သမိုင်းဝင်ရွှေကြက်ယက်၊ရွှေကြက်ကျဘုရာ
း တွင်လှေဦးတိုက်ပွဲတော်၊ ငှက်လှေပြိုင်ပွဲ နှင့် အစာရေစာကျွေးပွဲ ကျင်းပ
‘‘ ယခုနှစ် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေတိုးလာတယ်၊ မြစ်ရေများခြင်းကြောင့် ငှက်လှေပြိုင်ပွဲတွင် ရေလမ်းကြောင်း ကွာဟမှု မရှိတော့ဘူး၊ ရေနည်းချိန်ဆိုရင်တော့ ရေလမ်းကြောင်း ကွာဟမှု ရှိပါတယ် ’’ ဟု ရွှေကြက်ကျဘုရားပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု သမိုင်းဝင် ရွှေကြက်ယက်၊ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရားတွင် စက်တင်ဘာ(၁၅)ရက် နှင့် (၁၆)ရက်နေ့တို့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော လှေဦးတိုက်ပွဲတော်၊ ငှက်လှေပြိုင်ပွဲ နှင့် အစာရေစားကျွေးပွဲကို အစဉ်အလာမပျက် ကျင်းပခဲ့သည်။
ငှက်လှေပြိုင်ပွဲကို စက်တင်ဘာ(၁၅)ရက် နံနက်(၁၀)နာရီတွင် ကျင်းပမည်ဖြစ်ပြီး ရွှေကြက်ယက်ကျေးရွာအုပ်စု ဂေါစရတိုက်နယ်အတွင်းရှိ ရပ်ကွက်များမှ ပတ္တမြား၊ ရွာသစ်၊ ခ၀ါတော်၊ သပြေတန်း၊ သက္ကယ်တော်၊ မိုးကောင်း၊ ရွှေလေး၊ ရွှေကောင်း၊ ရွှေဒင်၊ စိန်တုံး၊ ရွှေဟင်္သာ နှင့် ကိုးသင်း စုစုပေါင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

‘‘ သက်ဆိုင်ရာ ရွာများ၏ အသင်းတစ်သင်းစီကို ငှက်လှေလှော်ခတ်ဖို့ (၁၅)ဦးစီ စာရင်းပေးသွင်းရတယ်၊ ပြိုင်ပွဲတွင် ငှက်လှေတစ်စီးလျှင် (၁၀)ဦး လှော်ခတ်ခွင့်ရှိပြီး ပဲ့ကိုင်တစ်ဦး ပါပါတယ် ’’
ရွှေကြက်ယက် ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရားပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ် မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပွဲ၊ ရွှေညီကိုဇာတ်ပွဲ တို့ဖြင့် ကပြဖျော်ဖြေခဲ့ရာ ကုသိုလ်ရှင်များက စတုဒိသာ ကျွေးမွေးမည်ဖြစ်သည်။ စက်တင်ဘာ(၁၆)ရက် နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းကြီးလောင်းလှူခြင်း နှင့် ဆွမ်းအုပ်ရှင်များကို ဗလာမပါကံစမ်းမဲများ မဲဖောက်ပေးမည်ဖြစ်သည်။
လှေဦးတိုက်ပွဲ နှင့် အစာရေစာကျွေးပွဲကို စက်တင်ဘာ(၁၆)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရေစာကျွေးခြင်းမပြုလုပ်ပါက ဖြစ်ပေါ်လာမည်များနှင့်ပတ်သက်၍ ‘‘ အစာ ရေစာကျွေးခြင်း မပြုလုပ်ပါက ၀ဲအော်ခြင်း၊ မိကျောင်းပေါ်ခြင်းတွေ ဖြစ်ပါတယ်၊ ဒါကြောင့် နှစ်စဉ် နှစ်တိုင်း ရေစာကျွေးတာပါ ’’ ဟု ရွှေကြက်ယက်ကျေးရွာအုပ်စု ဂေါစရတိုက်နယ်အတွင်းရှိ ဒေသခံကျေးရွာသားတစ်ဦးကပြောခဲ့သည်။
အဆိုပါ ရွှေကြက်ယက် ရွှေကြက်ကျဘုရား
ပွဲတော်ကို နှစ်စဉ် နှစ်ကြိမ်ပြုလုပ်ခဲ့ ရာ
ကဆုန်လပြည်နေ့ တွင် မန္တလေးမြို့ မှ
ရွှေကြက်ယက်ဘုရားညောင်ရေသွန်းပွဲတော်ဟာသမိုင်ဝင်ပွဲတော်အဖြစ်အထက်
မြန်မာပြည် အကြီးဆုံးပွဲတော်အဖြစ်ကျင်ပ
ပြီး အခုပြုလုပ်တဲ့ ပွဲတော်ကလည်း လှေဦး
တိုက်ပွဲတော်အဖြစ် ငှက်လှေကြီးများဖြင့်
ပြိုင်ပွဲခဲ့ တာဟုဒေသခံများ၏ပြောပြချက်
အရသိရသည်။
နှစ်စဉ် ကျင်ပလျှက်ရှိသောလှေဦးတိုက်ပွဲ
ကို ကျွန်တော်တို့ ဘယ်ဒေသရောက်နေ
ရောက်နေ အမှီပြန်လာပြီး လှေပြိုင်ပွဲဝင်
တာပါ ဒီနှစ်တော့ကျွန်တော် ပြိုင်ပွဲမဝင်
တော့ပါဘူ ဘုရားပွဲသိသန့် မိသားစုနဲ
လာတာပါ လို မိမိဒေသကို လားရိုးမြို့မှ
အရောက်ပြန်လာခဲ့သော ဦးသိန်ဝင်းမှ
ဖြေကြားခဲ့ ပါသည်။
တော်သလင်းလပြည်ကျော်(၇)ရက်နဲ့ (၈)
ရက်နေ့များတွင်ရွှေကြက်ယက်ဘုရားလှေ
ဦးတိုက်ပွဲကိုအနယ်နယ်အရပ်ရပ်မှလာ၍
ကြည့်ရှူ့သူများဖြင့် ဒေသခံတွေမှအကျွေး
အမွေးများဖြစ်ဧည့်ခံပြီး မည်သူမဆိုစတုဒီ
သာဝင်ရောက်စားနိုင်ကြောင်းဆိုင်ဘုတ်များ
ချတ်၍စည်ကားသိုက်မြိုက်စွာကျင်ပနေပုံ
အား စက်တင်ဘာလ (၁၅)ရက်နေ့ တွင်
တွေ့မြင်ခဲ့ ရပါသည်။

posted from Bloggeroid
No comments:
Post a Comment