Tuesday, August 5, 2014

အလုပ်လက်မဲ့မှီခိုဆိုသည်မှ

မှီခို
အလုပ် လုပ်ခြင်းသည် လူတစ်ယောက်၏
ဘုန်းတခိုးပါဘဲ လူတစ်ယောက်ဖြစ်လာရင်
သူအရွယ်နဲ့သူ အလုပ် လုပ်ကြရတာပါဘဲ
အလုပ် မလုပ်ဘဲ မြန်မာနိုင်ငံအနှံ့တွင်
အပျင်းကြီး၍အလုပ် မလုပ်သော ဘွဲ့ရတွေ
ပညာတက်တွေလည်းအများကြီးရှိနေခြင်း
အားလေ့လာကြည့်ရာ အများကြီးတွေ့ရှိရပါ
တယ် မှီခို အလုပ်မရှိသူများ၏ဘဝတွေဟာ

သားသမီးမှမိဘအားမှီခိုသလို မိဘမှသားသမီး များအား မှီခိုရတာတွေ
အပြန်အလှန်မှီခိုမှုနဲ အသက်ရှင်နေထိုင်
ရတာမျိုးရှိပါတယ် သားသမီးများမှမိဘကို
မှီခိုစဉ်က မိဘတွေရဲအခတ်အခဲ့ကိုမသိပါ
မိဘများက သားသမီးများမှီခိုရသောအခါ
အမေကဘာသိလိုလည်း ဒါကျွန်တော်က
အမေတို့နေ့စဉ်စားသောက်နေသောအရာ
တွေက အမေတို့ခေတ်တွေကလို ငွေရှာရတာ မလွယ်ဘူး အမြဲပြောတာ
မိမိတို့ ပါဝန်ကျင်များမှတွေမြင်ရမည်မဟုတ်
ပါလော့.....
အမေတို့က လျှာရှည်ဖိုဘဲသိတာ ဘာသိလို
ဝင်ပြောနေတာလည်း စသည့်အသုံးနှုံးများ
လူကြီးတွေဖြစ်ပြီး ကိုယ်ဟာကိုနေပါ သား
တို့ သမိးတို့ လင်မယာခြားထဲ့ဝင်မပြေားပါနဲ့
ဒီလိုစကားလုံးများဟာ ကိုယ်ရဲမိဘရင်ထဲမှ
ပြန်မပြောပေမယ့် သားသမီးအချစ်မြေအ
နှစ်များ ဟာ မီးပူတစ်ခုလိုဖြစ်သွာခဲ့တာ
မသိကြပါလား ......
လူဘဝရယ်တို့ဖြစ်လာရင် မှီခိုမှုဟာရှက်စရာမဟုတ်ပါ အပြန်အလှန်
မှီခိုရာမှကူညီမှုပေးနိုင်သောသူ ဘာမျော်
လင့်ချက် တောင်ခွင့်မရှိ ကူညီမှုဟာ
လူဘဝအတွက် လူပိသမှုဆိုတာ မမေ့ပါနဲ
အလုပ်မရှိတာ ရှက်စရာမဟုတ်ပါ
အလုပ်အကိုင်မှီခိုဆိုလျှင် ဒီအရွယ်ရောက်
နေပြီးဘအလုပ်မှမလုပ်ဘူ အလကားလူ
ဆိုသော စကားလုံးများ ဟာမှီခိုသူတစ်ဦး
တစ်ယောက်အနေနဲ့ခံနိုင်ပေမဲ့ မှီခိုသူအား
မှီခွင့်မပေးနိုင်ဘဲမပြောပါနဲ့ သင့်ကိုယ်တိုင်
ထိုလူတစ်ယောက်အား မှီခိုခွင့်ပေးထားပါ
သလားဆို သင့်မသိပါ စိတ်ဟာအလွန်
တခိုးရှိသောအရာဖြစ်ပါတယ် ။
သူငယ်ချင်းအခုဘာလုပ်နေလည်း
ငါလည်းမင်းလိုဘဲ အရင်ကအလုပ်မရှိဘူး
မှီခိုတစ်ယောက် ကနေ အခုဒီဘဝရောက်
အောင် ရည်မှန်းချက်အပြည့်နဲ့ ယုံကြည်မှု
တစ်ခုနဲ ကြိုးစားခဲ့တာ အားမငယ်နဲအလုပ်
ရရင်ငါ ဆက်သွယ်လိုက်မယ့်
