ့ ထိပ်ဆုံးရောက်နေတာက ရွှေသံလွင်ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်သုံးစကားက လှူဒါန်းငွေဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် NLD ပညာရေးကွန်ရက် ရန်ပုံငွေပွဲမှာ ရွှေသံလွင်ပိုင် Sky Net နဲ့ Shwe FM က တိုက်ရိုက်ထုတ်လွှင့်ခကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃၀၀ လှူခဲ့ပါတယ်။ ဒါ့အပြင် လေလံတင်ရောင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိုးမွေးဆွယ်တာကိုလည်း ကျပ် ၄၂၅ သိန်းပေးပြီး ၀ယ်ခဲ့ပါတယ်။ ဒီအချိန်နောက်ပိုင်း NLD ကပြုလုပ်တဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွေကို ရွှေသံလွင်ပိုင်တဲ့ ရွှေထွဋ်တင်ကွင်းမှာ ပြု လုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ထဲမှာပဲ ပြုလုပ်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ စေတနာဝဿန် ဂီတ ရံပုံငွေပွဲမှာလည်း ဦးမင်းကိုနိုင်၊ ဦးပြုံးချိုနဲ့ ဦးဋ္ဌေးကြွယ်တို့သုံးဦး ပန်းချီရေးဆွဲခဲ့တဲ့ ဂစ်တာကို ရွှေသံလွင်ကုမ္ပဏီကပဲ လေလံကြေး ၅၈၈ သိန်းပေးပြီး ၀ယ်ခဲ့ပါတယ်။

၂၀၁၃ မှာလုပ်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားမှာ လူ ၅၀၀၀ စာ သုံးရက်ဆက်တိုက် ကျွေးမွေးဧည့်ခံစရိတ်ကို ရွှေသံလွင်ကုမ္ပဏီက နာမည်မခံဘဲ ပေးခဲ့တယ်ဆိုတဲ့သတင်း ထွက်ခဲ့ပါတယ်။ ဒါတွေဟာ ထင်သာမြင်သာရှိတဲ့ ထောက်ပံ့မှုတွေ ဖြစ်ပါတယ်။ ဒီနောက်မှာ ထင်သာမြင်သာမရှိတဲ့ ထောက်ပံ့မှုတွေလည်း ရှိနေနိုင်ပါတယ်။

(၄)
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းနဲ့ ပတ်သက်ရင် ပြည်သူလူထုရဲ့ အားမလိုအားမရဖြစ်တဲ့ အသံတွေက ကျယ်ကျယ်လောင်လောင် ထွက်နေခဲ့ပါတယ်။ သူတို့လွတ်ခါစမှာ ပြည်သူလူထုက မျှော်လင့်ခဲ့ပေမဲ့ အခုချိန်မှာ အားမဲ့နေပါပြီ။

ပြီးခဲ့တဲ့နှစ်အတွင်း လုပ်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားမှာ ဆုံးဖြတ်ချက်တွေ ချခဲ့ကြပါတယ်။ ဒီအချိန်အထိ အဲဒီဆုံးဖြတ်ချက်တွေကို တိတိကျကျ အကောင်အထည်ဖော်နိုင်စွမ်း မရှိသေးပါဘူး။ ပြည်သူလူထု အဓိကရင်ဆိုင်နေရတဲ့ လက်ငင်းပြဿနာတွေမှာလည်း သူတို့ရဲ့ ၀င်ရောက်ရပ်တည်ပေးမှုက အားပျော့နေပါတယ်။

ဒီကြားထဲမှာပဲ အဖွဲ့တွင်း ငွေကြေးကိစ္စတွေ ရှိနေခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းက ‘နိုင်ငံရေးသမား ရောင်းရန်ရှိသည်’ ဆိုတဲ့ ဆောင်းပါးရှည်တစ်ပုဒ်ကို မကြာသေးခင်က ရေးခဲ့ပါတယ်။ News Watch ဂျာနယ်မှာလည်း ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းထဲက ငွေကြေးအရှုပ်အရှင်းတွေကိုသူက ဖွင့်ထုတ်ခဲ့ပါတယ်။

လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ရင် နာမည်ကောင်းမရှိလှတဲ့ (Open Society Foundations-OSF) ရဲ့ ပဲ့ကိုင်ရှင် ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံ လာတဲ့အခါ ၈၈ ကျောင်းသားတွေနဲ့ တွေ့ခဲ့ပါတယ်။ ဆိုးရော့စ်က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးကို အမေရိကန်ဒေါ်လာ ၂၅၀၀၀ ပေးခဲ့တယ်၊ ဒီလိုရခဲ့တာကို ဦးကိုကိုကြီးက ကျန်တဲ့အဖွဲ့ဝင်တွေကို မပြောတဲ့အတွက် မေးခွန်းထုတ်မှုတွေကြုံပြီး ဖြေရှင်းမှုတွေ လုပ်ခဲ့ရတယ်၊ နောက်ဆုံး စည်းလုံးညီညွတ်ရေး ခေါင်းစဉ်အောက်မှာ အကျင့်ပျက်မှုကို ဖုံးဖိမျိုသိပ် ထားလိုက်ကြရတယ်လို့ ဦးဇော်ဝင်းက ဆိုပါတယ်။

(၅)
ဂျော့ဆိုးရော့စ်၊ ၈၈ ကျောင်းသားတွေနဲ့ ငွေကြေးကိစ္စဟာ မီဒီယာထက်ကို ကျယ်ကျယ်ပြန့်ပြန့် ရောက်မလာခဲ့ပေမဲ့ သူတို့ရဲ့ အဖွဲ့အစည်းနာမည်ကို ဂျော့ဆိုးရော့စ် အဖွဲ့နာမည်နဲ့ ဆင်တူတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းလို့ ပေးခဲ့တာကို မေးခွန်းထုတ်သူတွေ ရှိခဲ့ပါတယ်။

အခု နောက်ဆုံးမှာတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အစိုးရခရိုနီ ရွှေသံလွင်ကုမ္ပဏီတို့အကြား ဆက်နွှယ်မှုတွေအပေါ် မေးခွန်းထုတ်လာကြပါပြီ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ရန်ကုန်မြို့ မင်္ဂလာဧည့်ခံပွဲကို ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဟိုတယ်မှာ နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ မင်္ဂလာဆောင် လုပ်ခဲ့တာကလွဲလို့ တခြားကြီးကြီးမားမား မင်္ဂလာဆောင်တွေ လုပ်ခဲ့တာ မရှိပါဘူး။

ခရိုနီတွေပေးတဲ့ငွေကြေး၊ အထူးသက်သာခွင့်၊ ထောက်ပံ့မှု၊ စပွန်ဆာတွေကို လက်ခံထားသူတွေဟာ နောင်တစ်ချိန် သူတို့အစိုးရဖြစ်တဲ့ အချိန်မှာ ခရိုနီတွေရဲ့ မသမာမှုကို ဘယ်လိုအဂတိတရားနဲ့ ဆုံးဖြတ်ကြမှာလဲ . . . . .

ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲလုပ်တာက ပြဿနာမ ဟုတ်ပါဘူး။ နိုင်ငံရေးသမားတစ်ဦးက ရွှေသံလွင်ကုမ္ပဏီပိုင်တဲ့ Sky Star ဟိုတယ်မှာ ဘာကြောင့်လုပ်တာလဲ ဆိုတာက မေးခွန်းဖြစ်နေပါတယ်။ ဦးကိုကိုကြီးနဲ့ နီးစပ်သူတွေက ဈေးသက်သာလို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ကျွန်တော်တို့ သိရသလောက်တော့ Sky Star ဟိုတယ်ရဲ့ မင်္ဂလာဧည့်ခံပွဲစရိတ်က ဈေးသက်သာတဲ့ ဟိုတယ်တွေစာရင်းမှာ မပါပါဘူး။ ဈေးနှုန်းသက်သာခွင့် အခွင့်အရေး ပေးခဲ့သလားဆိုတာ မေးစရာရှိပါတယ်။ ပုံမှန်အခြေအနေမဟုတ်ဘဲ သွယ်ဝိုက်သောအားဖြင့် အထူးအခွင့်အရေး ပေးတယ်ဆိုရင် ဒါဟာ လာဘ်ထိုးမှု ဖြစ်ပါတယ်။

(၆)
အာဏာရှင်တွေရဲ့အိမ်ကို အခုချိန်အထိ ၀င်ထွက်ပြီး အခွင့်အရေးတွေ ယူနေဆဲဖြစ်တဲ့ ခရိုနီတွေက ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေးသမားတွေကို ချဉ်းကပ်နေတာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တချို့ခရိုနီတွေဆိုရင် အာဏာရှင်တွေကို တစ်ဖက်မှာ ခြေဆုပ်လက်နယ်ပြုပြီး တစ်ဖက်မှာလည်း နိုင်ငံရေးသမားတွေနဲ့ အနီးကပ်နေထိုင်၊ အခွင့်အရေးတွေပေးပြီး ဟိုစကားဒီပို့၊ ဒီစကားဟိုပို့ လုပ်နေကြသူတွေပါ။

ခရိုနီပဲဖြစ်ဖြစ်၊ စီးပွားရေးသမားကြီးလို့ပဲခေါ်ခေါ် ခရိုနီတိုင်းက ဆိုးတဲ့သူတွေချည်း မဟုတ်ပါဘူး။ ခရိုနီတွေထဲမှာ ကောင်းတဲ့သူတွေ ရှိပါတယ်။ အမည်မခံဘဲ သာမန်ပြည်သူတွေလို နိုင်ငံရေးသမားတွေကို ကူညီနေသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တချို့ကတော့ နောင်အစိုးရလက်ထက်မှာ ဒီနိုင်ငံရေးသမားတွေ အာဏာရလာရင်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုချိတ်တာ ဖြစ်ပါတယ်။

ခရိုနီတွေနဲ့ ပတ်သက်လာရင် ရွှေသံလွင်ကုမ္ပဏီကို ဦးတည်ပြောနေရတာက သူတို့ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ ခရိုနီတချို့ သူတို့ပေးသင့်ပေးထိုက်တဲ့ အခွန်ငွေကိုပေးဖို့ ပြင်ဆင်နေချိန်မှာ ရွှေသံလွင်က ဒီလိုမဟုတ်ပါဘူး။ အခွင့်အရေးတွေကို ဆက်ယူနေတဲ့အပြင် နိုင်ငံရေးသမားတွေကို ချုပ်ကိုင်၊ မီဒီယာကို လွှမ်းမိုးပြီး အာဏာရှင်တွေအလိုကျ လုပ်ကိုင်နေတဲ့ ခြေလှမ်းတွေကို တွေ့နေရလို့ပဲ ဖြစ်ပါတယ်။ သူတို့မှာ စီးပွားရေးရည်မှန်းချက်အပြင် နိုင်ငံရေးရည်မှန်းချက်ပါ ရှိလိမ့်မယ်လို့ ယူဆပါတယ်။

ရုပ်သံမီဒီယာကို ချုပ်ကိုင်ထားတဲ့ သူတို့ဟာ ပုံနှိပ်မီဒီယာကိုပါ ချုပ်ကိုင်ဖို့ ခြေလှမ်းပြင်ထားပါတယ်။ မကြာသေးခင်က ထွက်ရှိလာတဲ့ ဒီမိုကရေစီတူဒေးရဲ့ နောက်ကွယ်မှာ ရွှေသံလွင်ကုမ္ပဏီ ရှိနေပါတယ်။ ငြင်းချက်ထုတ်တာတွေ ရှိနေပေမယ့် ဒီသတင်းစာတွေကို Sky Net ရုံးခွဲတွေကတစ်ဆင့် ဖြန့်တယ်လို့ သိရပါတယ်။

ပုဂ္ဂလိက သတင်းစာအများစု ရှုံးနေကြပေမဲ့ ဒီမိုကရေစီတူဒေးကို တစ်ရက်သိန်းခြောက်ဆယ် အရှုံးခံထုတ်နေပြီး စုစုပေါင်း ငွေကျပ်သိန်းတစ်သောင်းကျော် အရှုံးခံပြီး ထုတ်ဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်။ ကျပ် ၂၀၀ ၀န်းကျင်ဖြစ်နေတဲ့ ပုဂ္ဂလိက သတင်းစာဈေးကွက်မှာ သူတို့သတင်းစာရောင်းဈေးက ကျပ် ၁၀၀ ပါ။ ဈေးကွက်ဖျက်တဲ့ သဘောပါပဲ။

ဒါဟာ ငွေကြေးအင်အား ချည့်နဲ့လာတဲ့ လွတ်လပ်တဲ့မီဒီယာတွေ ယိုင်နဲ့လာချိန်မှာ အာဏာရှင်တွေရဲ့ လက်ဝေခံခရိုနီတွေ ၀င်ရောက်နေရာယူတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။

(၈)
ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းဟာ အရင်က အစိုးရလက်ထက် တာဝန်ရှိသူတွေနဲ့  ရင်းနှီးပြီး အခွင့်အရေးများစွာ ရခဲ့သူဖြစ်ပါတယ်။ အခု အစိုးရသစ် လက်ထက်မှာလည်း သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရရဲ့ ထိပ်တန်းခရီးစဉ်တွေမှာ လိုက်ပါခွင့်ရနေပြီး သူပိုင်တဲ့ Sky Net ရုပ်သံလိုင်းက နိုင်ငံပိုင်မီဒီယာတွေနဲ့ တန်းတူအခွင့်အရေး ရနေပါတယ်။

ဒါတွေအပြင် ဦးကျော်ဝင်းဟာ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ရင်းနှီးသူတစ်ဦး ဖြစ်ပါတယ်။ ဦးစိုးသိန်း စက်မှုဝန်ကြီးဌာနကို တာဝန်ယူချိန်ကရော၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာပါ ကန့်သတ်ကုန်စည်တွေဖြစ်တဲ့ ဘီယာထုတ်လုပ်ခွင့်၊ စီးကရက်ထုတ်လုပ်ခွင့် (ရွှေသံလွင်စက်မှုဇုန်တွင်) တွေကို ဦးကျော်ဝင်း ရခဲ့ပါတယ်။

နောက်ပြီး ၉၂၆ ဧကကျယ်တဲ့ စစ်တောင်းစက္ကူစက်ရုံကို တစ်လငှားရမ်းခ ကျပ်သိန်း ၁၈၀ တည်းနဲ့ လုပ်ကိုင်ခွင့်ရခဲ့ပေမဲ့ ရှုံးလို့ဆိုပြီး ငှားရမ်းခပေးသွင်းစရာ မလိုဘဲ လျှော့ပေးခဲ့တဲ့ အခွင့်အရေးရခဲ့ပါတယ်။ နောက် မြေဧရိယာ ၁၀၅ ဧကကျော် ကျယ်ဝန်းတဲ့ ဘီလင်းသကြားစက်ရုံကို တစ်လငှားရမ်းခ ကျပ်၂၅ သိန်းတည်းနဲ့ လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။

တစ်ဖက်မှာ ဘီယာ၊ စီးကရက်စက်ရုံ တည်ထောင်ခွင့်တွေရပြီး လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း မီဒီယာအနေနဲ့ Sky Net နဲ့ Shwe FM ကို လုပ်ခွင့်ရနေပါတယ်။

ဒီအချိန်မှာ NLD ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးသမားတွေကို မေးလိုတာက အရင်လိုမျိုး ပြည်သူလူထုရဲ့ ဒုက္ခကို ခါးစည်းခံပြီး ပြည်သူတွေနဲ့ တစ်သားတည်းရှိနေမလား၊ ခရိုနီတွေနဲ့တွဲပြီး ပြည်သူကို မျက်ကွယ်ပြု ကပွဲသဘင်တွေ ဆင်နွှဲကြမလားဆိုတဲ့ မေးခွန်းနှစ်ခု ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်မလဲဆိုတာ ရွေးချယ်ရပါမယ် . . . . .

