Monday, September 22, 2014

ချစ်ကြည်ရေး

မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့
ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ မန္တလေးတွင် ပထမအကြိမ် ကျင်းပမည်ဆို

မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး ဂီတဖျော်ဖြေရေးအစီအစဉ်ဖြင့် ကမ္ဘာကျော် Moct Incredible Buster (MIB) အဖွဲ့ နှင့် 4 Ten အဖွဲ့တို့သည် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ရန်ပုံငွေအတွက် ဂျပန်၊ ဘရာဇီး နှင့် ကိုရီးယားနိုင်ငံ တို့တွင် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၇၈)လမ်း၊ (၃၄)လမ်းထောင့်ရှိ ဒိုင်းမွန်းပလာဇာတွင် ကျင်းပမည်ဖြစ်သည်။
ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရေး၊ သဘာသဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသင်တန်းတို့တွင် လိုအပ်သောနေရာများ၌ အသုံးပြုနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ကျင်းပခြင်းဖြစ်သည်။
မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်ကို မန္တလေးမြို့တွင် ပထမအကြိမ် ကျင်းပခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ဧပြီ(၃၀)ရက်နေ့က သုဝဏ္ဍမိုးလုံလေလုံအားကစားကွင်းတွင် MIB အဖွဲ့ ဖျော်ဖြေမှုများကို မြန်မာနိုင်ငံမှ ပြည်သူများ တခဲနက် အားပေးခဲ့ကြသည်။ မန္တလေးမြို့တွင် စက်တင်ဘာ(၂၆)ရက်နေ့တွင် ကျင်းပပြီး စက်တင်ဘာ(၂၈)ရက်နေ့တွင် ရန်ကုန်မြို့တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

posted from Bloggeroid

No comments:

Post a Comment