Thursday, August 7, 2014

ဆန္ဒဖော်ထုတ်မည်တောင်သူများ

မြို့နယ်ကြီး(၄)မြို့နယ်ပေါင်ပြီး တောင်သူ
တွေအားလုံး သြဂုတ်လ ၁၃ ရက်နေ့ တွင်
ကန့်ဘလူမြို့နယ်တွင် ခွင်ပြုချက်ယူပြီး ဆန္ဒဖော်ထုတ်ဖော်တော့မည်။

စစ်ကိုင်းဒေသကြီး တပ်သိမ်းမြေများပြန်မရ
ဘဲတောင်သူများကိုမတရားပုဒ်မတပ်ပြီး
ထောင်ဒဏ်များချမှုများကို ရှုံ့ချ၍ကန့်ဘလူ
မြို့နယ် ခင်ဦးမြို့နယ် ရေဦးမြို့နယ် ရွှေဘိုမြို့
နယ်တို မြို့နယ် (၅)မြိုနယ်ပေါင်ပြီး ကန့်ဘ
လူမြို့နယ်တွင် သြဂုတ်လ ၁၃ ရက်နေ့ 
မနက် ၇နာရီမှ ၁၀ နာရီအထိမနက်ပိုင်
စုဝေးဆန္ဒပြခြင်းပြုလုပ်ပြီး မနက် ၁၁ နာရီ
မှ နေ့  ၂ နာရီအထိ စီတန်းလှည့်လည်ပြီး
ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းကို
မန္တလေးတိုင်း F N I ရုံခန်းမဆောင်တွင်
F.N.I သဘေားထားထုတ်ပြန်ချက်နဲ့အတူ
သြဂုတ်လ ၇ ရက်နေ့တွင်သတင်းစာရှင်း
လင်းပွဲပြုလုပ်ခဲ့ပါသည်။

မြို့နယ် (၅) မြို့နယ်ပေါင်ပြီးတောင်သူလယ်
သမားအရေးဆန္ဒဖော်ထုတ်ပွဲကြီးကို
တောင်သူ အင်အား ၁၀၀၀၀ တစ်သောင်
ကျော်ဖြင့်ခွင့်ပြုမိန်တင်ထားပြီးဖြစ်ပါကြောင်
းဒ ဒီအတွက်ကြောင့် ကျွန်တော်တို့ အဖွဲ့၏
သဘေားထားထုတ်ပြန်ချက်နဲ့ အတူ
သတင်းစာရှင်းလင်းပွဲပြုလုပ်၍အောင်မြင့်
အောင်ပြုလုပ်သွားမည်ဟု စစ်ကိုင်းတိုင်း
F.N.Iတာဝန့်ခံတစ်ဦးဖြစ်သူ ဦးတင်နိုင်ထွန်း
မှပြောသည်။

တပ်သိမ်းလယ်ယာမြေများအားလုံး မူလပိုင်
ရှင်များပြန်လည်ရရှိရေး အကျဉ်းကျခံ
တောင်သူများ ပြန်လည်လွတ်မြောက်ရေး
တရားစွဲဆိုခံတောင်သူများအမှုပြန်လည်
ရုတ်သိမိးပေးရေး စစ်တပ်မှဥပဒေမဲ့ သီးနှံ
ဖျက်ဆီးနေမှုများအားရပ်တန့် ပေးရေး
တရားဥပဒေစိုးမိုးရေး ဆိုင်းဘုတ်ပါစာသား
များကို ကိုင်ဆောင်၍ ဟစ်ကြွေးသံ ၅ရက်
နဲအတူဆန္ဒဖော်ထုတ်မည့်ဟု F.N.Iအဖွဲ့ဝင်
ဦးတင်အုံးကျော်မှပြောသည်။

ကျွန်ပ်တို့ မြန်မာနိုင်ငံတောင်သူလယ်သမား
များနှင့်အလုပ်သမားများအရေးကူညီဆော
င်ရွက်နေသူများအဖွဲ့ အနေဖြင့် ယခုကာလ
အတွင်းဖြစ်ပေါ်နေသော တောင်သူလယ်
သမားများ၏ ဖြစ်ရပ်ဆိုးများနှင့်ပက်သက်
၍ ဒုက္ခခံစားနေရသော တောင်သူလယ်သ
မားများနှင့်ထက်တူ လိုက်လျောခံစားခြင်း
ကြောင့်ဤကြော်ငြာချက်ကိုထုတ်ပြန်ရတာ
ဖြစ်တယ်
ကျွန်တော်တို့ သဘေားထား ကြော်ငြာချက်
ကတော့ မြန်မာနိုင်ငံရှိ ကချင် ကရင် ချင်း
ကယား မွန် မြန်မာ ရှမ်း ရခိုင် တိုင်းရင်းသာ
းမောင်နှမများ၏ လူဦးရေ (၇၅)ရာခိုင်နှုန်း
အများစုသည် လယ်ယာမြေကို အမှီသဟဲ
ပြုပြီး နိစ္စဓူဝ စားမှု ဝတ်မှု နေထိုင်မှုနှင့်
မိသားစုဘဝ အနာဂတ် ပညာသင်ကြားရေး
အစရှိသည့် လူမှုကိစ္စအဝဝကို မိမိတို့ရိုးရာ
လယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုး
လုပ်ကိုင်ပြီး ရုန်းကန်ဖြေရှင်းနေကြရသည်
တောင်သူများအလုပ်သမားများ၏နေစဉ်
ဖြစ်ပြက်ခဲ့သောအရာအားလုံးနဲ့အတူ
သဘေားထား( ၉)ချက်ထုတ်ပြန်ထားပါ
ကြောင်း အထက်မြန်မာပြည် F.N.Iတာဝန့်
ခံမန္တလေးမှ ဦးကိုကိုကြီးကရှင်းလင်းပြေား
ပြခဲ့ပါသည်။

ထို့ နောက်မှတက်ရောက်လာသောဒေသခံ
တောင်သူလယ်သမားများကို ၁၃ ရက်နေ့ 
ဆန္ဒဖော်ထုတ်မည်သဘေားထားများကို
ကောက်ခံ၍ ဟစ်ကြွေးမည်စာတန်းပါစာရွက်များကို
ပေးဝေခဲ့ပါသည် ဟစ်ကြွေးမည် စာရွက်ပါ
စာများမှ
တပ်သိမ်းယာမြေများအားလုံးမှုလပိုင်ရှင်မျာ
းပြန်လည်ရရှိရေး ဒို့ အရေး
အကျဉ်းကျခံ တောင်သူများပြန်လည်လွတ်
မြောက်ရေး ဒို့ အရေး
တရားစွဲဆိုခံတောင်သူများ အမှုပြန်လည်
ရုတ်သိမ်းပေးရေး ဒို့ အရေး
စစ်တပ်မှ ဥပဒေမဲ့ သီနှံဖျက်ဆီးနေမှုအား
ရပ်တန့် ပေးရေး ဒို့ အရေး
သီးစားများ မှုလပိုင်ရှင်၏ လယ်ယာမြေထဲမှ
အမြန်ဆုံးထွက်ခွာပေးရေး ဒို့ အရေး
စသည့်အချက်များပေးဝေပြီး တောင်သူများ
မြို့နယ် ကြီး (၅) မြို့နယ် မှတောင်သူများ
စိတ်တူကိုတူများစုစည်းပြီး သြဂုတ်လ (၁၃)တွင် ကန့်ဘလူမြို့နယ်တွင်ဆန္ဒဖော်
ထုတ်မည်ဟုပြေားပြချက်အရသိရသည်။

posted from Bloggeroid

No comments:

Post a Comment