Sky Net ရုပ်သံလိုင်းကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်တဲ့အခါ သုံးနှစ်အခွန်ကင်းလွတ်ခွင့် ရရှိခဲ့ပါတယ်။ နိုင်ငံတော်နဲ့ အကျိုးအမြတ် ခွဲဝေတဲ့အခါ စတင်ခွဲဝေတဲ့ နှစ်တွေမှာ နိုင်ငံတော်က လေးရာခိုင်နှုန်းပဲ ရခဲ့ပြီး ရွှေသံလွင်က ၉၆ ရာခိုင်နှုန်း အကျိုးအမြတ် ရတဲ့အထိ အခွင့်အရေးများစွာ ရခဲ့ပါတယ်။ Sky Net ရုပ်သံလိုင်းမှာဆိုရင် တပ်မတော်ခေါင်းဆောင်ပိုင်းက ပါဝင်ပတ်သက်နေတာ ရှိသလို အဲဒီမှာရှိတဲ့ ၀န်ထမ်းအများစုက အငြိမ်းစားတပ်မတော် အရာရှိတွေ ဖြစ်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီဟာ BOT စနစ်နဲ့ လမ်းတံတားကြေးကောက်ခံတဲ့ လုပ်ငန်း၊ စက်သုံးဆီလုပ်ငန်း၊ သတ္တုတွင်းထွက်နှင့် ကျောက်မျက်လုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ စက်မှုဇုန်ထောင်ပြီး ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေကအစ ဘတ်စ်ကားလိုင်း ပြေးဆွဲသည့်လုပ်ငန်းအဆုံး လုပ်ငန်းပေါင်းများစွာ တည်ထောင်လုပ်ကိုင်ခွင့် ရရှိထားပါတယ်။

အဲဒါတွေအပြင် ရွှေသံလွင်ကုမ္ပဏီ နာမည်နဲ့ ရှမ်းပြည်နယ် ရွာငံမှာလည်း စိုက်ပျိုးရေးခေါင်းစဉ် အမည်ခံပြီး မြေဧရိယာ ၁၃၇၅ ဧကကျော်ကို သိမ်းယူခဲ့တယ်လို့ လွှတ်တော်အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ သင်္ဘောနဲ့ စက်သုံးဆီ မှောင်ခိုတင်သွင်းလို့ ဖမ်းခံခဲ့ရတာလည်း ရှိပါတယ်။

ပိုဆိုးတာက ရွှေသံလွင်ကုမ္ပဏီရဲ့ အခွန်တိမ်းရှောင်မှုတွေ ဖြစ်ပါတယ်။ ရွှေသံလွင်ကုမ္ပဏီနာမည် အပါအ၀င် ကုမ္ပဏီပေါင်း ၂၀ အထိ (လက်လှမ်းမီသမျှ) တည်ထောင်လုပ်ကိုင်ခွင့်ရပြီး အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် ပြည်တွင်းအခွန်ဦးစီးဌာနက ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်တဲ့ ထိပ်တန်းဝင်ငွေခွန်ဆောင်တဲ့ ၅၀၀ ဦးစာရင်းမှာ ကုမ္ပဏီ ၂၀ စလုံး ပါဝင်လာတာ မရှိပါဘူး။ ထိပ်တန်းကုန်သွယ်လုပ်ငန်းခွန်ဆောင်သည့် ၅၀၀ ဦးစာရင်းမှာ ကုမ္ပဏီတစ်ခုပဲ ပါခဲ့ပါတယ်။ နံပါတ် ၅၀၀ ဆိုတာကလည်း သိန်းတစ်ရာလောက်ပဲ ရှိတာဆိုတော့ ရွှေသံလွင်ဟာ အခွန်မဆောင်သလောက်ပါပဲ။

၁၉၉၅ ခုနှစ်လောက်က စတင်ပြီး အခုချိန်ထိ လုပ်ငန်းလုပ်ကိုင်လာတဲ့ ရင်းနှီးမြှုပ်မှုဟာ ကျွန်တော်တို့ ခန့်မှန်းရသလောက် ဘီလျံ ၃၀၀ နဲ့ ၅၀၀ ကြားမှာ ရှိပါတယ်။ သူတို့ လက်ရှိပိုင်ဆိုင်မှုတွေအရ ပေးဆောင်မယ့် အခွန်ငွေက ဘီလျံ ၃၀ နဲ့ ဘီလျံ ၅၀ ကြားရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရခဲ့တဲ့ စာရင်းတွေအရ Sky Net ရုပ်သံလိုင်းဟာ စက်အလုံးရေ ငါးသိန်းကျော် ရောင်းခဲ့ပါတယ်။ ဒီပမာဏအတိုင်းဆိုရင် ကုန်သွယ်လုပ်ငန်းခွန်အတွက် ဘီလျံပေါင်းများစွာ ပေးဆောင်ရမှာပါ။ တခြားအရက်ဘီယာနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ပေးဆောင်ရမှာတွေ ရှိပါသေးတယ်။  

သူတို့အနေနဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှာ ဘယ်လိုကိန်းဂဏန်းတွေပြပြီး လုပ်ကိုင်နေသလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။ MIC က ဒီအချက်အလက်တွေကို ကောင်းကောင်းသိပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုငွေတွေက ဘယ်ကလာနေသလဲ။ သူတို့နောက်မှာ ဘယ်သူတွေ ရှိနေတယ်။ ငွေကြေးခ၀ါချမှု ဥပဒေကို ဘယ်လိုမျိုး လက်တစ်လုံးခြား ပြုလုပ်ထားသလဲဆိုတဲ့ ကိစ္စတွေက ဆန်းစစ်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။
 
(၉)
ဒီအချိန်မှာ တချို့ခရိုနီ လုပ်ငန်းရှင်တွေက ပြုပြင်ပြောင်းလဲလာကြပါတယ်။ အခွန်ဆောင်မှုနဲ့ CSR ကိစ္စတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အခွင့်ထူးတွေ မယူကြတော့ဘူး။ ကိုယ့်လုပ်ငန်းတွေကို ထင်သာမြင်သာရှိအောင် လုပ်လာကြတယ်။ ရွှေသံလွင်က ဒီလိုလုပ်မယ့်ပုံ မရှိသေးပါဘူး။ ရွှေသံလွင်ကုမ္ပဏီရဲ့ အခွန်ဆောင်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေ မှားတယ်ဆိုရင် ရွှေသံလွင်ကုမ္ပဏီ၊ အခွန်ဦးစီးဌာနနဲ့ ကျွန်တော်တို့အကြား ငြင်းခုံရပါလိမ့်မယ်။ အကောင်းဆုံးကတော့ အခွန်ဦးစီးဌာနနဲ့ ရွှေသံလွင်ကုမ္ပဏီတို့ပေါင်းပြီး AGD ဘဏ်က သတင်းစာရှင်းလင်းပွဲ လုပ်သလိုလုပ်ပြီး အများပြည်သူကို ချပြရပါလိမ့်မယ်။

နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ ခရိုနီထောင်ချောက်ကို သိထားဖို့ လိုပါတယ်။ ခရိုနီတွေရဲ့ နောက်ကွယ်မှာ အာဏာရှင်တွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ လိုအပ်တဲ့ ငွေကြေးတွေကို ပြည်သူတွေဆီက တစ်ကျပ်တစ်ပြားရငွေတွေနဲ့ ခရီးဆက်လို့ ရပါတယ်။ အခုပဲ NLD ရုံးဆောက်တဲ့ကိစ္စမှာ စင်ကာပူရောက် မြန်မာလူငယ်တွေ ငွေစုနေကြပါတယ်။ သူတို့ ပင်ပန်းတကြီး ရှာဖွေထားတဲ့ ငွေကြေးတွေ ထည့်ဝင်လှူ ဒါန်းဖို့ ပြင်နေကြတယ်။ ဒီလိုလူငယ်တွေရဲ့ ငွေကြေး၊ ပြည်သူတွေဆီကရတဲ့ ငွေကြေးတွေဟာ ခရိုနီတွေပေးတဲ့ ငွေကြေးထက် ပိုပြီးဖြူစင်ပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အခုလက်ရှိ ခရိုနီတွေရဲ့ ပေးကမ်းမှုဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ကို ကာစီနိုမှာဖြုန်းတီး၊ ညအိပ်ဖော်ကို သိန်း ၁၅၀၀၊ ၂၀၀၀ ပေးဖို့ ၀န်မလေးတဲ့ကြေးနဲ့ နှိုင်းယှဉ်ရင် ပြောပလောက်တဲ့ ငွေကြေးတွေ မဟုတ်ဘူးဆိုတာပါ။ ပြည်သူတွေရဲ့ဘ၀ကို နင်းခြေပြီး အစိုးရကပေးတဲ့ အခွင့်အရေးတွေနဲ့ သူတို့ရထားတဲ့ ငွေတွေက ဖြူစင်တဲ့ငွေတွေ မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေကို ပေးကမ်းပြီး လျှော်ဖွပ်လို့ရတဲ့ ငွေတွေလည်း မဟုတ်ပါဘူး။

ခရိုနီတွေပေးတဲ့ငွေကြေး၊ အထူးသက်သာခွင့်၊ ထောက်ပံ့မှု၊ စပွန်ဆာတွေကို လက်ခံထားသူတွေဟာ နောင်တစ်ချိန် သူတို့အစိုးရဖြစ်တဲ့ အချိန်မှာ ခရိုနီတွေရဲ့ မသမာမှုကို ဘယ်လိုအဂတိတရားနဲ့ ဆုံးဖြတ်ကြမှာလဲ။ တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် လာဘ်ယူထားသူတွေဟာ အဂတိတရား ကင်းရှင်းနိုင်ပါ့မလား။

ငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စတွေ အပြီးမသတ်နိုင်သေးခင်မှာ အစိုးရကပေးတဲ့ ကားပါမစ်ယူခဲ့လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးသိက္ခာမဲ့ပြီး ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းခဲ့ရပါတယ်။ ဒါဟာ လတ်တလောဖြစ်ခဲ့တဲ့ သာဓကပါ။

အာဏာရှင်တွေ နောက်ကွယ်မှာရှိနေတဲ့ ခရိုနီတချို့ဟာ ယိုင်နဲ့လာတဲ့ ပုဂ္ဂလိက မီဒီယာတွေနေရာကို အစားထိုး ၀င်ရောက်လာပါပြီ။ သူတို့ရဲ့ ထောက်ချောက်ခြေလှမ်းတွေက နိုင်ငံရေးသမားတွေဆီကိုလည်း ဦးတည်ထားပါတယ်။

မကြာသေးမီက ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွှတ်တော်မိန့်ခွန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွေကိုကြည့်ရင် သူတို့ပြောဆိုချက်တွေဟာ အဖြစ်မှန်နဲ့ ဝေးကွာနေတာကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် အာဏာသိမ်း လုပ်ရပ်တွေဟာ မှန်ကန်တယ်ဆိုတဲ့ သဘောထားမျိုးကို ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေခဲ့ရတယ်။ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး၊ အနိမ့်ကျဆုံးနိုင်ငံ ဖြစ်ခဲ့ရတယ်။ ဒါတွေဟာ တပ်မတော်ရဲ့ အာဏာသိမ်း လုပ်ရပ်တွေကြောင့်ပါ။ ဒါကို ကာကွယ်ရေးဦးစီးချုပ်က လျစ်လျူရှုပြီး အာဏာသိမ်းလုပ်ရပ်တွေ မှန်တယ်လို့ပြောတာဟာ အမှန်တရားကို ဖုံးကွယ်လိုစိတ် ရှိနေပြီး အမှားကို ၀န်မခံလိုတဲ့စိတ် ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေကြောင့် မြန်မာနိုင်ငံဟာ အချိန်မရွေး စစ်အာဏာရှင်အောက်ကို ပြန်ရောက်သွားနိုင်တယ် ဆိုတာကို ပြည်သူတွေက သံသယ ရှိနေပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေဟာ ခက်ခဲတဲ့ ရေဆန်ခရီးကို ဖြတ်ခဲ့ကြပြီးပါပြီ။ အခုချိန်မှာ ရေစုန်ခရီးရောက်ပြီလို့ မပြောနိုင်သေးပါဘူး။ အရပ်သားအစိုးရ ပီပီပြင်ပြင် မဖြစ်သေးဘူး။ ဒီမိုကရေစီ အခွင့်အရေးတွေ မရှိသေးပါဘူး။ စစ်အာဏာရှင်အောက်ကို ပြန်ရောက်နိုင်ခြေတွေလည်း ရှိနေသေးတယ်။