စကားများဖြင့်အားပေးလိုက်လည်းသူအ
တွက်လုပ်ချင်သောစိတ်တခုဖြစ်ပွားလာမယ့်လိုထင်ပါတယ်
ယောက်ကျားကိုမိန်မကမှီခိုတာတွေရှိသလို
မိန်မကိုယောက်ကျားကမှီခိုရတာတွေဟာ
လည်းအပြန်လှန်မှီခိုတာတွေရှိပါတယ်
အလုပ်မရှိလိုမှီခိုတွေများလာတာဟာမြန်မာ
ပြည်မှမဟုတ်ပါဘူ နိုင်ငံတိုင်မှမှီခိုတွေရှိပါ
တယ်
အလုပ်လက်မဲ့မရှိအောင်ရယ်မှီခိုရှော့ချနိုင်
ရန်အတွက်ဘာတွေလုပ်သင့်လည်းဆိုရင်
လူတိုင်ကိုမှတ်ပုံတင်တွေစစ်တန်းလုပ်ပြီး
အရင်ကဘာအလုပ်လုပ်လည်းအခုဘာ
အလုပ်ရှိလည်းသေချာမေးပြီမှမှီခိုစာရင်များ
နေတာတွေ့မြင်ရပါလိပ်မယ်လိုတင်ပြလိုက်
ရပါသည်။
နေ့စဉ်အလုပ်ရှိပြီးလုပ်အားခပိုက်ဆံအိမ်
ပြန်မပါလာသောသူများအများကြီးရှိနေတာ
ရယ် နေပြန်ငွေတိုးယူထားတာတေ
အလုပ် လုပ်ခအားအလောင်စားလုပ်တာ
တွေဟာအများကြီးရှိနေတာတွေ့ရှိရပါတယ်
လူတစ်ယောက်ဟာ လှေငယ်တစ်စီးရယ်
ပိုက်တစ်လက်ရယ် ရေထည့်ကိုချ၍ကမ်းကို
ကပ်လိုက် ရေလည်ကိုသွားလိုက်နဲ့ တစ်နေ
ကုန်ငါးဖမ်းသော အလုပ်အားလုပ်နေတာ
တွေ့ ရပါတယ် ထိုလူအား ကမ်းကပ်သော
အခါ သွားရောက် မေးကြည့်ရာလှေငယ်အ
တွင်းမှငါး အနည်းငယ်သာတွေ့ရပါတယ်
ဦးလေး ငါးဖမ်းလာတာ နှစ် ၃၀ ကျော်ရှိပြီး
သားသမီး ၇ ယောက်ရှိပါတယ် ဒီဧရာဝတီ
မြစ်ထဲ့မှငါးဖမ်းလာတာ ကတော့ အငယ်ဆုံး
သားတစ်သက်ရှိပါပြီး သူတို့ငယယ်ငယ်က
ဒီးငါးဖမ်းပြီး ပညာသင်ပေးခဲ့တာပါခုထိပါဘဲ
အကြီးသမီးနဲ့ သားကတော့သူအိမ်ထောင်နဲ့
သူဖြစ်သွားပါပြီး အကြီးဆုံးတစ်ယောက်ဘဲ
ဘွဲ့မရတာ ကျန်တဲ့ ၆ ယောက်ကဘွဲ့ရပညာ
တက်တွေဖြစ်နေပါပြီး သူတို့ကတော့ သူတို့
အလုပ်နဲ့သူတို့ ဖြစ်နေပါပြီး ဒါပေမဲ့ ဦးလေး
က သူတို့လုပ်စာကိုမှီခိုပြီးမစားခြင်းပါဘူး
သူတို့လခထုတ်ရင်တော့ သူတို့ဝယ်စရာရှိ
တာဝယ်တယ်သူတို့အမေကိုလည်းအပ်ပါ
တယ် သူတို့နေ့စဉ်ထမင်းထုတ်နဲ့ ဆိုင်ကယ်
ဆီဖိုပြန်ပေးရတာက သူတို့အပ်သောငွေနဲ့
လောက်တောင်မလောက်ပါဘူ ဦးလေးက
တော့သားသမီးတွေ သူအလုပ်နဲ့သူဖြစ်တာ
ဝမ်းသာပါတယ် မိဘဆိုတာ ဒီဧရာဝတီမြစ်
ကြီးလိုဘဲ အမြဲစီးဆင်းနေတာဟာမိဘမေ
တ္တာပါဘဲလို့  ငါးဖမ်းနေသော အသက် ၆၀
ကျော် အဘိုးကြီးတစ်ယောက်မှ ရေလယ်
ကို လှေလော်ရင်ပြေားပြခဲ့ပါတယ်။

