စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် (၂၄)လမ်းမကြီးပေါ်တွင် အိမ်ဆောက်ကျူးကျော်မှု
တစ်နှစ်ကြာသည်တိုင် ထိရောက်စွာအရေးယူခြင်းမရှိသဖြင့် ဆန္ဒဖော်ထုတ်မည်
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ပြည်သူပိုင် (၂၄)လမ်းမကြီးပေါ်တွင် တာဝန်ရှိသူအချို့မှ ရောင်းစားခဲ့မှုကြောင့် အဆိုပါ လမ်းမကြီးပေါ်တွင် အိမ်ဆောက် ခြံခတ်ထားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံပြည်သူများက သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ရာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်စွာ အရေးယူခဲ့ခြင်းမရှိသဖြင့် မကျေနပ်၍ စက်တင်ဘာလ ဒုတိယအတွင်း ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။
ပြည်သူပိုင် လမ်းမကြီးကို ရောင်းစားသည့် တာဝန်ရှိသူများ၊ မြေပေးမိန့်အတုဖြင့် လမ်းမကြီးကို ရောင်းစားသည့် ပူးပေါင်းပါဝင်သူများ နှင့် အကျင့်ပျက်၊ လာဘ်ပေးလာဘ်ယူသူ၊ တရားဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြုနေသည့်သူများကို ဥပေဒ နှင့် အညီ ထိရောက်စွာ အရေးယူပေးရေးအတွက် ရွှေမင်းဝံရပ်ကွက်မှ ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး အရေးယူဆောင်ရွက်ပေးခြင်းမရှိပါက လစဉ် နှစ်ပတ် တစ်ကြိမ် ဆန္ဒဖော်ထုတ်သွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

posted from Bloggeroid
No comments:
Post a Comment