Thursday, September 25, 2014

မြို့နယ်မှုးကတရားစွဲတာကိုတရားလူကြီးကပယ်ချလိုက်ပြီး

ငါန်းဇွန်မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး
က "တောင်သူတွေကိုတရားစွဲဆိုခြင်းများကို"
မြို့နယ်တရားလူကြီးက ပယ်ချလိုက်ဟုဆို

မန္တလေး စက်တင်ဘာ ၂၄
မြို့သာစက်မှု့ဥယျာဉ်စီမံကိန်လုပ်ငန်းဆောင်
ရွက်ရာမှဒေသခံတောင်သူမျာ၏ ယာမြေများသိမ်းစည်ခဲ့ရာမှ နှစ်နာကြေး
လျှော်ကြေးပေးရာ တန်တူညီမျှမှု့မရှိဘဲ
မြို့နယ်မြေစာရင်နဲ့ပေါင်ပြီး အကွက်အတူတူ
ကို (Y)(N)မြေယာများသက်မှတ်ပြီး ကျပ်
သိန်၂၀ ပေးသူကိုပေးပြီး ၅၀၀၀၀၀ ဘဲပေး
သူကိုပေးခြင်းရှိနေသဖြင့် ဒေသခံ တောင်သူတွေ ကလျှော်ကြေးယူပြီးသူ
တောင်သူတချို့က ၅၀၀၀၀၀ ဘဲရသူများက
ကျေနပ်မှု့မရှိသဖြင့် ယာမြေအတွင်းမှဖယ်
ပေးခြင်းမရှိတာကို ပုဒ်မ ၄၄၇/၄၂၇/၁၄၃/
၁၄၇ /၅၀၅(ခ)တို့ဖြင့်မတရား တရားစွဲတင်
မှု့ကိုငါန်မြို့နယ် မြို့နယ်တရားရုံးမှပယ်ချလို
က်ကြောင်း အခုလို တရားစွဲသူ တရားလိုမှ
ငါန်ဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး
ဒုဦးစီဖြစ်သူဦးကျော်မြင့်ကိုယ်တိုင်တရားလို
လုပ်ပြီးတရားစွဲခဲ့တာပါဟု ဒေသခံတောင်သူများ၏ပြောပြချက်များအရသိရသည်။

မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင်အတွင်း
ရှိ မြို့သာ စက်မှုဇုန်စီမံကိန်အဖြစ်ဆိုပြီးသိမ်း
တာလိုဘဲသိရပါတယ်ကျွန်တော်တို့ ဒေသခံ
တောင်သူတွေရဲယာမြေဧက(၁၀၀၀၀)တစ်
သောင်ကျော်ကို တောင်သူအင်အား (၁၇၄၇)ဦးပိုင်တာပါအခုလိုစီမံကိန်ပြုလုပ်
ရာမှဒေသခံတောင်သူများ၏သဘောထား
ကောက်ခံခြင်းလည်းမရှိဘဲ၂၀၁၃ခုနှစ်ဇူလိုင်လ ကစပြီးတောင်သူတွေကို စက်မှု့ဇုန်ဥယျာဉ်စီမံကိန်အတွက်သိမ်းလိုက်
ပြီးနစ်နာကြေးလျှော်ကြေးလာယူပါဆိုပြီး
တောင်သူတွေလုပ်ကိုင်စားနေသောယာမြေ
များကို သိမ်းပြီး နစ်နားကြေးပေးတော့လည်းငါးသိန်းပေးသူ
များပြီး သိန်း၂၀ ပေးသူတွေရှိနေတာတွေ
ကြောင့်အခုလိုပြသာနာတက်တာပါ
ဒေသခံတောင်သူများအားကြိုတင်ပြီးရှင်းလင်းပြောပြခြင်းလည်းမရှိ ငွေထုတ်/လက်
မှတ်ရေးထိုးခိုင်းစဉ်တွင်လည်းဖက်ပြခြင်း/
ဖက်ခိုင်းခြင်း မိတ္တူပေးခြင်းမရှိပဲတစ်ဖက်
သက်ရေးသားချုပ်ဆိုထားသောစာချုပ်ကို
သာလက်မှတ်ရေးထိုးခိုင်းပြီးယာမြေများသိမ်းခဲတာပါဟု ဒေသခံတောင်သူဦးမောင်မောင်လွင်မှပြောသည်။

ဒေသခံတောင်သူတွေရဲယာမြေတွေကို
လက်ရှိလုပ်စားနေပါလျှက် ပလပ်မြေပါဆို
ပြီးသိမ်းခဲ့တာပါပထမတော့ဒေသခံတွေအနေနဲ့ စက်မှု့ဥယျာဉ်မြို့တော်စီမံကိန်တည်ဆောက်မယ်လိုပျော်ကြပါတယ် နောက်တော့
ဒေသခံတွေရဲမြေယာတွေကိုမတရားသိမ်းပြီး နစ်နာကြေးလျှော်ကြေးနည်းနည်းပဲပေးပြီးစက်မှုလုပ်ရှင်တွေကိုတော့သိန်ထောင်နဲချီပြီးရောင်းစားနေတာဟာတရားမျှတမူလုံးဝမရှိပါဘူး လျှော်ကြေးပေးတာလည်း ခွဲခြားမှု့များရှိတာတွေလုပ်သွားတာကြောင့်
တောင်သူတွေကနစ်နာကြေးမယူပဲကိုယ်
ယာမြေကိုပြန်လုပ်စားနေတာကို မတရားပုဒ်မတွေတပ်ပြီးတရားစွဲခဲ့တာ ဟု
သံဘိုကျေးရွာတော့ရကျောင်းဆရာတော်
ဦးဝိလာသမှမိန်ကြားခဲ့ပါသည်။
ကျွန်မကတော့ပျော်ဘွယ်ကျေးရွာမှနေပါတယ် မြေသိမ်းခံရတာ ဧက(၄၀)ကျော်ပါ
အားလုံးကိုလျှော်ကြေးယူထားပါတယ်
တစ်ဧကကို၅၀၀၀၀၀ ပဲရတာပါ မယူရင်
ဒီတိုင်သိမ်းမယ်ဆိုလိုကြောက်လိုယူရတာပါ
ကျွန်မတို့ ယာမြေကပ်လျှက်ရှိသူတွေကို
တစ်ဧကကို သိန်း ၂၀ ပေးပါတယ်ဒါတွေ
ကိုကျေနပ်မှု့မရှိလိုကုမ္ပဏီမှဥက္ကဋ္ဌဦးအောင်ဝင်းခိုင်တင်ပြခဲ့ဘူပါတယ် မသိချင်ရောင်ဆောင်ပြီးရှောင်ပြီးထွက်သွားပါတယ်လို မရွှေဝိုင်မှပြောသည်။

ို။အဆိုပါကိစ္စနှင့်ပက်သက်၍ ငါန်းဇွန်မြို့နယ်
ဒုအုပ်ချုပ်ရေးမှူးဦးကျော်မြင့်ထံ ဖုန်ဖြင့်
ဆက်သွယ်မေးမြန်ခဲ့ ရာ မိမိအနေဖြင့်
ဖွံဖြိုးတိုးတက်ရေးအတွက်လုပ်ခဲ့တာဖြစ်ပါ
တယ် ပြောရရင်အရည်ကြီးပဲသူရုံးကိုသာ
လာခဲ့ပါဆိုပြီးဖုန်းချသွားပါတယ်။

posted from Bloggeroid

Tuesday, September 23, 2014

တောင်သူများဘဝ ဒီလိုလားဗျာ

တရားရုံးတွင် ပုဒ်မ (၄၄၇/၄၂၇)တို့ ဖြစ်တရားစွဲခံရသောတောင်သူ(၉)ဦးတရားလိုဘယ်သူ ဆိုတာမသိရဘဲ အာမခံယူပြီးပြန်လာရပါတယ်လို ဆို

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာ ကွင်းအမှတ်(၂၁)ရှိ တောင်သူ(၃၅)ဦးပိုင် မြေဧက(၁၁၀)ကို အမည်မသိလူတစ်စုမှ ယင်းမြေဧကများပေါ်တွင် ကျောက်တိုင်စိုက်ပြီး သံဆူးကြိုးခတ်၍ နယ်နိမိတ် သတ်မှတ်ပြီး ဒေသခံတောင်သူ(၉)ဦးကို ပုဒ်မ(၄၂၇)၊ ပုဒ်မ(၄၄၇)တို့ဖြင့် တရားစွဲဆိုထားမှု အဖြစ်မှန် ပေါ်ပေါက်ရေး အမြန်ဆုံး စစ်ဆေးပေးစေလိုကြောင်း ဒေသခံတောင်သူများက ပြောခဲ့သည်။

ကျွန်တော်တို့ ကတရားဥပဒေကိုလေးစားပါတယ်ယနေ့ 
စက်တင်ဘာ(၂၂) ရက်နေ့ ကျွန်တော်တို့ ကြီးကိုင်ကျေးရွာနေဒေသခံတောင်သူ ၉ ဦး
ကို အမည်မသိသူများကတရားစွဲထားပါတယ်ဆိုလို ကျွန်တော်တို့ အဖွဲ့ တရားရုံးတော်ကို
နံနက် (၉နာရီ)သွားရောက်ခဲ့ တာပါ တရား
လိုဘယ်သူဆိုတာလည်းမသိခဲ့ ရပါဘူး
နေ့ လည် ၂ နာရီထိုးတော့ကျွန်တော်တို့ 
လူတစ်ယောက်ကို အာမခံ နှစ်ယောက်နဲ့ ပြန်လွတ်ပေးခဲ့ ပါတယ် မနက်ပိုင်ကတရားရုံးကိုမလာမှီ ကျွန်တော်
တို့ ကြီးကိုင်ရွားနေတောင်သူပိုင်အကွက်ထဲ
မှစက်ရေတွင်း လာတူသောဦးတင်မြင့်ဆိုသူအား ဒါကျွန်တော်တို့ တောင်သူတွေထွန်ယက်ထားသောကျေးရွာပိုင်အကွက်ဖြစ်တယ် အတူးပါနဲ့ တားခဲ့ရာ
ထိုလူက ဒါကျွန်တော်က ဝယ်ထားတာ တစ်ဧကကိုသိန်တစ်ရာ နှစ်ဧကကိုသစ်တော့မှဦးအောင်ကျော်ဒေါ်နီနီမြင့်တို့ ထံမှဝယ်ယူထားတာဖြစ်တယ်
ခင်ဗျာတို့ တားခြင်ရင်တော့သက်ဆိုင်ရာကနေတားပါလိုဦးတင်မြင့်ကပြောခဲ့ ပါတယ် စက်ရေတွင်းကိုလည်ဆက်၍တူနေပါတယ်
စက်တင်ဘာလ ၁၈ ရက်နေ့ ကလည် ခရစ်
ယာန်အသင်းတော်မှဝယ်ယူထားသောနေရာပါဆိုပြီး အဆောက်ဦးများလာရောက်ဆောက်သွပါတယ်ကျွန်တော်တို့ ဒေသခံ ဓနုတိုင်းရင်သားတောင်သူတွေလုပ်စာစရာနေရာမရှိအောင် ကျွန်တော်တို့ တောင်ယာ
မြေပေါ်မှ ဘယ်ကရောက်လာတဲ့သူတွေလည်မသိရဘဲ ပိုင်ရှင်တွေ တစ်နေ့ ထက်တစ်နေ့ တို့ပွားလာပါတယ် ဘယ်သူကိုအားကိုးလို
ဘယ်သူကိုကြောက်ရမှန်ကိုမသိတော့ပါဘူး
လို ဒေသခံတောင်သူဦးစန်းယုမှပြောသည်။

အဆိုပါကြီးကိုင်ကျေးရွာကို (၁၉၄၈)ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့ရာ ရွာရဲ့မြေပုံက ခြောက်လုံးပြူးပုံသဏ္ဍာန်ရှိပြီး လက်ရှိတွင် အိမ်ခြေ(၁၈၀)၊ အိမ်ထောင်စု(၁၉၅)စု နှင့် လူဦးရေ(၉၀၀)နီးပါး နေထိုင်လျက်ရှိပြီး ယနေ့အချိန်ထိ စိုက်ပျိုးရေးလုပ်ငန်းကိုသာ လုပ်ကိုင်လျက်ရှိသည်။ ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာမှ ဒေသခံတောင်သူ(၉)ဦးကို ပုဒ်မ(၄၂၇)၊ ပုဒ်မ(၄၄၇)တို့ဖြင့် တိုင်ကြားသူအမည်ဖော်ပြခြင်းမရှိဘဲ တရားစွဲဆိုထားသည်။
‘‘ ရွာစတည်ကတည်းက ဘိုးဘွားစဉ်ဆက် ဒီမြေမှ ယနေ့ချိန်ထိ စိုက်ပျိုးလာခဲ့ကြတာပါ၊ ရွာက စိုက်ခင်းတွေမှ ကျောက်ချ သံဆူးကြိုးခတ်ပြီး အကွက်ရိုက် အိမ်လာဆောက်တာတွေ ရှိပါတယ်၊ ဟိုတနေ့က ရွာမှာ အိမ်ဆောက်ဖို့ဆိုပြီး ဟိုဖက်က အလုပ်သမားတွေ လွှတ်လိုက်တော့ အတိုက်အခံဖြစ်ခဲ့ကြသေးတယ် ’’ ဟု တရားစွဲဆိုခံထားရသည့် ဒေသခံတောင်သူ ကိုဝဏ္ဍထွန်းက ပြောခဲ့သည်။
‘‘ နိုင်ငံတော်က ချထားပေးခဲ့တဲ့ စီမံချက်ကလည်း ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လို့ သိရတယ်၊ အဲဒီအဖွ့မှာ ဒေသခံ တောင်သူတစ်ယောက်မှ မပါပါဘူး၊ အမှန်တကယ် ဒေသခံ တောင်သူတွေကို အရင် ညှိနှိုင်းသင့်ပါတယ်၊ စိုက်ပျိုးခွင့်ရဖို့ သတ်မှတ်ထားတဲ့အတိုင်းအတာတွေကိုလည်း ပေးသွင်းမှာပါ၊ သူတို့က လာရောက်ညှိနှိုင်းတာမရှိဘူး၊ ကျွန်တော်တို့ကို တရားစွဲဆိုထားကြောင်း တရားရုံးက ဆင့်စာမှ တိုင်ကြားသူ နာမည်မပါပါဘူး၊ အောက်အမည်ပါသူ ဟု စာသားပဲပါတယ်၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြသွားမှာပါ၊ အမှန်တရား ပေါ်ပေါက်ရေးအတွက် တရားဥပဒေဘောင်အတွင်းမှ ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ် ’’ ဟု ၎င်းက ဆိုသည်။
တောင်ပြိုကြီးဝိုင်းအတွင်းမှ လက်ပံကုန်းရွာသစ်၊ ကျွဲနွားဒေါက်ရွာ၊ ကချင်စုရွာ၊ မိုးကြိုးကွက်သစ်ရွာ၊ မိုးကြိုးရွာမရွာ၊ စခန်းကြီးကြိုးဝိုင်းအတွင်းမှ တိုးကြီးကုန်းကျေးရွာ၊ တောင်ပြိုတိုးချဲ့ကြိုးဝိုင်းအတွင်းမှ သာယာကုန်းရွာ၊ မေမြို့ထင်းကြိုးဝိုင်းမှ ပဒေသာမြို့သစ်ကျူး၊ အင်းယားရွာ၊ ဆင်ခေါင်းလေးရွာ စသည့်ဖြင့် ကျေးရွာ(၁၀)ရွာရှိ (၁၁၁၃ ဒသမ ၈၈) ဧကကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်ရေးတောရှိ သစ်တောကြိုးဝိုင်းဧရိယာအတွင်း ပါဝင်နေသည်ကို ဖျက်သိမ်းရန် ရှိသည် ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်သန်းက ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းဧရိယာအဖြစ်မှ ကျေးရွာ(၁၀)ရွာကို ပယ်ဖျက်ပေးသည့်နှင့်ပတ်သက်၍ ‘‘ ကြိုးဝိုင်းဧရိယာအတွင်း ကျရောက်နေတဲ့ မြေယာတွေကို ကြိုးဝိုင်းထဲကနေ ပယ်ဖျက်နုတ်ပယ်ရေးနဲ့ မှတ်ပုံတင်ပြုလုပ်ရေးကိစ္စကို သက်ဆိုင်ရာဌာနတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်၊ ကြိုးဝိုင်းထဲက ပြည်ထဲရေးအမည်ပေါက်ထားပြီးတဲ့ ကျေးရွာတွေကို ပယ်ဖျက်ပြီးသားပါ၊ အမည်မပေါက်သေးတဲ့ကျေးရွာတွေကိုလဲ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောကနေ ပယ်ဖျက်ပေးဖို့ လုပ်နေပါတယ် ’’ ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီးက ပြောခဲ့သည်။
ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက “ ဒီကြီးကိုင်ကျေးရွာက အရင်ကသစ်တောကြိုးဝိုင်းဆိုပေမယ့် ၂၀၁၄ခုနှစ် (၄)လပိုင်းမှာ အဲဒီရွာကိုသစ်တောကြိုးဝိုင်းကနေ ရွာမြေအဖြစ် ပလပ်ပေးလိုက်တယ်။ မူလတောင်သူတွေအနေနဲ့ မိမိလုပ်ကိုင်စားသောက်နေတဲ့နေရာတွေကို ပြန်လည်လျှောက်ထား ခွင့်ရှိတယ် ” ဟု ပြောသည်။
ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာရှိ လယ်ယာမြေဧက(၁၁၀)ကို (၂၀၁၂)ခုနှစ် ကော်ဖီစီမံကိန်းဖြင့် သိမ်းဆည်းခံခဲ့ရပြီး ယနေ့ထိ သိမ်းဆည်းခံထားရသည့် လယ်ယာမြေများပေါ်တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် မူလပိုင်ရှင်များသို့ စိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပေးစေလိုကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောခဲ့သည်။
သီးနှံသစ်တောရောနှောတောစနစ်ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းများကို ထုတ်ပေးနိုင်ရန် လက်ရှိအချိန်တွင် စာရင်းကောက်ယူလျက်ရှိပြီး သစ်တောကြိုးဝိုင်းအတွင်းတွင် အခိုင်အမာကျူးကျော် စိုက်ခင်းများကို (၂၀၁၅)ခုနှစ် မိုးရာသီတွင် တည်ထောင်ခွင့်လက်မှတ်များ ထုတ်ပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျွန်တော်တို့ ဒေသခံတွေအနေနဲ တရားစွဲ
တာဘယ်သူဆိုတာမသိရသလို့ ဘယ်သူပိုင်
တယ်ဆိုတာလည် ရှင်းရှင်းလင်းလင်းမသိရ
ပါဘူး မြေကတော့ နိုင်ငံတော်ကပိုင်ပါတယ်
ကျွန်မတို့  နိုင်ငံအတွင်းမှနေပြီးအမိမြန်မာ့
နိုင်ငံရဲသားသမီးတွေပါဘဲ ကိုယ်ဒေသက
မြေယာကိုယ်လုပ်ကိုင်စားနေတာပါ ဘယ်သူမြေပေါ်မှပိုင်နက်မကျူးကျော်ရဘဲ
ကျွန်မတို့ ရွာသားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီးတရားစွဲတာတော့မကောင်းပါဘူး ဒါကယ်ဆိုပွင့်ပွင့်လင်းလင်းနဲ့ 
ဒီမြေက ဘာစီမံချက်အရသိမ်းထားတာ အခုဘယ်သူပိုင်တယ် ဒေသခံတွေ ကို သက်ဆိုင်ရာတာဝန့် ရှိသူတွေအနေနဲ့ လာ
ရောက်ရှင်ပြခြင်းမရှိဘဲ တောင်သူတွေတောထွင်ရှင်းလင်ပြီးစိုက်ပျိုး
ထားသောနေရာများကို သူတို့ က အဆောက်ဦးတွေလာဆောက်ပြီးကျူးကျော်လာပြီး ငါတို့ ဝယ်ထားပါတယ်ဆိုသောစကားသာကြားရတယ် တောင်သူတွေကိုလည်တရားစွဲထားသေတယ် ဒါဟာကျွန်မအနေနဲ မတရားဘူလိုထင်ပါတယ်လို ဒေသခံတောင်သူ မတူးတူးမှ (News Watch)ကိုပြောပါသည်။

