Tuesday, August 26, 2014

ဘာအတွက်စိတ်ဒဏ်မကျနဲ့ 

သက်တန့်ချို
Tuesday, August 26, 2014
အရာရာကို ကျေးဇူးတင်လိုက်စမ်းပါ



ပင်ပန်းမှုတွေကြုံရမှ အဆင်ပြေချောမွေ့ခြင်းတန်ဖိုးကိုသိလိမ့်မယ်
စွန့်ပစ်ခြင်းကို ကြုံတွေ့ဖူးမှ ကယ်ဆယ်ခြင်းရဲ့တန်ဖိုးကိုသိလိမ့်မယ်

အထီးကျန်ခြင်းကို ကြုံတွေ့ဖူးမှ အသိုင်းအ၀ိုင်းဆိုတာကို နားလည်လိမ့်မယ်
အခက်အခဲဆိုတာ ကြုံတွေ့ဖူးမှ လူ့တန်ဖိုးဆိုတာကို နားလည်လိမ့်မယ်

နာကျင်ခြင်းကို ခံစားဖူးမှ အရာရာကို နေသားကျလာလိမ့်မယ်
မုန်းတီးခြင်းကို ခံစားဖူးမှ ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကိုသိလာလိမ့်မယ်

ပင်ပန်းမှာကို မကြောက်ပါနဲ့
အထီးကျန်မှာကို မကြောက်ပါနဲ့
နာကျင်ရမှာကို မကြောက်ပါနဲ့
နွံတောထဲမှာပတ္တမြားအရောင်က ပိုပေါ်လွင်သလို
တန်ဖိုးမဲ့ခြင်းတွေထဲမှာ ဘယ်အရာက ပိုတန်ဖိုးရှိတယ်ဆိုတာ ပေါ်လွင်ပါတယ်

အရာရာကို ကျေးဇူးတင်လိုက်စမ်းပါ
ရုန်းကန်ထိုးဖောက် မာကြောတဲ့ စိတ်ဓါတ်ကို
ပင်ပန်းနာကျင်ဆင်းရဲခြင်းတွေကပဲ သင်ပေးနိုင်တာမို့ပါ ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.....

posted from Bloggeroid

No comments:

Post a Comment