Tuesday, September 23, 2014

အွန်လိုင်းမှမီတာဆောင်လိုရမည်

နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် အွန်လိုင်းမှ လျှပ်စစ်မီတာခဆောင်နိုင် အွန်လိုင်းစနစ် စတင်ခဲ့သော်လည်း သိရှိသူနည်းပါးနေသေး

နေပြည်တော်၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် ဘဏ်ခုနှစ်ခုတွင် ဘဏ်အကောင့်ရှိသူများ စက်တင်ဘာလမှစတင်၍ အွန်လိုင်းမှ မီတာဆောင်နိုင်သည့် စနစ်ကို စတင်ခဲ့သော်လည်း သိရှိသူနည်းပါးနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
အွန်လိုင်းမှ လျှပ်စစ်မီတာခ ဆောင်နိုင်သည့် အွန်လိုင်းစနစ်ကို ၂၀၁၄ခုနှစ် စက်တင်ဘာလမှစတင်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္မူသီရိ၊ ပုဗ္မသီရိ။ ဇေယျာသီရိ၊ ဒက္ခိဏသီရိ နှင့် ဥတ္တရသီရိ၊ ရန်ကုန်ရှိ အလုံ၊ စမ်းချောင်း၊ ကမာရွတ် နှင့် လှိုင်၊ မန္တလေးမြို့ရှိ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အမရပူရ နှင့် ပြည်ကြီးတံခွန် စသည့် မြို့ကြီး(၃)မြို့မှ မြို့နယ်များတွင် နေထိုင်ကြသည်များ လစဉ် သုံးစွဲသည့် မီတာခများကို အွန်လိုင်းစနစ်ဖြင့် လျှပ်စစ်မီတာခ ပေးဆောင်နိုင်မည်ဖြစ်သည်။
အွန်လိုင်းမှ လျှပ်စစ်မီတာခပေးဆောင်ခြင်းသူများအနေဖြင့် Ypay စနစ်ဖြင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် နှင့် သမ၀ါယမဘဏ် စသည့် ဘဏ်(၇)ဘဏ်တွင် ဘဏ်အကောင့်ဖွင့်ထားသူများသာ ရတနာပုံတယ်လီပို့စ်မှ စီစဉ်ဆောင်ရွက်ထားသည့် Y pay (Online Payment Gate Way)၏ (ebilling.ypay.com.mm) ၀က်ဘ်ဆိုက်သို့ဝင်ရောက်ကာ အွန်လိုင်းစနစ်ဖြင့် လျပ်စစ်မီတာခ ပေးဆောင်နိုင်မည်ဖြစ်သည်။
အွန်လိုင်းစနစ် (ebilling.ypay.com.mm) ၀က်လ်ဆိုက်မှ ငွေပေးဆောင်နိုင်ရန်အတွက် အထက်ပါ ဘဏ်(၇)ဘဏ်၌ မီတာခကျသင့်ငွေ ပမာဏထက် ငွေကျပ်(၂၀၀)ကျော် ပိုရှိရမည်ဖြစ်ပြီး မီတာခပေးချေမှုအတွက် မီတာခတစ်စောင်လျှင် (၅၀၀)ကျပ် ဖြတ်တောက် ကောက်ခံသွားမည်ဖြစ်သည်။

posted from Bloggeroid

No comments:

Post a Comment