posted from Bloggeroid

အွန်လိုင်းမှမီတာဆောင်လိုရမည်

နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် အွန်လိုင်းမှ လျှပ်စစ်မီတာခဆောင်နိုင် အွန်လိုင်းစနစ် စတင်ခဲ့သော်လည်း သိရှိသူနည်းပါးနေသေး

နေပြည်တော်၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် ဘဏ်ခုနှစ်ခုတွင် ဘဏ်အကောင့်ရှိသူများ စက်တင်ဘာလမှစတင်၍ အွန်လိုင်းမှ မီတာဆောင်နိုင်သည့် စနစ်ကို စတင်ခဲ့သော်လည်း သိရှိသူနည်းပါးနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
အွန်လိုင်းမှ လျှပ်စစ်မီတာခ ဆောင်နိုင်သည့် အွန်လိုင်းစနစ်ကို ၂၀၁၄ခုနှစ် စက်တင်ဘာလမှစတင်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္မူသီရိ၊ ပုဗ္မသီရိ။ ဇေယျာသီရိ၊ ဒက္ခိဏသီရိ နှင့် ဥတ္တရသီရိ၊ ရန်ကုန်ရှိ အလုံ၊ စမ်းချောင်း၊ ကမာရွတ် နှင့် လှိုင်၊ မန္တလေးမြို့ရှိ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အမရပူရ နှင့် ပြည်ကြီးတံခွန် စသည့် မြို့ကြီး(၃)မြို့မှ မြို့နယ်များတွင် နေထိုင်ကြသည်များ လစဉ် သုံးစွဲသည့် မီတာခများကို အွန်လိုင်းစနစ်ဖြင့် လျှပ်စစ်မီတာခ ပေးဆောင်နိုင်မည်ဖြစ်သည်။
အွန်လိုင်းမှ လျှပ်စစ်မီတာခပေးဆောင်ခြင်းသူများအနေဖြင့် Ypay စနစ်ဖြင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် နှင့် သမ၀ါယမဘဏ် စသည့် ဘဏ်(၇)ဘဏ်တွင် ဘဏ်အကောင့်ဖွင့်ထားသူများသာ ရတနာပုံတယ်လီပို့စ်မှ စီစဉ်ဆောင်ရွက်ထားသည့် Y pay (Online Payment Gate Way)၏ (ebilling.ypay.com.mm) ၀က်ဘ်ဆိုက်သို့ဝင်ရောက်ကာ အွန်လိုင်းစနစ်ဖြင့် လျပ်စစ်မီတာခ ပေးဆောင်နိုင်မည်ဖြစ်သည်။
အွန်လိုင်းစနစ် (ebilling.ypay.com.mm) ၀က်လ်ဆိုက်မှ ငွေပေးဆောင်နိုင်ရန်အတွက် အထက်ပါ ဘဏ်(၇)ဘဏ်၌ မီတာခကျသင့်ငွေ ပမာဏထက် ငွေကျပ်(၂၀၀)ကျော် ပိုရှိရမည်ဖြစ်ပြီး မီတာခပေးချေမှုအတွက် မီတာခတစ်စောင်လျှင် (၅၀၀)ကျပ် ဖြတ်တောက် ကောက်ခံသွားမည်ဖြစ်သည်။

posted from Bloggeroid

Monday, September 22, 2014

နှစ်လုံးလှလူငယ်ပရဟိတဖြစ်ပေါ်လာခြင်း

လူငယ်များစုပေါင်ပြီး သန့် ရှင်ရေးလုပ်ရာမှ
ပရဟိတအသင်းကြီးဖြစ်ပေါ်လာဟုဆို

ကျွန်တော်တို့ ကစိတ်တူကိုယ်တူသူငယ်ချင်
၅ ယောက်မှရပ်ကွက်အတွင် ဘုရားသန့်ရှင်
ရေးပြုလုပ်ရာကနေ နှစ်လုံးလှလူငယ်ပရဟိတ
အသင်းကြီးအဖြစ်ယနေ့ စက်တင်ဘာလ
၂၁ ရက်စတင်ဖွင့်ပွဲကိုအသင်းသား ၁၀၀
ကျော်ဖြစ်တရာဝင်အသင်းဖြစ်ပေါ်လာခြင်း
ဖြစ်တယ်

မန္တလေးတိုင်းဒေသကြီး အမရပူရုမြို့နယ်
နတ်ရေကန်ကျေးရွာ အေးစေတီရွာဦးကျော
င်းတွင်စက်တင်ဘာလ (၂၁)ရက်နေ့မှ
နံနက် ၉း၀၀နာရီအချိန်မှ နေ့ 
၁၂း၃၀အချိန်အထိ နှစ်လုံးလှလူငယ်များ
ပရဟိတအသင်းဖွဲ ကိုအသင်းဝင်အင်အား
အမျိုးသာ အမျိုးသမီး(၁၀၀)ကျော်ဖြင့်ဖွင့်
လင့်ခဲ့ကြောင်းသိရသည်။အဆိုပါ နှစ်လုံးလှ
လူငယ်ပရဟိတအဖွဲကိုမန္တလေးမြို့ရှိ ပရဟိတအဖွဲများနာမှုကူညီရေအသင်များ
တက်ရောက်ခဲ့ပါသည်။
ကျွန်တော်တို့ လူငယ်သူငယ်ချင်း ၅ ဟောက်ကျေးရွာရှိ ဘုရားသန့် ရှင်းရေးပြု
လုပ်ရာမှအသုံးပြုသောပစ္စည်းများကိုဝယ်
ယူပြီး မတိခဲ့ရာမှဝါသနာတူလူငယ်များတိုး
လာပြီး သွေးလှူခြင်း တခြားပရဟိတအဖွဲ့
များအားသွားရောက်ကူညီလုပ်ကိုင်ပေးရာ
မှလူအင်အားများလာပြီး အခုလို နှစ်လုံးလှ
လူငယ်ပရဟိတအသင်းအဖြင့် ကျွန်တော်
ရွာနတ်ရေကန်မှစတင်ဖွင့်ခွင့်ရခဲခြင်ဖြစ်ပါ
တယ် အေးစေတီကျောင်းဆရာတော်ကလဲ
အကူညီပေးပါတယ် ရွာမှလူကြီးများကလည်အားပေးလို နှစ်လုံး
လှလူငယ် အသင်းအဖြစ် ဖြစ်ပေါ်လာတာ
မန္တလေးမြို့မှရှိသောတခြားသောပရဟိတ
အဖွဲ့တွေကလည် ကူညီပေးပါတယ်
ရှေဆက်ပြီး တိုးချဲသွားမှပါ အသင်းဝင်သူ
အမျိုးသားအမျိုးသမီးများကလည်စိတ်ပါ
လက်ပါဆောင်ရွက်မှုကြောင့် ကျွန်တော်တို့
အသင်းအဖွဲ့ အဖြစ် အများလက်ခံလာပြီး
အလှူရှင်းများပါအခုလိုပေါ်လာခြင်းပါ
အလှူရှင်းများစာရင်ရှင်တမ်းကိုလည်း ဝှိုက်
ဘုတ် ကပ်ထားပါတယ် ကျွန်တော်အဖွဲ့အ
နေနဲ ဒီဖွင့်ပွဲပြီးတာနဲ ဒီနတ်ရေကန်ရွာလယ်
လမ်းမကြီးပြုပြင်သွားမှပါ ကျွန်တော်အဖွဲ့ 
ကနောက်ကျန်းမာရေးဆောင်ရှောက်မှုများ
ပါလုပ်သွားဖို့ရှိကြောင်းကို နှစ်လုံးလှပရဟိ
တအသင်းဥက္ကဋ္ဌအဖြစ်တာဝန်ခံကိုတင်မော
င်လတ်မှဖြေကြားခဲ့ပါသည်။
လူငယ်များဟာကျေးရွာအတွင်းသန့်ရှင်ပြု
လုပ်ရာမှ နတ်ရေကန်ကျေးရွာမှအလွာလွာ
အသီသီမှလူများပါဝင်လာပြီး ယခုလို
"နှစ်လုံးလှလူငယ်ပရဟိတအသင်းကြီးအဖြစ်တည်ထောင်နိုင်ခဲ့တာဟာ လူငယ်များဟာ
အစိုရဝန်ထမ်း ကုမ္ပဏီဝန်ထမ်း အခြေခံအလုပ်သမားများပါဝင်မှု အားဖြစ်
နိုင်ငံတော်မှအသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပေး
ရာမှလူငယ်ပရဟိတအသင်းကြီးအဖြစ်ယနေ့စက်တင်ဘာ ၂၁ ရက်ဖွင့်လင့်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါအသင်းအား တနင်္ဂနွေအများအား
သောနေ့ များတင် သန့် ရှင်းရေးပြုလုပ်ခြင်း
သွေးလှူခြင်း အပက်စဉ် အလှူငွေကောက်ခံခြင်း ဆင်းရဲသားမာမကျန်သူများကိုအများဆုံး
လုပ်ဖြစ်တာပါ ကျန်မာရေးမကောင်းသော
သွေးလိုအပ်နေလူနာများအတွက်ဆိုရင်
နှစ်လုံးလှလူငယ်ပရဟိတာအသင်းမှလိုက်
လံဆောင်ရွက်လျှက်ရှိကြောင်းသိရှိခဲ့ရပါသည်
နှစ်လုံးလှလူငယ်ပရဟိတအသင်းအား
အကူညီးလိုအပ်သူများနဲ့ အလှူရှင်းများ
ဆက်သွယ်နိုင်ရန် ၀၉ ၄၄၄၀၃၀၆၃၁
၀၉ ၄၀၂၅၇၀၀၃၄. ၀၉ ၄၃၀၅၈၈၃
၀၉ ၄၄၄၀၀၆၇၉၁ ၀၉ ၄၃၀၉၂၇၄၉
အေးစေတီကျောင်းဝင်း နတ်ရေကန်ကျေးရွာ အမရပူရမြို့နယ်
မန္တလေး သို့ ဘာကြောင့် လိုလို အများပြည်
သူအကျိုးကိုလူငယ်များအသိစိတ်ဒဏ်ဖြစ်
နှစ်လုံးလှလူငယ်များပရဟိတအသင်းကို
ဆက်သွယ်နိုင်ပါကြောင်းတင်ပြလိုက်ရပါသည်။




posted from Bloggeroid

မန္တလေးဟိုတယ်များ တိုးလာခြင်း

ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟိုတယ်လုပ်ငန်း လိုင်စင်များ ရှိ/မရှိ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်မည်        ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်လုပ်ငန်းလိုင်စင်များ ရှိ/မရှိ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးကပြောခဲ့သည်။        ‘‘ ဟိုတယ်လုပ်ငန်း စတင်ဆောက်လုပ်ခွင့်လိုင်စင်၊ ဖွင့်ခွင့်လိုင်စင်တွေလျှောက်ထားဖို့ ဖြေလျော့ပေးမှုတွေ ပေးနေပါတယ်၊ မလိုအပ်တဲ့ ထောက်ခံချက်တွေယူရလို့ အချိန်ကြန့်ကြာမှုတွေ ရှိခဲ့တာပါ၊ဟိုတယ်လုပ်ငန်းလိုင်စင်မရှိသူတွေအတွက် တစ်လ အချိန်ပေးလုပ်ဆောင်ပြီးရင်စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး လုပ်ငန်းလိုင်စင် ရှိ/မရှိ စစ်ဆေးအရေးယူသွားမှာပါ’’ ဟု မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မြင့်ကြူက ပြောခဲ့သည်။        ၂၀၁၄ခုနှစ် သြဂုတ်(၁၅)ရက်နေ့မှစတင်၍ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်း(မန္တလေး)တွင် ဟိုတယ်လုပ်ငန်းလိုင်စင်(၄)မျိုးကိုဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၁၃ခုနှစ်တွင် မှတ်ပုံတင်ထားသည့် ဟိုတယ်(၁၀၀)ခုရှိခဲ့ပြီး ၂၀၁၄ခုနှစ် ဇူလိုင်လအထိ မှတ်ပုံတင်ထားသည့် ဟိုတယ်(၁၂၆)ခုရှိခဲ့ရာ ယခုနှစ်တွင် ဟိုတယ်(၂၆)ခု တိုးလာခဲ့သည်။

posted from Bloggeroid

စဉ်ကိုင်ယဉ်တိုတ်မှုဖြစ်ပွား

ယာဉ်မတော်တဆမှုဖြစ်ပွား
ဘာကြောင့်ရပ် ရပ် လမ်းဘေးချရပ်စေလို

စက်တင်ဘာ (၂၁)
မန္တလေးတိုင်းဒေသကြီး စဉ်ကိုင်မြို့ နယ်
စဉ်ကိုင်လမ်းဆုံးတွင် လိုင်ကားမှ မန္တလေး
မြို့တွင်းသို့ လိုက်မည်ခရီသည်အား လမ်း
ပေါ်မှရုပ်တရက် ရပ်ပြီးအခေါ်တွင် နောက်
မှလိုက်ပါလာသော မော်တော်ဆိုင်ကယ်မှ
အရိုန်မထိမ်းနိုင်ဘဲ ကျောက်ဆည်-မန္တလေး
ပြေဆွဲနေသောဟိုင်လပ်ကားနောက်ကို ဝင်
တိုက်မိရာမှ အသက်အန္တရယ်ဆို့ရင်ဖွယ်ရာ
ဆိုင်ကယ်သမား ရှေ မှစီးလာသူဒဏ်ရာပြင်
ထန်စွားရာရှိပြီးသတိမေ့သွားပြီး နောက်မှ
စီးလာသူမှခေါင် ခြေထောက် လက်များကို
ပွန်ပဲ့ပေါက်ဒဏ်များစွားရခဲ့ ပါသည်။

ကျွန်တော်ကရပ်ထားတာပါ ဆိုင်ကယ်သမားကနောက်ကနေ အတင်လို
က်လာပြီး ကျွန်တော်ကားကိုဝင်တိုက်တာပါ
ကျွန်တော်ကလည် ခရီသည်လိုက်ရအောင်
ရပ်ပေးတာပါလို ကျောက်ဆည် -မန္တလေး
ယဉ်မောင်းမှဖြေကြားခဲ့ပါသည်

အဆိုပါယဉ်တိုက်မှုဖြစ်ပွာရာမှ ကားသမား
ကလမ်းဘေးချမရပ်သဖြင့် အခုလိုဖြစ်ပွား
ခဲ့ တာပါဟု မျက်မြင်သက်သေတစ်ဦးမှပြောသည်။

