Sunday, August 31, 2014

ပြင်ဦးလွင်မှပြသာနာ

ပြင်ဦးလွင်မြို့နယ်ရှိ အမှတ်(၉၅၈)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲကညောင်နီကျေးရွာမှ တောင်သူများ၏လက်ရှိစိုက်ပျိုးလုပ်ကိုင်နေထိုင်လျက်ရှိသောကျေးရွာပိုင်မြေနေရာအားတပ်ပိုင်မြေဟုဆိုကာ ကွန်ကရစ်တိုင်ခြံစည်းရိုးများဝင်ရောက်ခတ်နေမန္တလေး    သြဂုတ်မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အမှတ်(၂)နယ်မြေ ရပ်ကွက်ကြီး(၁၄)ညောင်နီကျေးရွာ ကွင်း အမှတ်(ပြင်) ဧရိယာ (၁၈.၉၈)ဧကရွှေပုဇွန်ကုန်းကန်တော်ကြီးအိမ်ရာစီမံကိန်းရှိ စီ-၁၇၊စီ-၁၈၊စီ-၁၉ မြေနေရာများပေါ်တွင် စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသော ဒေသခံတောင်သူများ၏ကျေးရွာပိုင်မြေနေရာအား  ပြင်ဦးလွင်မြို့ရှိ အမှတ်(၉၅၈)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက တပ်ပိုင်မြေဟုဆိုကာ သြဂုတ်(၃၀)ရက်နေ့တွင် ကွန်ကရစ်တိုင်ခြံစည်းရိုးကာရံခြင်းများဝင်ရောက်ပြုလုပ်နေကြောင်းသိရသည်။အဆိုပါကျေးရွာပိုင်မြေကိစ္စနှင့်ပတ်သတ်၍ ဒေသခံတောင်သူဦးကြည်မောင်က“ကျွန်တော်တို့ စိုက်ပျိုး လုပ်ကိုင်ခဲ့တဲ့မြေနေရာတွေကို ၁၉၉၇ခုနှစ်ခန့်ကပြင်ဦးလွင်ခရိုင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က မတရားသိမ်းယူခဲ့ပြီးရွာသားခုနစ်ဦးကိုလည်း ကျူးကျော်မှုနဲ့ ချုပ်နှောင်ခဲ့တယ်။  အဲဒီနောက်နိုင်ငံတော်အဆင့် ကို ဖြစ်စဉ်အခြေအနေမှန်တင်ပြပြီးမြေပြန်လည်ရရှိရေးတောင်းခံခဲ့လို့ ပြန်လည်ပြီးစိုက်ပျိုးလုပ်ကိုင်ခွင့်ကဒီနေ့ အချိန်ထိရရှိခဲ့တယ်။၂၀၀၅-၂၀၀၆ခုနှစ်မှာသစ်တောမြေဧရိယာဧက(၅၀၀)ကိုရွှေပုဇွန်ကုန်းအိမ်ရာစီမံကိန်းဆိုပြီးအမှတ်(၉၅၈)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက သိမ်းယူခဲ့တယ်။၂၀၀၇ခုနှစ်မှာလည်း ကျွန်တော်တို့ပိုင်တဲ့ မြေနေရာတွေကိုရွှေပုဇွန်ကုန်းအိမ်ရာအတွက် သီးခြားစီမံခန့်ခွဲရန်ရှိတယ်ဆိုပြီးထပ်မံသိမ်းယူခဲ့တယ်။နောက်ပြီး သူတို့က တပ်မြေမကျုးကျော်ရဆိုတဲ့ကျောက်တိုင်တွေလာစိုက်တယ်။ ကျွန်တော်မှာ သီးစားမြေခွန်စာရွက် တွေနဲ့ပုံစံ-၁၀၅မြေပုံတွေလည်းရှိတယ်။ဒါကို သူတို့ကလန.၃၉ကျပြီးတဲ့ပိုင်ဆိုင်မှုမြေနေရာဆိုပြီး အလံနီတွေ၊ကွန်ကရစ်ကျောက်တိုင်တွေလာစိုက်နေတယ်။ ပြီးတော့ သူတို့ရဲ့လန.