ဒါကြောင့် ဒီအချိန်မှာ NLD ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးသမားတွေကို မေးလိုတာက အရင်လိုမျိုး ပြည်သူလူထုရဲ့ ဒုက္ခကို ခါးစည်းခံပြီး ပြည်သူတွေနဲ့ တစ်သားတည်းရှိနေမလား၊ ခရိုနီတွေနဲ့တွဲပြီး ပြည်သူကို မျက်ကွယ်ပြု ကပွဲသဘင်တွေ ဆင်နွှဲကြမလားဆိုတဲ့ မေးခွန်းနှစ်ခု ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်မလဲဆိုတာ ရွေးချယ်ရပါမယ်။

ဒီလိုပါပဲ။ ပြည်သူတွေကရော ကိုယ့်ရဲ့ခေါင်းဆောင်တွေ နှောင်ကြိုးကင်းကင်းနေနိုင်အောင် ဘယ်လိုကူညီပေးကြမလဲ။ ဝေဖန်နေရုံနဲ့ တော့မဖြစ်ပါဘူး။ ဒီလိုထောင်ချောက်တွေကို နားလည်ဖို့လည်း လိုပါတယ်။

ရွှေသံလွင်မိသားစု ပိုင်ဆိုင်သည့်၊ ဆက်စပ်ပတ်သက်သည့် ကုမ္ပဏီအချို့စာရင်း

၁။ Shwe Than Lwin Gems Co.,Ltd
၂။ Shwe Than Lwin Media Co.,Ltd
၃။ Shwe Than Lwin Mining Co.,Ltd
၎။ Shwe Than Lwin Trading Co.,Ltd
၅။ ECO Communication Public Co.,Ltd (trsm;ydkif)
၆။ Golden Pyit Taing Htaung Services Co.,Ltd 
၇။ Golden Pyit Taing Htaung Trading Co.,Ltd 
၈။ Golden Thazin Construction Co.,Ltd 
၉။ It Is Myanmar Trading Co.,Ltd 
၁၀။ People Media Public Co.,Ltd (trsm;ydkif)
၁၁။ Shwe Nanda Trading Co.,Ltd
၁၂။ Shwe Nay Minn Gyi Co.,Ltd
၁၃။ Shwe Shan Pyi Public Co.,Ltd (trsm;ydkif)
၁၄။ Than Lwin Aye Yar Export Import Co.,Ltd
၁၅။ Than Lwin Aye Yar Gems Co.,Ltd
၁၆။ Than Lwin Aye Yar Industrial Production & Construction Co.,Ltd
၁၇။ Than Lwin Aye Yar Travels & Tours Co.,Ltd
၁၈။ Myanmar Towards Co.,Ltd
၁၉။ Shwe Thanlwin Highway Co.,Ltd
၂၀။ Shwe Thu Kha Mein Trading Co.,Ltd
မှတ်ချက်။ ။ ကုမ္ပဏီများအားလုံး ၀င်ငွေခွန်ပေးဆောင်သည့် ၅၀၀ ဦးစာရင်းတွင် ပါဝင်ခြင်း လုံးဝမရှိပေ။

 

နှစ်လအတွင်း လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီနှင့် လုပ်ငန်းအလိုက်စာရင်း

           ကုမ္ပဏီ လုပ်ငန်းအမျိုးအစား တည်နေရာ
Than Phyo Thu Mining Co., Ltd ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ကော့သောင်း
Myanmar Tokiwa Corporation Ltd ခဲတံနှင့် အလှကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးခြင်း ပျဉ်းမပင်စက်မှုဇုန်၊ မင်္ဂလာဒုံ။
Globel Alliarance Industrial Co .,Ltd စီးကရက်ထုတ်လုပ်ခြင်းလုပ်ငန်း ရွှေသံလွင်စက်မှုဇုန်
Than Lwin Aye Yar Industrial Production & Construction  Co.,Ltd အချိုရည်ထုတ်လုပ်ခြင်းလုပ်ငန်း ရွှေသံလွင်စက်မှုဇုန်
Than Lwin Aye Yar Industrial Production & Construction  Co.,Ltd ဘီယာထုတ်လုပ်ခြင်းလုပ်ငန်း ရွှေသံလွင်စက်မှုဇုန်
True Faith Co., Ltd လက်ခစားစနစ်အထည်ချုပ် ရွှေပေါက်ကံစက်မှုဇုန်
U Ni & Daw Phyu Family Co.,Ltd ရေထွက်ပစ္စည်းလက်ခစားစနစ်စက်ရုံ ရွှေပြည်သူစက်မှုဇုန်အပိုင်း-၃
Royal Hi-Tech Group Co.,Ltd ဆိပ်ခံတံတား မြင်းခြံခရိုင်၊ ဆီမီးခုံကျေးရွာ
 

 

Politic
Show commentsOpen link

posted from Bloggeroid

စစ်ဖြစ်ပွားမှု့မရပ်သောကချင်

စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအား ညနေ ၅ နာရီကျော်ပါက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ညအချိန်တွင် ယင်းလမ်းကြောင်းပေါ်မှ သစ်ခိုးထုတ်မှုများရှိနေဟုဆို
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
ဖြိုးဝေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးရှိ သစ်တောများအား ခုတ်ယူထားမှုကို တွေ့ရစဉ်
စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအား ညနေ ၅ နာရီကျော်လွန်ပါက သွားလာခွင့်ပိတ်ပင်ထားပြီး အဆိုပါလမ်းကြောင်းပေါ်မှ ညအချိန်တွင် သစ်ခိုးထုတ်မှုများ ဖြစ်ပေါ်နေကြောင်း SHINGNIP Kachin Legal Aid Network Group မှ ဥက္ကဋ္ဌ ဦးခွန်နောင်က ပြည်သူ့ခုံသမာဓိဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုများအား အစိုးရသစ်လက်ထက်တွင် အများဆုံး ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း သုံးနှစ်အကြာဖြစ်သည့် ယခုနှစ်ဧပြီ ၁ ရက်မှစတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ရပ်ဆိုင်းရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

“မြန်မာနိုင်ငံ အထက်ပိုင်းမှာ စစ်ဖြစ်လာတော့ သစ်တောပြုန်းတီးမှုတွေ အများကြီး ဖြစ်လာတယ်။ ဒီလို ပြည်တွင်းစစ်ဖြစ်လာတော့ ပွဲလန့်တုန်း ဖျာခင်းတဲ့သူတွေ အများကြီးဖြစ်လာတယ်။ အထူးသဖြင့် ခရိုနီတွေပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာ စစ်ကတော့ ဖြစ်နေဆဲဖြစ်ပေမယ့် သစ်ခိုးထုတ်မှုကတော့ ဆက်လက်ဖြစ်နေတယ်။ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှာဆိုရင် နေ့လယ်တော့ ဖွင့်ပေးထားတယ်။ ညနေဆိုရင် ၅ နာရီခွဲလောက် ကတည်းက ဘယ်သူမှ သွားလာလို့မရတော့ဘူး။ အဲဒီအချိန်မှာ ညအချိန်မှာ သစ်တွေခိုးထုတ်ပါတယ်” ဟု ဦးခွန်နောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တရားမ၀င် သစ်တင်ပို့မှု ပမာဏသည် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံနှင့် ညီမျှသည့် ကုဗမီတာ ၁၆ ဒသမ ၅ သန်းခန့်ရှိကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA)၏ ‘အချက်အလက်ခြစားမှု’ အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ အထက်ပိုင်းမှာ စစ်ဖြစ်လာတော့ သစ်တောပြုန်းတီးမှုတွေ အများကြီး ဖြစ်လာတယ်။ ဒီလို ပြည်တွင်းစစ်ဖြစ်လာတော့ ပွဲလန့်တုန်း ဖျာခင်းတဲ့သူတွေ အများကြီးဖြစ်လာတယ်။ အထူးသဖြင့် ခရိုနီတွေပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာ စစ်ကတော့ ဖြစ်နေဆဲဖြစ်ပေမယ့် သစ်ခိုးထုတ်မှုကတော့ ဆက်လက်ဖြစ်နေတယ် . . . . .

အဆိုပါ အစီရင်ခံစာတွင် မြန်မာအစိုးရက ၁၅ နှစ်အတွင်း ထုတ်ပြန်ထားသည့် သစ်လုံးထုတ်လုပ်မှုနှင့် သစ်တင်ပို့မှု အချက်အလက်များနှင့် ကမ္ဘာ့ကုန်သွယ်မှု အချက်အလက်များအား ခြားနားထားခြင်းဖြစ်ပြီး ၁၃ နှစ်တာကာလအတွင်း တရားမ၀င် သစ်တင်ပို့မှု ပမာဏများသည် ဒေါ်လာဘီလျံနှင့်ချီ၍ ကွာဟနေကြောင်း ဖော်ပြထားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် သစ်ထုတ်လုပ်မှုဆိုင်ရာ မှတ်တမ်းများသည် နိုင်ငံတကာ သစ်ကုန်သွယ်မှုများ၏ ၂၈ ရာခိုင်နှုန်းသာ ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ တရားမ၀င်သစ်တင်ပို့မှု ရာခိုင်နှုန်းသည် ၇၂ ရာခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းသစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း (MTE) က စီမံခန့်ခွဲ လုပ်ကိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၁၄ နှစ်အတွင်း ယင်းဌာနမှ ခွင့်ပြုချက် ရယူထားခြင်းမရှိသော သစ်ထုတ်လုပ်မှု ပမာဏသည် သစ်ကုဗမီတာ ရှစ်သန်းနှင့် ညီမျှကြောင်း ရာခိုင်နှုန်းအားဖြင့် နိုင်ငံတကာသို့ အမှန်တကယ် တင်ပို့ခဲ့သည့် သစ်များ၏ ၆၂ ရာခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ယူနန်နှင့် သစ်ကုန်သွယ်မှု အပါအ၀င် တရားမ၀င် သစ်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်လျှင် ပျှမ်းမျှ ဒေါ်လာ ၄၁၃ သန်းခန့် ရှိနေပြီး EIA မှ ရရှိထားသည့် အချက်အလက်များအရ မြန်မာအစိုးရ ပြောဆိုနေသော တိုင်းရင်းသားနယ်မြေများအတွင်းမှ တရားမ၀င် သစ်ထုတ်ယူမှု ဖြစ်ပေါ်နေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း EIA တွင် ဖော်ပြထားသည်။

Local
Show commentsOpen link







posted from Bloggeroid

မငြိမ်းချမ်းသေပါ ကချင်ပြည်နယ်

စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအား ညနေ ၅ နာရီကျော်ပါက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ညအချိန်တွင် ယင်းလမ်းကြောင်းပေါ်မှ သစ်ခိုးထုတ်မှုများရှိနေဟုဆို
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
ဖြိုးဝေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးရှိ သစ်တောများအား ခုတ်ယူထားမှုကို တွေ့ရစဉ်
စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအား ညနေ ၅ နာရီကျော်လွန်ပါက သွားလာခွင့်ပိတ်ပင်ထားပြီး အဆိုပါလမ်းကြောင်းပေါ်မှ ညအချိန်တွင် သစ်ခိုးထုတ်မှုများ ဖြစ်ပေါ်နေကြောင်း SHINGNIP Kachin Legal Aid Network Group မှ ဥက္ကဋ္ဌ ဦးခွန်နောင်က ပြည်သူ့ခုံသမာဓိဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုများအား အစိုးရသစ်လက်ထက်တွင် အများဆုံး ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း သုံးနှစ်အကြာဖြစ်သည့် ယခုနှစ်ဧပြီ ၁ ရက်မှစတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ရပ်ဆိုင်းရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

“မြန်မာနိုင်ငံ အထက်ပိုင်းမှာ စစ်ဖြစ်လာတော့ သစ်တောပြုန်းတီးမှုတွေ အများကြီး ဖြစ်လာတယ်။ ဒီလို ပြည်တွင်းစစ်ဖြစ်လာတော့ ပွဲလန့်တုန်း ဖျာခင်းတဲ့သူတွေ အများကြီးဖြစ်လာတယ်။ အထူးသဖြင့် ခရိုနီတွေပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာ စစ်ကတော့ ဖြစ်နေဆဲဖြစ်ပေမယ့် သစ်ခိုးထုတ်မှုကတော့ ဆက်လက်ဖြစ်နေတယ်။ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှာဆိုရင် နေ့လယ်တော့ ဖွင့်ပေးထားတယ်။ ညနေဆိုရင် ၅ နာရီခွဲလောက် ကတည်းက ဘယ်သူမှ သွားလာလို့မရတော့ဘူး။ အဲဒီအချိန်မှာ ညအချိန်မှာ သစ်တွေခိုးထုတ်ပါတယ်” ဟု ဦးခွန်နောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တရားမ၀င် သစ်တင်ပို့မှု ပမာဏသည် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံနှင့် ညီမျှသည့် ကုဗမီတာ ၁၆ ဒသမ ၅ သန်းခန့်ရှိကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA)၏ ‘အချက်အလက်ခြစားမှု’ အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ အထက်ပိုင်းမှာ စစ်ဖြစ်လာတော့ သစ်တောပြုန်းတီးမှုတွေ အများကြီး ဖြစ်လာတယ်။ ဒီလို ပြည်တွင်းစစ်ဖြစ်လာတော့ ပွဲလန့်တုန်း ဖျာခင်းတဲ့သူတွေ အများကြီးဖြစ်လာတယ်။ အထူးသဖြင့် ခရိုနီတွေပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာ စစ်ကတော့ ဖြစ်နေဆဲဖြစ်ပေမယ့် သစ်ခိုးထုတ်မှုကတော့ ဆက်လက်ဖြစ်နေတယ် . . . . .