ထိုနောက် သက်ဆိုင်ရာစဉ်ကိုင်မြို့နယ်မြို့မ
ရဲစခန်းမှတာဝန်ရှိသူများရောက်လာပြီး
ဆိုင်ကယ်စီးလာသူ ကျားနှစ်ဦးအား မန္တလေးဆေးရုံကြီးအရေပေါ်ဌာနာသို့ မြို့နယ် နာရေးကူညီမှုကားဖြင့် ပို့ ဆောင်ခဲ
ပြီး ကားသမားအား ဖြစ်စဉ်များကို စစ်ဆေး
လျှက်ရှိပါသည် ။
ကားသမားအနေနဲ့ မိမိ ခရီသည်တင်ရာမှလမ်းဘေးချမရပ်လိုမှား
သလို ဆိုင်ကယ်စီးသူအနေနဲ့ ကပ်လိုက်ခဲ့ 
ပါဖြင့်အခုလိုယဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။မန္တလေးတွင်တရုတ်နိုင်ငံထုတ်
မော်တော်ဆိုင်ကယ်များဖြစ်အပေါ်ဌာနမန္တလေးဆေးရုံးကြီးကို အများဖြစ်ပွားမှု့များရှိ
ကြောင့် တရုတ်နိုင်ငံ ထုတ် CZI125
ဆိုင်ကယ်များမှအရိုန် အရိန်အလွန်ပြင်၍
အခုလိုအန္တရယ်မျိုးကြောင့် ကျွန်တော်သား
သေခဲ့ ဘူကြောင်း လာကြည်သူ တစ်ဦးမှ
ပြောသည်။

မော်တော်ဆိုင်ကယ်စီးသူများအနေဖြင့်
ယဉ်တိုက်မှုမဖြစ်ပွားစေးရန် လိုင်ကားများ
၏နောက်မှကပ်မလိုက်ရန် သတိပေးတင်ပြ
လိုက်ရပါသည်။

posted from Bloggeroid

ရွှေခဲမင်းပင်မမြန်မာသိုင်း

အမျိုးဘာသာအတွက်ရိုးရာမြန်မာသိုင်း
ပညာကို မျိုးဆက်သစ်များသင်ကြားပေပြီး
လက်ဆင်ကမ်းအမွေပေးတာဟုဆို

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်
ရွှေကြက်ယက်ကျေးရွာအုပ်စု စံရွေးတွင်
နန်းဦးကျောင်းဆရာတော်ဦးဝဏ္ဏိတမှ
အမျိုးဘာသာ သာသနာအတွက်မြန်မာ
ရိုးရားအတပ်ပညာတစ်ခုဖြစ်သော သိုင်း
ပညာရဲများကို ကိုယ်လူမျိုး ကိုယ်အတပ်
ပညာများကို မျိုးဆက်သစ်လူငယ်တွေကို
တပ်မြောက်စေလိုသောဆန္ဒနဲ့ ဆရာတော်
ကျောင်းဝင်ထဲ့မှဆရာတွေကိုခေါ်ယူပြီး
အခမဲ့ဒီသင်တန်ပေးဖြစ်တာ မြန်မာရိုးရာ
သိုင်း ဟာ မြန်မာလူမျိုးများသိုင်းပညာဟာ
လဲထိမ်းသိမ်းဆောင်လျှောက်ရမယ်အထဲမှ
ပါတယ်လို ဆရာတော်မှမိန်ကြားခဲပါသည်။

မြန်မာသိုင်းကိုမြန်မာတိုင်တပ်မြောက်အော
င်ခရီရှည်ကြီး ဒါပထမခြေလှမ်းပါ အဖွဲ့ချုပ်
ကိုလည်တင်ပြသွားမှပါ ဒီသင်တန်းမျိုးတွေ
နောက်တပက်နောက်ဆပါမယ် အဆင်မြင့်
သင်တန်တွေ လုပ်သွားမှပါ သက်ဆိုင်ရာ
အာဏာပိုင်တွေအနေနဲ့ မြန်မာရိုရာသိုင်း
ပညာကို ပါဝင်ကူညီပို လိုအပ်ပါတယ်
ဒါတွေကိုကျွန်တော်ဝန်ကြီးကိုတင်ပြခဲ့တာ
ဒါကိုဝန်ကြီးခွင့်မပြုခဲ့ပါဘူး အားကစား
အနေ မန္တလေးတိုင်းဒေသကြီးအတွင်းဖိတ်
ခေါ်ပြိုင်တွေလုပ်ဖိုရှိပါတယ်လို မြန်မာ့ရိုးရာ
သိုင်းပညာပြန်ပွားတိုးတက်ရေးအဖွဲ့နှင့်
မန္တလေးတိုင်းဒေသကြီးသိုင်းဆပ်ကော်မတီ
ဥက္ကဋ္ဌဦးကိုကိုထွေးမှပြောသည်။

မြန်မာ့ရိုးရာရွှေခဲမင်းပင်မသိုင်းသင်တန်း
ဆင်ပွဲကို မြန်မာနိုင်ငံ ပင်မသိုင်းအဖွဲ့ချုပ်
အမရပူရမြို့အတွင်မှသိုင်းပညာရှင်များ
အလယ်ပိုင်တိုင်းစစ်ဌာနချုပ် အနောက်
မြောက်တိုင်းစစ်ဌာနချုပ်မှကလပ်များနှင်
သင်းတန်းများနဲ့ မြန်မာသိုင်းပညာရပ်အမျိုး
မျိုးကို နန်းဦးကျောင်းအတွင် စွမ်းရည်ပြခဲ
ပြီးရွာဦးကျောငိးဆရာတော်မှအဖွင့်အမှာစ
ကားပြောပြီးရွှေခဲမင်းပင်မဆရာကြီးဦးစိုးတင်မှအခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး
သင်တန်းဆရာဦးသန်ဋ္ဌေးမှဦးဆောင်၍
အစီအစဉ်(၁၁)ဖြစ် အခမ်းအနားအား
နံနက် ၁၀ နာရီမှ နေ့ ၂း၀၀နာအထိကျင်ပ
ခဲ့ပါသည်။
မြန်မာ့ရိုးရာဗန်တိုးဗန်ရှည်သိုင်ပညာဟာ
ပထမမြန်မာ့နိုင်ငံ ဒုတိယမြန်မာနိုင်ငံတတိ
ယမြန်မာနိုင်ငံအသီသီတို့ တွင်လက်နက်မဲ့
ပညာအဖြစ်ယနေတိုင်တည်ရှိသောသော
သိုင်းပညာကို အမျိုးအမျိုးသမီးများအားလုံး
တပ်ထားသင့်သောမြန်မာသိုင်းပညာပါလို
ရွှေခဲမင်းပင်မမြန်မာသိုင်းအဖွဲ့ချုပ်အမရပုရ
မြို့မှဆရာဦးစိုးတင်မှပြောသည်။

အဆိုပါသင်တန်အားဦးစီပြီးသင်ကြားပေးခဲ့
သောဆရာဦးသန်ဋ္ဌေးကလည်
ပထမတော့သင်တန်သား(၇၀)လောက်တပ်
ပါတယ် မိသားစုစားဝတ်နေရေးကြောင်း
သင်တန်းပြီးအောင်မတပ်နိုင်သူတွေလည်
ရှိပါတယ် နှစ်လသင်တန်ဆိုတော့ဖြေဖြေ
သင်တန်ပြီးအောင်တက်နိုင်သူကဒီအယောက် ၂၀ ကျော်ကျန်တော့တာပါ နောက်တစ်
ပက်သင်မယ့်သင်တန်မှအမျိုးသမီးများပါ
ဆရာတော်စီကိုစာရင်ပေးထားပါတယ်
တခြာက သိုင်းပညာကိုစိတ်ဝင်စားသူ
များအနေနဲ နန်ဦးကျောင်းဆရာတော်ထံ
လာရောက်စာရင်ပေးပြီးတပ်လိုရပါတယ်လို
ဖြေကြားခဲ့သည်။

အမရပူရ စက်တင်ဘာ (၂၀) မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးမြန်မာ့ရိုးရာသိုင်းပညာပြန်ပွားရေးအတွက်ရွှေခဲမင်းပင်မသိုင်းသင်တန်း၊သင်တန်းဆင်းပွဲကိုအမရပူရမြို့နယ်ရွှေကြက်ယက်ကျေးရွာအုပ်စုစံရွေးကျေးရွာနန်းဦးကျောင်းဝင်းအတွင်းဍ္ဍ်ယနေ့နံနက်(၁၀း၀၀)အချိန်ခန့်ကဖွင့်လှစ်ခဲ့သည်။ အဆိုပါအခမ်းအနားကိုနန်းဦးကျောင်းတိုက်ဆရာတော်ဦးဝဏ္ဏိတ၊မန္တလေးတိုင်းဒေသကြီးမြန်မာ့ရိုးရာသိုင်းပညာပြန်ပွားရေးအဖွဲ့၊မန္တလေးတိုင်းဒေသကြီးမြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဌဦးကိုကိုထွေး၊ရွှေခဲမင်းသိုင်းအဖွဲ့ပင်မဦးစီးဆရာကြီးဦးစိုးတင့်၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှနည်းပြဦးမျိုးမြင့်သိန်း၊ရွှေခဲမင်းပင်မမှသင်တန်းသားများ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှကျွဲနက်ပင်မ(န.မ.ခ)နှင့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှသိန်းကမ္ဘာပင်မ(လ.ပ.ခ)မှသင်တန်းသားများ၊မြန်မာ့ရိုးရာသိုင်းအဖွဲ့စည်းမှသိုင်းပညာရှင်များနှင့်ကျေးရွာသူကျေးရွာသားများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင်နိုင်ငံတော်အလံအားအလေးပြုခြင်း၊သိုင်းအဓိဌာာန်(၅)ချက်ရွတ်ဆိုခြင်း၊မမေ့အပ်ရာဤငါးဖြာတြိရတနာလင်္ကာရွတ်ဆိုခြင်းနှင့်နန်းဦးကျောင်းတိုက်ပဓါနဆရာတော်မှာသ၀ါဒစကားမွတ်ကြားခြင်း၊မန္တလေးတိုင်းဒေသကြီးမြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဌဦးကိုကိုထွေးမှအမှာစကားပြောကြားပြီးရွှေခဲမင်းပင်မမှသင်တန်းသားမှကျွဲနက်ပင်မ(န.မ.ခ.)ရွှေခဲမင်းပင်မမြန်မာသိုင်းအဖွဲ.နှင့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှသိန်းကမ္ဘာပင်မ(လ.ပ.ခ)မှသင်တန်းသားများမှဓား၊လှံ၊ဒုတ်စသည့်မြန်မာ့သိုင်းစွမ်းရည်များပြသခဲ့သည်၊ မန္တလေးတိုင်းဒေသကြီးမြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဌဦးကိုကိုထွေးမှရွှေခဲမင်းပင်မသိုင်းအဖွဲ့အားဂုဏ်ပြုဆုငွေကျပ်(၁၀၀၀၀၀)၊့နန်းဦးကျောင်းတိုက်ဆရာတော်မှသင်တန်းဆရာကြီးမျာအားဂုဏ်ပြုဆုငွေကျပ်(၁၀၀၀၀၀)နှင်အားပေးချီးမြှင့်ကြသောသင်တန်းဆရာကြီးများအားဆရာတော်မှဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီးရွှေခဲမင်းသိုင်းအဖွဲ့ပင်မဦးစီးဆရာကြီးဦးစိုးတင့်မှကျေးဇူးတင်စကားပြန်လည်
ပြောကြားပြီးအခမ်းအနားကိုနေ့လည်(၂း၀၀)အချိန်တွင်ရုတ်သိမ်းခဲ့သည်။

မြန်မာ့ရိုးရာ သိုင်း ပညာဟာ အမျိုးဘာသာ
သာသနာအတွက်ရှေးယခင် မင်းများလက်
ထက်မှအဆက်ဆက်သင်ကြားလာခဲ့သော
မြန်မာအမွေနစ်ရိုးရာပညာတခုဖြစ်ကြောင်း
သမိုင်အထောက်ထားအရသိရှိခဲ့ရပါသည်။

စိုင်းထူးခန့် (အမရ)
                         

posted from Bloggeroid

နိုင်ငံခြားသားဧသည်များမန္တလေးဝင်ရောက်မူအားကောင်း

မန္တလေးမြို့သို့
နိုင်ငံခြားခရီးသွားများအကျိုးတူစီးပွားရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်များအား လာရောက်လေ့လာမှုအားကောင်းလာ

မြန်မာနိုင်ငံ၏ သဘာဝအလှတရားများ နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာများ အများဆုံး ရှိသည့် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့တွင် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် နိုင်ငံခြားခရီးသွားများ ၀င်ရောက်မှု ကျဆင်းခဲ့သော်လည်း စက်တင်ဘာလတွင် ပုံမှန်ပြန်လည် လှည့်ပတ်လျက်ရှိသည်။

ရှေးဟောင်းအမွေအနှစ် လက်ရာ အများဆုံးတည်ရှိသည့် မန္တလေးမြို့(တချိန်က တမ္မဒီပတိုင်း)ကို မြောက်ဘက် နှင့် တောင်ဘက် နှစ်ခြမ်းခွဲ၍ လေ့လာကြည့်ရှုလျက်ရှိပြီး မြောက်ဘက်တွင် ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ မန္တလေးတောင်၊ မန္တလေးကျုံးမြို့ရိုး၊ နန်းမြို့တွင်းရှိ ရွှေကျောင်းကြီး နှင့် တောင်ဘက်ခြမ်းရှိ မဟာမုနိဘုရားကြီး၊ တောင်သမန်အင်း ဦးပိန်တံတား၊ ဗားကရာကျောင်းတော်ကြီး၊ အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းစေတီ ပုထိုးများ နှင့် အနုပညာလက်ရာများ တည်ရှိသည့် နေရာများကို အများဆုံး လှည့်ပတ်လေ့လာလျက်ရှိသည်။
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်မင်းမြတ် နန်းစံခဲ့သော မြို့တော်ဖြစ်သည်နှင့်အညီ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာများ၊ တန်ခိုးကြီးရှေးဟောင်းစေတီပုထိုးများ၊ ရှေးဟောင်းပန်းချီ၊ ပန်းပုအနုပညာများ နှင့် မန္တလေးတောင်၏ သဘာဝအလှရှုခင်းများက နိုင်ငံခြားခရီးသည်များကို အထူးဆွဲဆောင်လျက်ရှိသည်။
မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသွားများ ၀င်ရောက်လေ့လာလှည့်ပတ်မှုတွင် ၂၀၁၁ခုနှစ်က (၉၉၀၁၆)ဦး၊ ၂၀၁၂ခုနှစ်တွင် (၁၆၀၉၇၅)ဦး၊ ၂၀၁၃ခုနှစ် (၂၆၄၅၁၂)ဦး ၀င်ရောက်လျက်ရှိပြီး နှစ်စဉ် လာရောက်လှည့်ပတ်သူ များပြားလာလျက်ရှိသည်။၂၀၁၄ခုနှစ် သြဂုတ်လအထိ နိုင်ငံခြားခရီးသည် တစ်သိန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး မန္တလေးမြို့သို့ နိုင်ငံခြားခရီးသည် ပုံမှန် ပြန်လည် ၀င်ရောက်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်လုပ်ငန်း လိုင်စင်များ ရှိ/မရှိ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်တော့မည်ဖြစ်၍ နိုင်ငံခြားခရီးသည် လုံခြုံရေး ပိုမိုစိတ်ချရတော့မည်ဖြစ်ရာ နိုင်ငံခြားခရီးသည် ၀င်ရောက်မှု ပိုမို များပြားလာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ သဘာဝအလှတရားများ နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာများ အများဆုံး ရှိသည့် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့တွင် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် နိုင်ငံခြားခရီးသွားများ ၀င်ရောက်မှု ကျဆင်းခဲ့သော်လည်း စက်တင်ဘာလတွင် ပုံမှန်ပြန်လည် လှည့်ပတ်လျက်ရှိသည်။
မြန်မာနိုင်ငံရှိ ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှုအနုပ်ညာလက်ရာများကို တစ်နေ့ထက် တစ်နေ့ ကမ္ဘာက သိလာသည်နှင့်အမျှ နိုင်ငံတကာမှ ခရီးသွားဧည်သည်များ နေ့စဉ် ၀င်ရောက်မှု တိုးပွားလျက်ရှိပြီး

"မန္တလေးမြို့ရှိ အထင်ကရနေရာများ နှင့် သဘာဝအလှရှုခင်းများကို လာရောက်လေ့လာကြည့်ရှုမှု များပြားလျက်ရှိသည်"
ယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိသည် မန္တလေးမြို့ရှိ ခရီးသွားလုပ်ငန်းကို နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားမှုများပြားလာပြီး အကျိုးတူ စီးပွားရေးလုပ်ငန်များအတွက်
လာရောက်သော နိုင်ငံခြားကုမ္ပဏီများပါ
မန္တလေးမြို့သို့ ဝင်ရောက်လျှက်ရှိကြောင်း
သိရှိခဲ့ ရပါသည် ဟုအထက်မြန်မာပြည်
စီးပွားရေလုပ်ငန်းရှင်တစ်ဦးမှပြောသည်။

posted from Bloggeroid

ချစ်ကြည်ရေး

မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့
ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ မန္တလေးတွင် ပထမအကြိမ် ကျင်းပမည်ဆို

မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး ဂီတဖျော်ဖြေရေးအစီအစဉ်ဖြင့် ကမ္ဘာကျော် Moct Incredible Buster (MIB) အဖွဲ့ နှင့် 4 Ten အဖွဲ့တို့သည် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ရန်ပုံငွေအတွက် ဂျပန်၊ ဘရာဇီး နှင့် ကိုရီးယားနိုင်ငံ တို့တွင် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၇၈)လမ်း၊ (၃၄)လမ်းထောင့်ရှိ ဒိုင်းမွန်းပလာဇာတွင် ကျင်းပမည်ဖြစ်သည်။
ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရေး၊ သဘာသဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသင်တန်းတို့တွင် လိုအပ်သောနေရာများ၌ အသုံးပြုနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ကျင်းပခြင်းဖြစ်သည်။
မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်ကို မန္တလေးမြို့တွင် ပထမအကြိမ် ကျင်းပခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ဧပြီ(၃၀)ရက်နေ့က သုဝဏ္ဍမိုးလုံလေလုံအားကစားကွင်းတွင် MIB အဖွဲ့ ဖျော်ဖြေမှုများကို မြန်မာနိုင်ငံမှ ပြည်သူများ တခဲနက် အားပေးခဲ့ကြသည်။ မန္တလေးမြို့တွင် စက်တင်ဘာ(၂၆)ရက်နေ့တွင် ကျင်းပပြီး စက်တင်ဘာ(၂၈)ရက်နေ့တွင် ရန်ကုန်မြို့တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

posted from Bloggeroid

ကျန်းမာရေးအရေးပေါ်ကုသနည်းပညာ

ကျန်းမာရေးဦးဌာနမှ
အရေးပေါ်မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်း မန္တလေးတွင် ပထမအကြိမ် အလုပ်ရုံဆွေးနွေးမည်ဟုဆို

တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် တုံ့ပြန်ရေးအဖွဲ့များ(Rapid Response Team) ဖွဲ့စည်း၍ အရေးပေါ်မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ (Sexual and Reproductive Health Project) ဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံကြက်ခြေနီအသင်း နှင့် ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) တို့ ပူးပေါင်း၍ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၆၅)လမ်း၊ (၃၁)လမ်း နှင့် (၃၂)လမ်းကြားရှိ ရွှေနိုင်ငံဟိုတယ်တွင် ပြုလုပ်မည်ဖြစ်သည်။
တုံ့ပြန်ရေးအဖွဲ့များကို တိုင်းဒေသကြီး နှင့် ပြည်နယ် (၇)ခုရှိ ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Training on Minimum Initial Service Package for Reproductive Health in Crisis Stuations သင်တန်းပေးပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။ အရေးပေါ်မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ(၂၄)ရက် နှင့် (၂၅)ရက်တို့တွင် ဆွေးနွေးမည်ဖြစ်သည်။
တိုင်းဒေသကြီး နှင့် ပြည်နယ် (၇)ခုရှိ MISP-RRT အလုပ်ရုံဆွေးနွေးပွဲ Assimilation Excrcise Workshop သို့ တက်ရောက်မည့်သူများ စာရင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဌာနချုပ်) ကျန်းမာရေးဌာန စီမံချက်ညှိနှိုင်းရေးမှူး (၀၉-၇၃၀၈၂၇၄၄)၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ဦးစီးမှူး(ပထမတန်း) (၀၉-၂၅၆၂၉၇၈၆၉) စသည့် ဖုန်းနံပါတ်များကို ဆက်သွယ် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

posted from Bloggeroid

Sunday, September 21, 2014

မြေဈေးကွက်

" မြေဈေးကွက် အရှိန်အဟုန်မြှင့်တက်လျက်ရှိသောမန္တလေး"

မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းများ ယခင်ကထက် ပိုမို မြင့်တက်လျက်ရှိပြီး ရောင်းသူဝယ်သူများအနေဖြင့် အတွင်းကြားလမ်းများတွင် အရောင်းအ၀ယ်ပိုမိုများပြားလျက်ရှိ၍ အဓိကကျသည့် လမ်းမကြီးများတွင် စိတ်ဝင်စားမှုအားနည်း၍ ၀ယ်ယူသူနည်းပါးလျက်ရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အရှေ့ခြမ်း၊ အလယ်ခြမ်း၊ အနောက်ခြမ်း ဟူ၍ သုံးပိုင်းခွဲခြားလျက်ရှိပြီး လက်ရှိ ရောင်းဝယ်မှုဖြစ်ပွားသည့် အရှေ့ခြမ်း နှင့် အလယ်ခြမ်းတွင် မန္တလေးမြို့ပေါ်မှ ရောင်း၍ ပြောင်းရွှေ့လာကြသည့်အတွက် အရောင်းအ၀ယ်များ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
‘‘ ကျွန်တော်တို့ အခုဒီ နှစ်လ သုံးလအတွင်း အရောင်းအ၀ယ်လေ တော်တော်ကောင်းတယ်၊ မြရည်နန္ဒာ ရပ်ကွက်တွေ ဖက်မှာဆိုရင် မမတို့ ဘဘတို့ ရပ်ကွက်တွေကို ၀ယ်တဲ့သူက ပိုစိတ်ဝင်စားတယ်၊ အဲဒီအကွက်တွေက ပေ(၄၀x၆၀)ဆိုတော့ သိန်း(၆၀၀) (၇၀၀)နဲ့ နေရာပေါ်မူတည်ပြီး တစ်ကွက်လုံးရနိုင်တယ်၊ အချို့က ငွေနုတ်ခြင်းတဲ့ သူဆိုရင်လဲ ပေ(၂၀x၆၀)တစ်ခြမ်းကို ၀ယ်တာရှိတယ်၊ အဲဒီအကျယ်အ၀န်းဆိုရင်လည်း မိသားစု (၇)ယောက် (၈)ယောက်ကောင်းကောင်းနေနိုင်တယ်၊ (၄၉)လမ်းနဲ့ (၅၄)လမ်း (၅၅)လမ်းဘေးတွေဆိုရင်တော့ သိန်း(၁၅၀၀)ကနေ သိန်း(၂၀၀၀)ထိ ရှိတယ်၊ စီးပွားရေးလုပ်မယ့် သူတွေအတွက် ဈေးဆိုင်ဖွင့်မည်ဆိုရင် အရမ်းကောင်းတဲ့ နေရာတွေပါ၊ အဲဒီနေရာတွေမှ အခုဆိုရင် ရောင်းတဲ့သူမရှိဘူး၊ ၀ယ်တဲ့သူတွေများနေတယ်၊ လာဝယ်တဲ့သူတွေက လူမျိုးခြားတွေများတယ်၊ ထွန်းတုံရပ်ကွက်ဖြစ်တဲ့ ဇဇ ရပ်ကွက်တွေမှာဆိုရင်လဲ အတွင်းကြားထဲမှာ သိန်း(၇၀၀) (၈၀၀)ပေးရတယ်၊ လမ်းဘေးဆိုရင်လဲ သိန်း(၂၀၀၀)၀န်းကျင်ရှိတယ်၊ အဲဖက်တွေက အရမ်းကို အေးဆေးပါတယ်၊ ရပ်ကွက်ကြီးက သိပ်မရှိသေးပေမယ် လုပ်ငန်းရှင်တွေအတွက်တော့ အရမ်းကောင်းတဲ့နေရာပါ၊ ၀ယ်တဲ့သူလည်း ပေါပါတယ်၊ အခုမြေကွက်တွေက အဆောက်အဦးပါရင် ပါသလို ကောင်းရင်ကောင်းသလို ဈေးပိုပေးရတယ် ’’ ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်သူ ဦးညိုဦးက ပြောသည်။
၂၀၁၄ခုနှစ် မြေဈေးကွက် အရောင်းအ၀ယ်များ မသိမသာ ၀ယ်ယူမှုများပြားလျက်ရှိ၍ ရောင်းသူများ အလွန်နည်းပါးလျက်ရှိကြောင်း သိရသည်။ ဗိုလ်ချုပ်ရွာ နှင့် ၀န်ထမ်းရပ်ကွက်တွေမှာဆိုရင် ၀ယ်ယူမည်သူများအနေဖြင့် မေးမြန်းလျက်ရှိသော်လည်း ရောင်းသူမရှိကြောင်း သိရသည်။
‘‘ ကျွန်တော်တို့ ဒီဗိုလ်ချုပ်ရွာဖက်က အတွင်းကြားလမ်းတွေဆိုရင် ပေ(၄၀x၆၀)တစ်ကွက်ကို သိန်း(၅၀၀၀) (၆၀၀၀)ရှိတယ်။ အဆောက်အဦးကောင်းတယ်ဆိုရင် သိန်း(၇၀၀၀) (၈၀၀၀)ထိ ရှိတယ်၊ (၆၂)လမ်းမေးတင် မြေကွက်တွေဆိုရင်လဲ သိန်း(၁၀၀၀၀)ကျော်ရှိတယ်၊ ဟိုအရှေ့ဖက်က ထန်းကိုးပင်ရပ်ကွက်တွေမှာဆိုရင် သွားလာမှုနည်းပါးလျက်ရှိပေမယ် မြေတစ်ကွက်ကို သိန်း(၃၅၀၀) (၄၀၀၀)ရှိတယ်၊ အခု ကျွန်တော်တို့ ၀န်ထမ်းရပ်ကွက်တွေက အရမ်းဖွံ့ဖြိုးနေပါပြီး အရမ်း စည်ပါတယ်၊ (၆၂)မီပွင့်လမ်းဆုံနားက လမ်းမေးတင် မြေကွက်တွေဆိုရင် သိန်း(၃၀၀၀၀)၀န်းကျင်ထိ ရှိတယ်၊ အဲဒီနောက်က မြို့သစ်(၃)ရပ်ကွက် မြို့သစ်(၄)ရပ်ကွက်တွေမှာဆိုရင် ကြားကွက်တွေဆိုလည်း ပေ(၄၀x၆၀)တစ်ကွက်ကို သိန်း(၂၅၀၀) (၃၀၀၀)ရှိပြီး အဆောက်အဦးပါပြီး ကောင်းရင်ကောင်းသလို သိန်း(၄၀၀၀)လောက်ထိရှိတယ်၊ (၆၂)အရှေ့ဖက် ခြမ်းက (ဇ) ရပ်ကွက် နှင့် (ဈ)ရပ်ကွက်တွေမှာ ၀ယ်ယူမည်သူ မေးမြန်းမယ်သူ သိပ်မရှိဘူး၊ နဲနဲ နည်းတယ်၊ စက်မှု(၁)ရပ်ကွက် နှင့် စက်မှု(၂)ရပ်ကွက် ယှဉ်သလိုပေါ့ စက်မှု(၁)က ဈေးပိုကောင်းတယ်၊ (တတ)၊ (ထထ)၊ (ဒဒ) စသည့် ရပ်ကွက်တွေမှာလည်း အရောင်းအ၀ယ်ဖြစ်ပါတယ်၊ လမ်းမေးတင် မြေကွက်တွေက သိန်း(၁၀၀၀)ကျော်ရှိပေမယ် ကြားကွက်တွေဆိုရင် သိန်း(၇၀၀)နီးပါးရှိတယ် ’’ ဟု အိမ်ခြံမြေအကျိုးဆောင် ဦးမြင့်ဆွေက ပြောသည်။
မန္တလေးမြို့ကွက်သစ်ကို ၁၉၈၂ခုနှစ်ဝန်းကျင်က ဖော်ထုတ်ခဲ့ပြီး ယခင် မဖွံ့ဖြိုးသေးသည့် နေရာများကို လူနေအိမ်များ ချပေးခဲ့သည့်အတွက် အခုအခါ မန္တလေးမြို့သစ်ရှိ မြေကွက်များမှာ လူနေအဆောက်အဦးများ၊ ဈေး၊ ဆေးရုံ၊ သူနာပြုတက္ကသိုလ်၊ ကားဂိတ် စသည့်များနှင့် လူနေမှု ထူထပ်လျက်ရှိပြီး စည်ပင်ဖွံ့ဖြိုးလျက်ရှိကာ ရန်ကုန်-မန္တလေး လမ်းမကြီး တိုက်ရိုက်သွားလာနိုင်သည့်အတွက် ယခုလို ဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း ၀ယ်ယူသူများ ပိုမို စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်

အမရပူရမြို့ ဆင်ရွာမြင်မှုးကျေးရွာယခု
ကျောက်စိမ်းဘုရာအနီးတွင်သိန်(၁၀၀၀)ချီ
ပြီ လာရောက်ဝယ်သူများမှ လယ်မြေများအ
များဆုံးဝယ်သူတွေလည်အများကြီးရှိသလို
အမရပူရမြို့အတွင်းမှလဲ့ မန္တလေးမြို့ပေါ်မှ
သိန်ထောင်နဲ့ချီပြီ ရောင်လာသူများက ရာ
ဂဏာန်းတန်တွေ လာရောက်ဝယ်သူများ
လဲရှိနေပါတယ် မြေကွပ်တွေကတော့
ခုရက် အရောင်အဝယ်ဖြစ်တာကတော့
ရာဂဏာန်းတွေ အများဆုံးဖြစ်ပါတယ်လို
မြေပွဲစား ဦးစိုးမှဖြေကြားခဲ့ပါသည်။