ထိုအကြောင်းအရာကို ကြည့်ပါအလုပ်ဟာ
အသက်ကြီးတာငယ်တာနဲ့မဆိုင်ပါဘူး
သူအရွယ်နဲ့ သူတို့ဘဝတွေအတွက်အလုပ်
ဟာ ဘယ်လောက်အရေးကြီးသလည်း
မှီခိုတွေအတွက်အလုပ်ပေးနိုင်ရေးဟာ
မြန်မာနိုင်ငံလူအခွင့်အရေးပညာပေးအဖွဲ့
တွေ အရပ်ဘက်လူအဖွဲ့စည်းတွေ နိုင်ငံမှ
တာဝန်ရှိသူတွေအနေ နဲ့ အဓိကထားလုပ်
သင့်သောအရာတစ်ခုဖြစ်ကြောင်း
အလုပ်လက်မဲ့ဘဝတွေကနေ အပျင်းကြီး
ရောဂါသည်ဘဝရောက်နေသောမှီခိုစား
သောက်နေသောဘဝတွေ လူငယ်တွေကို
ဘယ်အရွယ်မှဘယ်ပညာတက်ရင် ဘယ်
အလုပ်နဲ့သင့်တော်အောင်သက်ဆိုင်ရာ
ဝန်ကြီးဌာနအသီသီမှတာဝန်ရှိသူများကိုယ်
တိုင်မြန်မာနိုင်ငံမှအလုပ်မရှိမှီခိုဘဝတွင်
ရှိနေသော သူများအားသူတို့ထိုက်တန်မှု
ရှိသောနေရာများတွင် လခပေး ၍အလုပ်
ခိုင်လျှင်ပြည်ပ ကိုအလုပ်ထွက်မလုပ်ရဘဲ
မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည့်ဖွံဖြိုးတိုးတက်
ပြီး လိုအပ်သောတိုင်းပြည်စီးပွားလုပ်ငန်းနဲ့
လိုအပ်နေသောဝန်ထမ်းနေရာများအား
ဖြည့်စွပ်နိုင်လျှင် မြန်မာနိုင်ငံဟာ ကမ္ဘာအ
လည်းတွင်း စီးပွားရေးဖွံဖြိုးရေးများအား
မှီခိုအလုပ်လက်မဲ့များအားအသုံးနိုင်လျှင်
ခေတ်မှီဖွံဖြိုးတက်လာသော ရှေးယခင်
မြန်မာမင်းများလက်ထက် လို အလုပ်လက်
မဲ့ကင်ဝေပြီး နိုင်ငံတကာအဆင်မှီမြန်မာနိုင်
ငံတစ်ခုဖြစ်လာနိုင်ပါကြောင်းတင်ပြလိုက်ရ
ပါသည်။

ဒီသတင်းဆောင်ပါးလေးအား အလုပ်လက်
မဲ့ မှီခိုများကိုအသုံးပြု၍တိုင်းပြည်ဖွံဖြိုးတိုး
တက်မူ့အားမျော်ကိုး၍ရေးသားခြင်းဖြစ်ပါ
သည်။ အမှားပါရင်ခွင့်လွတ်ပေးစေလိုပါ
သည် ကျွန်တော်ဟာအသိပညာရှင်းအတက်ပညာရှင်းတစ်ယောက်မဟုတ်ပါ ကျွန်တော်၏
လေ့လာချက်များသာဖြစ်ပါသည်။အားလုံး
ကိုအမြဲထာဝရလေးစားလျှက်ရေးသားခြင်း
ဖြစ်ပါသည်။
ထူးအောင်ခန်

posted from Bloggeroid

No comments:

Post a Comment