Sunday, September 21, 2014

မြေဈေးကွက်

" မြေဈေးကွက် အရှိန်အဟုန်မြှင့်တက်လျက်ရှိသောမန္တလေး"

မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းများ ယခင်ကထက် ပိုမို မြင့်တက်လျက်ရှိပြီး ရောင်းသူဝယ်သူများအနေဖြင့် အတွင်းကြားလမ်းများတွင် အရောင်းအ၀ယ်ပိုမိုများပြားလျက်ရှိ၍ အဓိကကျသည့် လမ်းမကြီးများတွင် စိတ်ဝင်စားမှုအားနည်း၍ ၀ယ်ယူသူနည်းပါးလျက်ရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အရှေ့ခြမ်း၊ အလယ်ခြမ်း၊ အနောက်ခြမ်း ဟူ၍ သုံးပိုင်းခွဲခြားလျက်ရှိပြီး လက်ရှိ ရောင်းဝယ်မှုဖြစ်ပွားသည့် အရှေ့ခြမ်း နှင့် အလယ်ခြမ်းတွင် မန္တလေးမြို့ပေါ်မှ ရောင်း၍ ပြောင်းရွှေ့လာကြသည့်အတွက် အရောင်းအ၀ယ်များ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
‘‘ ကျွန်တော်တို့ အခုဒီ နှစ်လ သုံးလအတွင်း အရောင်းအ၀ယ်လေ တော်တော်ကောင်းတယ်၊ မြရည်နန္ဒာ ရပ်ကွက်တွေ ဖက်မှာဆိုရင် မမတို့ ဘဘတို့ ရပ်ကွက်တွေကို ၀ယ်တဲ့သူက ပိုစိတ်ဝင်စားတယ်၊ အဲဒီအကွက်တွေက ပေ(၄၀x၆၀)ဆိုတော့ သိန်း(၆၀၀) (၇၀၀)နဲ့ နေရာပေါ်မူတည်ပြီး တစ်ကွက်လုံးရနိုင်တယ်၊ အချို့က ငွေနုတ်ခြင်းတဲ့ သူဆိုရင်လဲ ပေ(၂၀x၆၀)တစ်ခြမ်းကို ၀ယ်တာရှိတယ်၊ အဲဒီအကျယ်အ၀န်းဆိုရင်လည်း မိသားစု (၇)ယောက် (၈)ယောက်ကောင်းကောင်းနေနိုင်တယ်၊ (၄၉)လမ်းနဲ့ (၅၄)လမ်း (၅၅)လမ်းဘေးတွေဆိုရင်တော့ သိန်း(၁၅၀၀)ကနေ သိန်း(၂၀၀၀)ထိ ရှိတယ်၊ စီးပွားရေးလုပ်မယ့် သူတွေအတွက် ဈေးဆိုင်ဖွင့်မည်ဆိုရင် အရမ်းကောင်းတဲ့ နေရာတွေပါ၊ အဲဒီနေရာတွေမှ အခုဆိုရင် ရောင်းတဲ့သူမရှိဘူး၊ ၀ယ်တဲ့သူတွေများနေတယ်၊ လာဝယ်တဲ့သူတွေက လူမျိုးခြားတွေများတယ်၊ ထွန်းတုံရပ်ကွက်ဖြစ်တဲ့ ဇဇ ရပ်ကွက်တွေမှာဆိုရင်လဲ အတွင်းကြားထဲမှာ သိန်း(၇၀၀) (၈၀၀)ပေးရတယ်၊ လမ်းဘေးဆိုရင်လဲ သိန်း(၂၀၀၀)၀န်းကျင်ရှိတယ်၊ အဲဖက်တွေက အရမ်းကို အေးဆေးပါတယ်၊ ရပ်ကွက်ကြီးက သိပ်မရှိသေးပေမယ် လုပ်ငန်းရှင်တွေအတွက်တော့ အရမ်းကောင်းတဲ့နေရာပါ၊ ၀ယ်တဲ့သူလည်း ပေါပါတယ်၊ အခုမြေကွက်တွေက အဆောက်အဦးပါရင် ပါသလို ကောင်းရင်ကောင်းသလို ဈေးပိုပေးရတယ် ’’ ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်သူ ဦးညိုဦးက ပြောသည်။
၂၀၁၄ခုနှစ် မြေဈေးကွက် အရောင်းအ၀ယ်များ မသိမသာ ၀ယ်ယူမှုများပြားလျက်ရှိ၍ ရောင်းသူများ အလွန်နည်းပါးလျက်ရှိကြောင်း သိရသည်။ ဗိုလ်ချုပ်ရွာ နှင့် ၀န်ထမ်းရပ်ကွက်တွေမှာဆိုရင် ၀ယ်ယူမည်သူများအနေဖြင့် မေးမြန်းလျက်ရှိသော်လည်း ရောင်းသူမရှိကြောင်း သိရသည်။