posted from Bloggeroid

ပွင့်လင်မြင်သာမှုမရှိသောမြေယာများဘယ်သူတာဝန်လည်း

ကြီးကိုင်ကျေးရွာဒေသခံတောင်သူများမှ
ပွင့်လင်မြင်သာမှုရှိစေလိုပါသည်ဟုဆို

“ကျွန်တော်တို့ ယာမြေတွေက လွန်ခဲ့တဲ့နှစ်ပေါင်း(၇၀)နီးပါးကစပြီးရှိခဲ့တာပါ။ ကျွန်တော်ဒီရွာကိုရောက်တာသုံးနှစ်သားလောက်ကပါ။ အခုကျွန်တော်အသက်(၅၀)ရှိပါပြီ။မြေသိမ်း၊ယာသိမ်းကိစ္စတစ်ခါမှ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာအုပ်စုကြီးကိုင်ကျေးရွာရှိ တောင်သူများဘိုးစဉ်ဘောင်ဆက်စိုက်ပျိုးလုပ်ကိုင်ခဲ့သော လယ်ယာမြေများပေါ်တွင်အမည်မသိလူတစ်စုမှ ခြံစည်းရိုး ကျောက်တိုင်များခတ်၍နယ်နိမိတ်သတ်မှတ်ထားပြီး ဒေသခံတောင်သူအချို့အား တရားစွဲထားမှုအပေါ်ကျေနပ်မှုမရှိ၍ တောင်သူများအနေဖြင့်နှစ်ဖက်ညှိနှိုင်းမှုဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက သက်ဆိုင်ရာသို့ခွင့်ပြုမိန့်တင်ပြီး တရားဝင်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ ယာမြေတွေက လွန်ခဲ့တဲ့နှစ်ပေါင်း(၇၀)နီးပါးကစပြီးရှိခဲ့တာပါ။ ကျွန်တော်ဒီရွာကိုရောက်တာသုံးနှစ်သားလောက်ကပါ။ အခုကျွန်တော်အသက်(၅၀)ရှိပါပြီ။မြေသိမ်း၊ယာသိမ်းကိစ္စတစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ကျွန်တော်တို့တောင်သူတွေမှာ ဒီလယ်ယာမြေပေါ်မှာ လုပ်ကိုင်စားသောက်ရင်းနဲ့နေ့စဉ်ဘ၀ကိုဖြတ်သန်းနေရပါတယ်။အခု ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်ကျမှရေချမ်းအိုးရွာမှ ဦးမျိုးသန့်ဆိုသူက ဒီမြေကို ငါတို့ဝယ်လိုက်ပြီမင်းတို့လုပ်ကိုင်စိုက်ပျိုးလို့မရတော့ဘူး။ ဘာစီမံကိန်းဆိုတာမပြောဘဲနဲ့၂၀၁၃ခုနှစ်မှာ ခြံစည်းရိုးတွေခတ်၊ကွန်ကရစ်တိုင်တွေလာစိုက်တယ်။အစုအဖွဲ့နှစ်ရှည်စီမံကိန်းဆိုပြီးလို့သာပြောတာဘာမှလာမလုပ်ဘူး။ အဲဒီလိုမလုပ်တဲ့အတွက် ကျွန်တော်တို့အားလုံးမှာလည်းစိုက်ပျိုးစရာမြေမရှိတော့တာကြောင့် ကိုယ့်ယာမြေတွေအပေါ်မှာပြန်လည်ထွန်ယက်စိုက်ပျိုးခဲ့တယ်။ အဲဒီအတွက်အခုကျွန်တော်တို့တောင်သူ(၉)ဦးကို တရားစွဲထားတယ်။ ဒီလိုစွဲထားတဲ့အခါတရားလိုက ဘယ်သူမှန်းမသိဘူး။ကျွန်တေိာတို့မြေပေါ်ကိုလည်းလာရောက်ကျုးကျော်သေးတယ်။တောင်သူတွေကိုလည်း ပိုင်နက်ကျုးလွန်မှု၊ အကျိုးတရားပျက်စီးမှုတွေနဲ့တရားစွဲဆိုထားသေးတယ်။ဒီအတွက်ကျွန်တော်တို့အနေနဲ့ လုံးဝမကျေနပ်ဘူး။နိုင်ငံတော်သမ္မတကြီးသိအောင် တင်ပြပြီး တရားဝင်စာတင်ကာဆန္ဒထုတ်ဖော်သွားမှာပါ”ဟု ဒေသခံတောင်သူဦးစန်းယုက ပြောသည်။ဆက်လက်၍ တောင်သူမတူးတူးက “ကျွန်မတို့ဆီက သိမ်းတဲ့မြေက ဧက(၁၁၀)ကျော်တယ်။ဘာစီမံကိန်းကမလုပ်ဘဲ ဒီအတိုင်းထားထားတယ်။ ပြီးတော့ ကွက်စိပ်တွေရိုက်ပြီးခြံစည်းရိုးခတ်ထားတာလည်းတွေ့ရတယ်။ ကျွန်မတို့အနေနဲ့ ဒါမျိုးတော့လက်မခံဘူး။ကျွန်မပိုင်တဲ့ (၁၀)ဧကမှာလည်း အခုသိမ်းတဲ့အထဲမှာပါသွားတယ်။အဲဒါဆိုကျွန်မတို့ဘာလုပ်စားရမှာလည်း ကိုယ့်တောင်ယာမြေတွေကိုပြန်ပြီးလိုချင်တယ်။ မြေအစားပေးတာတို့၊ လျော်ကြေးပေးတာတို့လုံးလက်မခံဘူး။ယူလည်းမယူဘူး။ ကျွန်မတို့ရွာက ၁၉၇၃ခုနှစ်ကတည်းကရွာမြေအဖြစ်ပေါက်ပြီးသားပါ။ အဲဒီအတွက်ကိုယ့်မြေကိုယ့်ရွာပြန်ရဖို့ဆိုပြီး သက်ဆိုင်ရာတွေဆီတင်ပြထားတာလည်းရှိပါတယ်။”ဟု ပြောသည်။ဒေသခံတောင်သူ ကိုဝဏထွန်းက “ကျွန်တော်ဘာမြေ(၅)ဧကလည်း သိမ်းတဲ့အထဲမှာပါသွားတယ်။ အခုလုပ်စားစရာမြေလုံးဝမရှိတော့လို့ သူများဆီမှာအငှားလိုက်နေရတယ်။ကျွန်တော်တို့တောင်သူတွေမှာ မြေကိုလည်းကျုးကျော်ခံရတယ်၊တရားလည်းအစွဲခံရသေးတယ်။ဒါဆိုရင် ကျွန်တော်တို့ ဘယ်သူ့ကိုအားကိုး ရမှာလဲ။ တကယ်ဆိုရင် ရိုးသားစွာနဲ့ ဘ၀ကိုဖြတ်သန်းနေတာကျွန်တော်တို့တောင်သူတွေပါ။ ဒီယာမြေ တွေကလည်းကျွန်တော်တို့အဘိုးတွေလက်ထပ်ကတည်းက လုပ်ကိုင်လာတဲ့မြေတွေပါ။ကျွန်တော်တို့ဆီမှာ သီးစားခွန်၊မြေခွန်တွေ အကုန်ရှိတယ်။နိုင်ငံတော်ကိုအခွန်ဆောင်ထားတဲ့ပြေစာတွေက ကျွန်တော်တို့ဘိုးဘွား အစဉ်အဆက်ကနေအခုကျွန်တော့်လက်ထပ်အထိ အခွန်ပေးဆောင်ထားတဲ့ ပြေစာတွေလည်းရှိပါတယ်။အရင်ကဆိုရင် စိုက်ပျိုးလို့ရတဲ့စပါးတွေကို နိုင်ငံတော်ကို ပေးသွင်းရတယ်။အခုစိုက်ပျိုးစရာမြေမရှိတော့ နိုင်ငံတော်ကိုပေးသွင်းစရာ စပါးမရှိတော့ဘူး။အခုလို ဘာစီမံကိန်းမှမလုပ်ဘဲနဲ့ ၀င်ပြီးကျူးကျော်တာကို လုံးဝ လက်မခံဘူး။ဒီအတွက်ကျွန်တော်တို့အားလုံးက ဆန္ဒထုတ်ဖော်မှာပါ။”ဟု ပြောသည်။“ဒီရွာကို ၁၃၁၀ခုနှစ်ကစပြီးတည်ခဲ့တယ်။ အဘက ၁၃၁၇ခုနှစ်ကျမှရောက်လာတာအခုအဘအသက်က (၇၇)နှစ်ရှိပြီ။ ဒီရွာစတည်တာက ဦးကံကြီး၊ ဦးအောင်ဘ၊ဦးဖိုးချယ်၊ ဦးပန်းဆိုင်၊ ဦးသာထူး၊ ဦးဖိုးလူ၊ဦးလှဘော်စတဲ့လူကြီးတွေ(၁၉)ဦးက တည်ခဲ့တာပါ။ ရွာရဲ့မြေပုံကခြောက်လုံးပြူးပုံသဏ္ဍာန်ရှိပါတယ်။ ရွာတည်ခဲ့တဲ့လူကြီးတွေကတော့မရှိကြတော့ဘူး။ အခုလက်ရှိနေနေတဲ့ကလေးတွေက အဲဒီလူကြီးတွေရဲ့သားစဉ်မြေးဆက်တွေပါ။ အခုလိုမြေသိမ်းတယ်ဆိုတဲ့ကိစ္စပေါ်လာတာ အဘတစ်သက်မှာအခုမှကြားဘူးတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ဒီရွာမှာနေတဲ့ အများစုကဓနုတိုင်းရင်းသားလေးတွေဖြစ်တဲ့အတွက် အင်မတန်မှ ရိုးသားဖြူစင်ကြပါတယ်။”ဟုသတ္တုတွင်းတူးဖောရေးဌာနမှ အငြိမ်းစားဝန်ထမ်းဟောင်း ဦးတင်ဖေကပြောသည်။အဆိုပါကိစ္စနှင့်ပတ်သတ်၍ ပြင်ဦးလွင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီဟက “ဒီကြီးကိုင်ကျေးရွာက အရင်ကသစ်တောကြိုးဝိုင်းဆိုပေမယ့် ၂၀၁၄ခုနှစ် (၄)လပိုင်းမှာ အဲဒီရွာကိုသစ်တောကြိုးဝိုင်းကနေ ရွာမြေအဖြစ်ပလပ်ပေးလိုက်တယ်။ အဲဒီရွာက ဧကသုံးရာကျော်ကျယ်ဝန်းတယ်။ ၂၀၁၂ခုနှစ်မှာ သစ်တောကနေအစုအဖွဲ့ပိုင်သစ်တောမြေဆိုပြီး ဦးမျိုးသန့် ပါ(၉)ဦးကိုနှစ်ရှည်ပင်စီမံကိန်းစိုက်ပျိုးဖို့ ချပေးတာ သိရတယ်။ အခုချိန်ထိဘာမှမလုပ်ဆောင်သေးတာလည်းတွေ့ရတယ်။ စီမံကိန်းဆိုတာ ဘယ်နှစ်မှာဘယ်လောက်စိုက်ရမယ်ဆိုပြီး စာချုပ်စည်းကမ်းချက်တွေမှာ ပါပြီးသားပါ။အဲဒီလိုမလုပ်နိုင်ရင် နိုင်ငံတော်ကို ပြန်အပ်ရမယ်ဆိုတာ သူတို့ သိပြီးသားပါ။ ဒါကို ပြန်မအပ်ဘဲ တခြားလူတွေကို ပြန်ရောင်းနေတယ်လို့ သိရတယ်။အရင်ကတောင်သူတွေအနေနဲ့ကလည်း အစုအဖွဲ့ပိုင်သစ်တောဆိုရင်ကျွန်တော်တို့ကိုပေးပါဆိုပြီး ပြောတာရှိတယ်။သတ်မှတ်ထားတဲ့အတိုင်းအတာတွေကိုလည်းပေးသွင်းမယ်လို့ပြောတာရှိတယ်။ အဲဒီတော့ဦးမျိုးသန့် ပါ(၉)ဦးအနေနဲ့ မလုပ်နိုင်ရင် ဒေသခံတောင်သူတွေကိုလုပ်ကိုင်ခွင့် ပေးဖို့လိုတယ်။အခုဒီမြေတွေကကော်ဖီစီမံကိန်းနဲ့ပတ်သတ်တာလား။ သစ်တောနဲ့ပတ်သတ်တာလား မသိရသေးဘူး။ကြီးကိုင်ရွာက ဧက(၁၁၀)ကို အစုအဖွဲ့ပိုင်သစ်တောအနေနဲ့ဘာမှမလုပ်ရသေးဘူးဆိုရင် သစ်တောနဲ့နိုင်ငံတော်က ပိုင်တယ်။ အဲဒါဆိုရင်မူလတောင်သူတွေအနေနဲ့ မိမိလုပ်ကိုင်စားသောက်နေတဲ့နေရာတွေကိုပြန်လည်လျှောက်ထား ခွင့်ရှိတယ်။ ဒီအတွက် ကျွန်တော့်အနေနဲ့ တောင်သူဘက်ကနေလယ်ယာမြေပြန်လည်ရရှိဖို့ ဆောင်ရွက်ပေး နိုင်အောင် ကြိုးစားသွားမှာပါ။”ဟုပြောသည်။ပြင်ဦးလွင်မြို့နယ်တရားရုံးမှ အဆိုပါကြီးကိုင်ကျေးရွာရှိတောင်သူဦးစန်းယုပါ(၉)ဦးအား ပုဒ်မ(၄၂၇)နှင့် (၄၄၇)တို့ဖြင့်တရားစွဲဆိုထားပြီး ရုံးချိန်းအား စက်တင်ဘာ(၂၂)ရက်တွင် ဆင့်ခေါ်ထား၍တောင်သူများအနေဖြင့်လည်း ၎င်းတို့အားတရားစွဲဆိုသည့်တရားလိုမှာမည်သူမည်ဝါဆိုသည်ကို မသိရှိရသေးကြောင်း၊ ကြီးကိုင်ကျေးရွာရှိဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လယ်မြေဧက (၁၁၀)အားပိုင်ဆိုင်သည့်တောင်သူဦးရေ(၃၅)ဦးရှိပြီး ယင်းကိစ္စကြောင့်လယ်ယာမြေပြန်လည်ရရှိအောင် လုပ်ကိုင်သည့်တောင်သူ(၂၄)ဦးအနက်တောင်သူ(၉)ဦးမှာ တရားစွဲဆိုခံထားရကြောင်းသိရသည်။အဆိုပါပြင်ဦးလွင်မြို့နယ်ရှိ အင်းယားကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာသည်၁၃၁၀ခုနှစ်မှ စတင်တည်ရှိခဲ့ပြီးဓနုတိုင်းရင်းသားအများအပြားနေထိုင်လျက်ရှိကာတောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကိုင်လျက်ရှိကြောင်း၊ ကျေးရွာ၏အကျယ်အ၀န်းမှာ (၃၂၄)ဧက ၀န်းကျင်ရှိပြီးအိမ်ခြေပေါင်း(၁၈၀)၊ အိမ်ထောင်စု (၁၉၅)စုရှိကာလူဦးရေ(၉၀၀)၀န်းကျင်နေထိုင်လျက်ရှိကြောင်းနှင့်ကျေးရွာပိုင်မြေများအပေါ်၌ အမည်မသိလူတစ်စုကမည်သည့်စီမံကိန်းဆိုသည်ကိုမသိရှိသေးဘဲသံဆူးကြိုးခတ်၊ကျောက်တိုင်များစိုက်၍ အကွက်ချမှုများပြုလုပ်နေမှုအပေါ်ကျေနပ်မှုမရှိသောကြောင့် သိမ်းဆည်းခံတောင်သူများအနေဖြင့် ဥပဒေနှင့်အညီဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်



posted from Bloggeroid

Friday, September 19, 2014

ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည်ပြီး

ရွှေဝါရောင်တော်လှန်ရေး (၇)နှစ်ပြည့် နှစ်ပတ်လည်
မန္တလေးတွင် ပြုလုပ်

၂၀၀၇ခုနှစ်တွင် ပြည်သူ့ဘက်က ရပ်တည်၍ သံဃာတော် အရှင်သူမြတ်များမှ မြန်မာနိုင်ငံသားများ၏ ဆင်းရဲဒုက္ခများကို စစ်အာဏာရှင် စစ်ခရိုနီများက လောင်စာဆီဈေးနှုန်းကို မတရားမြှင့်တင့်ခဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခကြာရှည်အောင် ဆောင်ရွက်ခဲ့မှုကို အမြန်ဖြေရှင်းပေးရန် ကိုယ်ကျိုးမငဲ့ပဲ မေတ္တာတရားရှေ့ထားပြီး တရားတော်နှင့်အညီ ပြတ်သား ငြိမ်းချမ်းစွာ မေတ္တာပို့ဆန္ဒပြခဲ့သည်မှ ယခုနှစ်တွင် ရွှေဝါရောင်တော်လှန်ရေး (၇)နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။
သံဃာတော် အရှင်သူမြတ်များက မြန်မာနိုင်ငံသားများ ဆင်းရဲဒုက္ခများမှ ကင်းလွတ်ငြိမ်းချမ်းစေရန် မေတ္တာပို့ ဆန္ဒပြခဲ့ခြင်းကို ရွှေဝါရောင် ဟု ကမ္ဘာတွင်သော သံဃာထုတော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ရွှေဝါရောင်တော်လှန်ရေး (၇)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမင်းထင်တိုက်-ဓမ္မဒီပကျောင်းတွင် စက်တင်ဘာ(၁၈)ရက် နေ့လည်(၁၂)နာရီခွဲက ကျင်းပခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်းအခမ်းအနား၌ ကျဆုံးသွားခဲ့ကြသော ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများအား ရည်စူး၍ ဆရာတော်ကြီးများအား ဆွမ်း၊ သင်္ကန်း စသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ရေစက်ချတရားနာပြီး အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခဲ့သည်။
‘‘ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီး၏ အမှန်တရား နှင့် ဖိနှိပ်ခံပြည်သူများဘက်မှ ရပ်တည်ပေးခဲ့သော သံဃာတော်များ၏ ခိုင်မာသော စိတ်ဓာတ်တို့အား ထာဝရ အတုယူ၍ ပစ္စုပ္မန် နှင့် အနာဂတ်တွင် ပြည်သူများ၏ ဘ၀ နှင့် တရားမျှတမှုအတွက် ရင်ဆိုင်နေရသော အထွေထွေအကြပ်အတည်း နှင့် တရားမျှတမှုများအတွက် ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းသင့်ပါတယ် ’’ ဟု ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောခဲ့သည်။
‘‘ ဗုဒ္မဘုရားရှင်၏သားတော် သံဃာတော်များမှ အကြမ်းဖက်သော စစ်အာဏာရှင်ကို အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ပြည်သူတို့ဘက်မှ ရဲဝံ့စွာ ရပ်တည်ပေးခဲ့ကြသည့်မှာ ကမ္ဘာ့သမိုင်း အဆက်ဆက် မြင့်မြတ်သော သမိုင်းဖြစ်ရပ်တစ်ခုအဖြစ် တည်ရှိနေမှာပါ ’’ ဟု ၎င်းက ပြောခဲ့သည်။
ရွှေဝါရောင်သံဃာထု၏ ဦးဆောင်မှုကြောင့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံက အာဏာသိမ်းယူခဲ့သော စစ်အာဏာရှင်သည် ၂၀၁၀ခုနှစ်မှာ အာဏာလွှဲပြောင်းပေးလိုက်ရပြီး မြန်မာ့သမိုင်းမှာ ဘယ်သောအခါမှ မေ့ပျောက်နိုင်ဖွယ်မရှိသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။

posted from Bloggeroid

Tuesday, September 16, 2014

သုဿန်မြေမရှိတော့ဘူးရွာသာများကျေနပ်မှုမရှိ

"သုဿန်မြေအားပုဂ္ဂလိကပိုင်အဖြစ်လွဲပေး
ခဲ့ ရာ ရွာသားများအနေဖြင့်ကျေနပ်မှုမရှိဟု
ဆို"

