Tuesday, September 23, 2014

တောင်သူများဘဝ ဒီလိုလားဗျာ

တရားရုံးတွင် ပုဒ်မ (၄၄၇/၄၂၇)တို့ ဖြစ်တရားစွဲခံရသောတောင်သူ(၉)ဦးတရားလိုဘယ်သူ ဆိုတာမသိရဘဲ အာမခံယူပြီးပြန်လာရပါတယ်လို ဆို

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာ ကွင်းအမှတ်(၂၁)ရှိ တောင်သူ(၃၅)ဦးပိုင် မြေဧက(၁၁၀)ကို အမည်မသိလူတစ်စုမှ ယင်းမြေဧကများပေါ်တွင် ကျောက်တိုင်စိုက်ပြီး သံဆူးကြိုးခတ်၍ နယ်နိမိတ် သတ်မှတ်ပြီး ဒေသခံတောင်သူ(၉)ဦးကို ပုဒ်မ(၄၂၇)၊ ပုဒ်မ(၄၄၇)တို့ဖြင့် တရားစွဲဆိုထားမှု အဖြစ်မှန် ပေါ်ပေါက်ရေး အမြန်ဆုံး စစ်ဆေးပေးစေလိုကြောင်း ဒေသခံတောင်သူများက ပြောခဲ့သည်။

ကျွန်တော်တို့ ကတရားဥပဒေကိုလေးစားပါတယ်ယနေ့ 
စက်တင်ဘာ(၂၂) ရက်နေ့ ကျွန်တော်တို့ ကြီးကိုင်ကျေးရွာနေဒေသခံတောင်သူ ၉ ဦး
ကို အမည်မသိသူများကတရားစွဲထားပါတယ်ဆိုလို ကျွန်တော်တို့ အဖွဲ့ တရားရုံးတော်ကို
နံနက် (၉နာရီ)သွားရောက်ခဲ့ တာပါ တရား
လိုဘယ်သူဆိုတာလည်းမသိခဲ့ ရပါဘူး
နေ့ လည် ၂ နာရီထိုးတော့ကျွန်တော်တို့ 
လူတစ်ယောက်ကို အာမခံ နှစ်ယောက်နဲ့ ပြန်လွတ်ပေးခဲ့ ပါတယ် မနက်ပိုင်ကတရားရုံးကိုမလာမှီ ကျွန်တော်
တို့ ကြီးကိုင်ရွားနေတောင်သူပိုင်အကွက်ထဲ
မှစက်ရေတွင်း လာတူသောဦးတင်မြင့်ဆိုသူအား ဒါကျွန်တော်တို့ တောင်သူတွေထွန်ယက်ထားသောကျေးရွာပိုင်အကွက်ဖြစ်တယ် အတူးပါနဲ့ တားခဲ့ရာ
ထိုလူက ဒါကျွန်တော်က ဝယ်ထားတာ တစ်ဧကကိုသိန်တစ်ရာ နှစ်ဧကကိုသစ်တော့မှဦးအောင်ကျော်ဒေါ်နီနီမြင့်တို့ ထံမှဝယ်ယူထားတာဖြစ်တယ်
ခင်ဗျာတို့ တားခြင်ရင်တော့သက်ဆိုင်ရာကနေတားပါလိုဦးတင်မြင့်ကပြောခဲ့ ပါတယ် စက်ရေတွင်းကိုလည်ဆက်၍တူနေပါတယ်
စက်တင်ဘာလ ၁၈ ရက်နေ့ ကလည် ခရစ်
ယာန်အသင်းတော်မှဝယ်ယူထားသောနေရာပါဆိုပြီး အဆောက်ဦးများလာရောက်ဆောက်သွပါတယ်ကျွန်တော်တို့ ဒေသခံ ဓနုတိုင်းရင်သားတောင်သူတွေလုပ်စာစရာနေရာမရှိအောင် ကျွန်တော်တို့ တောင်ယာ
မြေပေါ်မှ ဘယ်ကရောက်လာတဲ့သူတွေလည်မသိရဘဲ ပိုင်ရှင်တွေ တစ်နေ့ ထက်တစ်နေ့ တို့ပွားလာပါတယ် ဘယ်သူကိုအားကိုးလို
ဘယ်သူကိုကြောက်ရမှန်ကိုမသိတော့ပါဘူး
လို ဒေသခံတောင်သူဦးစန်းယုမှပြောသည်။

