Monday, September 22, 2014

နိုင်ငံခြားသားဧသည်များမန္တလေးဝင်ရောက်မူအားကောင်း

မန္တလေးမြို့သို့
နိုင်ငံခြားခရီးသွားများအကျိုးတူစီးပွားရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်များအား လာရောက်လေ့လာမှုအားကောင်းလာ

မြန်မာနိုင်ငံ၏ သဘာဝအလှတရားများ နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာများ အများဆုံး ရှိသည့် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့တွင် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် နိုင်ငံခြားခရီးသွားများ ၀င်ရောက်မှု ကျဆင်းခဲ့သော်လည်း စက်တင်ဘာလတွင် ပုံမှန်ပြန်လည် လှည့်ပတ်လျက်ရှိသည်။

ရှေးဟောင်းအမွေအနှစ် လက်ရာ အများဆုံးတည်ရှိသည့် မန္တလေးမြို့(တချိန်က တမ္မဒီပတိုင်း)ကို မြောက်ဘက် နှင့် တောင်ဘက် နှစ်ခြမ်းခွဲ၍ လေ့လာကြည့်ရှုလျက်ရှိပြီး မြောက်ဘက်တွင် ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ မန္တလေးတောင်၊ မန္တလေးကျုံးမြို့ရိုး၊ နန်းမြို့တွင်းရှိ ရွှေကျောင်းကြီး နှင့် တောင်ဘက်ခြမ်းရှိ မဟာမုနိဘုရားကြီး၊ တောင်သမန်အင်း ဦးပိန်တံတား၊ ဗားကရာကျောင်းတော်ကြီး၊ အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းစေတီ ပုထိုးများ နှင့် အနုပညာလက်ရာများ တည်ရှိသည့် နေရာများကို အများဆုံး လှည့်ပတ်လေ့လာလျက်ရှိသည်။
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်မင်းမြတ် နန်းစံခဲ့သော မြို့တော်ဖြစ်သည်နှင့်အညီ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာများ၊ တန်ခိုးကြီးရှေးဟောင်းစေတီပုထိုးများ၊ ရှေးဟောင်းပန်းချီ၊ ပန်းပုအနုပညာများ နှင့် မန္တလေးတောင်၏ သဘာဝအလှရှုခင်းများက နိုင်ငံခြားခရီးသည်များကို အထူးဆွဲဆောင်လျက်ရှိသည်။
မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသွားများ ၀င်ရောက်လေ့လာလှည့်ပတ်မှုတွင် ၂၀၁၁ခုနှစ်က (၉၉၀၁၆)ဦး၊ ၂၀၁၂ခုနှစ်တွင် (၁၆၀၉၇၅)ဦး၊ ၂၀၁၃ခုနှစ် (၂၆၄၅၁၂)ဦး ၀င်ရောက်လျက်ရှိပြီး နှစ်စဉ် လာရောက်လှည့်ပတ်သူ များပြားလာလျက်ရှိသည်။၂၀၁၄ခုနှစ် သြဂုတ်လအထိ နိုင်ငံခြားခရီးသည် တစ်သိန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး မန္တလေးမြို့သို့ နိုင်ငံခြားခရီးသည် ပုံမှန် ပြန်လည် ၀င်ရောက်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်လုပ်ငန်း လိုင်စင်များ ရှိ/မရှိ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်တော့မည်ဖြစ်၍ နိုင်ငံခြားခရီးသည် လုံခြုံရေး ပိုမိုစိတ်ချရတော့မည်ဖြစ်ရာ နိုင်ငံခြားခရီးသည် ၀င်ရောက်မှု ပိုမို များပြားလာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ သဘာဝအလှတရားများ နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာများ အများဆုံး ရှိသည့် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့တွင် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် နိုင်ငံခြားခရီးသွားများ ၀င်ရောက်မှု ကျဆင်းခဲ့သော်လည်း စက်တင်ဘာလတွင် ပုံမှန်ပြန်လည် လှည့်ပတ်လျက်ရှိသည်။
မြန်မာနိုင်ငံရှိ ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှုအနုပ်ညာလက်ရာများကို တစ်နေ့ထက် တစ်နေ့ ကမ္ဘာက သိလာသည်နှင့်အမျှ နိုင်ငံတကာမှ ခရီးသွားဧည်သည်များ နေ့စဉ် ၀င်ရောက်မှု တိုးပွားလျက်ရှိပြီး

"မန္တလေးမြို့ရှိ အထင်ကရနေရာများ နှင့် သဘာဝအလှရှုခင်းများကို လာရောက်လေ့လာကြည့်ရှုမှု များပြားလျက်ရှိသည်"
ယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိသည် မန္တလေးမြို့ရှိ ခရီးသွားလုပ်ငန်းကို နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားမှုများပြားလာပြီး အကျိုးတူ စီးပွားရေးလုပ်ငန်များအတွက်
လာရောက်သော နိုင်ငံခြားကုမ္ပဏီများပါ
မန္တလေးမြို့သို့ ဝင်ရောက်လျှက်ရှိကြောင်း
သိရှိခဲ့ ရပါသည် ဟုအထက်မြန်မာပြည်
စီးပွားရေလုပ်ငန်းရှင်တစ်ဦးမှပြောသည်။

posted from Bloggeroid

No comments:

Post a Comment