ရွာမှလူငယ်များက အဆောက်ဦးကိုသွား
ဖျက်မည်ဟုပြောရာ ရပ်မိရပ်ဘများမှာ
တားထားကြောင်းဒေသခံများပြောပြချက်အရသိရသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးတောင်ရွာတွင် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်ထပ် ကတည်းက တည်ရှိခဲ့သော ကျေးရွာပိုင်သုဿာန်မြေအား ပုဂ္ဂလိကပိုင်အဖြစ်လွှဲပြောင်းပေးခဲ့ရာ ဒေသခံ ရွာသူ ရွာသားများအနေဖြင့် ကျေနပ်မှုမရှိဘဲ ယင်းမြေနေရာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်ရန် ပြန်လည်ရယူလိုလျက်ရှိကြောင်း သိရသည်။
အဆိုပါသုဿာန်မြေကိစ္စနှင့်ပတ်သတ်၍ ဒေသခံဦးတင်မောင်ဦးက “ကျွန်တော်က ရေချမ်းအိုးမှာနေတာပါ။ ဒီရွာမှာပဲမွေးဖွားခဲ့တာပါ။ ဒီကျေးရွာပိုင်သုဿာန်မြေကို မတရားအသိမ်းခံရပြိး ပုဂ္ဂလိကိုလွှဲပေးခဲ့တဲ့အတွက် ဒေသခံရွာသားတွေအားလုံးမကျေနပ်ကြဘူး။ ကျွန်တော်တို့ရွာကို ၂၀၁၁ခုနှစ် ဖေဖော်ဝါရီ(၁)ရက်မှာ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကနေ သုဿာန်မြေနေရာ သင်္ဂြိုဟ်ခွင့်ကို ပိတ်သိမ်းခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ဒီသုဿာန်မြေနေရာကို ကျေးရွာဖွံ့ဖြိုးဖို့အတွက် အသုံးပြုချင်တာပါ။ ဒါကို သစ်တော ဦးစီးဌာနက မိုးကုတ်ကလာတဲ့ ဦးကျော်ဌေးဆိုသူကို လက်ရှိသုဿာန်မြေနေရာကို ချထားပေးခဲ့တယ်။ ဦးကျော်ဌေးဆိုတဲ့သူကလည်း ၂၀၀၉ခုနှစ်ဒီဇင်ဘာ(၂)ရက်နေ့မှာ လုပ်ကိုင်ခွင့်ရထားတယ်ဆိုပြီး အဆောက် အဦး ဆောက်လုပ်ကာ ဓာတ်ဆီဆိုင်ဖွင့်လှစ်ရောင်းချနေတယ်။ ဒီအတွက်ဒေသခံတွေက ပြန်လည်ရရှိဖို့ သက်ဆိုင်ရာဌာနတွေဆီ စာတင်ထားပါတယ်။ သုဿာန်မြေကိုအသုံးမပြုရန်အကြောင်းကြားသည့်စာက ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်နေ့ဖြစ်တယ်။ ဦးကျော်ဌေးကို သစ်တောဦးစီးဌာနမှ ချပေးတာက ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာ(၂)ရက်နေ့ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်ဦးကျော်ဌေးအား ရပ်ရွာမသိဘဲ လုပ်ပိုင်ခွင့်ချထားပေးတဲ့ကာလက အရမ်းစောနေတယ်။ ဒီကိစ္စကို ကျေးရွာကလုံးဝမသိပါဘူး။” ဟုပြောသည်။
ဒေသခံဦးအောင်ဆင့်ကလည်း “ဒီဦးကျော်ဌေးက မိုးကုတ်မြို့ကလာတယ်ဆိုတာသိရတယ်။ ဒီဒေသခံ မဟုတ်ဘူး။ ကျွန်တေယ်တို့ပြင်ဦးလွင်မြို့မှာ လာပြီးဝင်ရောက်ကျုးကျော်တဲ့သူတွေက ဒီဒေသခံတွေမဟုတ်ဘူး။ အထက်ကခိုင်းလို့လုပ်ရတာပါဆိုတဲ့ စကားလုံးတွေနဲ့ ကျွန်တော်တို့ဒေသခံတောင်သူတွေကိုမတရားအနိုင်ကျင့် ဖိနှိပ်ကြပါတယ်။ ဒီသုဿာန်မြေပေါ်မှာ ဦးကျော်ဌေးက အဆောက်အဦးတွေဆောက်လုပ်နေတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တားမြစ်သော်လည်း မရခဲ့ပါဘူး။ဒီအတွက်ကျေးရွာရဲ့လူငယ်တွေက ၀ိုင်းဖျက် မယ် ဆိုလို့ လူကြီးတွေက တားမြစ်ခဲ့ရပါတယ်။ ဒီသုဿာန်မြေနဲ့ပတ်သတ်ပြီးဘယ်လိုအဖွဲ့အစည်းမျိုးမဆို လာ ရောက် ဖြေရှင်းပေးစေလိုပါ။အမှန်တရားတိုင်းမှာလည်း အဖေ၊အမေ၊ သွေး သောက်၊ မောင်နှမဆိုတာမရှိပါဘူး။ ဒီအတွက်ကျွန်တော်တို့အနေနဲ့ ကျေးရွာပိုင်သုဿာန်မြေကို ကျေးရွာဖွံ့ဖြိုးဖို့မြေနေရာအဖြစ် အမြန်ဆုံးရရှိရန် လိုအပ်ပါတယ်။”ဟုပြောသည်။
ဆက်လက်၍ ဦးကျော်ရှိန်က “ဒီရွာရဲ့သုဿာန်မြေက အဘမမွေးခင်ကတည်းက ရှိခဲ့တာပါ။ အဘအသက်က အခု(၉၁)နှစ်ရှိပါပြီ။ ဒီသုဿာန်မြေကို ဘယ်လိုနည်းတွေနဲ့ လုပ်နေတယ်ဆိုတာတော့ အဘမသိဘူး။ ကျေးရွာကပိုင်တဲ့ သုဿာန်မြေကို တစ်ဦးတည်းပိုင်လုပ်ထားတဲ့အတွက်မဖြစ်သင့်ဘူး။ ဒီနေရာကို သစ်တောက လာရောက်ကြည့်ခဲ့သေးတယ်။အင်္ဂလိပ်လက်ထပ်ကတည်းကရှိတဲ့ သုဿာန်မြေဆိုရင် ဘာငုပ်တိုင်တွေရှိသလဲ လို့ ခြေထောက်နဲ့ပြပြီး အဘကိုမေးခဲ့ဖူးတယ်။ အဲဒီလို အများပိုင်ကနေ တစ်ဦးတည်းပိုင်ဖြစ်နေတဲ့အတွက် ရွာမှာရှိတဲ့ ကလေးတွေက မကျေနပ်ကြဘူး”ဟုပြောသည်။
ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးတောင်ရွာရှိ သုဿာန်မြေနေရာသည် ရွာ၏တောင်ဘက် ကွင်းအမှတ်(၆၇၅)တွင် တည်ရှိပြီး လွန်ခဲ့သည့်နှစ်ပေါင်း(၁၅၀)ကျော်ရှေးယခင်ကပင် တည်ရှိခဲ့ကာ ရွာ၏သစ်ဆိမ့်စိုက်ခင်းနှင့်ကပ်လျက် တည်ရှိခဲ့သည်။ ယင်း သုဿာန်မြေနေရာအား ပြင်ဦးလွင်မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ စာအမှတ်(၅/၄၃-၃၀၉/ဦး-၆)၊ ရက်စွဲ-၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ၎င်းသုဿာန်မြေပေါ်၌ နာရေးကိစ္စများအသုံးမပြုရန်နှင့်(၈)မိုင်ကုန်းဘောသုဿာန်မြေသို့ပြောင်းရွှေ့သင်္ဂြိုဟ်ကြရန်အသိပေးအကြောင်း ကြားခဲ့ကြောင်းသိရသည်။


posted from Bloggeroid

အုပ်ချုပ်ရေးမှူး နှင့်စည်ပင်သာယာအလုပ်မလုပ်ဟုဆို

DVB စက်တင်ဘာ ၁၆ နေ ၁၁နာရီသတင်း
Ylanews.blogspot.com

"မန္တလေးမြို့တော်စည်ပင်သာယာရေးကော်
မတီ၏ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲအ
ဆောက်ဦး အခိုင်အမာဆောက်ခြင်းနှင့်
သစ်ပင်အကြီးခုတ်ခြင်းအားတဘက်အိမ်မှ
တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်
ရွက်ခြင်းမရှိဟုဆို"

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်
အမှိုက်စုရပ်အမှတ်(အမ/၂၂၆)ခွင့်ပြုချက်မဲ့ အဆောက်
ဦးအသစ်ဆောက်နေခြင်း ခြံစည်းရိုးအိမ်သ
ာဆောက်လုပ်ရာမှတစ်ဘက်အိမ်ဦးခန်းတည့်တည့်တွင်ကပ်၍အိမ်သာဆောက်ခြင်း
ကိုသက်ဆိုင်ရာ စည်ပင်သာယာရေကော်မ
တီအားတိုင်းကြားခဲသော်လည် အရေးယူ
ဆောင်ရွက်ပေးခြင်းယနေ့ထိမရှိဟုဆို

သူဟာသူအဆောက်ဦးဆောက်တာကို
ကျွန်တော်တို့ အနေနဲ့ မကန့် ကွက်လိုပါဘူး
အခုဟာက အိမ်သာဆောက်တာ ကျွန်တော်တို့ မိသားစုအိပ်သောခေါင်တည့်တည့်မှလာ
ရောက်ဆောက်တာဟာ နည်းနည်းခွာ၍
ဆောက်သင့်ပါတယ် ခေါင်ရင်းခြံစည်းရိုးက
ကျွန်တ်ာတို့ နေသောနေရာအားကပ်
ပြီးဆောက်တော့ မိသားစု ကျန်မာရေးအရ
ဖယ်ရှားပေးရန် မိမိတို့ မှလက်ရှိအိမ်ရှင်ဖြစ်
သူ ဦးတင်ကွန့် ဒေါ်အမာကြည်တို့ အား
သွားရောက်ပြောကြားခဲ့ သော်လည်း
မသိဟန်ပြု၍ဆက်လက်ဆောက်နေပါသ
ဖြင့် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီအား
မိမိကိုယ်တိုင် (၁၉ ၈ ၂၀၁၄)နေတွင်သွား
ရောက်တိုင်ကြားခဲ့ ရာ ယနေ့ အချိန်အထိ
အရေးဆောင်ရွက်ပေးခြင်း လာရောက်တား
မြှစ်ပေးခြင်းမရှိသဖြင့် မိမိတို့ မိသားစုမှ
ကျန်မာရေးအရ အလွန်စိုးရိမ်ဖွယ်ရာကိစ္စ
တစ်ခုအနေတင်ပြခဲ့သော်လည်း အကြောင်
းကြားစားတောင်မပို့ ပေးဘဲရှိနေပါသည်။
အဆိုပါ အဆောက်ဦးဆောက်ရာမှလည်း
သက်ဆိုင်ရာခွင့် ပြုမိန့် လျှေက်ထားမရှိဘဲ
ဆောက်လုပ်နေခြင်းနှင့် သစ်ပင်အကြီးအား
ခုတ်လှဲခြင်းပြုလုပ်နေခဲ့သော်လည်း ယနေ့အချိန်ထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသည်မှာ မည်သည့်အကြောင်းကြောင့်ဆိုတာ ကျွန်တော်မသိရပါ ဟု ပြောကြားခဲ့ပါသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ရပ်ကွက်အတွင်း အဖြစ်အပျက်များအား ပွင့်လင်းမြင်သာမှုရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း တင်ပြလိုက်ပါသည်။






posted from Bloggeroid

အုပ်ချုပ်ရေးမှူး နှင့်စည်ပင်သာယာအလုပ်မလုပ်ဟုဆို

"မန္တလေးမြို့တော်စည်ပင်သာယာရေးကော်
မတီ၏ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲအ
ဆောက်ဦး အခိုင်အမာဆောက်ခြင်းနှင့်
သစ်ပင်အကြီးခုတ်ခြင်းအားတဘက်အိမ်မှ
တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်
ရွက်ခြင်းမရှိဟုဆို"

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်
အမှိုက်စုရပ်အမှတ်(အမ/၂၂၆)ခွင့်ပြုချက်မဲ့ အဆောက်
ဦးအသစ်ဆောက်နေခြင်း ခြံစည်းရိုးအိမ်သ
ာဆောက်လုပ်ရာမှတစ်ဘက်အိမ်ဦးခန်းတည့်တည့်တွင်ကပ်၍အိမ်သာဆောက်ခြင်း
ကိုသက်ဆိုင်ရာ စည်ပင်သာယာရေကော်မ
တီအားတိုင်းကြားခဲသော်လည် အရေးယူ
ဆောင်ရွက်ပေးခြင်းယနေ့ထိမရှိဟုဆို

သူဟာသူအဆောက်ဦးဆောက်တာကို
ကျွန်တော်တို့ အနေနဲ့ မကန့် ကွက်လိုပါဘူး
အခုဟာက အိမ်သာဆောက်တာ ကျွန်တော်တို့ မိသားစုအိပ်သောခေါင်တည့်တည့်မှလာ
ရောက်ဆောက်တာဟာ နည်းနည်းခွာ၍
ဆောက်သင့်ပါတယ် ခေါင်ရင်းခြံစည်းရိုးက
ကျွန်တ်ာတို့ နေသောနေရာအားကပ်
ပြီးဆောက်တော့ မိသားစု ကျန်မာရေးအရ
ဖယ်ရှားပေးရန် မိမိတို့ မှလက်ရှိအိမ်ရှင်ဖြစ်
သူ ဦးတင်ကွန့် ဒေါ်အမာကြည်တို့ အား
သွားရောက်ပြောကြားခဲ့ သော်လည်း
မသိဟန်ပြု၍ဆက်လက်ဆောက်နေပါသ
ဖြင့် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီအား
မိမိကိုယ်တိုင် (၁၉ ၈ ၂၀၁၄)နေတွင်သွား
ရောက်တိုင်ကြားခဲ့ ရာ ယနေ့ အချိန်အထိ
အရေးဆောင်ရွက်ပေးခြင်း လာရောက်တား
မြှစ်ပေးခြင်းမရှိသဖြင့် မိမိတို့ မိသားစုမှ
ကျန်မာရေးအရ အလွန်စိုးရိမ်ဖွယ်ရာကိစ္စ
တစ်ခုအနေတင်ပြခဲ့သော်လည်း အကြောင်
းကြားစားတောင်မပို့ ပေးဘဲရှိနေပါသည်။
အဆိုပါ အဆောက်ဦးဆောက်ရာမှလည်း
သက်ဆိုင်ရာခွင့် ပြုမိန့် လျှေက်ထားမရှိဘဲ
ဆောက်လုပ်နေခြင်းနှင့် သစ်ပင်အကြီးအား
ခုတ်လှဲခြင်းပြုလုပ်နေခဲ့သော်လည်း ယနေ့အချိန်ထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသည်မှာ မည်သည့်အကြောင်းကြောင့်ဆိုတာ ကျွန်တော်မသိရပါ ဟု ပြောကြားခဲ့ပါသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ရပ်ကွက်အတွင်း အဖြစ်အပျက်များအား ပွင့်လင်းမြင်သာမှုရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း တင်ပြလိုက်ပါသည်။






posted from Bloggeroid

ရွှေကြက်ယက်လှေဦးတိုက်ပွဲ

သမိုင်းဝင်ရွှေကြက်ယက်၊ရွှေကြက်ကျဘုရာ
း တွင်လှေဦးတိုက်ပွဲတော်၊ ငှက်လှေပြိုင်ပွဲ နှင့် အစာရေစာကျွေးပွဲ ကျင်းပ

‘‘ ယခုနှစ် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေတိုးလာတယ်၊ မြစ်ရေများခြင်းကြောင့် ငှက်လှေပြိုင်ပွဲတွင် ရေလမ်းကြောင်း ကွာဟမှု မရှိတော့ဘူး၊ ရေနည်းချိန်ဆိုရင်တော့ ရေလမ်းကြောင်း ကွာဟမှု ရှိပါတယ် ’’ ဟု ရွှေကြက်ကျဘုရားပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု သမိုင်းဝင် ရွှေကြက်ယက်၊ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရားတွင် စက်တင်ဘာ(၁၅)ရက် နှင့် (၁၆)ရက်နေ့တို့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော လှေဦးတိုက်ပွဲတော်၊ ငှက်လှေပြိုင်ပွဲ နှင့် အစာရေစားကျွေးပွဲကို အစဉ်အလာမပျက် ကျင်းပခဲ့သည်။
ငှက်လှေပြိုင်ပွဲကို စက်တင်ဘာ(၁၅)ရက် နံနက်(၁၀)နာရီတွင် ကျင်းပမည်ဖြစ်ပြီး ရွှေကြက်ယက်ကျေးရွာအုပ်စု ဂေါစရတိုက်နယ်အတွင်းရှိ ရပ်ကွက်များမှ ပတ္တမြား၊ ရွာသစ်၊ ခ၀ါတော်၊ သပြေတန်း၊ သက္ကယ်တော်၊ မိုးကောင်း၊ ရွှေလေး၊ ရွှေကောင်း၊ ရွှေဒင်၊ စိန်တုံး၊ ရွှေဟင်္သာ နှင့် ကိုးသင်း စုစုပေါင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
‘‘ ယခုနှစ် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေတိုးလာတယ်၊ မြစ်ရေများခြင်းကြောင့် ငှက်လှေပြိုင်ပွဲတွင် ရေလမ်းကြောင်း ကွာဟမှု မရှိတော့ဘူး၊ ရေနည်းချိန်ဆိုရင်တော့ ရေလမ်းကြောင်း ကွာဟမှု ရှိပါတယ် ’’ ဟု ရွှေကြက်ကျဘုရားပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
‘‘ သက်ဆိုင်ရာ ရွာများ၏ အသင်းတစ်သင်းစီကို ငှက်လှေလှော်ခတ်ဖို့ (၁၅)ဦးစီ စာရင်းပေးသွင်းရတယ်၊ ပြိုင်ပွဲတွင် ငှက်လှေတစ်စီးလျှင် (၁၀)ဦး လှော်ခတ်ခွင့်ရှိပြီး ပဲ့ကိုင်တစ်ဦး ပါပါတယ် ’’
ရွှေကြက်ယက် ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရားပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ် မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပွဲ၊ ရွှေညီကိုဇာတ်ပွဲ တို့ဖြင့် ကပြဖျော်ဖြေခဲ့ရာ ကုသိုလ်ရှင်များက စတုဒိသာ ကျွေးမွေးမည်ဖြစ်သည်။ စက်တင်ဘာ(၁၆)ရက် နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းကြီးလောင်းလှူခြင်း နှင့် ဆွမ်းအုပ်ရှင်များကို ဗလာမပါကံစမ်းမဲများ မဲဖောက်ပေးမည်ဖြစ်သည်။
လှေဦးတိုက်ပွဲ နှင့် အစာရေစာကျွေးပွဲကို စက်တင်ဘာ(၁၆)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရေစာကျွေးခြင်းမပြုလုပ်ပါက ဖြစ်ပေါ်လာမည်များနှင့်ပတ်သက်၍ ‘‘ အစာ ရေစာကျွေးခြင်း မပြုလုပ်ပါက ၀ဲအော်ခြင်း၊ မိကျောင်းပေါ်ခြင်းတွေ ဖြစ်ပါတယ်၊ ဒါကြောင့် နှစ်စဉ် နှစ်တိုင်း ရေစာကျွေးတာပါ ’’ ဟု ရွှေကြက်ယက်ကျေးရွာအုပ်စု ဂေါစရတိုက်နယ်အတွင်းရှိ ဒေသခံကျေးရွာသားတစ်ဦးကပြောခဲ့သည်။
အဆိုပါ ရွှေကြက်ယက် ရွှေကြက်ကျဘုရား
ပွဲတော်ကို နှစ်စဉ် နှစ်ကြိမ်ပြုလုပ်ခဲ့ ရာ
ကဆုန်လပြည်နေ့ တွင် မန္တလေးမြို့ မှ
ရွှေကြက်ယက်ဘုရားညောင်ရေသွန်းပွဲတော်ဟာသမိုင်ဝင်ပွဲတော်အဖြစ်အထက်
မြန်မာပြည် အကြီးဆုံးပွဲတော်အဖြစ်ကျင်ပ
ပြီး အခုပြုလုပ်တဲ့ ပွဲတော်ကလည်း လှေဦး
တိုက်ပွဲတော်အဖြစ် ငှက်လှေကြီးများဖြင့်
ပြိုင်ပွဲခဲ့ တာဟုဒေသခံများ၏ပြောပြချက်
အရသိရသည်။
နှစ်စဉ် ကျင်ပလျှက်ရှိသောလှေဦးတိုက်ပွဲ
ကို ကျွန်တော်တို့ ဘယ်ဒေသရောက်နေ
ရောက်နေ အမှီပြန်လာပြီး လှေပြိုင်ပွဲဝင်
တာပါ ဒီနှစ်တော့ကျွန်တော် ပြိုင်ပွဲမဝင်
တော့ပါဘူ ဘုရားပွဲသိသန့် မိသားစုနဲ
လာတာပါ လို မိမိဒေသကို လားရိုးမြို့မှ
အရောက်ပြန်လာခဲ့သော ဦးသိန်ဝင်းမှ
ဖြေကြားခဲ့ ပါသည်။