အဆိုပါကြီးကိုင်ကျေးရွာကို (၁၉၄၈)ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့ရာ ရွာရဲ့မြေပုံက ခြောက်လုံးပြူးပုံသဏ္ဍာန်ရှိပြီး လက်ရှိတွင် အိမ်ခြေ(၁၈၀)၊ အိမ်ထောင်စု(၁၉၅)စု နှင့် လူဦးရေ(၉၀၀)နီးပါး နေထိုင်လျက်ရှိပြီး ယနေ့အချိန်ထိ စိုက်ပျိုးရေးလုပ်ငန်းကိုသာ လုပ်ကိုင်လျက်ရှိသည်။ ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာမှ ဒေသခံတောင်သူ(၉)ဦးကို ပုဒ်မ(၄၂၇)၊ ပုဒ်မ(၄၄၇)တို့ဖြင့် တိုင်ကြားသူအမည်ဖော်ပြခြင်းမရှိဘဲ တရားစွဲဆိုထားသည်။
‘‘ ရွာစတည်ကတည်းက ဘိုးဘွားစဉ်ဆက် ဒီမြေမှ ယနေ့ချိန်ထိ စိုက်ပျိုးလာခဲ့ကြတာပါ၊ ရွာက စိုက်ခင်းတွေမှ ကျောက်ချ သံဆူးကြိုးခတ်ပြီး အကွက်ရိုက် အိမ်လာဆောက်တာတွေ ရှိပါတယ်၊ ဟိုတနေ့က ရွာမှာ အိမ်ဆောက်ဖို့ဆိုပြီး ဟိုဖက်က အလုပ်သမားတွေ လွှတ်လိုက်တော့ အတိုက်အခံဖြစ်ခဲ့ကြသေးတယ် ’’ ဟု တရားစွဲဆိုခံထားရသည့် ဒေသခံတောင်သူ ကိုဝဏ္ဍထွန်းက ပြောခဲ့သည်။
‘‘ နိုင်ငံတော်က ချထားပေးခဲ့တဲ့ စီမံချက်ကလည်း ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လို့ သိရတယ်၊ အဲဒီအဖွ့မှာ ဒေသခံ တောင်သူတစ်ယောက်မှ မပါပါဘူး၊ အမှန်တကယ် ဒေသခံ တောင်သူတွေကို အရင် ညှိနှိုင်းသင့်ပါတယ်၊ စိုက်ပျိုးခွင့်ရဖို့ သတ်မှတ်ထားတဲ့အတိုင်းအတာတွေကိုလည်း ပေးသွင်းမှာပါ၊ သူတို့က လာရောက်ညှိနှိုင်းတာမရှိဘူး၊ ကျွန်တော်တို့ကို တရားစွဲဆိုထားကြောင်း တရားရုံးက ဆင့်စာမှ တိုင်ကြားသူ နာမည်မပါပါဘူး၊ အောက်အမည်ပါသူ ဟု စာသားပဲပါတယ်၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြသွားမှာပါ၊ အမှန်တရား ပေါ်ပေါက်ရေးအတွက် တရားဥပဒေဘောင်အတွင်းမှ ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ် ’’ ဟု ၎င်းက ဆိုသည်။
တောင်ပြိုကြီးဝိုင်းအတွင်းမှ လက်ပံကုန်းရွာသစ်၊ ကျွဲနွားဒေါက်ရွာ၊ ကချင်စုရွာ၊ မိုးကြိုးကွက်သစ်ရွာ၊ မိုးကြိုးရွာမရွာ၊ စခန်းကြီးကြိုးဝိုင်းအတွင်းမှ တိုးကြီးကုန်းကျေးရွာ၊ တောင်ပြိုတိုးချဲ့ကြိုးဝိုင်းအတွင်းမှ သာယာကုန်းရွာ၊ မေမြို့ထင်းကြိုးဝိုင်းမှ ပဒေသာမြို့သစ်ကျူး၊ အင်းယားရွာ၊ ဆင်ခေါင်းလေးရွာ စသည့်ဖြင့် ကျေးရွာ(၁၀)ရွာရှိ (၁၁၁၃ ဒသမ ၈၈) ဧကကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်ရေးတောရှိ သစ်တောကြိုးဝိုင်းဧရိယာအတွင်း ပါဝင်နေသည်ကို ဖျက်သိမ်းရန် ရှိသည် ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်သန်းက ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းဧရိယာအဖြစ်မှ ကျေးရွာ(၁၀)ရွာကို ပယ်ဖျက်ပေးသည့်နှင့်ပတ်သက်၍ ‘‘ ကြိုးဝိုင်းဧရိယာအတွင်း ကျရောက်နေတဲ့ မြေယာတွေကို ကြိုးဝိုင်းထဲကနေ ပယ်ဖျက်နုတ်ပယ်ရေးနဲ့ မှတ်ပုံတင်ပြုလုပ်ရေးကိစ္စကို သက်ဆိုင်ရာဌာနတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်၊ ကြိုးဝိုင်းထဲက ပြည်ထဲရေးအမည်ပေါက်ထားပြီးတဲ့ ကျေးရွာတွေကို ပယ်ဖျက်ပြီးသားပါ၊ အမည်မပေါက်သေးတဲ့ကျေးရွာတွေကိုလဲ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောကနေ ပယ်ဖျက်ပေးဖို့ လုပ်နေပါတယ် ’’ ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီးက ပြောခဲ့သည်။
ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက “ ဒီကြီးကိုင်ကျေးရွာက အရင်ကသစ်တောကြိုးဝိုင်းဆိုပေမယ့် ၂၀၁၄ခုနှစ် (၄)လပိုင်းမှာ အဲဒီရွာကိုသစ်တောကြိုးဝိုင်းကနေ ရွာမြေအဖြစ် ပလပ်ပေးလိုက်တယ်။ မူလတောင်သူတွေအနေနဲ့ မိမိလုပ်ကိုင်စားသောက်နေတဲ့နေရာတွေကို ပြန်လည်လျှောက်ထား ခွင့်ရှိတယ် ” ဟု ပြောသည်။
ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာရှိ လယ်ယာမြေဧက(၁၁၀)ကို (၂၀၁၂)ခုနှစ် ကော်ဖီစီမံကိန်းဖြင့် သိမ်းဆည်းခံခဲ့ရပြီး ယနေ့ထိ သိမ်းဆည်းခံထားရသည့် လယ်ယာမြေများပေါ်တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် မူလပိုင်ရှင်များသို့ စိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပေးစေလိုကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောခဲ့သည်။
သီးနှံသစ်တောရောနှောတောစနစ်ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းများကို ထုတ်ပေးနိုင်ရန် လက်ရှိအချိန်တွင် စာရင်းကောက်ယူလျက်ရှိပြီး သစ်တောကြိုးဝိုင်းအတွင်းတွင် အခိုင်အမာကျူးကျော် စိုက်ခင်းများကို (၂၀၁၅)ခုနှစ် မိုးရာသီတွင် တည်ထောင်ခွင့်လက်မှတ်များ ထုတ်ပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျွန်တော်တို့ ဒေသခံတွေအနေနဲ တရားစွဲ
တာဘယ်သူဆိုတာမသိရသလို့ ဘယ်သူပိုင်
တယ်ဆိုတာလည် ရှင်းရှင်းလင်းလင်းမသိရ
ပါဘူး မြေကတော့ နိုင်ငံတော်ကပိုင်ပါတယ်
ကျွန်မတို့  နိုင်ငံအတွင်းမှနေပြီးအမိမြန်မာ့
နိုင်ငံရဲသားသမီးတွေပါဘဲ ကိုယ်ဒေသက
မြေယာကိုယ်လုပ်ကိုင်စားနေတာပါ ဘယ်သူမြေပေါ်မှပိုင်နက်မကျူးကျော်ရဘဲ
ကျွန်မတို့ ရွာသားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီးတရားစွဲတာတော့မကောင်းပါဘူး ဒါကယ်ဆိုပွင့်ပွင့်လင်းလင်းနဲ့ 
ဒီမြေက ဘာစီမံချက်အရသိမ်းထားတာ အခုဘယ်သူပိုင်တယ် ဒေသခံတွေ ကို သက်ဆိုင်ရာတာဝန့် ရှိသူတွေအနေနဲ့ လာ
ရောက်ရှင်ပြခြင်းမရှိဘဲ တောင်သူတွေတောထွင်ရှင်းလင်ပြီးစိုက်ပျိုး
ထားသောနေရာများကို သူတို့ က အဆောက်ဦးတွေလာဆောက်ပြီးကျူးကျော်လာပြီး ငါတို့ ဝယ်ထားပါတယ်ဆိုသောစကားသာကြားရတယ် တောင်သူတွေကိုလည်တရားစွဲထားသေတယ် ဒါဟာကျွန်မအနေနဲ မတရားဘူလိုထင်ပါတယ်လို ဒေသခံတောင်သူ မတူးတူးမှ (News Watch)ကိုပြောပါသည်။

posted from Bloggeroid

No comments:

Post a Comment