Tuesday, August 26, 2014

စစ်တပ်ကယခုအချိန်အထိမြေများသိမ်း

ရွာထဲကိုတပ်ပိုင်မြေမကျူးကျော်ရဟုကျော
က်တိုင်များစိုက်ခံရသောညောင်နီကျေးရွား
ရပ်ကွက်ကြီး (၁၄)ဒေသခံမျာဒုက္ခတွေ့ 

ကျွန်တော်တို့ကနှစ်ပေါင်များစွာမမွေးခင်က
တည်းကနေလာသောနေရာကိုဖယ်ပေးလို
က်တာနဲ့ တောင်ပြင်လွတ်သောခွေများဘဝ
ရောက်ပါပြီလို့ပြောပြရင်းငိုနေသောဒေသခံ
များဘဝကို သြဂုတ်လ ၂၅ ရက် က့ တွေ့ ရ။

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့ နယ်
ရပ်ကွက်ကြီး (၁၄ )ရှိ ညောင်နီးကျေးရွာကို
၁၉၉၉ ခုနှစ်ကစတင်၍ဗိုလ်ချုပ်ရွာအဖြစ်
သိမ်းယူခဲ့ပြီး ဗိုလ်ချုပ်ရွာတည်ခဲ့၍စိုက်ပျိုး
မြေများအသိမ်းခံခဲ့ပြီးအခုရွာကိုဖယ်ရှားခိုင်
နေပါတယ်ကျွန်တော်တို့ကကျူးများမဟုတ်
ပါဘူး ဖိုးဘွားအဆက်ဆက်ကဒီရွာမှနေလာတာပါ
ဒါကိုအခုတပ်ပိုင်မြေမကျူးကျော်ရဆိုပြီး
ဆိုင်ပုဒ်ပါကျောက်တိုင်များစိုက်ထူးပြီး
အလံတိုင်များလာရောက်စိုက်ထူထားပြီး
ကျွန်တော်တို့ကျေးရွာဒေသခံတွေကိုဖယ်
ရှားပေးပါရန်စာများပိုပြီးမဖယိရှားပေးပါက
တရားဆွဲဆိုမည်ဖြစ်ကြောင်းအကြောင်းကြ
ားစာများကိုအိမ်တိုင်ရာရောက်လာပိုထား
ပါ သူတို့ကအခုမှကန်တော်ကြီးစီမံကိန်ဆို
ပြီးကျွန်တော်တိုကိုအနိုင်ကျင်ပြီဘဲခိုင်တာ
ကျွန်တော်တိုရွာက အင်္ဂလိပ်မင်လက်ထက်
ကဒီရွာရှိပါတယ် ရွာအမည်ကအိမ်ဒီရမ်းလို
ခေါ်ပါတယ်အင်္ဂလိပ်မင်များခိုင်သောသူများ
အဖြစ်ရွာတည်ခဲ့တာပါလို ညောင်နီကျေးရွာ
နေ ဦးကြည်မောင်မှပြောသည်။

ကျွန်မတို့ ကကျူးတွေမဟုတ်ပါဘူးမိဘဖိုး
ဘွားတွေလက်ထက်ကနေနေလာတာမိဘ
တွေတောင်သေကုန်ပြီးအခုသူတို့က လာ
ကျူးပြီးအခုကျွန်မတိုကိုကျူးတွေပါဆိုပြီး
ရွာကိုလာဖယ်ခိုင်တာတရားပါသလား
အိမ်ခြေအရဆိုရင် ၅၀ လောက်ရှိပါတယ်
တရားဆွဲဆိုခံရတာကတော့ ၂၈ ဦးဖြစ်ပါ
တယ်နိုင်ငံတော်အစိုကိုလည်းကျွန်မတို့ 
ယုံကြည်မှုမရှိတော့ပါဘူ လိုဒေသခံအမျိုး
သမီးတစ်ဦးမှပြောသည်။
ကျွန်တော်တို့ညောင်နီကျေးရွာသူကျေးရွား
သားတွေဟာဘာအတွက်ကြောင်းသိမ်းတာ
ဘယ်တွေကသိမ်းတာဆိုတာမသိရဘဲ
ကျွန်တော်တို့၏အိမ်ဝင်အတွင်တွေမှတပ်
မြေမကျူးကျော်ရဆိုပြီးကျောက်တိုင်နဲ့အလံ
တိုင်များလာရောက်စိုက်ထူးထားပါတယ်
ကျွန်တော်တို့ အလုပ်သွားနေချိန်များနဲ့
အမျိုးသမီးများရှိနေချိန်များကိုရွေးပြီး
အလုပ်သမားများလွတ်ပြီးလာစိုက်တာပါ
ဘယ်သူလာစိုက်လည်မသိုရပါကြောင်း
ကိုဝင်းလွင်မှပြောသည်။