တော်သလင်းလပြည်ကျော်(၇)ရက်နဲ့ (၈)
ရက်နေ့များတွင်ရွှေကြက်ယက်ဘုရားလှေ
ဦးတိုက်ပွဲကိုအနယ်နယ်အရပ်ရပ်မှလာ၍
ကြည့်ရှူ့သူများဖြင့် ဒေသခံတွေမှအကျွေး
အမွေးများဖြစ်ဧည့်ခံပြီး မည်သူမဆိုစတုဒီ
သာဝင်ရောက်စားနိုင်ကြောင်းဆိုင်ဘုတ်များ
ချတ်၍စည်ကားသိုက်မြိုက်စွာကျင်ပနေပုံ
အား စက်တင်ဘာလ (၁၅)ရက်နေ့ တွင်
တွေ့မြင်ခဲ့ ရပါသည်။

posted from Bloggeroid

Tuesday, September 9, 2014

နှစ်ပေါင်း ၁၆၀ ကျော်ဦးပိန်တံတား

နှစ်ပေါင် ၁၅၀ ကျော်သက်တမ်းရှိပြီးဖြစ်
သော ဦးပိန်တံတားကြီးကို ပြည်ပနိုင်ငံခြား
သားများစိတ်ဝင်စာစွာလိုက်ပို့ ခိုင်တာတွေ
အများဆုံးပါဘဲ လို့ ခရီးလုပ်ငန်းမှကားဖြင့်
လိုက်ပို့ သူ ဦးထွန်းအောင်ကျော်မှပြောသ
ည်။

မန္တလေးမြို့ရောက်ပြီးဆိုတာနဲ့  မင်ကွန်ရယ်
စစ်ကိုင်းတောင်ရိုးရယ်အင်ဝရယ် ဒီဦးပိန်
တံတားရယ်တစ်ရက်သီသန့်လိုက်ပို့ ပေးရ
ပါတယ် ဒီတောင်သမာန်အင်က နံနက်နဲ့ 
ညနေ အများဆုံးပို့ ဖြစ်တာများတယ်
သူတို့ က မန္တလေးရောက်တာနဲ့ မြန်မာနိုင်
ငံက အကြီးဆုံးအသားတံတားဖြစ်တဲ့
ဦးပိန်တံတားကို ပို့ ခိုင်တာများပါတယ်လို့ 
မြန်မာစကားပြန်တစ်ဦးမှပြောသည်။

အရင်လတွေက နိုင်ငံခြားသားများလာရော
က်လည်တာအလွန်နည်းပါးပါတယ်
ဒီနေ့ နိုင်ငံခြားသား အနည်းဆုံး ၁၀၀ကျော်
လောက်တော့ခန်မှရှိမယ်ထင်တယ်
နိုင်ငံခြားသားများဆိုရင်ကျွန်တော်တို့ က
သူတို့ အန္တရယ်မဖြစ်အောင်နှစ်ယောက်ဘဲ
တင်ရပါတယ် မြန်မာဆိုရင်တော့ (၄)ယော
က်စီတာတွေရှိပါတယ် ဦးပိန်တံတား
အလယ်ဇရပ်အထိကို ၆၀၀၀ ယူပါတယ်လို
ဦးပိန်တံတားမှာငှက်လှေသမားတစ်ဦးက
ပြောသည်။
မြန်မာနိုင်ငံရဲကမ္ဘာအကြီးဆုံးသစ်သားတံ
တားကြီးအပေါ်တွင်တောင်သမာန်အလှ
စစ်ကိုင်းတောင်အလှ နေဝင်ချိန်အလှတရာ
းများကိုတောင်သမာန်အင်ဦးပိန်တံအပေါ်မှ
နိုင်ငံခြားဧည်သည်များလာရောက်ဓါက်ပုံ
ရိုက်ကူနေသောမြင်ကွင်များအားစက်ဘာ
လ ၉ ရက်နေ့ ညနေတွင်တွေ့ ရစဉ်



posted from Bloggeroid

Monday, September 8, 2014

ကျော်သူနဲ့ သူဇနီး ပတဟိတမောင်နံဟုဆို

ပရဟိတဇနီးမောင်နှံ မင်္ဂလာသက်တမ်း(၃၃)နှစ်ပြည့် အထိမ်းအမှတ်
ပရဟိတ ကာချုပ်ကြီးထံ အိတ်ဖွင့်ပေးစာ စာအုပ် မန္တလေးတွင် လက်မှတ်ထိုး ရောင်းချ

မန္တလေးမြို့ စာပေချစ် မြတ်နိုးကြသော စာပေချစ်ပရိသတ်များထံသို့ နာမှုကူညီရေးအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူ နှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာသက်တမ်း(၃၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမှတ်တရ ထုတ်ဝေသည့် ပရဟိတ ကာချုပ်ကြီးထံ အိတ်ဖွင့်ပေးစာ စာအုပ်အား စက်တင်ဘာ(၈)ရက် နံနက်(၉)နာရီ မှ (၁၁)နာရီထိ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၉လမ်း၊ (၈၁x၈၂)လမ်းကြားရှိ ထွန်းဦးစာပေ(၂)တွင် စာရေးသူတို့မှ ကိုယ်တိုင် လက်မှတ်ရေးထိုး ရောင်းချခဲ့သည်။
ပရဟိတလုပ်ငန်းသည် အများပြည်သူလူထုတို့အား လူအား၊ စိတ်အား၊ ကာယအား အလှူငွေအားတို့ဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပရဟိတစိတ်ထား နှင့် ဘာသာလူမျိုး ကျင့်ဝတ်များ၊ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ စသည့်အကြောင်းအရာများကို

posted from Bloggeroid

ကျောက်စိမ်းစေတီတော်

ခေါင်းလောင်းရှာမတွေ့ ပေမယ့်ကျောက်စိမ်
းစေတီတော်ကြီးပြီးတော့မည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်
ဆင်ရွာမြင်းမှုကျေးရွာ၏အနောက်ဘက်
တွင်မြန်မာနိုင်ငံပထမဆုံးကျောက်စိမ်းစေ
တီတော်ကြီးအား ၂၀၁၂ခုနှစ်နိဝင်ဘာလ
မှစတင်၍တည်ဆောက်ခဲ့သောကျောက်စိမ်းစေတီတော်ကြီးအား မြန်မာကျပ်ငွေသန်
ပေါင်များစွာကုန်ကျခံပြီတည်ထားခဲ့ရာ
ယနေ့ စက်ဘာလ ၈ ရက်နေတွင်ဘုရားဖူး
များဖြင့်စည်ကားလျှက်ရှိ

တန်ဖိုးကတော့ကျွန်လည်းမမှန်တပ်ပါဘူး
ဒီတောင်ဖက်မုဒ်မှရှိသောဆင်တုတော်က
တော့ကျောက်မြတ်ပညာရှင်တွေအပြော
ကတော့ UE တစ်သန်းခွဲလောက်တန်တယ်
လိုသိရပါတယ် ဘုရားရဲတခိုးတော်ကြောင်း
လားတော့မသိဘူ ဒီဘုရားတည့်ရာအသုံး
ပြုသောကျောက်သားတွေကပွင့်လာပါတယ်
စိန်ဖူးတော်အတွက်ကပ်ထားသောကျောက်
စိမ်းများဟာ ပထမတန်စားအောင်သော
ကျောက်များအားအသုံးပြုထားတာပါ
ဘုရာ၏ဘွဲတော်မှဆရာတော်ကြီးတစ်ပါးက
စေရာစနကျောက်စိမ်းစေတီတော်လိုအမည်
ပေးထားကြောင်း၂၀၁၅ ဇာနဝါရီလအတွင်း
ထီတော်မည်ဖြစ်ကြောင်းကိုစေတီတော်ကို
မြန်မာလက်ရာကျောက်ကပ်ပညာရှင်တစ်
ဦးဖြစ်သူကိုတိုးဝင်းထွန်းမှပြောသည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား
မတွေ့ပေမယ် ဒီကျောက်စိမ်းစေတီတော်က
လက်တွေ့ ပြီးတော့မယ်ဒါကြောင့်ရန်ကုန်မှ
မန္တလေးဘုရားဖူးလာရင်ကျောက်စိမ်းဘုရာ
အားလာရောက်ဖူးတာပါလို ဘုရာဖူးလာသူ
ဦးမြင့်လွင်မှပြောသည်။
အဆိုပါကျောက်စိမ်းစေတီတော်ကြီးသည်
အမရပူရမြို့နယ် ဆင်ရွာ မြင်းမှူးကျေးရွာ
ပိုင်တွင်တည်ထားသောကြောင့် စေတီ၏
မုဒ် ၄ ဖက်တွင် ဘုရာအတွင်းများတွင်
ဆင်ရုပ် နဲ့ မြင်း ရုပ်များပါကျောက်စိမ်းပန်
ကပ်များဖြင့်တည်ထားကိုးကွယ်ထားပုံများ
အားတွေ့ မြင့်ခဲ့ရပါသည်။
ကျောက်စိမ်းစေတီတော်ကြီးအားဘုရာဒါယိ
ကာ ဦးစိုးနိုင်မှတစ်ဦးတည် မတီ၍စတင်
တည်ဆောက်ခဲ့ကြောင်းဒေသခံများ၏ပြော

posted from Bloggeroid

Sunday, September 7, 2014

ပညာရေးသတင်း

ရတနာပုံတက္ကသိုလ် ဥပဒေပညာဌာနမှ ပထမဆုံးအနေဖြင့် သရုပ်ပြတရားစီရင်ရေးလက်တွေ့ပြုလုပ်ပြသမန္တလေး  စက်တင်ဘာနိုင်ငံတစ်နိုင်ငံတွင် ဥပဒေပညာရှင်များ၏အခန်းဏ္ဍသည်အလွန်အရေးပါသည့်အတွက်ကြောင့် ဥပဒေ ပညာဘာသာရပ်ကိုလေ့လာသင်ယူနေသောဥပဒေပညာအထူးပြု ကျောင်းသားကျောင်းသူများအနေ ဖြင့်ကိုယ်တိုင်သင်ယူတတ်မြောက်ထားသည့် စာတွေ့သာမက၊ တကယ့်လက်တွေ့နယ်ပယ်တွင်ပြည်သူများအတွက် အကျိုးပြုနိုင်စေရန်၊မှန်မှန်ကန်ကန်အသုံးချနိုင်စေရန်နှင့် အထောက်အကူပြုစေ ရန် ရည်ရွယ်ပြီးရတနာပုံတက္ကသိုလ်၊ ဥပဒေပညာဌာနနှင့် CONSULTANT ROYAL LAW FIRMတို့ပူးပေါင်း၍ ပထမဆုံး သရုပ်ပြတရားစီရင်ရေး လက်တွေ့ပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ယင်းတက္ကသိုလ် ရှိ မိုးလုံလေလုံအားကစားခန်းမဆောင်၌ကျင်းပပြုလုပ်ခဲ့သည်။“ဥပဒေပညာဘာသာရပ်ကိုတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့စာတွေ့တွင် သာမကမိမိတို့ရဲ့ ဥပဒေပညာရပ်ကိုအမှန်တကယ်အသုံးကျစွာ တကယ့်လက်တွေ့ဆောင်ရွက်တဲ့အခါဘယ်လောက်အထိအရေးပါတယ်ဆိုတာသိရှိနိုင်ဖို့အတွက် လေ့လာနိုင်အောင်ဒီလိုသရုပ်ပြဖို့ စီမံဆောင်ရွက်ခြင်းဖြစ်ပါတယ်။ဒီသရုပ်ပြတရားခွင်မှာကြုံတွေ့ရတဲ့မြင်ကွင်းတွေကနေစပြီးတော့ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်တတ်တဲ့ ကိစ္စအရပ်ရပ်ကိုဘယ်လိုနည်းနဲ့ဆောင်ရွက်နိုင်မလဲ၊ နစ်နာ တဲ့ဘက်ကနေ နစ်နာမှုမရှိအောင်ဘယ်လိုဆောင်ရွက်ပေးရမလဲ၊ အမှန်တရားဘက်ကနေ ဘယ်လို ဆောင်ရွက်ပေးရမလဲဆိုတဲ့ဒီအချက်တွေနဲ့ပတ်သတ်ပြီး ဥပဒေပညာရှင်တို့ရဲ့ အခန်းကဏ္ဍဟာဘယ်လောက်အထိအရေးပါသလဲဆိုတာကို ကျောင်းသားကျောင်းသူတွေအနေနဲ့ယနေ့အခမ်းအနား မှာ လေ့လာခြင်းအားဖြင့် အလွယ်တကူ သိရှိနားလည်နိုင်မယ်လို့ယူဆပါတယ်။”ဟု CONSULTANT ROYAL LAW FIRMမှတော်ဝင်ဦးခင်မောင်သန်းကပြောသည်။“ဥပဒေပညာသင်ကြားတယ်ဆိုတာ ပြည်သူလူထုရဲ့ဘ၀ကို အဆင်ပြေချောမွေ့စေဖို့၊တရားမျှတစွာ နေထိုင်နိုင်ဖို့နဲ့ လူနေမှုဘ၀ပိုမိုပျှော်ရွှင်ဖွယ်ကောင်းတဲ့တရားမျှတတဲ့လူနေမှုဖြစ်ဖို့အတွက် ရည်ရွယ် ခြင်းဖြစ်ပါတယ်။ဒီလိုအခမ်းအနားမျိုးတွေ နောက်ထပ်ဆက်လက်ဆောင်ရွက်သွားဖို့လည်းခွင့်ပြုသွား မှာဖြစ်သလိုတိုက်တွန်းအားပေးသွားမှာပါ။ဒီဥပဒေပညာရပ်အားဖြင့် ကျွန်တော်တို့လုပ်ဆောင်နေမှု တွေကိုတရားမျှတမှုလမ်းကြောင်း၊မှန်ကန်တဲ့လမ်းကြောင်းတွေပေါ်ကိုတည့်မတ်ပေးနိုင်အောင် ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့်ဒီလိုဆောင်ရွက်နိုင်တဲ့လမ်းကြောင်းပေါ်မှာ လေ့လာခွင့်ရတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့ဘာသာရပ်ကို ရှုထောင့်အမျိုးမျိုးကနေသေချာစွာလေ့လာ ပြီးတော့ နိုင်ငံတော်နှင့် နိုင်ငံသားတို့ရဲ့အကျိုးစီးပွားကို အမှန်တကယ်စောင့်ရှောက်ပေးနိုင်မယ့် ဥပဒေကိုပေါ်ထွက်လာအောင်၊ ဒီဥပဒေတွေကို အခြေခံပြီးတော့ တရားမျှတတဲ့စီမံခန့်ခွဲဆုံးဖြတ်ချက် ချမှတ်နိုင်အောင်လေ့လာသင်ကြားဖို့တိုက်တွန်းပြောကြားလိုပါတယ်။ တက္ကသိုလ်အနေနဲ့လည်း ဒီဘာသာရပ်ကို အခုထက်မကဖွံ့ဖြိုးတိုးတက်လာအောင် အစွမ်းကုန်ဆောင်ရွက်ပေးသွားမှာပါ။”ဟုရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဦးက ပြောသည်။သရုပ်ပြတရားစီရင်ရေး လက်တွေ့ပြုလုပ်ခြင်းအခမ်းအနားတွင် CONSULTANT ROYALLAW FIRMမှ တာဝန်ခံဆရာ တော်ဝင်ဦးခင်မောင်သန်းပါဝင်သောတရားခွင်လက်တွေ့သရုပ်ပြအဖွဲ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အောင်ချမ်းသာကျေးရွာတွင် ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ် တစ်ခုအားအမှုဖြစ်စဉ်အကျဉ်းချုပ်နှင့် တရားရုံးတွင်စွဲခဲ့သည့်ဦးတိုက်လျှောက်လွှာကိုပါ ပူးတွဲ ထည့်သွင်း သရုပ်ပြသခဲ့ရာ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဦး၊ ဒုတိယ ပါမောက္ခချုပ်နှင့်ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ဥပဒေပညာအထူးပြု ကျောင်းသားကျောင်းသူများတက်ရောက်ကြည့်ရှုကြသည်။ရတနာပုံတက္ကသိုလ် ဥပဒေပညာဌာနအနေဖြင့်  သရုပ်ပြတရားစီရင်ရေးလက်တွေ့ပြုလုပ်ပြသခြင်းကို ပထမဆုံးအကြိမ်အဖြစ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နောင်နှစ်များတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ယခုအကြိမ်တွင် CONSULTANT ROYAL LAW FIRMမှ တာဝန်ခံဆရာတော်ဝင်ဦးခင်မောင်သန်းပါဝင်သော တရားခွင်လက်တွေ့သရုပ်ပြအဖွဲ့ကပြုလုပ်ပေးခဲ့ပြီး နောက်ပိုင်း တွင် ဘာသာရပ်ကျောင်းသား၊ကျောင်းသူများမှလက်တွေ့ပိုင်းအဖြစ်ဆောင်ရွက်သွားမည်ဖြစ်သည်။ယခုကဲ့သို့ သရုပ်ပြအခမ်းအနားကျင်းပပြုလုပ်ပေးခြင်းဖြင့်ဥပဒေအထူးပြုကျောင်းသား၊ကျောင်းသူများ အနေဖြင့် သက်ဆိုင်ရာဥပဒေများကိုကွဲပြားသိရှိနားလည်နိုင်စေရန်နှင့် အကြောင်းချင်းရာပြဿနာများ ကိုဝေဖန်စိစစ်ပိုင်းခြားနိုင်မှုများရှိလာမည်ဖြစ်သည်။နှိုင်းယှဉ်စဉ်းစားဝေဖန်တတ်မှု၊မဟာဗျုဟာမြောက် အဓိဌာန်ကျကျစဉ်းစားတွေးခေါ်တတ်မှုများရရှိမည်ဖြစ်သည်။ သက်ဆိုင်ရာအမှုများနှင့် ပတ်သတ်၍လည်း တစ်ဖက်မှ မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းဆိုသည့်စွမ်းအင်များလည်းရှိလာ မည်ဖြစ်ပြီး အမှုအတွက်ကြိုတင်ပြင်ဆင်ခြင်းနှင့်အမှုတွဲများတည်ဆောက်ဖြင်းဆိုသည့် အပိုင်းများကို လည်းနားလည်သိရှိမည်ဖြစ်ကာ တရားရုံးအမှုစစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း ယခုသရုပ် ပြသ တရားစီရင်ရေးမှ ဗဟုသုတများရရှိလာမည်ဖြစ်သည်။ ထို့အပြင်တရားရုံးကို အထောက်အကူပြု မည့် အဖွဲ့အစည်းများဖြစ်သည့် တရားခံစာရင်းများ၏အခန်းဏ္ဍများ၊ နှစ်ဖက်အမှုသည်ရှေ့နေများ၏ ဥပဒေကိုးကား လျှောက်မေးမှုများ၊နှစ်ဖက်သက်သေများ၏ ထွက်ဆိုချက်များတွင် အမှုကိုမှန်ကန်စွာစီရင်ဆုံးဖြတ်သည့်နေရာတွင် အထောက်အပံ့ပြုမှုများနှင့်တရားသူကြီး၏ အမှုတစ်ခုလုံးပေါ် တွင် ခြုံငုံသုံးသပ်စီရင်ဆုံးဖြတ်မှုများစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်းသိရသည်။

