Sunday, September 7, 2014

ပညာရေးသတင်း

ရတနာပုံတက္ကသိုလ် ဥပဒေပညာဌာနမှ ပထမဆုံးအနေဖြင့် သရုပ်ပြတရားစီရင်ရေးလက်တွေ့ပြုလုပ်ပြသမန္တလေး  စက်တင်ဘာနိုင်ငံတစ်နိုင်ငံတွင် ဥပဒေပညာရှင်များ၏အခန်းဏ္ဍသည်အလွန်အရေးပါသည့်အတွက်ကြောင့် ဥပဒေ ပညာဘာသာရပ်ကိုလေ့လာသင်ယူနေသောဥပဒေပညာအထူးပြု ကျောင်းသားကျောင်းသူများအနေ ဖြင့်ကိုယ်တိုင်သင်ယူတတ်မြောက်ထားသည့် စာတွေ့သာမက၊ တကယ့်လက်တွေ့နယ်ပယ်တွင်ပြည်သူများအတွက် အကျိုးပြုနိုင်စေရန်၊မှန်မှန်ကန်ကန်အသုံးချနိုင်စေရန်နှင့် အထောက်အကူပြုစေ ရန် ရည်ရွယ်ပြီးရတနာပုံတက္ကသိုလ်၊ ဥပဒေပညာဌာနနှင့် CONSULTANT ROYAL LAW FIRMတို့ပူးပေါင်း၍ ပထမဆုံး သရုပ်ပြတရားစီရင်ရေး လက်တွေ့ပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ယင်းတက္ကသိုလ် ရှိ မိုးလုံလေလုံအားကစားခန်းမဆောင်၌ကျင်းပပြုလုပ်ခဲ့သည်။“ဥပဒေပညာဘာသာရပ်ကိုတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့စာတွေ့တွင် သာမကမိမိတို့ရဲ့ ဥပဒေပညာရပ်ကိုအမှန်တကယ်အသုံးကျစွာ တကယ့်လက်တွေ့ဆောင်ရွက်တဲ့အခါဘယ်လောက်အထိအရေးပါတယ်ဆိုတာသိရှိနိုင်ဖို့အတွက် လေ့လာနိုင်အောင်ဒီလိုသရုပ်ပြဖို့ စီမံဆောင်ရွက်ခြင်းဖြစ်ပါတယ်။ဒီသရုပ်ပြတရားခွင်မှာကြုံတွေ့ရတဲ့မြင်ကွင်းတွေကနေစပြီးတော့ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်တတ်တဲ့ ကိစ္စအရပ်ရပ်ကိုဘယ်လိုနည်းနဲ့ဆောင်ရွက်နိုင်မလဲ၊ နစ်နာ တဲ့ဘက်ကနေ နစ်နာမှုမရှိအောင်ဘယ်လိုဆောင်ရွက်ပေးရမလဲ၊ အမှန်တရားဘက်ကနေ ဘယ်လို ဆောင်ရွက်ပေးရမလဲဆိုတဲ့ဒီအချက်တွေနဲ့ပတ်သတ်ပြီး ဥပဒေပညာရှင်တို့ရဲ့ အခန်းကဏ္ဍဟာဘယ်လောက်အထိအရေးပါသလဲဆိုတာကို ကျောင်းသားကျောင်းသူတွေအနေနဲ့ယနေ့အခမ်းအနား မှာ လေ့လာခြင်းအားဖြင့် အလွယ်တကူ သိရှိနားလည်နိုင်မယ်လို့ယူဆပါတယ်။”ဟု CONSULTANT ROYAL LAW FIRMမှတော်ဝင်ဦးခင်မောင်သန်းကပြောသည်။“ဥပဒေပညာသင်ကြားတယ်ဆိုတာ ပြည်သူလူထုရဲ့ဘ၀ကို အဆင်ပြေချောမွေ့စေဖို့၊တရားမျှတစွာ နေထိုင်နိုင်ဖို့နဲ့ လူနေမှုဘ၀ပိုမိုပျှော်ရွှင်ဖွယ်ကောင်းတဲ့တရားမျှတတဲ့လူနေမှုဖြစ်ဖို့အတွက် ရည်ရွယ် ခြင်းဖြစ်ပါတယ်။ဒီလိုအခမ်းအနားမျိုးတွေ နောက်ထပ်ဆက်လက်ဆောင်ရွက်သွားဖို့လည်းခွင့်ပြုသွား မှာဖြစ်သလိုတိုက်တွန်းအားပေးသွားမှာပါ။ဒီဥပဒေပညာရပ်အားဖြင့် ကျွန်တော်တို့လုပ်ဆောင်နေမှု တွေကိုတရားမျှတမှုလမ်းကြောင်း၊မှန်ကန်တဲ့လမ်းကြောင်းတွေပေါ်ကိုတည့်မတ်ပေးနိုင်အောင် ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့်ဒီလိုဆောင်ရွက်နိုင်တဲ့လမ်းကြောင်းပေါ်မှာ လေ့လာခွင့်ရတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့ဘာသာရပ်ကို ရှုထောင့်အမျိုးမျိုးကနေသေချာစွာလေ့လာ ပြီးတော့ နိုင်ငံတော်နှင့် နိုင်ငံသားတို့ရဲ့အကျိုးစီးပွားကို အမှန်တကယ်စောင့်ရှောက်ပေးနိုင်မယ့် ဥပဒေကိုပေါ်ထွက်လာအောင်၊ ဒီဥပဒေတွေကို အခြေခံပြီးတော့ တရားမျှတတဲ့စီမံခန့်ခွဲဆုံးဖြတ်ချက် ချမှတ်နိုင်အောင်လေ့လာသင်ကြားဖို့တိုက်တွန်းပြောကြားလိုပါတယ်။ တက္ကသိုလ်အနေနဲ့လည်း ဒီဘာသာရပ်ကို အခုထက်မကဖွံ့ဖြိုးတိုးတက်လာအောင် အစွမ်းကုန်ဆောင်ရွက်ပေးသွားမှာပါ။”ဟုရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဦးက ပြောသည်။သရုပ်ပြတရားစီရင်ရေး လက်တွေ့ပြုလုပ်ခြင်းအခမ်းအနားတွင် CONSULTANT ROYALLAW FIRMမှ တာဝန်ခံဆရာ တော်ဝင်ဦးခင်မောင်သန်းပါဝင်သောတရားခွင်လက်တွေ့သရုပ်ပြအဖွဲ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အောင်ချမ်းသာကျေးရွာတွင် ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ် တစ်ခုအားအမှုဖြစ်စဉ်အကျဉ်းချုပ်နှင့် တရားရုံးတွင်စွဲခဲ့သည့်ဦးတိုက်လျှောက်လွှာကိုပါ ပူးတွဲ ထည့်သွင်း သရုပ်ပြသခဲ့ရာ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဦး၊ ဒုတိယ ပါမောက္ခချုပ်နှင့်ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ဥပဒေပညာအထူးပြု ကျောင်းသားကျောင်းသူများတက်ရောက်ကြည့်ရှုကြသည်။ရတနာပုံတက္ကသိုလ် ဥပဒေပညာဌာနအနေဖြင့်  သရုပ်ပြတရားစီရင်ရေးလက်တွေ့ပြုလုပ်ပြသခြင်းကို ပထမဆုံးအကြိမ်အဖြစ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နောင်နှစ်များတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ယခုအကြိမ်တွင် CONSULTANT ROYAL LAW FIRMမှ တာဝန်ခံဆရာတော်ဝင်ဦးခင်မောင်သန်းပါဝင်သော တရားခွင်လက်တွေ့သရုပ်ပြအဖွဲ့ကပြုလုပ်ပေးခဲ့ပြီး နောက်ပိုင်း တွင် ဘာသာရပ်ကျောင်းသား၊ကျောင်းသူများမှလက်တွေ့ပိုင်းအဖြစ်ဆောင်ရွက်သွားမည်ဖြစ်သည်။ယခုကဲ့သို့ သရုပ်ပြအခမ်းအနားကျင်းပပြုလုပ်ပေးခြင်းဖြင့်ဥပဒေအထူးပြုကျောင်းသား၊ကျောင်းသူများ အနေဖြင့် သက်ဆိုင်ရာဥပဒေများကိုကွဲပြားသိရှိနားလည်နိုင်စေရန်နှင့် အကြောင်းချင်းရာပြဿနာများ ကိုဝေဖန်စိစစ်ပိုင်းခြားနိုင်မှုများရှိလာမည်ဖြစ်သည်။နှိုင်းယှဉ်စဉ်းစားဝေဖန်တတ်မှု၊မဟာဗျုဟာမြောက် အဓိဌာန်ကျကျစဉ်းစားတွေးခေါ်တတ်မှုများရရှိမည်ဖြစ်သည်။ သက်ဆိုင်ရာအမှုများနှင့် ပတ်သတ်၍လည်း တစ်ဖက်မှ မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းဆိုသည့်စွမ်းအင်များလည်းရှိလာ မည်ဖြစ်ပြီး အမှုအတွက်ကြိုတင်ပြင်ဆင်ခြင်းနှင့်အမှုတွဲများတည်ဆောက်ဖြင်းဆိုသည့် အပိုင်းများကို လည်းနားလည်သိရှိမည်ဖြစ်ကာ တရားရုံးအမှုစစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း ယခုသရုပ် ပြသ တရားစီရင်ရေးမှ ဗဟုသုတများရရှိလာမည်ဖြစ်သည်။ ထို့အပြင်တရားရုံးကို အထောက်အကူပြု မည့် အဖွဲ့အစည်းများဖြစ်သည့် တရားခံစာရင်းများ၏အခန်းဏ္ဍများ၊ နှစ်ဖက်အမှုသည်ရှေ့နေများ၏ ဥပဒေကိုးကား လျှောက်မေးမှုများ၊နှစ်ဖက်သက်သေများ၏ ထွက်ဆိုချက်များတွင် အမှုကိုမှန်ကန်စွာစီရင်ဆုံးဖြတ်သည့်နေရာတွင် အထောက်အပံ့ပြုမှုများနှင့်တရားသူကြီး၏ အမှုတစ်ခုလုံးပေါ် တွင် ခြုံငုံသုံးသပ်စီရင်ဆုံးဖြတ်မှုများစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်းသိရသည်။

posted from Bloggeroid

No comments:

Post a Comment