Tuesday, September 16, 2014

သုဿန်မြေမရှိတော့ဘူးရွာသာများကျေနပ်မှုမရှိ

"သုဿန်မြေအားပုဂ္ဂလိကပိုင်အဖြစ်လွဲပေး
ခဲ့ ရာ ရွာသားများအနေဖြင့်ကျေနပ်မှုမရှိဟု
ဆို"

ရွာမှလူငယ်များက အဆောက်ဦးကိုသွား
ဖျက်မည်ဟုပြောရာ ရပ်မိရပ်ဘများမှာ
တားထားကြောင်းဒေသခံများပြောပြချက်အရသိရသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးတောင်ရွာတွင် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်ထပ် ကတည်းက တည်ရှိခဲ့သော ကျေးရွာပိုင်သုဿာန်မြေအား ပုဂ္ဂလိကပိုင်အဖြစ်လွှဲပြောင်းပေးခဲ့ရာ ဒေသခံ ရွာသူ ရွာသားများအနေဖြင့် ကျေနပ်မှုမရှိဘဲ ယင်းမြေနေရာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်ရန် ပြန်လည်ရယူလိုလျက်ရှိကြောင်း သိရသည်။
အဆိုပါသုဿာန်မြေကိစ္စနှင့်ပတ်သတ်၍ ဒေသခံဦးတင်မောင်ဦးက “ကျွန်တော်က ရေချမ်းအိုးမှာနေတာပါ။ ဒီရွာမှာပဲမွေးဖွားခဲ့တာပါ။ ဒီကျေးရွာပိုင်သုဿာန်မြေကို မတရားအသိမ်းခံရပြိး ပုဂ္ဂလိကိုလွှဲပေးခဲ့တဲ့အတွက် ဒေသခံရွာသားတွေအားလုံးမကျေနပ်ကြဘူး။ ကျွန်တော်တို့ရွာကို ၂၀၁၁ခုနှစ် ဖေဖော်ဝါရီ(၁)ရက်မှာ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကနေ သုဿာန်မြေနေရာ သင်္ဂြိုဟ်ခွင့်ကို ပိတ်သိမ်းခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ဒီသုဿာန်မြေနေရာကို ကျေးရွာဖွံ့ဖြိုးဖို့အတွက် အသုံးပြုချင်တာပါ။ ဒါကို သစ်တော ဦးစီးဌာနက မိုးကုတ်ကလာတဲ့ ဦးကျော်ဌေးဆိုသူကို လက်ရှိသုဿာန်မြေနေရာကို ချထားပေးခဲ့တယ်။ ဦးကျော်ဌေးဆိုတဲ့သူကလည်း ၂၀၀၉ခုနှစ်ဒီဇင်ဘာ(၂)ရက်နေ့မှာ လုပ်ကိုင်ခွင့်ရထားတယ်ဆိုပြီး အဆောက် အဦး ဆောက်လုပ်ကာ ဓာတ်ဆီဆိုင်ဖွင့်လှစ်ရောင်းချနေတယ်။ ဒီအတွက်ဒေသခံတွေက ပြန်လည်ရရှိဖို့ သက်ဆိုင်ရာဌာနတွေဆီ စာတင်ထားပါတယ်။ သုဿာန်မြေကိုအသုံးမပြုရန်အကြောင်းကြားသည့်စာက ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်နေ့ဖြစ်တယ်။ ဦးကျော်ဌေးကို သစ်တောဦးစီးဌာနမှ ချပေးတာက ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာ(၂)ရက်နေ့ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်ဦးကျော်ဌေးအား ရပ်ရွာမသိဘဲ လုပ်ပိုင်ခွင့်ချထားပေးတဲ့ကာလက အရမ်းစောနေတယ်။ ဒီကိစ္စကို ကျေးရွာကလုံးဝမသိပါဘူး။” ဟုပြောသည်။