posted from Bloggeroid

ဆန္ဒပြမည်ဟုဆို

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် (၂၄)လမ်းမကြီးပေါ်တွင် အိမ်ဆောက်ကျူးကျော်မှု
တစ်နှစ်ကြာသည်တိုင် ထိရောက်စွာအရေးယူခြင်းမရှိသဖြင့် ဆန္ဒဖော်ထုတ်မည်

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ပြည်သူပိုင် (၂၄)လမ်းမကြီးပေါ်တွင် တာဝန်ရှိသူအချို့မှ ရောင်းစားခဲ့မှုကြောင့် အဆိုပါ လမ်းမကြီးပေါ်တွင် အိမ်ဆောက် ခြံခတ်ထားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံပြည်သူများက သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ရာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်စွာ အရေးယူခဲ့ခြင်းမရှိသဖြင့် မကျေနပ်၍ စက်တင်ဘာလ ဒုတိယအတွင်း ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။
ပြည်သူပိုင် လမ်းမကြီးကို ရောင်းစားသည့် တာဝန်ရှိသူများ၊ မြေပေးမိန့်အတုဖြင့် လမ်းမကြီးကို ရောင်းစားသည့် ပူးပေါင်းပါဝင်သူများ နှင့် အကျင့်ပျက်၊ လာဘ်ပေးလာဘ်ယူသူ၊ တရားဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြုနေသည့်သူများကို ဥပေဒ နှင့် အညီ ထိရောက်စွာ အရေးယူပေးရေးအတွက် ရွှေမင်းဝံရပ်ကွက်မှ ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး အရေးယူဆောင်ရွက်ပေးခြင်းမရှိပါက လစဉ် နှစ်ပတ် တစ်ကြိမ် ဆန္ဒဖော်ထုတ်သွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

posted from Bloggeroid

ဆေး

ပလပ်စတစ်ဆပ်ပြာခွက်များအတွင်းမှ မူးယစ်ဆေးဝါးဘိန်းဖြူ ကာလတန်ဖိုး ကျပ်(၁၉)သိန်းကျော် မန္တလေးဘူတာကြီးတွင် ဖမ်းဆီးရမိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးအတွင်းရှိ မန္တလေး မှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ရထားများပေါ်သို့ စက်တင်ဘာ(၆)ရက် နေ့လည်(၁၂)နာရီ (၄၀)မိနစ်က ရထားရဲတပ်ဖွဲ့၊ အမှတ်(၄)တပ်ဖွဲ့၊ ရထားရဲစခန်း(မန္တလေး)မှ ရဲတပ်ဖွဲ့ဝင်များက တက်ရောက်ရှာဖွေခဲ့ရာ ကြွပ်ကြွပ်အိတ်အကြီးတစ်လုံး(အဖြူရောင်)ကို ပိုက်လျက် ထိုင်နေသူတစ်ဦးအား မသင်္ကာ၍ စစ်ဆေးရာမှ မူးယစ်ဆေးဝါး ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ နေ့လည်(၁)နာရီ (၅)မိနစ်က ရဲတပ်သား သူရကျော်စွာ၊ ရဲတပ်သား မျိုးမင်းဦး တို့သည် အမှတ်(၁)စင်္ကြန်၌ တွဲဆိုင်းထိုးထားသော အမှတ်(၃၃)အဆန် မန္တလေး-မြစ်ကြီးနား ရထားအထက်တန်းတွဲ(၁)ခုံအမှတ်(အေ-၇)တွင် LUCKY BAG စာတန်းပါ (အဖြူရောင်)ကြွပ်ကြွပ်အိတ်အကြီးတစ်လုံးအား ပေါ်ပေါ်တင်၍ ထိုင်နေသော ဒေါ်ထွမ်းလှိုင်(၅၆)နှစ်(ဘ)ဦးကျောင်းခမ်း၊ ဖားကန့်မြို့နယ်၊ ကချင်ပြည်နယ်နေသူအား မသင်္ကာ၍ စစ်ဆေးရန် ရဲစခန်းသို့ ခေါ်ဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
မန္တလေးရထားရဲစခန်းမှ တာဝန်ရှိသူများ၊ ရဲမေများက သက်သေများနှင့်အတူ နေ့လည်(၁)နာရီ (၁၅)မိနစ်၌ ဒေါ်ထွမ်းလှိုင်၏ ခရီးဆောင်အိတ်နှင့်ခန္မာကိုယ်အား ရှာဖွေစစ်ဆေးခဲ့ပြီး ဒေါ်ထွမ်းလှိုင်ကိုင်ဆောင်ထားသော LUCKY BAG စာတန်းပါ (အဖြူရောင်) ကြွပ်ကြွပ်အိတ်အကြီးအား ရှာဖွေရာ အိတ်အတွင်းမှ တရုတ်နေကြာစေ့လှော်များပါသော(အစိမ်းရောင်) ပလပ်စတစ်ဆပ်ပြာခွက်(၁)ခွက်၊ (အနီရောင်)ပလပ်စတစ် ဆပ်ပြာခွက်(၁) နှင့် (အစိမ်းရောင်)ပလပ်စတစ်ဆပ်ပြာခွက်(၁)ခွက်တို့အား စစ်ဆေးတွေ့ရှိခဲ့သည်။
စစ်ဆေးတွေ့ရှိခဲ့သည့် (အစိမ်းရောင်)ပလပ်စတစ်ဆပ်ပြာခွက်(၁)ခွက်အတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင်မှုန့်(၁၂)ဂရမ်ခန့်အားလည်းကောင်း၊ (အနီရောင်)ပလပ်စတစ်ဆပ်ပြာခွက် (၁)ခွက်အတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင်အမှုန့်(၁၂)ဂရမ်ခန့်အားလည်းကောင်း၊ စုစုပေါင်း အလေးချိန်(၂၄)ဂရမ်ခန့်(ကာလတန်းဖိုး ၁၉၂၀၀၀၀)ကျပ်အား စစ်ဆေးတွေ့ရှိခဲ့ရာ မန္တလေးရထားရဲစခန်းမှ တာဝန်ရှိသူများက ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
အဆိုပါ စစ်ဆေးတွေ့ရှိခဲ့သည့် မူးယစ်ဆေးဝါးဘိန်းဖြူများအား လက်ဝယ်တွေ့ရှိ သယ်ဆောင်လာသူ ဒေါ်ထွမ်းလှိုင်အား ရဲအရာခံ ရှုမောင်တင်မှ နေ့လည်(၁)နာရီခွဲက တိုင်တန်းခဲ့ရာ မန္တလေးရထားရဲစခန်းမှ မယ(ပ)၉/၂၀၁၄၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မန္တလေးရထားရဲစခန်းမှ သိရသည်။

posted from Bloggeroid

ယာဉ်တိုက်မှု

ယာဉ်မတော်တဆတိမ်မှောက်မှုဖြစ်ပွား

စက်တင်ဘာ ၅ ရက်

မန္တလေးမြို့ ကျွဲဆည်ကန့်  မီးပျိုင့်တွင်
အရောက်တွင် ၇၈ လမ်းကြီးအတိုင်မောင်း
နှင်းလာသောကုမ္ပဏီအလုံကားတစ်စီးဟာ
မီးပျိုင်အနားအရောက်တွင် ဂျိုင်ပြက်၍
ထောက်ပြီး တိမ်မှောက်မှုဖြစ်ပွားခဲ့ရာ
အဆိုကား၏နောက်မှလိုက်ပါလာသော
ပါကျဲတိုး ကားတစ်စီးပေါ်အားတိမ်မှောက်
ခဲသောကြောင်း ပါကျဲတိုးကား၏ရှေ့ခေါင်
ကျေမွပြက်စီးသွားခဲ့ပါသည်။

အဆိုပါဖြစ်ပွားမှုသည် ယာဉ်မောင်းလာသူ
များဒဏ်ရာအနည်အကျဉ်သာရရှိခဲ့ပြီး
သေဆုံးသူမရှိကြောင်းသိရှိရပါသည်။။

posted from Bloggeroid

မန္တလေးသတင်း

မန္တလေးဘူတာကြီးအတွင်ဆေးပြား(၁၄၀၀)ပြာအလေးချိန်(၁၄၀)ကျပ်သိန်း(၇၀)ခန့်
ဖမ်းဆီမိ

ကျွန်တော်သည်၂ ၉ ၂၀၁၄ ရက်နေ့ တွင်
ရဲတပ်ကြပ်မျိုးသိန်း ရဲတပ်ကြပ်မျိုးမင်းဦး
အမျိုးသမီးတပ်ဖွဲ့ ဝင် ရဲတပ်သား အေးအေ
းမာ ရဲတပ်သားစန်းမြတ်မွန် မန္တလေးမူးယစ်
တပ်ဖွဲ့ စု(၁၈)မှ ရဲတပ်ကြပ် ခင်မောင်ထွန်း
တို့ သည် ညနေ ၅ နာရီအချိန်တွင်မန္တလေ
းဘူတာအတွင်းရှိ မြစ်ကြီးနားသို့ထွက်ခွာ
သောအမှတ်(၅၇)အဆန် မန္တလေးမြစ်ကြီး
နားရထားရိုးရိုးတန်းတွဲ(၅)ခုံအမှတ်(၃၄)တွ
င်ထိုင်နေသော ဒေါ်အီ အသက် (၅၇)နှစ်
(ဘ)ဦးဆမ် မှတ်ပုံတင်အမှတ် ၁/မညန(
နိုင်)၀၇၅၈၃၃ အလုပ်အကိုင် ဈေးရောင်း
လူမျိုး ရှမ်း ခရစ်ယာန်ဘာသာ နေရပ်လိပ်
စာ မကပ်ပြင်ရွာ ဖားကန့်မြို့နယ် ကချင်
ပြည်နယ်နေသူအား မသင်္ကာ၍စစ်ဆေးရန်
ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ပြီး
မန္တလေးရထားရဲစခန်းတွင် ၅နာရီ ၁၀ မိနှစ်
အချိန်၌အမျိုးသမီးတပ်ဖွဲ့ဝင် ရဲတပ်သား
အေးအေးမာ စန်းမြတ်မွန် သက်သေ
ချမ်းအေးသာစံမြို့နယ် ကဉ္စဏမဟီရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးမှအဖွဲ့ ဝင် ဦးအောင်လွင်
ချစ် ဦးတင်အေးတို့ နှင့်အတူ ဒေါ်အီ၏
ခရီးဆောင်အိပ်နှင့်ပလပ်စတစ်လက်ဆွဲခြင်း
အားရှာဖွေခြင်း ငှင်း၏ခန္ဓာကိုယ်အားရှာ
ဖွေရာဒေါ်အီ ဝတ်ဆင်ထားသော အသား
ရောင်အတွင်းခံဘောင်းဘီးအတွင်း ဝှတ်၍
သယ်ဆောင်လာသော အနက်ရောင်ကြွပ်
ကြွပ်အိပ်ဖြင့် ထုတ်ထားလျက်အပြာရောင်
ကပ်ခွာအိတ်အတွင်း(၁)အိပ်လျင် 88နှင့်
1 စာတန်းတစ်ဖက်စီပါပန်ရောင်စိတ်ကြွရူး
သွပ်ဆေးပြာ(၂၀၀)ပြာပါ (၇)အိတ်ဆေးပြာ
းပေါင်း (၁၄၀၀)ပြာအလေးချိန်(၁၄၀)ဂရမ်
ခန့် ဒေါ်အီအမည်ပါအမှတ် ၅၇ အဆန်
ရထားရိုးရိုးတန်းလက်မှတ်(၁)ဆောင်စောင်
တို့အားစစ်ဆေးတွေ့ရှိသဖြင့်ကျွန်တော်မှ
ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ပါသည်။
သို့ဖြစ်ပါ၍အဆိုပါမူးယစ်ဆေးဝါးဆေးပြား
များအားလက်ဝယ်တွေ့ ရှိသယ်ဆောင်လာ
သောဒေါ်အီအားမူးယစ်ဆေးဝါနှင့်စိတ်ကို
ပြောင်းလဲစေတက်သောဆေးဝါးများဆိုင်ရာ
ဥပဒေအရအရေးယူလျှက်ရှိကြောင်း
တာဝန်ကျရဲအရာရှိတစ်ဦးမှပြောသည်။

မန္တလေးရထားရဲစခန်း၏မယ(ပ)စ/၂၀၁၄
မူး/စိတ်ပုဒ်မ၁၅/၁၉(က)ဖြင့်အမူ့ဖွင်၍
အမှု့စစ်ရဲအုပ် စိုးသိန်မှလက်ခံစစ်ဆေး
လျှက်ရှိကြောင်း ငှင်းမှပြောသည်။
အဆိုပါဖြစ်စဉ်မျိုးအား ၂၀၁၄ ခုနှစ်အတွင်း
(၈)မှု့သာရှိပြီး အနှစ်များမှဒီထက်များပါ
ကြောင်း ယခုနှစ်ဖမ်းဆီရထားသောကာလ
တန်ဖို အရမူးယစ်ဆေးဝါးများခန်မှန်းတန်ဖို
းငွေကျပ် ၉၃၁၄၃၀၀၀အထိရှိကြောင်းပြော
၍သိရှိခဲ့ရသည်။



posted from Bloggeroid