ကျွန်တော်တို့ ကတာဝန့်အရလာခဲ့တာပါ
ဒီကိစ္စနဲပက်သက်၍ဖြေကြားခွင့်မရှိပါဘူး
အထက်ကခိုင်လို ရတာပါလို့ ပြင်ဦးလွင်မြို့
ကမြို့မရဲစခန်မှတာဝန်ရှိသူရဲတပ်ဖွဲ့ဝင်တစ်
ဦးမှဖြေကြားခွင့်မရှိကြောင်းပြောသည်။

ကျွန်တော်အနေနဲ့ကျွန်တော်အုပ်ချုပ်ရေးမှူ
းဖြစ်လာတာကဒီကျေးရွာကလူတွေတင်လို
ဖြစ်လာတာပါ ကျွန်တော်ရွာသားတွေကို
ဒီလိုမဖြစ်ခံပါဘူး မီတာတွေဖြုတ်ခိုင်ပါတယ်
သူတို့ကဂရံပေါက်ပြီးအိမ်ထောင်စုရှိပြီသာ
သူတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်ဖြုတ်
မပေးနိုင်ကြောင်းကို GE တပ်ကဗိုလ်မှူးကို
ကျွန်တော်ပြန်ပြောလိုက်ပါတယ် ဒီမြေကို
ဘယ်သူပိုင်တယ်မပိုင်ဘူးကကျွန်တော်အ
နေနဲ့ပြောရင်တော့ ရွာသားတွေကပိုင်ဆိုင်
မှုရှိပြီးသားသူများလည်းဖြစ်တယ်
တပ်ကလည်း လန ၃၉ ပြပြီးဖယ်ရှားခိုင်ပါ
တယ် ကျောက်တိုင်တွေလာစိုက်တာလည်း
ကျွန်တော်အုပ်ချုပ်ရေးမှူးကိုခေါ်ယူခြင်းမရှိ
ဘဲ လာရောက်စိုက်ထူးသွားတာပါ
ကျွန်တော်စိုက်သွားတယ်လိုသတင်းကြား
လိုသွားရောက်ကြည့်ရှုံခဲလိုသိရပါတယ်
ဒီကိစ္စတွေဖြစ်လာတာနဲ့ တရားဥပဒေအရ
ရင်ဆိုင်သွားကြရင်ရှင်းသွားမှပါအခုလည်း
ရဲတပ်ဖွဲ့မှတာဝန်ရှိသူတွေက ကျေးရွားသား
တွေရဲပိုင်ဆိုင်မှတ်တမ်းလာရောက်ကောက်
ယူနေပါတယ် တောင်သူတွေကိုတော့
စတင်ဘာလ ၁၅ ရက်နေ့ တွင်အပြီးဖယ်
ရှားခိုင်သော်စာများရောက်ရှိနေတာကို
ဒေသခံရွာသားများ၏ပြောပြချက်အရသိ
ရှိရပါကြောင်းညောင်နီကျေးရွာရပ်ကွက်ကြီး
(၁၄)အုပ်ချုပ်ရေးမှူးဦးဝင်းဆွေလှိုင်မှဖြေ
ကြားခဲ့ပါသည်။