၃၉ပေါ်မှာပါရှိနေတယ်ဆိုတဲ့ တောင်သူ(၂၈)ဦးကို ဒီနှစ်စက်တင်ဘာ(၁၅)ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးဖို့ဆိုပြီး စာတွေပို့တဲ့အပြင်ပြင်ဦးလွင်မြို့မရဲစခန်းမှာ ပုဒ်မ(၄၄၇)နဲ့အမှုကိုလည်းဖွင့်ထားတယ်။အခုလည်း ကျွန်တော်တို့ ကျေးရွာပိုင် မြေ နေရာတွေကိုအတင်းဝင်ရောက်ပြီးတော့ ခြံစည်းရိုးခတ်နေကြတယ်။ ကျွန်တော်တို့မြေနေရာတွေကဘိုးဘွား စဉ်ဆက်နေထိုင်လာတဲ့အတွက် လက်ရှိမြေနေရာပေါ်ကနေ ဖယ်မပေးနိုင်ဘူး။ဖြစ်လာတဲ့ပြဿနာပေါ် မူတည် ပြီး ရင်ဆိုင်ဖြေရှင်းသွားမှာပါ။”ဟုပြောသည်။ဆက်လက်၍ ဒေသခံတောင်သူကိုဇော်ထွန်းဦးကလည်း“ ဒီရွာက နှစ်ပေါင်း(၁၀၀)ကျော်ရှိခဲ့ပြီ။ ကျွန်တော် လည်း ဒီရွာမှာကြီးပြင်းလာခဲ့ရတယ်။ အခုဟာကကျွန်တော်တို့မြေနေရာပေါ်ကိုလည်းလာပြီးကျုးကျော်တယ်။ ကျွန်တော်တို့ကိုလည်းကွင်းပြင်ထဲလွှင့်ပြစ်တဲ့ခွေးတွေလို မောင်းထုတ်ခံနေရတယ်။ကိုယ်ခြင်းစာမှုလုံးဝမရှိဘူး။ သက်ဆိုင်ရာအကြီးအကဲတွေကိုတင်ပြတော့လည်းဘာမှမထူးခြားဘူး။ ဒီနေ့ပြင်ဦးလွင်မြို့မရဲစခန်းက ရဲအရာရှိတွေလာပြီး ကျွန်တော်တို့တောင်သူ(၂၈)ဦးကို ပိုင်ဆိုင်မှုစာရွက်စာတမ်းနဲ့အထောက်အထားတွေကို လာ ရောက်စစ်ဆေးပြီး လူတွေ့ခေါ်ယူမေးမြန်းခဲ့တယ်။ဘယ်လိုဖြစ်လာမယ်ဆိုတာမသိဘူး။ ကျွန်တော်တို့ကလည်း ဒီနေရာကနေဖယ်မပေးနိုင်ဘူး။”ဟု ပြောသည်။“တရားဥပဒေနဲ့အညီ တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းပေးဖို့၊ တပ်မတော်နဲ့ရွာသားတွေပြဿနာမတက်အောင် မေတ္တာရပ်ခံပေးဖို့အတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လာခဲ့တာပါ။ တပ်မတော်ကတာဝန်ရှိသူတွေကိုလည်း ကျွန်တော့်ကတွေခွင့်တောင်းပေမယ့် ဒေသခံတွေရှေ့မှာတွေ့ဆုံခွင့်မရခဲ့ပါဘူး။ နိုင်ငံတော် လုံခြုံရေးအတွက် တပ်မတော်အနေနဲ့တကယ်လိုအပ်တယ်ဆိုရင် ရွားသားတွေအနေနဲ့ ဖယ်ပေးဖို့မေတ္တာရပ်ခံပြီးပြောပေးမှာပါ။ အဲဒီအတွက်ကျွန်တော်လာခဲ့တာပါ။သူတို့လုပ်နေတာကို တားဆီးဖို့လာခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်သိချင်တာကဘယ်သူ့အတွက် ဘာလုပ်ဖို့၊ ဘယ်လိုစီမံကိန်းမျိုးကို ဘယ်သူတွေကခိုင်းတာလဲဆိုတာ သိချင်တာပါ။ ဒီကိစ္စနှင့် ပတ်သတ်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးလည်း သိရှိပါသလား။ ကျွန်တော့်အနေနဲ့ကဥပဒေပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီး ဘယ်လိုဆက်လုပ်သင့်တယ်ဆိုတာကိုညှိနှိုင်းပြီး ရွာမြေအပေါ်မှာ တပ်ကကျုးကျော်တဲ့အတွက်တရားဥပဒေစိုးမိုးရေးကော်မတီက ဒေါ်အောင်းဆန်းစုကြည်ထံကိုလည်းတင်ပြသွားမှာပါ။ တောင်သူတွေ ပိုင်ဆိုင်မှုစာရွက်စာတမ်းရှိတာကိုတပ်ကကျုးကျော်နေတဲ့အတွက် သူတို့ကို အရေးယူဖို့မလွယ်ဘူး။ဒါကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီးလွှတ်တော်မှာမေးမြန်းဖို့ဆောင်ရွက်သွားမှာပါ။”ဟုပြင်ဦးလွင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီဟက ပြောသည်။လယ်ယာမြေဥပဒေအရ နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက်လယ်ယာမြေကို သိမ်းဆည်း