အဆိုပါ အစီရင်ခံစာတွင် မြန်မာအစိုးရက ၁၅ နှစ်အတွင်း ထုတ်ပြန်ထားသည့် သစ်လုံးထုတ်လုပ်မှုနှင့် သစ်တင်ပို့မှု အချက်အလက်များနှင့် ကမ္ဘာ့ကုန်သွယ်မှု အချက်အလက်များအား ခြားနားထားခြင်းဖြစ်ပြီး ၁၃ နှစ်တာကာလအတွင်း တရားမ၀င် သစ်တင်ပို့မှု ပမာဏများသည် ဒေါ်လာဘီလျံနှင့်ချီ၍ ကွာဟနေကြောင်း ဖော်ပြထားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် သစ်ထုတ်လုပ်မှုဆိုင်ရာ မှတ်တမ်းများသည် နိုင်ငံတကာ သစ်ကုန်သွယ်မှုများ၏ ၂၈ ရာခိုင်နှုန်းသာ ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ တရားမ၀င်သစ်တင်ပို့မှု ရာခိုင်နှုန်းသည် ၇၂ ရာခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းသစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း (MTE) က စီမံခန့်ခွဲ လုပ်ကိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၁၄ နှစ်အတွင်း ယင်းဌာနမှ ခွင့်ပြုချက် ရယူထားခြင်းမရှိသော သစ်ထုတ်လုပ်မှု ပမာဏသည် သစ်ကုဗမီတာ ရှစ်သန်းနှင့် ညီမျှကြောင်း ရာခိုင်နှုန်းအားဖြင့် နိုင်ငံတကာသို့ အမှန်တကယ် တင်ပို့ခဲ့သည့် သစ်များ၏ ၆၂ ရာခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ယူနန်နှင့် သစ်ကုန်သွယ်မှု အပါအ၀င် တရားမ၀င် သစ်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်လျှင် ပျှမ်းမျှ ဒေါ်လာ ၄၁၃ သန်းခန့် ရှိနေပြီး EIA မှ ရရှိထားသည့် အချက်အလက်များအရ မြန်မာအစိုးရ ပြောဆိုနေသော တိုင်းရင်းသားနယ်မြေများအတွင်းမှ တရားမ၀င် သစ်ထုတ်ယူမှု ဖြစ်ပေါ်နေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း EIA တွင် ဖော်ပြထားသည်။

Local
Show commentsOpen link





posted from Bloggeroid

ကုန်သွယ်မှု့ပင်လယ်ရေကြောင်း

ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ကုန်သွယ်မှုဆောင်ရွက်ရာတွင် ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာခြောက်ဘီလျံကျော် ပိုမိုရရှိခဲ့
by htikeaung
Eleven Daily NewsToday, 02:48
ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ်လတတိယပတ်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၀၅၈ ဒသမ ၉၃၉ သန်း ရရှိထားပြီး ယခင်နှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အလားတူကာလတွင်မူ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၆၈၁ ဒသမ ၆၁၆ သန်း ရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် ဒေါ်လာခြောက်ဘီလျံကျော် ပိုမိုရရှိခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ်လတတိယပတ်အထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၆၇၃ ဒသမ ၁၇၅ သန်း၊ နယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃၈၅ ဒသမ ၇၆၄ သန်း ရရှိခဲ့ကြောင်း သိရသည်။

လယ်ယာထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက် ပစ္စည်းများ၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များဟူ၍ မြန်မာနိုင်ငံမှ ပို့ကုန်အုပ်စု ခုနစ်မျိုးကို ပြည်ပတင်ပို့နေခြင်း ဖြစ်သည်။

ပို့ကုန်အုပ်စု ခုနစ်မျိုးအနက် ရေထွက်ကုန်၊ တိရစ္ဆာန်ထွက် ပစ္စည်းတို့မှလွဲ၍ လယ်ယာထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်ကုန်နှင့် အခြားပို့ကုန် တင်ပို့မှုမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာထွက်ကုန် ပြည်ပတင်ပို့ရာတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ရာဘာ၊ ကြက်ဆူ၊ သီဟို စသည့်နှစ်ရှည်သီးနှံ၊ သရက်၊ ဖရဲစသည့် သစ်သီးဝလံများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းတက်၊ ချင်းစို/ခြောက် စသည့် မီးဖိုချောင်သီးနှံများ တင်ပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန်တို့ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲနေပြီး ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး အကောင်အထည်ဖော်မည့် ကဏ္ဍများကို အထောက်အကူပြုမည့် ကဏ္ဍများ သတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှထွက်သည့် ပို့ကုန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ တင်ပို့နေသည့်အပြင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ၊ မောင်တော၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး၊ ရိဒ်၊ ထန်တလန် အစရှိသည့် နယ်စပ်စခန်းများမှလည်း ဆောင်ရွက်နေကြောင်း သိရသည်။

Business
Show commentsOpen link

posted from Bloggeroid

ရခိုင်ပြည်နယ်ဖွံ့ ဖြိုးတိုးတက်စေလို

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာ၏ အကူအညီ မရဘဲ မဖြစ်နိုင်သောကြောင့် ရခိုင်လူမျိုးများ ဥပဒေမဲ့လုပ်ရပ်များ မလုပ်ရန် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး၊ ရှိုင်းလင်းအောင်

မတ် ၂၉ ရက်က အင်းစိန်မြို့နယ်တွင် ရခိုင်ပြည်နယ် ပဋိပက္ခအလွန် အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးမှုနှင့် ရခိုင်ပြည်နယ် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟောပြောဆွေးနွေးပွဲ ကျင်းပနေစဉ်
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာ၏ အကူအညီ မရဘဲ မဖြစ်နိုင်သောကြောင့် ရခိုင်လူမျိုးများ ဥပဒေမဲ့လုပ်ရပ်များ မလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က မတ် ၂၉ ရက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ပြုလုပ်သော ရခိုင်ပြည်နယ် ပဋိပက္ခအလွန် အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးမှုနှင့် ရခိုင်ပြည်နယ် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟောပြောဆွေးနွေးပွဲတွင် ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့၌ မတ် ၂၆ ရက်နှင့် ၂၇ ရက်များတွင် လူစုလူဝေးဖြင့် INGO နှင့် NGO များ ငှားရမ်းနေထိုင်သော အိမ်များကို ခဲများဖြင့်ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး  ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “'ဒီ INGO။ NGO တွေဟာ တစ်ဖက်စောင်းပြီး ရခိုင်ကို တစ်စက်မှ အကျိုးမပြုဘဲနဲ့ ရခိုင်တွေနဲ့ ဆန့်ကျင်ဘက် ရခိုင်မြေ၊ ရခိုင့်သမိုင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာလုနေတဲ့၊ ကျွန်တော်တို့ကို ဆန့်ကျင်ဘက်လုပ်နေတဲ့ ဒီဘင်္ဂါလီကိုပဲ အထောက်အပံ့ပြုနေတဲ့ အဖွဲ့ဖြစ်လို့ ရခိုင်သားတွေ ရင်ထဲမှာလည်း တစ်စက်မှ မကျေနပ်ဘူး။ ဒါ ရခိုင်တွေကိုလည်း အပြစ်ပြောလို့ မရဘူး။ ဒါဟာ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရင် စီမံခန့်ခွဲမှု ညံ့ဖျင်းလို့။ ဒီ INGO၊ NGO တွေဟာ ပြည်ထောင်စုအစိုးရနဲ့ လက်မှတ်ထိုးရင် ဒါတွေဒါတွေ မလုပ်ရဘူး။ တစ်ရာပါရင် ရခိုင်ကို ငါးဆယ်ဟို ဘက်ငါးဆယ် မျှမျှတတလုပ်မှ ဒေသခံက ကျေနပ်မှာဖြစ်တယ်။ ဒါမျိုးတွေကို ထိန်းချုပ်ရမယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိကာလ၌ တရားမ၀င် ခိုးဝင်သူများ ပြဿနာ၊  စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နိမ့်ပါးမှုနှင့် အလုပ်လက်မဲ့ပြဿနာများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် သယံဇာတပြဿနာများ စသည့်စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဦးဇော်အေးမောင်က ဆိုသည်။

ထို့ပြင် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှု ပြဿနာ၊  ကျောက်ဖြူဂက်စ်ပိုက်လိုင်း၊ ရေနံပိုက်လိုင်းနှင့် ကျောက်ဖြူမှ တရုတ်ပြည်အထိ မီးရထားလမ်း၊ ကားလမ်းဖောက်လုပ်မှုပြဿနာ၊  ရခိုင်မြေ၊ ရခိုင်ယဉ်ကျေးမှု၊ အမျိုးဘာသာသာသနာနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးစေမည့် ပြဿနာစသည့် စိန်ခေါ်မှုများလည်း ရှိနေသည်ဟု ဦးဇော်အေးမောင်က ပြောကြားသည်။

သန်းခေါင်စာရင်းကောက်ယူမှု ပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် မရှိသော လူမျိုးအမည် ရိုဟင်ဂျာဟု ပြောဆိုမှုများသည် ပဋိပက္ခဖြစ်စေသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် ယင်းအမည် ရေးထည့်ခြင်းအား ရခိုင်လူမျိုးများက လက်မခံခြင်းကို ထောက်ခံသည်ဟု ဦးဇော်အေးမောင်က ပြောကြားသည်။

“ဒီသန်းခေါင်စာရင်းကောက်တာဟာ မြန်မာနိုင်ငံတစ်ခုတည်း ကောက်တာမဟုတ်ဘူး။ UNFPA လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့လည်းပါတယ်။ ဒီစာရင်းကို မှားမှားမှန်မှန် သူပြောတာရေးရမယ်လို့ ရေးလိုက်ရင် ဒီစာရင်းသည် ကမ္ဘာမှာ မှတ်တမ်းတစ်ခု ဖြစ်သွားမယ်။ ဒီကနေ့ သမ္မတကြီး ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပါတီ ၆၅ ပါတီက ခေါင်းဆောင်သုံးယောက်၊ သုံးယောက်စီနဲ့ တွေ့တယ်။ တွေ့တော့ ၀န်ကြီးဦးခင်ရီလည်း ပါတယ်။ ၀န်ကြီးဦးခင်ရီက ကျွန်တော်တို့ တိတ်တိတ်လေးခေါ်ပြီးတော့ ကိုဇော်အေးမောင် စိတ်ချတော့။ သမ္မတကြီးကလည်း Pass ပေးလိုက်ပြီ။ ကျွန်တော်တို့ အရင်တုန်းကလည်း လက်မခံခဲ့ဘူး။ ဒါပေမဲ့ ဒါကိုတော့ ကျွန်တော်သိပ်ပြောလို့ မကောင်းဘူးနဲ့တူတယ်။ တစ်ခုတော့ ကျွန်တော်ပြောလိုက်ပါမယ်။ သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ပတ်သက်ပြီး ရခိုင်တွေဘက်က အတိုင်းအတာတစ်ခုအထိ ရခိုင်တွေ ဆန္ဒနဲ့ဘ၀ ထပ်တူကျပါတယ်လို့ ဒီလောက်ပဲ ကျွန်တော်ပြောလိုက်မယ်။ အဲဒါကြောင့် သန်းခေါင်စာရင်းကောက်တာကို သပိတ်မှောက်စရာ မလိုတော့ဘူး။ သပိတ်မှောက်ရင် ရခိုင်တွေကျန်ခဲ့မယ်” ဟု ဦးဇော်အေးမောင်က ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခအလွန် အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးမှုနှင့် ရခိုင်ပြည်နယ် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟောပြောဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနနှင့် ရခိုင်မိသားစု လူမှုကူညီရေးအသင်း (အင်းစိန်) တို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Politic
Show commentsOpen link

posted from Bloggeroid

အဲဝယ်ဖက်ပေးပါဂျာနယ်များ

ထုတ်ဝေမှုတစ်နှစ်ပြည့် ပုဂ္ဂလိကသတင်းစာများ၏ အနာဂတ်
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
ဇင်ဘိုလွင်၊ ကျော်ဇင်ဝင်း

နေ့စဉ်ထုတ် သတင်းစာနှင့် ဂျာနယ်များဖြန့်ချိသည့် ကိုယ်စားလှယ်များစုဝေးရာ နေရာတစ်ခုဖြစ်သည့် ရန်ကုန်မြို့ ၄၆ လမ်းရှိ သတင်းစာ၊ ဂျာနယ်ဖြန့်ချိရန် ပြင်ဆင်နေကြသည်ကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအနေဖြင့် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို အစိုးရက ခွင့်ပြုလိုက်သည်။ ထိုအချိန်က ထုတ်ဝေခွင့်ရရှိခဲ့သော ပုဂ္ဂလိကသတင်းစာ ၁၆ စောင်အနက် လေးစောင်မှာ ဧပြီ ၁ ရက်တွင် ထွက်ရှိခဲ့သည်။

အစောဆုံး ထွက်ရှိလာသည့် ပုဂ္ဂလိက သတင်းစာလေးစောင်မှာ The Voice၊ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စုနေ့စဉ်နှင့် စံတော်ချိန်သတင်းစာတို့ ဖြစ်ကြသည်။ ထိုလေးစောင်အနက် ပြည်ထောင်စုနေ့စဉ် သတင်းစာသည် အစိုးရသတင်းစာများ၏ ဈေးနှုန်းအတိုင်း ရောင်းချခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေသည့်သတင်းစာ ဖြစ်ခဲ့သည်။

