ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟိုတယ်လုပ်ငန်း လိုင်စင်များ ရှိ/မရှိ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်မည် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်လုပ်ငန်းလိုင်စင်များ ရှိ/မရှိ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးကပြောခဲ့သည်။ ‘‘ ဟိုတယ်လုပ်ငန်း စတင်ဆောက်လုပ်ခွင့်လိုင်စင်၊ ဖွင့်ခွင့်လိုင်စင်တွေလျှောက်ထားဖို့ ဖြေလျော့ပေးမှုတွေ ပေးနေပါတယ်၊ မလိုအပ်တဲ့ ထောက်ခံချက်တွေယူရလို့ အချိန်ကြန့်ကြာမှုတွေ ရှိခဲ့တာပါ၊ဟိုတယ်လုပ်ငန်းလိုင်စင်မရှိသူတွေအတွက် တစ်လ အချိန်ပေးလုပ်ဆောင်ပြီးရင်စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး လုပ်ငန်းလိုင်စင် ရှိ/မရှိ စစ်ဆေးအရေးယူသွားမှာပါ’’ ဟု မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မြင့်ကြူက ပြောခဲ့သည်။ ၂၀၁၄ခုနှစ် သြဂုတ်(၁၅)ရက်နေ့မှစတင်၍ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်း(မန္တလေး)တွင် ဟိုတယ်လုပ်ငန်းလိုင်စင်(၄)မျိုးကိုဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၁၃ခုနှစ်တွင် မှတ်ပုံတင်ထားသည့် ဟိုတယ်(၁၀၀)ခုရှိခဲ့ပြီး ၂၀၁၄ခုနှစ် ဇူလိုင်လအထိ မှတ်ပုံတင်ထားသည့် ဟိုတယ်(၁၂၆)ခုရှိခဲ့ရာ ယခုနှစ်တွင် ဟိုတယ်(၂၆)ခု တိုးလာခဲ့သည်။


posted from Bloggeroid
No comments:
Post a Comment