‘‘ ကျွန်တော်တို့ ဒီဗိုလ်ချုပ်ရွာဖက်က အတွင်းကြားလမ်းတွေဆိုရင် ပေ(၄၀x၆၀)တစ်ကွက်ကို သိန်း(၅၀၀၀) (၆၀၀၀)ရှိတယ်။ အဆောက်အဦးကောင်းတယ်ဆိုရင် သိန်း(၇၀၀၀) (၈၀၀၀)ထိ ရှိတယ်၊ (၆၂)လမ်းမေးတင် မြေကွက်တွေဆိုရင်လဲ သိန်း(၁၀၀၀၀)ကျော်ရှိတယ်၊ ဟိုအရှေ့ဖက်က ထန်းကိုးပင်ရပ်ကွက်တွေမှာဆိုရင် သွားလာမှုနည်းပါးလျက်ရှိပေမယ် မြေတစ်ကွက်ကို သိန်း(၃၅၀၀) (၄၀၀၀)ရှိတယ်၊ အခု ကျွန်တော်တို့ ၀န်ထမ်းရပ်ကွက်တွေက အရမ်းဖွံ့ဖြိုးနေပါပြီး အရမ်း စည်ပါတယ်၊ (၆၂)မီပွင့်လမ်းဆုံနားက လမ်းမေးတင် မြေကွက်တွေဆိုရင် သိန်း(၃၀၀၀၀)၀န်းကျင်ထိ ရှိတယ်၊ အဲဒီနောက်က မြို့သစ်(၃)ရပ်ကွက် မြို့သစ်(၄)ရပ်ကွက်တွေမှာဆိုရင် ကြားကွက်တွေဆိုလည်း ပေ(၄၀x၆၀)တစ်ကွက်ကို သိန်း(၂၅၀၀) (၃၀၀၀)ရှိပြီး အဆောက်အဦးပါပြီး ကောင်းရင်ကောင်းသလို သိန်း(၄၀၀၀)လောက်ထိရှိတယ်၊ (၆၂)အရှေ့ဖက် ခြမ်းက (ဇ) ရပ်ကွက် နှင့် (ဈ)ရပ်ကွက်တွေမှာ ၀ယ်ယူမည်သူ မေးမြန်းမယ်သူ သိပ်မရှိဘူး၊ နဲနဲ နည်းတယ်၊ စက်မှု(၁)ရပ်ကွက် နှင့် စက်မှု(၂)ရပ်ကွက် ယှဉ်သလိုပေါ့ စက်မှု(၁)က ဈေးပိုကောင်းတယ်၊ (တတ)၊ (ထထ)၊ (ဒဒ) စသည့် ရပ်ကွက်တွေမှာလည်း အရောင်းအ၀ယ်ဖြစ်ပါတယ်၊ လမ်းမေးတင် မြေကွက်တွေက သိန်း(၁၀၀၀)ကျော်ရှိပေမယ် ကြားကွက်တွေဆိုရင် သိန်း(၇၀၀)နီးပါးရှိတယ် ’’ ဟု အိမ်ခြံမြေအကျိုးဆောင် ဦးမြင့်ဆွေက ပြောသည်။
မန္တလေးမြို့ကွက်သစ်ကို ၁၉၈၂ခုနှစ်ဝန်းကျင်က ဖော်ထုတ်ခဲ့ပြီး ယခင် မဖွံ့ဖြိုးသေးသည့် နေရာများကို လူနေအိမ်များ ချပေးခဲ့သည့်အတွက် အခုအခါ မန္တလေးမြို့သစ်ရှိ မြေကွက်များမှာ လူနေအဆောက်အဦးများ၊ ဈေး၊ ဆေးရုံ၊ သူနာပြုတက္ကသိုလ်၊ ကားဂိတ် စသည့်များနှင့် လူနေမှု ထူထပ်လျက်ရှိပြီး စည်ပင်ဖွံ့ဖြိုးလျက်ရှိကာ ရန်ကုန်-မန္တလေး လမ်းမကြီး တိုက်ရိုက်သွားလာနိုင်သည့်အတွက် ယခုလို ဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း ၀ယ်ယူသူများ ပိုမို စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်

အမရပူရမြို့ ဆင်ရွာမြင်မှုးကျေးရွာယခု
ကျောက်စိမ်းဘုရာအနီးတွင်သိန်(၁၀၀၀)ချီ
ပြီ လာရောက်ဝယ်သူများမှ လယ်မြေများအ
များဆုံးဝယ်သူတွေလည်အများကြီးရှိသလို
အမရပူရမြို့အတွင်းမှလဲ့ မန္တလေးမြို့ပေါ်မှ
သိန်ထောင်နဲ့ချီပြီ ရောင်လာသူများက ရာ
ဂဏာန်းတန်တွေ လာရောက်ဝယ်သူများ
လဲရှိနေပါတယ် မြေကွပ်တွေကတော့
ခုရက် အရောင်အဝယ်ဖြစ်တာကတော့
ရာဂဏာန်းတွေ အများဆုံးဖြစ်ပါတယ်လို
မြေပွဲစား ဦးစိုးမှဖြေကြားခဲ့ပါသည်။

posted from Bloggeroid

No comments:

Post a Comment