ကျန်သုံးစောင်အနက် ရွှေနိုင်ငံသစ် သတင်းစာမှာ ပြီးခဲ့သည့် မတ် ၁၂ ရက်တွင် ရပ်နားသွားခဲ့သည်။

“လှေပြိုင်ပွဲ တစ်ခုလိုပေါ့။ ကျွန်တော်တို့ တက်ကျိုးသွားပါပြီ” ဟု ရွှေနိုင်ငံသစ်သတင်းစာ ရပ်နားချိန်တွင် ထိုသတင်းစာ၏ အယ်ဒီတာချုပ် ဦးဖိုးသောကြာ (ခေတ်/မိုး) က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီမတိုင်ခင်အချိန်က ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ရရှိသော ၁၆ စောင်အနက် ခုနစ်စောင်သာ လက်ရှိဈေးကွက်အတွင်း ရှိနေပြီး ကျန်ရှိသည်များမှာ ယာယီရပ်နားခြင်း၊ ထုတ်ဝေမှု မပြုတော့ရန် ဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ အစိုးရသစ်လက်ထက် ပုဂ္ဂလိကသတင်းစာ ၃၁ စောင်ကို ထုတ်ဝေခွင့် ပြုခဲ့သော်လည်း ၁၅ စောင်ခန့်သာ ထုတ်ဝေခဲ့ကြပြီး လက်ရှိဈေးကွက်အတွင်း ထုတ်ဝေနေသည့် ပုဂ္ဂလိကသတင်းစာမှာ ၁၀ စောင်ခန့်သာ ရှိနေပါသည်။

လက်ရှိထုတ်ဝေနေသော ပုဂ္ဂလိက သတင်းစာများမှာလည်း ဆက်လက်ထုတ်ဝေရန် ဘဏ္ဍာရေး အခက်အခဲနှင့် ရင်ဆိုင်နေရသူများ ရှိနေသည်။

ရင်းနှီးမြှုပ်နှံမှု အခက်အခဲအပြင် ဈေးကွက်ဝေစုနှင့် ကြော်ငြာရရှိမှု အခက်အခဲများကြောင့် ထုတ်ဝေမှု တစ်နှစ်ပြည့်မြောက်သွားပြီ ဖြစ်သော်လည်း ပုဂ္ဂလိက သတင်းစာများမှာ ဆက်လက်ရုန်းကန်ရမည့် အခြေအနေ ရှိနေပါသည်။

“ပုဂ္ဂလိက မီဒီယာတွေအနေနဲ့ ကိုယ့်ချွေးနှဲစာနဲ့ ဆက်ရပ်တည်ဖို့ကတော့ တော်တော်လည်း အခက်အခဲ ဖြစ်နေပြီ။ ကျွန်တော်တို့ The Voice ဆိုရင် စကတည်းက ကိုယ့်ချွေးနှဲစာနဲ့ ရပ်တည်လာခဲ့တာ။ ကိုယ့်ချွေးနှဲစာနဲ့ ရှေ့လျှောက်ရပ်တည်ဖို့က ခက်ခဲလာတယ်။ ကျွန်တော်တို့စောင်ရေရော တခြားဝင်ငွေရော ကျလာတယ်လေ။ ကျလာတဲ့အခါကျတော့ ကျွန်တော်တို့လည်း ပြန်ဆန်းစစ်တယ်။ အရည်အသွေး ကျလို့လား။ ကျွန်တော်တို့ အရည်အသွေးပိုင်းဆိုင်ရာမှာ တက်နိုင်သလောက် ကြိုးစားပြီး လုပ်နေတယ်။ သတင်းစာပညာ အနေနဲ့ရော အခြားအိုင်ဒီယာ အနေနဲ့ရော တိုင်းပြည်မှာသွားနေတဲ့ Professional မီဒီယာတစ်ခု အနေနဲ့ရော တက်နိုင်သလောက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်နေတယ်” ဟု The Voice Daily ၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောကြားသည်။

“အချိန်တိုအတွင်းမှာ အရှုံးနည်းအောင်လို့တော့ တစ်နှစ်မှာတော့ တွန်းလုပ်ခဲ့တာပေါ့။ တစ်နှစ်ပြည့်တဲ့ အချိန်မှာတော့ အရှုံးတော့ နည်းသွားပြီပေါ့။ သို့သော် နောက်ထပ်အနည်းဆုံး နှစ်နှစ်လောက်တော့ ရုန်းကန်ရမယ့် သဘောရှိတယ်” ဟု စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာ၏ အယ်ဒီတာချုပ် ဦးရဲကျော်ခေါင်က ဆိုသည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိကသတင်းစာများ ထွက်ရှိနေသော်လည်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များကို ဖတ်ရှုနေသူများ ရှိနေသဖြင့် ဈေးကွက်အနေဖြင့် ကြည့်ပါက ဈေးကွက်ကျပ်နေသည်ဟု ဆိုနိုင်ကြောင်း စာရေးဆရာ ဒေါက်တာဖေမြင့်က သုံးသပ်သည်။

ခရိုနီတွေ ၀င်လာတဲ့ အပိုင်းမှာတော့ နှစ်မျိုးရှိတယ်။ တစ်ဖက်မှာက သူတို့မှာ ငွေပိုငွေလျှံတွေက အရမ်းကို များနေတယ်။ ဘယ်လို သုံးရမှန်းကို မသိဘူး။ နောက်တစ်ခုက အစိုးရဘက်ကို ၀င်ပူးတဲ့သဘောတွေ ပါတယ်။ ရှင်းရှင်းပြောရရင် အစိုးရဘက်တော်သားတွေ ဖြစ်ကုန်တာပေါ့ . . . . .

“အဓိကအားဖြင့်  သတင်းစာစောင်တွေသည် ရပ်တည်ရတာက ကြော်ငြာပေါ်မှာ တော်တော်အားကိုးပြီး ရပ်တည်ရတာပေါ့။ ကြော်ငြာသမားက စာနယ်ဇင်းတွေ ရပ်တည်နိုင်ဖို့အတွက် ကြော်ငြာပိုင်း အားမကောင်းဘူး။ အားကိုးလောက်တဲ့ အနေအထား မရှိဘူးပေါ့ဗျာ။ သတင်းစာတွေမှာ ကျွန်တော်နားလည်တာရော၊ ကြားဖူးတာရော၊ သတင်းစာတွေ၏ ၀င်ငွေရာခိုင်နှုန်း အများစုသည် ဒီကြော်ငြာကနေ ရဖို့လိုတာပေါ့။ အဲဒီ အနေအထားက အဓိကလို့ ထင်တယ်။ ကြော်ငြာကို နေ့စဉ်ထုတ်တွေက အပတ်စဉ်ထုတ်တွေနဲ့ မျှပြီးယူနေရတယ်။ အစိုးရသတင်းစာနဲ့ ကြော်ငြာပိုင်းမှာ ပြိုင်နေရတယ်” ဟု ဒေါက်တာဖေမြင့်က ပြောကြားသည်။

ထို့အတူ အစိုးရက ၎င်းတို့၏ သတင်းစာဈေးနှုန်းကို တိုးမြှင့်ခြင်းမပြုဘဲ ဖြန့်ချိရေးဈေးကွက် အားသာချက်များ အပါအ၀င် ကြော်ငြာဈေးကွက် ထိန်းချုပ်မှုများကိုပါ ပြုလုပ်လျက် ရှိနေသည်။

“အစိုးရဘက်က ထုတ်နေတဲ့အတွက်ကြောင့် သူတို့ကို ယှဉ်ပြိုင်ရတာက တစ်ဖက်ပေါ့။ သူတို့က ၅၀၊ ၁၀၀ နဲ့ လက်ပွေ့ရောင်းနေတယ်။ ကျွန်တော်တို့က ၂၀၀၊ ၂၅၀ နဲ့ ရောင်းနေရတယ်။ အဲဒီတော့ ဈေးနှုန်းအရလည်း ကျွန်တော်တို့ ယှဉ်ပြိုင်နေရတယ်။ အရည်အသွေးအရလည်း ယှဉ်ပြိုင်နေရတယ်။ သို့သော်လည်း ၂၀၁၅ ရောက်ရင်တော့ နိုင်ငံရေးလှုပ်ရှားမှုအရ ပုဂ္ဂလိက သတင်းစာတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ မြင့်လာမယ်လို့ ယူဆတယ်” ဟု ဦးရဲကျော်ခေါင်က သုံးသပ်သည်။

“ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခုက စစထွက်ချင်း သတင်းစာတစ်စောင်ကို အနိမ့်ဆုံးဈေး ၂၀၀ နဲ့ ရောင်းကြရတယ်။ အစိုးရထုတ် သတင်းစာက သူတို့ထုတ်ဈေးက ၅၀၊ အပြင်မှာ ၁၀၀ ပေါ့။ ပုဂ္ဂလိကကတော့ ၁၀၀ နဲ့တော့ ဘယ်လိုမှ မရောင်းနိုင်တဲ့အတွက် ၂၀၀ ကို အနိမ့်ဆုံး ချရောင်းရတယ်။ အဲဒီလို အနိမ့်ဆုံးချပြီး ရောင်းရတဲ့အခါမှာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေသူတွေ အနေနဲ့က သူတို့ရဲ့ ကုန်ကျစရိတ်နဲ့ သတင်းစာတစ်စောင်က ပြန်လည်ရရှိတဲ့ ၀င်ငွေနဲ့ အချိုးမကိုက်ညီဘူး။ သူကအပြင်မှာ ၂၀၀ ရတယ်။ အဲဒီမှာ ပုဂ္ဂလိက သတင်းစာတစ်စောင်ရဲ့ အစစ်အမှန် ကုန်ကျစရိတ်က ၃၀၀၊ ၃၅၀ ဖြစ်ရင်ဖြစ်မယ်။ ၄၀၀ လည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒီလိုဖြစ်နေတဲ့ အနေအထားမျိုးမှာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေနေသူ တစ်ဦးက သတင်းစာတစ်စောင် ကျလို့ရှိရင် ပုဂ္ဂလိက သတင်းစာမှာ ဆက်လက်ပြီး အရှုံးတွေနဲ့ ထုတ်ရမယ့်သဘော ရှိတယ်။ ရောင်းကောင်းတဲ့ သတင်းစာလည်းပဲ သူက ၂၀၀ ထက် ပိုမရောင်းနိုင်တဲ့အတွက်ကြောင့် ရှုံးနေတာပေါ့။ အစိုးရသတင်းစာက နိုင်ငံတော်ရဲ့ စက်ပစ္စည်း၊ နိုင်ငံတော်ရဲ့ ယန္တရားတွေ၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေ အသုံးပြုရတဲ့ အခါကျတော့ အစိုးရသတင်းစာက ပြဿနာ မရှိဘူး” ဟု ဦးချစ်ဝင်းမောင်က ဆိုသည်။

သတင်းစာများသည် သတင်းစာရောင်းရငွေ၊ ကြော်ငြာငွေဖြင့်သာ အဓိက ရပ်တည်နေရပြီး ထိုဝင်ငွေနှစ်ရပ်လုံး အားကောင်းခြင်းမရှိသည့် အချိန်တွင် ရပ်တည်ရန် ခက်ခဲလာခြင်းဖြစ်သည်။  

“သတင်းစာက အဓိက၀င်ငွေနှစ်ခုနဲ့ ရပ်တည်တာကိုး။ တစ်ခုက သတင်းစာတွေကို ရောင်းလို့ရတဲ့ငွေ၊ နောက်တစ်ခုက ကြော်ငြာပေါ့။ ကျွန်တော်တို့နိုင်ငံက သတင်းစာတွေက သတင်းစာ ရောင်းရငွေအပေါ်မှာ မှီခိုရပ်တည်လို့ မရဘူး။ ကြော်ငြာကို အားထားရတယ်။ ဒါပေမဲ့ ကြော်ငြာကလည်း အစိုးရသတင်းစာတွေကြောင့် ဖြစ်သင့်သလောက် ဖြစ်မလာတော့ ပုဂ္ဂလိက သတင်းစာတွေရဲ့ ရေရှည်ကို စိုးရိမ်မိပါတယ်” ဟု ရိုက်တာသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဦးအောင်လှထွန်းက ပြောကြားသည်။


ရန်ကုန်မြို့တွင် နံနက်အစောပိုင်း၌ သတင်းစာ၊ ဂျာနယ်များ ရောင်းချရန် ပြင်ဆင်နေသည့် ဖြန့်ချိရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

“ကျွန်တော်တို့က ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတာ တွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ဆိုရင် အခုဝင်ထားတဲ့ဝင်ငွေနဲ့ ရှေ့ဆက်သွားလို့ မရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ နောက်တစ်ခါ ရှယ်ယာခေါ်ဖို့ကျတော့လည်း ဒီတိုင်းပြည်မှာလည်း အကျိုးအမြတ် ချက်ချင်းရဖို့ ကံသေကံမ ပြောလို့မရတဲ့လုပ်ငန်း ဖြစ်နေတာကိုး။ အဲဒီတော့ တော်ရုံတန်ရုံသူက ရင်းနှီးမြှုပ်နှံဖို့ မလွယ်ဘူးလေ။ ရင်းနှီးမြှုပ်နှံခြေရှိတဲ့ သူတွေက လူအများကြီး မရှိဘူးလေ။ အများကြီး မရှိတဲ့အခါကျတော့ ကျွန်တော်တို့က ဘယ်သူနဲ့ ရင်းနှီးမြှုပ်နှံမလဲ။ ဒါလည်း တော်တော်စဉ်းစားရခက်တယ်။ စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့မီဒီယာရဲ့ ဦးတည်ချက်။တစ်လျှောက်လုံး တည်ဆောက်လာတဲ့ ဂုဏ်သိက္ခာ။ အဲဒါတွေနဲ့ စဉ်းစားရတဲ့ အခါကျတော့ တော်တော်ခက်ပါတယ်။ ကိုယ့်ကိုယ်ပိုင်ဝင်တဲ့ဝင်ငွေနဲ့ ရပ်တည်ဖို့ဆိုတာလည်း တော်တော်ကို မလွယ်တဲ့ အခြေအနေ ရောက်နေတယ်” ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။

