Tuesday, August 5, 2014

ရတနာဂူပွဲတော် စတော့မည်

ရတနာဂူဘုရားပွဲတော်ကြီး

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်
နှစ်စဉ်ကျင်းပလျှက်ရှိသော ပွဲတော်ကြီးကို
ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့မှ ၁၅ ရက်
နေ့အထိစည်းကားသိုက်မြိုက်စွာကျင်ပနိုင်
ရန်အတွက် သြဂုတ်လ ၄ ရက်နေ့ တွင်
ပွဲတော်အတွက်ပြင်စဉ်နေကြပါသည်ကိုတွေ
ရှိခဲ့ရသည်။

ရတနာဂူဘုရားဖြစ်တည်လာပုံမှ ပုဂံခေတ်
အနော်ရထာမင်းတရားကြီးလက်ထက်
တောင်ပြုံးမင်းနှစ်ပါးအားအသက်ခံရသော
သတင်းကြောင့် အမရပူရတွင် သားတော်
နှစ်ပါးနောက်လိုက်လာသော ပုပ္ပားမယ်တော် မယ်ဝဏ္ဍာမှရင်ကွဲနာကျ၍
သေဆုံးခဲ့သောနေရာ ရတနာဖြင့်ဂူပေးပြီး
ဘုရားတစ်ဆူတည်ပေးခဲ့ရာမှယခုနှစ်စဉ်
ကျင်းပလျှက်ရှိသော ရတနာဂူဘုရားပွဲနဲ့
မယ်တော်ရွှေပုပ္ပားနတ်ပွဲတော်ကြီးဖြစ်လာခဲ့
ပါတယ် ဒီနှစ်စဉ်ကျင်းပလျှက်ရှိသောပွဲအား
ညမထွက်ရအမိန် ၁၄၄ မရုတ်သိမ်းပေးလဲ
ပြုလုပ်သွားမယ်လို အထက်နန်မှ နန်းထိမ်း
အဒေါ်ကြီးကပြေားကြားခဲ့ပါသည်။

ဝါခေါင်လဆန်း ၈ မနက်တွင် နတ်များအား
ချိုးရေတော်သုံးပြီး အနယ်နယ်အရပ်ရပ်မှ
နတ်နဲ့သက်ဆိုင်သော နတ်ဝင်သည်များမှ
နတ်ချော့ပြီး လကွယ်နေ့တွင် မယ်တော်ကို
ပုပ္ပားကိုပြန်ပို့ပွဲအဖြစ်နှစ်စဉ်ပြုလုပ်ပါတယ်
မယ်တော်ကြိုးပွဲကိုတော့ နယုန်လမှလုပ်
ပါတယ် ရတနာဂူပွဲတော်ရက်မှ ညမထွက်
ရအမိန့် ရုပ်သိမ်းမယ့်လို ထင်ပါတယ်
မယ်ကတော်ကလည်းသူပွဲတော်ရက်ကို
နှစ်စဉ်ကျင်ပတဲ့အတိုင်ပြုလုပ်မယ်လိုထင်တယ်လို နတ်နန်းတွင် ရောက်ရှိနေသော
နတ်ဝင်သည်ကြီးကပြေားပြခဲ့ပါတယ်။

ညမထွတ်ရအမိန့်ကြောင့် ပွဲတော်အားညမှ
လာရောက်၍ ဇာတ်ကြည့်ကြသောသူများ
ပွဲလမ်းလျှောက်သူများအတွက်အခတ်အခဲ
ရှိနိုင်တာကြောင့် ပွဲတော်ရက်မှ ၁၄၄ မရှိရင်
ပိုကောင်းပါတယ်လိုဒေသခံတစ်ဦးပြေကြား

တောင်ပြုံးမင်းနှစ်ပါးပွဲတော်အပြီး ၇ ရက်
ချာမှတော်ရတနာဂူဘုရားပွဲတော် မယ်တော်ပွဲတော်အားကျင်ပနိုင်ရန်အတွက်
တာဝန်ရှိသူများဈေးဆိုင်ခန်းများ နတ်စဥ့်
များပြုလုပ်နေတာတွေရှိခဲ့ရပေမယ့်
ညမထွက်ရအမိနိကြောင့် ပွဲတော်အား
ညများလုပ်ဖြစ်မဖြစ်မသေချာသေကြောင်း
တောင်ပြုံးမင်းနှစ်ပါးနဲ့မယ်တော်တို့ပျော်တဲ့
ပွဲတော်အား ၁၄၄ ရှိရှိမရှိရှိကျင်ပသွားမည်
ဖြစ်ကြောင်းဒေသခံတစ်ဦး၏ပြေားပြချက်အရသိရပါသည်။

posted from Bloggeroid

No comments:

Post a Comment