Friday, September 19, 2014

ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည်ပြီး

ရွှေဝါရောင်တော်လှန်ရေး (၇)နှစ်ပြည့် နှစ်ပတ်လည်
မန္တလေးတွင် ပြုလုပ်

၂၀၀၇ခုနှစ်တွင် ပြည်သူ့ဘက်က ရပ်တည်၍ သံဃာတော် အရှင်သူမြတ်များမှ မြန်မာနိုင်ငံသားများ၏ ဆင်းရဲဒုက္ခများကို စစ်အာဏာရှင် စစ်ခရိုနီများက လောင်စာဆီဈေးနှုန်းကို မတရားမြှင့်တင့်ခဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခကြာရှည်အောင် ဆောင်ရွက်ခဲ့မှုကို အမြန်ဖြေရှင်းပေးရန် ကိုယ်ကျိုးမငဲ့ပဲ မေတ္တာတရားရှေ့ထားပြီး တရားတော်နှင့်အညီ ပြတ်သား ငြိမ်းချမ်းစွာ မေတ္တာပို့ဆန္ဒပြခဲ့သည်မှ ယခုနှစ်တွင် ရွှေဝါရောင်တော်လှန်ရေး (၇)နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။
သံဃာတော် အရှင်သူမြတ်များက မြန်မာနိုင်ငံသားများ ဆင်းရဲဒုက္ခများမှ ကင်းလွတ်ငြိမ်းချမ်းစေရန် မေတ္တာပို့ ဆန္ဒပြခဲ့ခြင်းကို ရွှေဝါရောင် ဟု ကမ္ဘာတွင်သော သံဃာထုတော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ရွှေဝါရောင်တော်လှန်ရေး (၇)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမင်းထင်တိုက်-ဓမ္မဒီပကျောင်းတွင် စက်တင်ဘာ(၁၈)ရက် နေ့လည်(၁၂)နာရီခွဲက ကျင်းပခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်းအခမ်းအနား၌ ကျဆုံးသွားခဲ့ကြသော ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများအား ရည်စူး၍ ဆရာတော်ကြီးများအား ဆွမ်း၊ သင်္ကန်း စသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ရေစက်ချတရားနာပြီး အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခဲ့သည်။
‘‘ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီး၏ အမှန်တရား နှင့် ဖိနှိပ်ခံပြည်သူများဘက်မှ ရပ်တည်ပေးခဲ့သော သံဃာတော်များ၏ ခိုင်မာသော စိတ်ဓာတ်တို့အား ထာဝရ အတုယူ၍ ပစ္စုပ္မန် နှင့် အနာဂတ်တွင် ပြည်သူများ၏ ဘ၀ နှင့် တရားမျှတမှုအတွက် ရင်ဆိုင်နေရသော အထွေထွေအကြပ်အတည်း နှင့် တရားမျှတမှုများအတွက် ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းသင့်ပါတယ် ’’ ဟု ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောခဲ့သည်။
‘‘ ဗုဒ္မဘုရားရှင်၏သားတော် သံဃာတော်များမှ အကြမ်းဖက်သော စစ်အာဏာရှင်ကို အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ပြည်သူတို့ဘက်မှ ရဲဝံ့စွာ ရပ်တည်ပေးခဲ့ကြသည့်မှာ ကမ္ဘာ့သမိုင်း အဆက်ဆက် မြင့်မြတ်သော သမိုင်းဖြစ်ရပ်တစ်ခုအဖြစ် တည်ရှိနေမှာပါ ’’ ဟု ၎င်းက ပြောခဲ့သည်။
ရွှေဝါရောင်သံဃာထု၏ ဦးဆောင်မှုကြောင့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံက အာဏာသိမ်းယူခဲ့သော စစ်အာဏာရှင်သည် ၂၀၁၀ခုနှစ်မှာ အာဏာလွှဲပြောင်းပေးလိုက်ရပြီး မြန်မာ့သမိုင်းမှာ ဘယ်သောအခါမှ မေ့ပျောက်နိုင်ဖွယ်မရှိသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။

posted from Bloggeroid

No comments:

Post a Comment