ထို့အတူ ဘဏ္ဍာရေးအရ ရပ်တည်ရန်ခက်ခဲပြီး ရပ်ဆိုင်းခဲ့ရသော ပုဂ္ဂလိက သတင်းစာများ နေရာတွင် ၀င်ရောက်အစားထိုး နေရာယူရန် အာဏာရှင် လိုလားသူများနှင့် ဆက်နွှယ်နေသည့် ခရိုနီလုပ်ငန်းရှင်များက ပြင်ဆင်ထားကြသည်။ ယခုလအတွင်းမှာ ရပ်နားသွားခဲ့သော ရန်ကုန်တိုင်းမ် သတင်းစာကို အမည်ပြောင်းလဲပြီး ဒီမိုကရေစီတူဒေးအမည်ဖြင့် သတင်းစာတစ်စောင် ထွက်ရှိလာခဲ့သည်။ ထိုသတင်းစာ၏ နောက်ကွယ်တွင် ရွှေသံလွင်ကုမ္ပဏီက ငွေကြေးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ရောင်းဈေး ကျပ် ၁၀၀ ဖြင့် အစိုးရသတင်းစာများနည်းတူ ထုတ်ဝေခဲ့သည့် အဆိုပါသတင်းစာကို တစ်နေ့လျှင် ကျပ်သိန်း ၆၀ အရှုံးခဲ့ပြီး ထုတ်ဝေလျက်ရှိနေကာ ကျပ်သိန်းတစ်သောင်းကျော် အရှုံးခံနိုင်ရန်အတွက် ပြင်ဆင်ထားကြောင်း ပြင်ပတွင် သတင်းထွက်ပေါ်နေသည်။ သို့သော် သီးခြားအတည်ပြု ချက် မရရှိသေးပါ။

ပုံမှန်အားဖြင့် စာမျက်နှာ ၃၆ မျက်နှာရှိသော သတင်းစာတစ်စောင်သည် ကျပ် ၂၀၀ မှ ၂၅၀ အကြား အရင်းရှိနေပါသည်။  

“ခရိုနီတွေ ၀င်လာတဲ့ အပိုင်းမှာတော့ နှစ်မျိုးရှိတယ်။ တစ်ဖက်မှာက သူတို့မှာ ငွေပိုငွေလျှံတွေက အရမ်းကို များနေတယ်။ ဘယ်လို သုံးရမှန်းကို မသိဘူး။ နောက်တစ်ခုက အစိုးရဘက်ကို ၀င်ပူးတဲ့သဘောတွေ ပါတယ်။ ရှင်းရှင်းပြောရရင် အစိုးရဘက်တော်သားတွေ ဖြစ်ကုန်တာပေါ့။ တစ်ဖက်က စီးပွားရေးအရ အလျှံပယ် ဖြစ်လာချိန်မှာ တစ်ဖက်က နာမည်လည်းရအောင် အစိုးရကို ၀င်ပူးတဲ့သဘောပဲ။ အဲဒီတော့ ပုဂ္ဂလိက သတင်းစာတွေက ညီညီညာညာနဲ့ လက်တွဲပြီး ရပ်တည်နေဖို့တော့ လိုတယ်။ သူတို့က ထိုးဖောက်ပြီးတော့ ကျွန်တော်တို့ကို ခွဲမယ့်သဘောမျိုးလေးတွေ မြင်တယ်။ အဲဒီတော့ ကျွန်တော်တို့ထဲက လူတွေက ဒါတွေကိုမြင်ပြီးတော့ မားမားမတ်မတ်နဲ့ ညီညီညွတ်ညွတ် လက်တွဲဖို့တော့ လိုတယ်” ဟု စံတော်ချိန်သတင်းစာ အယ်ဒီတာချုပ် ဦးရဲမြင့်ဖေက ဆက်လက်ပြောကြားသည်။

“အနာဂတ်ကို ကျွန်တော်စိုးရိမ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်ရင်ထဲက စိုးရိမ်တာ။ ဘာလို့လဲဆိုတော့ ပုဂ္ဂလိက သတင်းစာတွေရဲ့ အခန်းကဏ္ဍကို ကျွန်တော် အရမ်းမြင်လာပါပြီ။ ပုဂ္ဂလိက သတင်းစာက သိပ်အားရှိဖို့ လိုတယ်။ အားရှိအောင် လုပ်ပေးရမယ်။ အစိုးရကလည်း ထုတ်ချင်လည်းထုတ်ပေါ့။ ပြည်သူ့ဘဏ္ဍာပဲလေ။ ပြည်သူတွေက ဘယ်လောက်အကျိုးပြုလဲ ဆိုတာတော့ သူတို့ပြောချင်တိုင်း ပြောလို့မရဘူးလေ။ ပြည်သူတွေ အသိဆုံးပေါ့။ ဖတ်တဲ့သူတွေ အသိဆုံးပဲ။ အဲဒီတော့ ပုဂ္ဂလိက သတင်းစာတွေ ရှင်သန်ဖို့အတွက် အားလုံးဝိုင်းဝန်းဖို့ လိုတယ်။ ကျွန်တော်ကတော့ သိပ်စိုးရိမ်တယ်” ဟု ဦးအောင်လှထွန်းက ဆိုသည်။

The Voice Daily ၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက လက်ရှိအချိန်သည် ပုဂ္ဂလိက သတင်းစာများ အကျပ်အတည်းကာလသို့ ရောက်ရှိနေပြီး အနာဂတ် အသေအချာ မပြောနိုင်သေးကြောင်း သုံးသပ်ခဲ့သည်။

Politic
Show commentsOpen link

posted from Bloggeroid

သူဟာမြန်မာပါသူခိုးစားတာလား

ခိုးရာလိုက်၊ စာခိုးချ၊ ခိုးကြောင်ခိုးဝှက်
by htikeaung
Eleven Daily NewsToday, 02:48
Written by: 
မောင်တင်ဦး (မြောင်းမြ)

မြစ်ဆုံအနီး ရွှေရှာနေသူတစ်ဦးအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်
ခိုးရာလိုက်ခြင်း

အမေက သမီးကို ငိုယိုပြီးတစ်မျိုး၊ ချော့မော့ပြီးတစ်နည်း၊ ခြိမ်းခြောက်ပြီးတစ်ဖုံ နည်းမျိုးစုံသုံးကာ လက်ရှိသမီးနဲ့တွဲနေတဲ့ ချစ်သူကိုဖြတ်ဖို့၊ အမေသဘောတူတဲ့ သူဌေးသားနဲ့ယူဖို့ ပြောနေပါတယ်။

သမီးကလည်း သူ့ချစ်သူနဲ့ မေတ္တာရော သစ္စာပါ တိုင်တည်ထားလေတော့ တစ်ဖက်က ကျေးဇူးရှင် အနန္တဂိုဏ်းဝင် မိခင်၊ တစ်ဖက်က အသည်းပေါက်မတတ် ချစ်နေမိတဲ့ တစ်သက်တာချစ်သူ။

ဒါက လက်ရှိမြန်မာ ဗီဒီယိုကားတွေမှာ ဖန်တစ်ရာတေအောင် တွေ့နေရတဲ့ သံတူကြောင်းကွဲ ဇာတ်လမ်းများ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမျိုးကလည်း မြန်မာ့လူမှုပတ်ဝန်းကျင် တကယ့်ဘ၀ထဲမှာ ဖြစ်ပျက်နေတဲ့ လူမှုရေးပြဿနာများ ဖြစ်ပါတယ်။

မိခင်ရဲ့အတ္တဟာ သူ့နောက်ဆုံး ထွက်သက်ထိသာ ရှည်လျားပေမယ့် သမီးရဲ့ဘ၀ဟာ သမီးမသေမချင်း ခံစားစံစားရမှာပါ။ မိခင်ရဲ့ အတ္တဆုံးဖြတ်ချက်ဟာ မှန်ခဲ့ရင် သမီးဘ၀က မထောင်းသာပေမယ့် မိခင်ရဲ့ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့ရင် သမီးဘ၀ဟာ တွေးစရာ မရှိတော့ပါဘူး။ ထို့အတူ မိခင်ကိုလည်း စိတ်မဆိုးဝံ့တောင် တစ်ချက်တစ်ချက်တော့ စိတ်ကွက်မိနေမှာပါ။

နောက်ဆုံး သမီးခမျာ မရှူနိုင်မကယ်နိုင် ဘ၀ထဲမှ လွတ်မြောက်ရာလမ်းက ချစ်သူခေါ်ရာနောက် ခိုးရာလိုက်သွားတော့တာပဲ။ လင်နောက်ခိုးရာလိုက်တဲ့ ဝေါဟာရဖြစ်ရပ်ဟာ ရွာတိုင်း၊ ရပ်ကွက်တိုင်းမှာ ကြုံတွေ့နေရတဲ့ မထူးခြားလှတဲ့ ဖြစ်ရပ်ပါ။ ဒီလိုခိုးမှုကို မြန်မာ့ပတ်ဝန်းကျင်က လက်ခံနေတာ ကြာပါပြီ။ ခိုးပေမယ့် ခိုးမှုမမြောက်ပါဘူး။

စာခိုးချခြင်း

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို တစ်နှစ်ဖြေတယ်။ မအောင်ဘူး။ နှစ်နှစ်ဖြေတယ်။ မအောင်ဘူး။ နောက်ဆုံး သူငယ်ချင်းတွေက စာမေးပွဲအောင်မယ့်နည်း ပေးပါတယ်။ စာရွက်သေးသေးလေးတွေပေါ်မှာ စာလုံးသေးသေးလေးတွေနဲ့ ရေးထားတဲ့ အဖြေတွေကို စတစ်ကာနဲ့ စာမေးပွဲခန်းထဲ ဘယ်လိုသယ်ယူပြီး ဘယ်လိုခိုးချရမလဲဆိုတာ သင်ပေးလိုက်ကြပါတယ်။ အဲဒီနှစ်ကျမှပဲ စာမေးပွဲ အောင်သွားပါတော့တယ်။ ဒီတော့မှ လူများအလယ်မှာ ခေါင်းမော့ပြီး ကြွားလုံးထုတ်နိုင်ပါပြီ။ ငါခိုးချလိုက်တာ ကွက်တိပဲ။ အခုတော့ ငါ ၁၀ တန်းအောင်ပြီကွ။

လျှို့ဝှက်ဆောင်ရွက်ထားတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းက ပြည်သူတွေထံမှ၊ တိုင်းပြည်မှ ခိုးယူထားတဲ့ အစီအစဉ်တွေ၊ ငွေအလုံးအရင်းတွေ အမြတ်ခွဲဝေမှုတွေ ပေါ်လာပါတယ်။ ဒီတော့မှ ပြည်သူ့ဆန္ဒကို လိုက်လျောတယ်ဆိုကာ မြစ်ဆုံစီမံကိန်းကို ယခုသမ္မတ သက်တမ်းအတွင်း (သာ) ရပ်ဆိုင်းကြောင်း ကြေညာပါတယ်။ ယခုသမ္မတ သက်တမ်းလည်း ကုန်လုကုန်ခင် ဖြစ်လာပါပြီ . . . . .

ဒီလို ခိုးချတာကိုလည်း မြန်မာ့လူမှု ပတ်ဝန်းကျင်မှာ ဂုဏ်ငယ်စရာ၊ ရှက်စရာ မဟုတ်ပါဘူး။ ခိုးချပေမယ့် ခိုးမှုမမြောက်ပါဘူး။ ခိုးချတဲ့ယဉ်ကျေးမှု ထွန်းကားလာတာက ယခင်အစိုးရရဲ့ စီမံခန့်ခွဲမှုအမှားက မြစ်ဖျားခံလာတာပါ။ မတော်တဆ အမှားလား။ တမင်တကာ အစီအစဉ်ရှိတဲ့ အမှားလားဆိုတာ ပြောရခက်ပါတယ်။ ကျောင်းသားတွေက ဒီအားနည်းချက်ကို အသုံးချကာ ပြောင်ပြောင်တင်းတင်း ခိုးချသည်ထိ ဖြစ်လာတာဟာ လက်ငင်းပညာရေးကြောင့် နောင်နှစ် ၂၀ မြန်မာပြည်ရဲ့ ကံကြမ္မာအတွက် ရင်လေးမိပါတယ်။

ခိုးကြောင်ခိုးဝှက်

ခိုးကြောင်ခိုးဝှက်ကို ခွဲကြည့်တဲ့အခါ ချောင်လို့ခိုးသူနဲ့ သိုသိုသိပ်သိပ် ၀ှက်ခိုးသူရယ်လို့ အဓိပ္ပာယ်ပေါ်လာပါတယ်။ ‘ခိုးကြောင်’ ဆိုတဲ့ ခိုးသူအချို့က ချောင်လို့၊ လွယ်လို့ ခိုးတတ်ကြတာပါ။ ချောင်လို့ခိုးသူထဲမှာ တော်တော်များများက ၀န်ထမ်းများ ပါဝင်နေပါတယ်။ မခိုးပါဘူးလို့ ပြောတဲ့ဝန်ထမ်းဟာ အနည်းဆုံး အချိန် (ရုံးချိန်)ကို ခိုးကြပါတယ်။ ရုံးကိုနောက်ကျလာပါတယ်။ ၉း၃၀ နာရီရောက်ရမယ့် ရုံးချိန်ကို ၁၀ နာရီမှလာပေမယ့် ၉း၃၀ နာရီဆိုကာ စာအုပ်မှာ လက်မှတ်ထိုးပါတယ်။ ပြန်ချိန်ရုံးဆင်းချိန် ၄း၃၀ နာရီဆိုပေမယ့် ၃း၃၀ နာရီလောက်မှာ ရုံးဆင်းပြီး ၄း၃၀ နာရီလို့ စာအုပ်မှာ ရေးသွင်းပါတယ်။ ဒါဟာ အလွန်ချောင်တဲ့ ခိုးနည်းဖြစ်ပြီး ဘယ်သူကမှ ဒီလိုအချိန်ခိုးနေတာဟာ ခိုးမှုမမြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၀န်ထမ်းအများစု အချိန်ခိုးနေတာ သူရောငါရော အကုန်လုံး ပါနေတာကိုး။

