ပွင့်လင်းမြင်သာမူ မရှိသော ည အိပ်ခွန် ကိစ္စ (ပေးစာ)ရန်ကုန်တိုင်း ဒေသကြီး ၊ ကြည့်မြင်တိုင် မြို့နယ် တွင် 30.7.2014 ည အချိန် တွင်ကြည့်မြင်တိုင် မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေး မှူး ရုံး မှ ဝန်ထမ်းများမှ အိမ်ရှေ့ လမ်းမ များပေါ်တွင် ညအိပ် ရပ်ထားသော ကားများရဲ့ ရှေ့ မှန်များပေါ်တွင် ညအိပ်ရပ်ထားခြင်းနှင့် ပတ်သက်သော သတိပေး စာများလာရောက် ကပ်ထားကြောင်းသိရပါသည်။ထို့ကြောင့် ကားပိုင်ရှင် များ သည် ၎င်းတို့ ချိန်းထားသော အချိန်တွင် သွားရောက်ကြသည့် အခါ ညအိပ်ခွန် နှင့် ပတ်သက်သည့် တာဝန် ကိုယူထား သော ဝန်ထမ်းဆိုသူကညအိပ်ခွန် မပြုလုပ်ထားသူများအား ဒဏ် ငွေ အပါ အဝင် ကဒ် တစ်ခုကို တစ်ကတ်ကို ၈ ထောင် ၊ ၇ ထောင် ၊ ၆ ထောင် စသည်ဖြင့် တောင်းပါသည်။ ကဒ်သာပေး ပြီးမည်သည့် လက်ခံ ဖြတ်ပိုင်းမှ ပေး ဆောင်ခြင်း မရှိကြောင်း ကား ပိုင်ရှင်များထံမှ သိရပါသည်။ထို ကိစ္စ သည် နှစ်စဉ် နှစ်တိုင်း မြို့နယ် စည်ပင်သာယာ ရေး ရုံးတိုင်း ရဲ့လုပ်စားကွက် များ ဖြစ်ကြောင်း သိရပါသည်။ ထို လုပ်ဆောင်ချက်များ သည် နိုင်ငံတော် အတွက် မည်သည့် အကျိုး မှ မရှိ သလို ကား ပိုင်ရှင် များ အတွက် လည်း အချိန် ကုန် ငွေကုန်ပါသည်၊ကား ပိုင်ရှင်များရဲ့ ဒဏ် ငွေ သည် နိုင်ငံတော် နှင့် ပြည်သူများ အတွက်ပြန်လည်ဖြစ်သင့်ပါသည်။သို့ပါသော်လည်း မြို့နယ် စည်ပင်သာယာရေး ရုံး များ အတွက် ဂွင်လုပ်စားကွက်များ အဖြစ် ပေါများ တဲ့ဝင်ငွေ များဖြစ် နေသည်ကို နိုင်ငံတော် အကြီး အကဲများ သိစေချင်ပါသည်။ထိုအတူ ယာဉ်စည်းကမ်း မလိုက်နာသည့် ကားမောင်းသူများ အား ဒဏ်ငွေ များစွာ ရိုက်ခြင်း၊ကား လိုင်စင် နှစ် ရှည် ပိတ် သိမ်းခြင်း များသည် လည်း ပွင့်လင်းမြင်သာမှု ရှိစေရန် အများပြည်သူ သိသာရန်နှင့် အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်မည့် အင်တာနက် စာမျက်နှာမှ ဖော်ပြပေးပါရန် ဒီမိုဝေယံမှ တဆင့် အသိ ပေးအပ်ပါသည်၊ကြည့်၍ မြင်၍ တိုင်သည့် ကြည့်မြင်တိုင်သား


posted from Bloggeroid
No comments:
Post a Comment