Tuesday, August 5, 2014

တောင်ကြီးသတင်း

တောင်ကြီးမြို့ ဂုဏ်ဆောင် ကြိုးတံတားမှ ကျိုးတံတား မဖြစ်ရလေအောင် (ပေးစာ) တောင်ကြီးမြို့ အဝင် ရှုခင်းသာ ပန်းခြံအတွင်းမှ သစ်သားကြိုးတံတားသည် တောင်ကြီးမြို့၏ ဂုဏ်ဆောင် ကြိုးတံတားဖြစ်သလို ရုပ်ရှင် ဗီဒီယို၊ မြင်ကွင်းများ ရိုက်ကူးရာတွင် အနယ်နယ် အရပ်ရပ်မှ မြင်တွေ့နေကြ ဖြစ်သည့်အတွက် မြို့ဂုဏ်ဆောင် ကြိုးတံတားကြီး အဖြစ် ရပ်တည်နေပေသည်...။ တောင်ကြီးမြို့သို့ အနယ်နယ် အရပ်ရပ်မှ အလည်အပတ် လာရောက်သူများ အနေဖြင့် ဤကြိုးတံတားပေါ်သို့ မရောက်ရောက်အောင် အလည်ပတ် သွားရောက် လေ့လာ အမှတ်တရ ဓာတ်ပုံ မှတ်တမ်းများ သွားရောက် ရိုက်ကူးကြလေသည်။သို့သော်လည်း ယနေ့ အချိန်အခါတွင် ကြိုးတံတားပေါ်ရှိ သစ်သား ကြမ်းခင်းများမှာ ဆွေးမြေ့ ပေါက်ပြဲလျှက်ရှိပြီး လာရောက်ကြည့်ရှု လည်ပတ်သူ မြို့ခံများ ပြည်တွင်း၊ ပြည်ပခရီးသွားများ၊ ကလေးငယ်များ အတွက် အင်မတန်မှ အန္တာရာယ်ရှိသည့် အနေအထားသို့ ရောက်ရှိနေပေသည်။ မိုးရာသီ အကုန်တွင် ကျင်းပတော့မည့် တောင်ကြီးမြို့ အနီးဝန်ကျင်မှ ပွဲတော်များအတွင်း ရောက်ရှိလာကြမည့် အနယ်အနယ် အရပ်ရပ်မှ ခရီးသွားများ၊ ပြည်သူများ လာရောက်လည်ပတ်ပါက ဆွေးမြေ့နေသော တံတား ကြမ်းခင်းများမှာ အသက်အန္တရာယ် အတွက် စိုးရိမ်စရာပင် ဖြစ်နေသလို လက်ရှိ အခြေအနေမှာလည်း ဆွေးမြေ့ပေါက်ပြဲနေသော ..တံတားကြမ်းခင်းများအား အသစ်လဲလှယ်ကာ တံတား ကြံ့ခိုင်ရေးအတွက် သက်ဆိုင်ရာမှ ..အလျင်အမြန် ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။တောင်ကြီးမြို့ ဂုဏ်ဆောင် ကြိုးတံတားမှ ကျိုးတံတား မဖြစ်ရလေအောင် ကြိုတင် ကာကွယ်၊ ..ပြင်ဆင်ပေးပါရန် ဒီမိုဝေယံမှတဆင့် သက်ဆိုင်ရာအား အသိပေး အကြောင်းကြားအပ်ပါသည်။တောင်ကြီးမြို့မှ တာဝန်သိ ပြည်သူတဦး..

posted from Bloggeroid

No comments:

Post a Comment