‘ခိုးဝှက်’ လို့ ဆိုရမယ့် ၀ှက်ခိုးသူက ရည်ရွယ်ချက်ရှိရှိ ခိုးဖို့ကို အစီအစဉ်ချပြီး ခိုးတယ်လို့ ဆိုရပါမယ်။ အဲဒီပုဂ္ဂိုလ်က လမ်းကြောင်းရှာတယ်။ ဘယ်သူ့ကို ချဉ်းကပ်ရမယ် ပေါင်းစားရမယ်။ ဘယ်သူ့ထံမှာ  ခွင်ကောင်းကောင်းရှိတယ် စသည်ဖြင့် လျှို့ဝှက်စုံစမ်းခြင်း၊ ဒေတာစုဆောင်းခြင်း၊ ခိုင်မာမှု တည်ဆောက်ခြင်းတွေကို အကွက်ကျကျ စီမံဆောင်ရွက်ပါတယ်။

ဒီနည်းနဲ့ ယနေ့ခေတ်ပေါ်သူဌေး ခရိုနီဆိုသူတွေ ပေါ်ထွက်လာပါတယ်။ လျှို့ဝှက်ဆောင်ရွက်ထားတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းက ပြည်သူတွေထံမှ၊ တိုင်းပြည်မှ ခိုးယူထားတဲ့ အစီအစဉ်တွေ၊ ငွေအလုံးအရင်းတွေ အမြတ်ခွဲဝေမှုတွေ ပေါ်လာပါတယ်။ ဒီတော့မှ ပြည်သူ့ဆန္ဒကို လိုက်လျောတယ်ဆိုကာ မြစ်ဆုံစီမံကိန်းကို ယခုသမ္မတ သက်တမ်းအတွင်း (သာ) ရပ်ဆိုင်းကြောင်း ကြေညာပါတယ်။ ယခုသမ္မတ သက်တမ်းလည်း ကုန်လုကုန်ခင် ဖြစ်လာပါပြီ။ နောက်တစ်ခု ၀ှက်ထားတဲ့ ဧရာမစီမံကိန်းကြီးက လက်ပံတောင်းတောင် စီမံကိန်းကြီးပါပဲ။ ဒါလည်း မြန်မာနိုင်ငံတော်ပိုင် မြေပေါ်မှာ မြန်မာပြည်သူတွေ အထူးသဖြင့် ဒေသခံပြည်သူတွေကို အသိလေးတစ်ချက်မှ မပေးဘဲ လုပ်ကိုင်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ၀မ်ပေါင်ကုမ္ပဏီက ဘယ်လောက်ရတယ်။ ဦးပိုင်ကုမ္ပဏီက ဘယ်လောက်ရတယ်။ နိုင်ငံတော်က ဘယ်လောက်ရတယ်ဆိုတဲ့ စာရင်းတွေ ထွက်လာတော့မှ ပြည်သူတွေအတွက် ဘယ်လောက်မှမပါတာကို တအံ့တသြ သိလိုက်ပါတယ်။ အဲဒီလို ခိုးဝှက်ကာ တိုင်းပြည်စီမံကိန်းတွေ ခိုးယူကြပေမယ့် သူတို့လည်း ခိုးမှုမမြောက်ပါဘူး။ ခိုးရာလိုက်သလို၊ စာခိုးချသလို ခိုးကြောင်ခိုးဝှက် လုပ်မှုတွေဟော မြန်မာ့အသိုင်းအ၀ိုင်းမှ ဖြစ်ရိုးဖြစ်စဉ်အဖြစ် (အရှက်မရှိစွာ) လျစ်လျူရှုထားလိုက်ပါတယ်။

ဒီလို ခိုးဝှက်လုပ်ကိုင်ထားလို့ ပြည်သူတွေသိ (မိ) သွားရင် ဒါဟာခိုးမှုပဲ။ အနည်းဆုံး နှုတ်လေးနဲ့တော့ တောင်းပန်စကား ပြောရမှာပါ။ အခုတော့ ဒါဟာ တို့လုပ်နေကျမို့ တောင်းပန်စရာ မလိုဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။

သူခိုးများ

သူခိုးဆိုတဲ့ သူခိုးတွေဟာ သာမန်လူထက် လျင်မြန်ပါးနပ် လိမ္မာရပါတယ်။ ခိုးမယ့်နေရာ ဘယ်လိုဝင်ရမယ်။ ဘယ်လိုပြန်ထွက်ရမယ် ဆိုတာကို ကောင်းကောင်း ကျွမ်းကျင်ကြပါတယ်။ မြန်မာ့ရာဇ၀င်ထဲက ငတက်ပြားဟာ ပေါင်မှာထိုးထားတဲ့ကြောင်ရုပ်ကို ပုတ်လိုက်ရုံနဲ့ ခြံစည်းရိုး၊ တံတိုင်းတွေကို ခုန်ပျံကျော်လွှားနိုင်ပါတယ်။

အခုတော့ မြန်မာပြည်မှာ ငတက်ပြားထက် ပိုစွမ်းတဲ့သူခိုးတွေ ပေါများလာပါတယ်။ ပေါင်ပုတ်စရာ မလိုဘူး။ ခြံစည်းရိုးကို အလိုလိုဖွင့်နိုင်တဲ့ တန်ခိုးတွေ ပိုင်ပါတယ်။ ကိုယ်ယောင်ဖျောက်စရာ မလိုဘဲ ခိုးမှုကိုပျောက်အောင် လုပ်နိုင်ပါတယ်။

ဒီလိုနဲ့ ခိုးမှုကို မြန်မာပြည်မှာ မသိမသာရော ပြောင်ပြောင်တင်းတင်းပါ ခိုးနေကြတဲ့ သူခိုးတွေ ဖြစ်ကုန်ပါတယ်။ သူခိုးသူခိုးချင်း မျက်နှာပူစရာ မလိုပါဘူး။ မျက်နှာပြောင်စရာပဲ လိုပါတယ်။ နည်းနည်းခိုးတဲ့သူက များများခိုးတဲ့သူကို အပြစ်ပြောကြတာပါ။ စားခွက်လုကြတာပဲ ရှိပါတယ်။ ဒါပေမဲ့ ခိုးမှုကတော့ ပျောက်မသွားပါဘူး။

ကားဓာတ်ဆီ အရောင်းဆိုင်တွေမှာ ဆီအတုတွေရောပြီး ခိုးရောင်းပါတယ်။ ဓာတ်ဆီပန့်ကိုင်သူက ဆီခိုးပါတယ်။ တက္ကသိုလ်ကျောင်းကားတွေ ဝေးလံတဲ့ကျောင်းတွေဆီသွားရင်း ကျောင်းကားပေါ်မှာ ဖဲရိုက်ကြတယ်။ အရက်ခိုးသောက်ကြတယ်။ ရုံးစာရေးတွေက စာရေးစက္ကူ၊ စာရေးကိရိယာအဟောင်းတွေ ခိုးရောင်းကြပါတယ်။

အောက်ခြေခိုးနေကြတဲ့ သူခိုးတွေက ကျပ်ရာဂဏန်းလောက်ကိုပဲ မက်မက်မောမော ခိုးနေကြတာပါ။ အထက်အာဏာရှိ ပုဂ္ဂိုလ်အချို့ကတော့ ကျပ်သိန်းရာဂဏန်းလောက်ကို ခိုးတယ်လို့ အမည်မတွင်စေဘဲ လုပ်ပိုင်ခွင့်ကို အသုံးချကာ ခိုးယူနေကြတာပါ။ အချို့က ကိုယ်တိုင်မခိုးဘဲ အောက်ခြေငယ်သားက ဖန်(ခိုး)ပေးရပါတယ်။

လယ်ယာမြေတွေ၊ အဆောက်အအုံတွေ၊ မြေလွတ်တွေ၊ သဘာဝသယံဇာတတွေ ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ နိုင်ငံသား (ပြည်သူ) တွေကို အသိမပေးဘဲ လစ်တာနဲ့ ခိုးယူသိမ်းပိုက် နေကြတာပါ။ ကျောက်စိမ်းတွေ၊ သစ်တွေ ခိုးထုတ်နေတာ နိုင်ငံတော်အစိုးရက အမှန်တကယ် မသိဘူးလား။ မသိကျိုးကျွန် ပြုနေတာလား။

ပိုင်ရှင်မဲ့သစ်တွေ ကားအစီးလိုက် မိနေတယ်ဆိုတာ ကားအစီးဘယ်လောက် လွတ်သွားပြီမှ ပေါ်လာတဲ့သတင်းလဲ၊ စာရင်းလဲ။ လက်တလော သိရှိရတဲ့ သတင်းတစ်ပုဒ်က သစ်လုံးတင်ကားများဟာ တစ်ရက်လျှင် အနည်းဆုံး ၁၅ စီးမှ အစီး ၃၀ အထိ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သတင်းပါ။ ဒီသစ်ကားတွေဟာ အာဏာပိုင်နဲ့ပေါင်းပြီး ခိုးထုတ်တာလား၊ အာဏာပိုင်မသိအောင် ခိုးထုတ်တာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုခိုးထုတ်တာကို မိအောင်ဖမ်းရမှာ အာဏာပိုင်တို့ရဲ့ တာဝန်ပါ။ ဒါမှမဟုတ် တရားဝင်ခွင့်ပြုချက်နဲ့ ရောင်းတာဆိုရင်လည်း ဒီလိုသစ်လုံးတွေပြန်ရဖို့ နှစ်ပေါင်းများစွာ စောင့်ရဦးမှာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ဒါကြောင့် ဒီမျှအထိ မဆင်မခြင် ဗုံးပေါလအော မရောင်းသင့်ပါဘူး။

မြန်မာ့အသိုင်းအ၀ိုင်းက ခိုးမှုကို အားပေးနေသလား

အထက်မှာ စီကာစဉ်ကာ တင်ပြခဲ့တာဟာ မြန်မာ့လူမှု အသိုင်းအ၀ိုင်းမှာ လွဲချော်နေတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တင်ပြလိုရင်း ဖြစ်ပါတယ်။ ခိုးရာလိုက်တယ်။ စာခိုးချတယ်။ အချိန်ခိုးတယ်။ ဘာလေးဖြစ်ဖြစ် သူများထက် မသိမသာ လိုက်ချင်တဲ့အတွက် ခိုးမှုတွေ ဖြစ်နေတာကို မြန်မာ့အသိုင်းအ၀ိုင်းက ရှက်စရာလို့ မမြင်နိုင်ကြတာဟာ မကောင်းတဲ့စရိုက်ပါ။ ဒီလို မကောင်းတဲ့စရိုက်ကို အောက်ခြေပြည်သူရော အုပ်ချုပ်နေတဲ့ အကြီးအကဲများကပါ တွင်တွင်ကျယ်ကျယ်ကြီး သုံးစွဲနေတာဟာ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပါတယ်။

ခိုးတာဟာ အဒိန္နဒါနကံကို ကျူးလွန်တာပါ။ ဘယ်လိုခိုးခိုး ဘယ်အသေးအမွှား၊ ကြီးကြီးမားမားကိုခိုးခိုး ပြစ်မှုထိရပါမယ်။ လင်နောက်ခိုးရာလိုက်တာဟာလည်း မြန်မာ့အသိုင်းအ၀ိုင်းမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားအောင် မိဘနဲ့သားသမီး ဆက်ဆံရေးပုံစံ ပြောင်းသင့်က ပြောင်းရပါမယ်။ မိဘရဲ့ လွှမ်းမိုးလိုမှု အခန်းကဏ္ဍနဲ့ သားသမီးရဲ့ လွတ်လပ်ခွင့် ချိန်ဆရပါမယ်။ မိဘကချည်း တစ်ဖက်သတ် သြဇာညောင်း၊ ခြယ်လှယ်မှုပြုနေရင် ခိုးရာလိုက်တဲ့ မယဉ်ကျေးမှုက မြန်မာ့ယဉ်ကျေးမှု ဖြစ်နေပါမယ်။ ထို့အတူ ကျောင်းစာခိုးချတဲ့ မယဉ်ကျေးမှုကို ပပျောက်ဖို့ ပညာရေးသမားတွေ နည်းလမ်းရှာရမယ်။

နောက်ဆုံး သူခိုးတိုင်းပြည်မဖြစ်ဖို့၊ တာဝန်ရှိသူတွေကိုယ်တိုင် ခိုးခြင်းကို နည်းမျိုးစုံနဲ့ ရှောင်ကြဉ်ရပါမယ်။ အာဏာနဲ့ခိုးခြင်း၊ ဂါရ၀နဲ့ အကြောင်းပြခိုးခြင်း၊ အနိုင်ကျင့်ခိုးခြင်း၊ ဘယ်သို့သော ခိုးခြင်းကိုမှ ခွင့်မလွှတ်ပါနဲ့။ ခိုးရင် အပြစ်ပေးရပါတယ်။ ရာထူးကြီးကြီးငယ်ငယ် တစ်ပြေးညီ အပြစ်ပေးရပါမယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီဆောင်းပါးရေးနေတုန်း သမ္မတကြီးက ကျပ်သုံးသိန်းအထိ လက်ဆောင်ယူခွင့် ရှိတယ်ဆိုတဲ့ ခွင့်ပြုချက်ကို ကြားလိုက်ရပါတယ်။ ဒီလိုဆို သုံးသိန်းမှ လက်ဆောင်မပေးရင် ပြည်သူကို ၀န်ဆောင်မှုပေးရမယ့် တာဝန်ရှိသူတွေက လုပ်မပေးတော့မှာ စိုးရိမ်မိပါတယ်။ ခိုးယူစရာတွေ ပေါများတဲ့ ဒီနိုင်ငံမှာ ပြည်ပက သူခိုးတွေကို ဓားရိုးကမ်းရုံသာမက ပြည်တွင်းကပါ ပူးပေါင်းခိုးနေကြရင် မြန်မာပြည် သူခိုးတိုင်းပြည် ဖြစ်သွားနိုင်ပါကြောင်း သတိပေးရပါတယ်။