ကျွန်တော်ကကျေးရွာမြေယာကော်မတီဝင်
တစ်ဦး ဦးမြင့်ဖေပါရွေပုဇွန်နဲ့ဘာမှမဆိုင်ပါ
ဘူးကျေးရွားကလူတွေကဟိုအရင်နှစ်ပေါင်
၁၀၀ ကျော်ထဲ့ကရှိတဲ့ရွာပါစစ်တပ်ကသိမ်း
ထားတယ်ဆိုသော လန ၃၉ ဖြက်သိမ်းထား
တာလည်းသူတို့သိပါတယ်သက်သ်မဲ့
ကျေးရွာကလူတွေကို ဒုက္ခပေးတာဖြစ်ပါတ
ယ်ကျွန်တော်ရွာသားတွေကိုဒီလိုမတရားမ
လုပ်ဖိုလည်း ဗိုလ်မှူးကျွန်တော်ကိုယ်တိုင်
သွားပြောခဲ့ပါတယ်လို ဦးမြင့်ဖေမှပြောကြား
ခဲ့ပါသည်။

ညောင်နီကျေးရွာ ရပ်ကွက်ကြီးပြင်ဦးလွင်
မြို့
အကြောင်းအရာ ရွှေပုဇွန်ကုန်းကန်တော်
ကြီးအိမ်စီမံကိန်းရှိ စီ-၁၇/၁၈/၁၉မြေယာ
များတွင် ကျူးကျော်ဝင်ရောက်နေထိုင်မှု
အားဖယ်ရှားပေးနိုင်ရေး
ရည်ညွန်ချက်( ၁)မန္တလေးတိုင်းအေးချမ်း
သာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ၏
(၄ ၉ ၂၀၀၆)ရက်စွဲပါစာအမှတ် ၅/၄၃-
၂၃၇/ဦး ၆ (၂၆၃၄)
(၂)မန္တလေးတိုင်းအေးချမ်းသာယာရေးနှင့်
ဖွံဖြိုးရေးကောင်စီ၏(၂ ၁၀ ၂၀၀၇)ရက်စွဲပါ
စာအမှတ် ၅/၄၃-၂၃၇/ဦး၆(၃၉၆၅)
၁။ရွှေပုဇွန်ကုန်းကန်တော်ကြီးအိမ်ယာစီမံ
ကိန်းရှိစီ-၁၇/၁၈/၁၉မြေနေရာမျသည်
အထက်ရည်ညွန်းချက်(၁)(၂)ပါစာမျာအရ
တပ်မှူးအမှတ်(၉၅၈)ဆောက်လုပ်ရေးအင်
ဂျငိနီယာတပ်ခွဲအမည်ဖြင့်လန-၃၉ကျပြီး
မြေနေရာများဖြစ်ပါသဖြင့် ငှင်းမြေနေရာမျာ

းမှဝင်ရောက်ကျူးကျော်အဆောက်ဦးလုပ်
၍နေထိုင်လျှက်ရှိကြောင်းစစ်ဆေးတွေ့ရှိရ
ပါသည်
သိုဖြစ်ပါ၍နေထိုင်သူများမှဤစာလက်ခံရရှိ
သည်နေ့မှ၂၀၁၄ခုနှစ်စက်တင်ဘာလ ၁၅
ရက်နေ့အပြီးနေထိုင်သူများမှအဆောက်ဦး
နှင့်ပစ္စည်းများအားယူဆောင်၍စီ၁၇/၁၈/
၁၉မြေနေရာများမှဖယ်ရှားပေးနိုင်ရေးမေ
တ္တာရပ်ခံအကြောင်းကြားအပ်ပါသည်
၂၀၁၄ စတင်ဘာလ ၁၅ ရက်နေ့ကျော်လွန်
၍ဖယ်ရှားပေးခြင်းမရှိပါကနေထိုင်သူများ
အားတရားဥပဒေအရထိရောက်စွာအရေး
ယူဆောင်ရွက်သွားဖြစ်ကြောင်းအကြောင်း
ကြားအပ်ပါသည်ဟုသောစာများအား
ဒေသခံများမှမိတ္တူပေး၍သိရှိရပါသည်။

posted from Bloggeroid

No comments:

Post a Comment