ရာတွင် အနည်းဆုံးလိုအပ်သောပမာဏကိုသာသိမ်းယူရမည်ဟုလည်းကောင်း၊ စီမံကိန်းအား သတ်မှတ်ကာလ အတွင်းအမြန်ဆုံးပြီးစီးစေရန်ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ခြင်းမပြုနိုင်ပါကမူလလယ်ယာမြေရရှိထား သော ပိုင်ရှင်အား ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း၊၎င်းအပြင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်မှ မူလ ချမှတ်ပေးထားသည့်လန.၃၉အားပယ်ဖျက်ပြီး ၎င်း လန.၃၉ရရှိထားသူများအနေဖြင့် လန.၃၉အစား လယ်ယာမြေအခြားနည်းအသုံးပြုခွင့်ပုံစံ ၃၀(ခ)အားပြန်လည်လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်းကို နိုင်ငံပိုင် သတင်းစာနှင့်သတင်းဌာနများတွင် ကြေညာထားသည်။“နံနက်၉နာရီအချိန်လောက်ကစပြီး စစ်တပ်က အရာရှိတွေနဲ့ အလုပ်သမား၄၀ကျော်လောက် ရောက်လာတယ်။ ကားကြီးတွေပေါ်မှာလည်း အသင့်ယူဆောင်လာတဲ့ဆိုင်ဘုတ်ကြီးနှစ်ခုကို  ကျွန်တော်တို့ ရွာလယ်လမ်းမကြီးပေါ်မှာတပ်ပိုင်မြေမကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်ကို စိုက်ထူခဲ့တယ်။နောက်ထပ်ကားနှစ်စီးရောက်လာပြီး အလုပ်သမားတွေနဲ့ စစ်တပ်ကအရာရှိတွေကိုယ်တိုင် ကွင်းအမှတ်(၁၇)ကို ပါလာတဲ့အင်အားနဲ့ကွန်ကရစ်ကျောက်တိုင်တွေစိုက်ပြီး ခြံစည်းရိုးခတ်တယ်။ နောက်ပြီးတော့အိမ်တွေမှာ တပ်ထားတဲ့ မီတာတွေဖြုတ်ဖို့ဆိုပြီး လျှပ်စစ်ရုံးက ၀န်ထမ်းတွေကလာရောက်ပြီး မီတာတပ်ထားတဲ့အိမ်ခြေစာရင်းနဲ့ မီတာအလုံးရေစာရင်းကိုကောက်တယ်။ ဒီမီတာတွေကို တပ်ဆင်ပေးခဲ့တာလည်း သူတို့ဘဲ၊အခုဖြုတ်မယ်ဆိုတော့လည်းသူတို့ဘဲ။မီတာလျှောက်တယ်ဆိုတာက လည်းမြေပိုင်ဆိုင်မှု အထောက်အထားမရှိရင်လျှောက်လို့မရဘူး။ စက်တင်ဘာ ၁၅ရက်နေ့နောက်ဆုံးဆိုပြီး ဒီနေရာက ဖယ်ပေးဖို့ နို့တစ်စာပေးပို့ထားပါတယ်။အဲဒီနေ့အပြီးမဖယ်ပေးဘူးဆိုလျှင် စက်ယန္တယားကြီးတွေနဲ့လာရောက်ဖျက်မယ်လို့သိရတယ်။ ကျွန်တော်တို့က ဒီအိမ်တွေမှမနေရရင်ဘယ်သွားနေရမှာလည်း အသက်သာအသေခံသွားမယ်ထွက်မပေးနိုင်ဘူး။”ဟုဒေသခံရွာသားတွေက ပြောသည်။ယင်းညောင်နီကျေးရွာသည် အင်္ဂလိပ်အစိုးရလက်ထပ်ကတည်းကမြင်းထိန်းရွာအဖြစ်တည်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ပေါင်း(၅၀)ကျော်ကတည်းကကျေးရွာပိုင်မြေအဖြစ် အသိအမှတ်ပြုခံထားရပြီး ဘိုးဘွားအစဉ်အဆက်မှယနေ့အချိန်ထိ တောင်သူလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ ညောင်နီကျေးရွာတွင်အိမ်ခြေပေါင်း (၂၅၀)ကျော်ရှိ ပြီးလူဦးရေ(၁၀၀၀)၀န်းကျင်ခန့်နေထိုင်လျက်ရှိပြီး ရွာ၏ဧရိယာအကျယ်အ၀န်းမှာတောင်၊မြောက်တစ်မိုင်ခွဲ ခန့်ရှိကာ အရှေ့၊အနောက်မိုင်ဝက်ခန့်ရှိကြောင်းသိရသည်။

posted from Bloggeroid

No comments:

Post a Comment