Opinion
Show commentsOpen link

posted from Bloggeroid

မြန်မာလူအခွင့်ရေးမွှိ

မိုးလင်းသွားတိုင်းမှာမပြောင်လဲ့ပါအရင်
လိုဘဲအလုပ် လုပ်တဲ့သူလုပ်စားစရာရှိတာစား
သွာစရာရှိတာသွားနေသောလူဘဝ
ကျွန်တော်ကမ္ဘာကဒီလိုနဲ့ လှည့်ပက်နေ
တာဟာလူသားအားလုံအတွက်မထူး
ဆန်းသောအရာဖြစ်ပေမဲ့အလုပ်လက်မဲ့
မိသားစုနဲ့ ကလေးငယ်များကိုဘယ်လို
ကူညီဆောင်ရှောက်မှု့မျိုးပေးရကောင်မှန်
မသိခဲ့ပါဘူအရာအားလုံးဟာတန်တူ
အခွင့်အရေတော့ရသင့်ပါတယ်
ကိုယ်ချမ်းသာဖို့တခုတဲ့ကြည်မယ်ဆိုရင်
အဲဒီလူဟာတိရတ္ဆံနဲတူသောလူဖြစ်သွား
တာပါဘဲကျွန်တော်တို့ လူသားခြင်းစာနာ
ထောက်ထားသောလူဘဝရရှိအောင်
ကိုယ်ချမ်းသာတဲ့ထဲ့ကသုံးပုံတစ်ပုံ
လောက်မျှဝေပေးမယ့်ဆိုရင်ကလေးသူ
ငယ်နဲ့ မရှိဆင်းရဲသားဘဝဟာလူသား
ကမ္ဘာတည်ကတန်းတူညီမျှအခွင့်အရေး
တစ်ချိန်လောက်ရသွားမယ်ဆိုရင်ဒီကမ္ဘာ
ကြီးထာဝရလှပသွားမည်ဖြစ်ပါကြောင်း
တင်ပြလိုက်ပါသည

posted from Bloggeroid

မြန်မာနိုင်ငံ၂၀၀၈ဖွဲ့စည်းပုံခြေ/ဥပြင်ဆင်ရေးပထမစံချိန်တင်သပိတ်ကျင်း

မြန်မာနိုင်ငံအနှံ့၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးဆန္ဒပြခဲ့သောအရာအနက်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်
သပိတ်ကျင်မြိုနယ်ဆန္ဒပြတာမြန်မာပြည်တွင်
ပထမစံချိန်တင်ခံရသောသပိတ်ကျင်းမြိုနယ်
အဆိုပါပြည့်သူဆန္ဒခံယူပွဲတွင်၂၀၀၈အခြေခံ
ဥပဒေပြင်ဆင်ပေးရေးနှင့်လျှက်စစ်မီတာခတိုး
မြှင့်ကောက်ခံမှု့လျှော့ချပေးရေ တောင်သူ
လယ်သမားအားဓမ္မအသိမ်ခံမြေများပြန်ရရှိရေး
ရွှေကုပဏီများအာဏာနဲ့ အားဓမ္မသိမ်ထား
မှု့များပါ ပါဝင်ဆန္ဒပြတောင်းဆိုခဲ့ပါသည်
အဆိုပြည်သူဆန္ဒတောင်ဆိုဆန္ဒပြရာတွင်လုံခြုံ
ရေးအပြည်ပေးထားပါသော်လဲသပိတ်ကျင်းမြို
ရဲတပ်ဖွဲ့ မှပြည်သူများဆန္ဒပြတော်ဆိုမှု့များ
လုံခြုံချထားရာနေရာတွင်ရဲမအရာရှိသုံးယောက်
အိပ်ပျော်နေတာတွေ့ ရှိခဲပါသည်
တာဝန်အလွန်အရေးကြီးနေချိန်တွင်ရဲအရာရှိ
အိပ်ပျော်နေတာဟာဘယ်သူမှတာဝန်ရှိပါလဲ
အမည်တော့မသိခဲ့ပါသက်ဆိုင်ရာအနေဖြစ်
သပိတ်ကျင်းမြို့နယ်ရဲတပ်ဖွဲ့ အားသတိပေးစေ
လိုပါသည်
ပြည့်သူသဘောထားဆန္ဒခံယူပွဲအား29/3/2014
11:00အချိန်ကဆတင်ထိုပွဲကိုဦးဆောင်သူမှ
ကိုအေးသိန်းဖြစ်ပါသည်ကိုအေးသိန်းသည်
အထက်မြန်မာပြည်အလုပ်သမားတောင်သူလယ်
သမားအား(ILO)ချိတ်ဆက်ဆောင်ရွက်ပေးနေ
သောမန္တလေး(FNI)အဖွဲ့ မှဖြစ်ပါသည်

posted from Bloggeroid

လူဘဝလူအခွင့်ရေး

မိုးလင်းသွားတိုင်းမှာမပြောင်လဲ့ပါအရင်
လိုဘဲအလုပ် လုပ်တဲ့သူလုပ်စားစရာရှိတာစား
သွာစရာရှိတာသွားနေသောလူဘဝ
ကျွန်တော်ကမ္ဘာကဒီလိုနဲ့ လှည့်ပက်နေ
တာဟာလူသားအားလုံအတွက်မထူး
ဆန်းသောအရာဖြစ်ပေမဲ့အလုပ်လက်မဲ့
မိသားစုနဲ့ ကလေးငယ်များကိုဘယ်လို
ကူညီဆောင်ရှောက်မှု့မျိုးပေးရကောင်မှန်
မသိခဲ့ပါဘူအရာအားလုံးဟာတန်တူ
အခွင့်အရေတော့ရသင့်ပါတယ်
ကိုယ်ချမ်းသာဖို့တခုတဲ့ကြည်မယ်ဆိုရင်
အဲဒီလူဟာတိရတ္ဆံနဲတူသောလူဖြစ်သွား
တာပါဘဲကျွန်တော်တို့ လူသားခြင်းစာနာ
ထောက်ထားသောလူဘဝရရှိအောင်
ကိုယ်ချမ်းသာတဲ့ထဲ့ကသုံးပုံတစ်ပုံ
လောက်မျှဝေပေးမယ့်ဆိုရင်ကလေးသူ
ငယ်နဲ့ မရှိဆင်းရဲသားဘဝဟာလူသား
ကမ္ဘာတည်ကတန်းတူညီမျှအခွင့်အရေး
တစ်ချိန်လောက်ရသွားမယ်ဆိုရင်ဒီကမ္ဘာ
ကြီးထာဝရလှပသွားမည်ဖြစ်ပါကြောင်း
တင်ပြလိုက်ပါသည

posted from Bloggeroid

သပိတ်စခန့်အရှိန်မြင့်လာ

ရန်ကုန်မြိုမိချောင်ကန်ဆန္ဒပြသူများ
အရှိန်မြင့်စွာဆန္ဒပြနေပုံအဆိုပါလျှက်စစ်
မီတာခလျှေချရေးတောင်ဆိုမှု့တွင်
မသယ်မာသူလူတစု၏နောက်ရှက်ခြင်းခံရပါကြောင်းသတင်းရရှိထားပါသည

posted from Bloggeroid

Saturday, March 29, 2014

သပိတ်ကျင်းမြိုအင်အား(1000)ကျော်ဆန္ဒပြ

ယ်လိုက်တိုက်မရသောအရာဟာ
မိခင်မြန်မာပြည်ဖြစ်လာဖွယ်ရှိနေတာလားအခုမြန်မာနိုင်ငံမှနေရာအနှံ့တွင်
အခြေခံဥပဒေပြင်ဆင်ရေအတွက်ဆန္ဒ
ပြသောမြို့ မှတစ်နိုင်ငံလုံးနည်ပါးပြသ
လာတာတွေ့ ရှိရပါသည်
အဆိုပါဆန္ဒပြမှု့အာနိုင်ငံအနေနဲများ
ဘာကြောင့်ဆန္ဒပြခိုင်နေတာလဲ
ပြင်ပေးလိုက်တာကပြည်သူအတွက်
အများအတွက်မလုပ်ရဲတာတွေကတော့
ဆင်းရဲသားများချမ်းသာမှလိုအလုပ်မြဲ
သွားဖွံဖြိုးသွားမှဖြစ်လိုလားမသိ
ယနေ29/3/2014နံနက်ပိုင်ကမန္တလေး
တိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်ခြေ/ ဥ
ဆန္ဒပြသောသပိတ်ကျင်းမြို့ဟာ
တစ်မြို့နယ်ဖြစ်ပေမဲ့အလွန်ဆီကားလျှက်
ရှိပါသည်လူအင်အား၁၀၀၀ကျော်ဖြစ်လာ
တင်ထားက၃၅၀ဖြစ်ပါတယ်ပြည်သူလူထု
ကစိတ်ပါဝင်စားစွာမိမိသဘောဆန္ဒအလျောက်ပါဝင်လာသောလူထုဖြစ်ပါတယ

posted from Bloggeroid

မြန်မာပြည်၏တတိယအောင်ပွဲ

ယနေ့(29/3/2014)နေလည်က
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်
သပိတ်ကျင်းမြို့နယ်တွင်ပြည်သူများ
အင်အား၁၀၀၀ကျော်ဆန္ဒပြခဲ့ပါကြောင်း
လျှက်စစ်မီတာခလျှော့ချရေးနဲ့ အခြေခံ
ဥပဒေပြင်ဆင်ရေးလယ်ယာမြေများပြန်
လည်ရရှိရေးရွှေလုပ်သားမားအခွင့်ရေးရ
ရှိရေးများအားလူထုဆန္ဒများထုတ်ဖေါ်
ဆန္ဒပြခဲပါသည်အဆိုပါဆန္ဒပြပွဲအား
မန္တလေး(FNI)မှကိုအေးသိန်းတို့အဖွဲ့ နဲ့ 
စစ်ကိုင်တိုင်ဦးကောင်းထွန်းအဖွဲ့များတက်
ရောက်ခဲ့ပါသည





posted from Bloggeroid

Thursday, March 27, 2014

ဆန္ဒပြသူလေးဦးအဖမ်းခံရမန္တလေး

(27/3/2014)6;45;မိနှစ်တွင်ဆန္ဒပြသူလေးဦး
အဖမ်းခံရအဆိုပါဆန္ဒပြသူများမှကိုသိန်းအောင်
မြင့်သူဇနီးမခတ်ခတ်ဇော်ကိုစောလှအောင်
ကိုကျော်မျိုးထွန်းတိုသည်လျှက်စစ်မီတာခလျှော့
ချပေးရန်အတွက်ဖယောင်တိုင်ထွန်းခါမန္တလေးမြို
ဒိုင်မွန်းပလာဇာရှေ့၃၃လမ်း၇၈လမ်ဒေါင်တွင်ည
နေ(6:30)အချိန်ဆတင်ပြရန်အသွားတွင်ရဲအင်
အားအယောက်(၁၀၀)ကျော်ကကြုတင်ရောက်
ရှိနေပါသည်သူတို့အတွက်လုံခြံရေးပေတာများ
လှပြီးမမှတ်လိုက်ပါနဲပြလဲပြဖမ်းလဲဖမ်းဖြစ်တာဘဲ
ကျွန်တော်ရောက်သွားတော့ကိုuသိန်းအောင်မြင့်
မရှိတော့ဘူးသူတို့ကအချုပ်ကားပေါ်ရောက်သွား
ပါပြီးဘာပြုလိုဖမ်းတာလဲလိုရဲအရာရှိကို
ကျွန်တော်မေးတော့ရဲကလွှတ်တော်ကအတီပြု
ထားပြီးသားဖြစ်နေလိုဖမ်းတာပါပုဒ်မ(၁၈)
နဲမဆိုင်ဘူးလိုသိရပါတယ်
ပြည်သူအတွက်ဆန္ဒပြပေးတာဖြစ်ပါတယ်
ဒါကြောင့်မဖမ်းသင့်ပါဘူး
ကိုသိန်းအောင်မြင့်တို့မရှိတော့ပေမဲ့ည၉း၀၀
ကျော်အထိလူများရုပ်ရုပ်သည်သည်းဖြစ်နေတာ
တွေရှိရပါတယ်လျှက်စစ်မီတာခများကြီးရေ
လောင်တပ္မံလုပ်ထားပါလျှက်နဲ့ မီတာခပိုကောက်
ဆန္ဒပြတာဘယ်သူကိုမှဒုက္ခမပေးပါဘူး
MDCFကိုသိန်းအောင်မြင့်အတူလေးဦးသာ
အဖမ်းခံရကျန်လူများဘယ်ကိုပျောက်သွားတာ
လဲဆန္ဒပြသူရဲကောင်ကြီးကိုအေးသိန်းရှိသေတယ်
ပုဒ်မ(၁၈)ဖြက်သိမ်ထားရင်ကိုသိန်းအောင်မြင့်
တို့အားပြန်လွတ်ပေးစေလိုပါသည်
မလွတ်ပါကဆန္ဒပြမည်သူများလာဖွယ်ရှိပါကြောင်း
တင်ပြလိုက်ရပါသည်







posted from Bloggeroid