ဒေသခံဦးအောင်ဆင့်ကလည်း “ဒီဦးကျော်ဌေးက မိုးကုတ်မြို့ကလာတယ်ဆိုတာသိရတယ်။ ဒီဒေသခံ မဟုတ်ဘူး။ ကျွန်တေယ်တို့ပြင်ဦးလွင်မြို့မှာ လာပြီးဝင်ရောက်ကျုးကျော်တဲ့သူတွေက ဒီဒေသခံတွေမဟုတ်ဘူး။ အထက်ကခိုင်းလို့လုပ်ရတာပါဆိုတဲ့ စကားလုံးတွေနဲ့ ကျွန်တော်တို့ဒေသခံတောင်သူတွေကိုမတရားအနိုင်ကျင့် ဖိနှိပ်ကြပါတယ်။ ဒီသုဿာန်မြေပေါ်မှာ ဦးကျော်ဌေးက အဆောက်အဦးတွေဆောက်လုပ်နေတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တားမြစ်သော်လည်း မရခဲ့ပါဘူး။ဒီအတွက်ကျေးရွာရဲ့လူငယ်တွေက ၀ိုင်းဖျက် မယ် ဆိုလို့ လူကြီးတွေက တားမြစ်ခဲ့ရပါတယ်။ ဒီသုဿာန်မြေနဲ့ပတ်သတ်ပြီးဘယ်လိုအဖွဲ့အစည်းမျိုးမဆို လာ ရောက် ဖြေရှင်းပေးစေလိုပါ။အမှန်တရားတိုင်းမှာလည်း အဖေ၊အမေ၊ သွေး သောက်၊ မောင်နှမဆိုတာမရှိပါဘူး။ ဒီအတွက်ကျွန်တော်တို့အနေနဲ့ ကျေးရွာပိုင်သုဿာန်မြေကို ကျေးရွာဖွံ့ဖြိုးဖို့မြေနေရာအဖြစ် အမြန်ဆုံးရရှိရန် လိုအပ်ပါတယ်။”ဟုပြောသည်။
ဆက်လက်၍ ဦးကျော်ရှိန်က “ဒီရွာရဲ့သုဿာန်မြေက အဘမမွေးခင်ကတည်းက ရှိခဲ့တာပါ။ အဘအသက်က အခု(၉၁)နှစ်ရှိပါပြီ။ ဒီသုဿာန်မြေကို ဘယ်လိုနည်းတွေနဲ့ လုပ်နေတယ်ဆိုတာတော့ အဘမသိဘူး။ ကျေးရွာကပိုင်တဲ့ သုဿာန်မြေကို တစ်ဦးတည်းပိုင်လုပ်ထားတဲ့အတွက်မဖြစ်သင့်ဘူး။ ဒီနေရာကို သစ်တောက လာရောက်ကြည့်ခဲ့သေးတယ်။အင်္ဂလိပ်လက်ထပ်ကတည်းကရှိတဲ့ သုဿာန်မြေဆိုရင် ဘာငုပ်တိုင်တွေရှိသလဲ လို့ ခြေထောက်နဲ့ပြပြီး အဘကိုမေးခဲ့ဖူးတယ်။ အဲဒီလို အများပိုင်ကနေ တစ်ဦးတည်းပိုင်ဖြစ်နေတဲ့အတွက် ရွာမှာရှိတဲ့ ကလေးတွေက မကျေနပ်ကြဘူး”ဟုပြောသည်။
ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးတောင်ရွာရှိ သုဿာန်မြေနေရာသည် ရွာ၏တောင်ဘက် ကွင်းအမှတ်(၆၇၅)တွင် တည်ရှိပြီး လွန်ခဲ့သည့်နှစ်ပေါင်း(၁၅၀)ကျော်ရှေးယခင်ကပင် တည်ရှိခဲ့ကာ ရွာ၏သစ်ဆိမ့်စိုက်ခင်းနှင့်ကပ်လျက် တည်ရှိခဲ့သည်။ ယင်း သုဿာန်မြေနေရာအား ပြင်ဦးလွင်မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ စာအမှတ်(၅/၄၃-၃၀၉/ဦး-၆)၊ ရက်စွဲ-၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ၎င်းသုဿာန်မြေပေါ်၌ နာရေးကိစ္စများအသုံးမပြုရန်နှင့်(၈)မိုင်ကုန်းဘောသုဿာန်မြေသို့ပြောင်းရွှေ့သင်္ဂြိုဟ်ကြရန်အသိပေးအကြောင်း ကြားခဲ့ကြောင်းသိရသည်။


posted from Bloggeroid

No comments:

Post a Comment