Tuesday, August 26, 2014

မန္တလေးက ဇာတ်သဘင်

မန္တလေးတိုင်းဒေသကြီးတွင်ဇာတ်သဘင်
များပြသာနာ
မန္တလေးတိုင်းဒေသကြီးသဘင်ပညာရှင်များအစည်း
အရုံးက(၂၃-၈-၂၀၁၄)ရက်နေ့ ထုတ် ရတနာပုံ
သတင်းစာမှပါရှိသည့် စည်းကမ်းချက်နှင့်မကိုက်ညီ
သော ဇာတ်(၃)ဖွဲ့ အားမန္တလေးတိုင်းဒေသကြီး
အတွင်းဆိုင်းဘုတ်ထောင်ခြင်း ပွဲလက်ခံခြင်း
တီးလုံးတိုက်ခြင်း ပွဲကပြခြင်းတို့ကို ခွင့်ပြုမည်မဟုတ်
ဆိုတဲ့ သတင်းနဲ့ပက်သက်ပြီးကျွန်မတို့ဇာတ်(၃)ဖွဲ့မှ
လုံးဝ ကျေနပ်မှုမရှိပါဟုဆို
သားကြီးလှိုင်ဘွားအောင်ဇာတ် ရွှေပြည့်လျှံဇာတ်
အာရုံဦးမြန်မာဇာတ်သဘင်အားစည်းကမ်းချက်ဖြင့်
မကိုက်ညီသော ဇာတ်(၃)ဖွဲ့အား မန္တလေးတိုင်းဒေသ
ကြီးအတွင်း ဆိုင်ဘုတ်ထောင်ခြင်း ပွဲလက်ခံခြင်း
တီးလုံးတိုက်ခြင်း ပွဲကပြခြင်းတို့ကို ခွင့်ပြုမည်မဟုတ်
ကြောင်းပါရှိခဲ့သည့် သတင်းကြောင့် သဘင်ပညာရှင်
များအစည်းအရုံး၏ လုပ်ရပ်မှသဘင်အစည်းအရုံး
အဆင့်ဆင့်မှတာဝန်နှင့်လုပ်ပိုင်ခွင့်ထက်ကျော်လွန်
ကာ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန တည်ဆဲဥပဒေလုပ်ပိုင်ခွင့်အား ကျော်လွန်
ဝင်ရောက်စွက်ဖက်လုပ်ကိုင်ရာ ရောက်သည့်အပြင်
လူအခွင့်အရေးပိတ်ဆို့ ခြင်း ငှင်းတို့ ပိတ်ပင်ထား
သောဇာတ်(၃)ဖွဲ့ မှ သဘင်ပညာရှင်အင်အားလုပ်သာ
း(၁၀၀)ကျော်နှင့် သဘင်ပညာရှင်လုပ်သားများ၏
မှီခိုသူများပါ စားဝတ်နေရေး အတိဒုက္ခရောက်ရှိနိုင်
ခြင်း လူသားချင်းစာနာမှုကင်းမဲ့စွာဖြင့်လပ်ရပ်သည်
သဘင်ပညာရှင်များအစည်းအရုံးအဆင့်ဆင့်မှလုပ်
ကိုင်ဆောင်ရွက်ရမည့် အလုပ်မဟုတ်ဘဲ သဘင်
ပညာရှင်များအစည်းအရုံးအဆင့်ဆင့်၏ လုပ်ကိုင်
ဆောင်ရွက်ရမည့် အဓိကတာဝန်မှသဘင်ပညာရှင်
များအတွက် တတ်စွမ်းနိုင်သော ကူညီပံ့ပိုးမှု စောင့်
ရှောက်မှုတို့ပြုရန်သာဖြစ်ပါတယ်
အခုတော့ ကျွန်မ တို့ဇာတ်အဖွဲ့ တွေကိုကျေနပ်မှု
မရှိတာနဲ့ သဘင်ပညာရှင်ဇာတ်အဖွဲ့ (၃)၏နောက်က
မိသားစုအားလုံးဒုက္ခရောက်အောင်လုပ်လိုက်တာပါ
လို စကားဝါဒေလီမြင့်မှပြောသည်။
ယခုအခါအန္တလေးသဘင်အစည်းအရုံးမှမလျှော်သြ
ဇာသုံးပြီး သဘင်ပညာရှင်လုပ်သားထုများနှင့်မှီခိုသူ
များစားဝတ်နေရေးခတ်ခဲအောင်ပြုလုပ်နေခြင်းဖြစ်
ပါတယ် မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး
(ဗဟို)မှ နိုင်ငံတော်မှခွင့်ပြုထားသော အသင်းအပင်း
ဆိုင်ရာဖွဲ့စည်ခွင့်အမှတ် ပ-ရက/၀၁၃၀ဖြင့်အသင်း
အပင်းဖွဲ့စည်းခွင့်နှင့်တရားဝင်ဖွဲ့စည်းထားသောအဖွဲ့
အစည်းဖြစ်သည်နှင့်အညီမြန်မာနိုင်ငံသဘင်ပညာ
ရှင်များအစည်းအရုံး(ဗဟို)မှ ထုတ်ပေးထားသော
သဘင်လုပ်ငန်းဖွဲ့ စည်းခွင့်အသိအမှတ်ပြုကဒ်ပါရှိ
သောသဘင်အဖွဲ့အစည်းတိုင်သည်ပြည်ထဲရေးဝန်
ကြီးဌာနသက်ဆိုင်ရာဒေသအထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန ခွင့်ပြုချက်ရယူပြီး မြန်မာနိုင်ငံတဝှမ်းလုံး
မည်သည့်ဒေသ၌မဆိုတီးမှုတ်ကပြခွင့်ရှိကြောင်း
သိရှိစေရန်နှင့် မန္တလေးတိုင်းသဘင်အစည်းအရုံး၏
သတင်းစာပါကြော်ငြာချက်မှတာဝန်နှင့် လုပ်ပိုင်ခွင့်
ထက်ကျော်လွန်၍လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်သည့်
အတွက်တရားမဝင်ကြောင်းမြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ အသိအမှတ်မပြုကြောင်
းကြော်ငြာအပ်ပါသည်။
စောလှိုင်ဒုက္ကဋ္ဌမြန်မာနိုင်ငံသဘင်ပညာများရှင်များ
အစည်းအရုံး(ဗဟို)မှကျွန်တော်တို့ ဇာတ်အဖွဲ့ (၃)
တိုင်တန်မှုကြောင့်ထုတ်ပြန်ပေးထားပါကြောင်း
မန္တလေးသဘင်ပညာရှင်များအဖွဲ့ မှကျွန်တော်တို့၏
ဇာတ်အဖွဲ့(၃)ဖွဲအားဂုဏ်သိက္ခာကျအောင်ရည်ရွယ်
ချက်ဖြစ်ဒီလိုလုပ်တာပါလိုဦးပန်သုမှပြောသည်။

(၂၃-၈-၂၀၁၄)ရက်နေ့ထုတ် ရတနာပုံသတင်းစာမှပါ
သည့်စည်းကမ်းချက်နှင့်မကိုက်ညီသော ဇာတ်(၃)
ဖွဲ့အားမန္တလေးတိုင်းဒေသကြီးအတွင်းဆိုင်ဘုတ်
ထောင်ခြင်း ပွဲလက်ခံခြင်း တီးလုံးတိုက်ခြင်း ပွဲကပြ
ခြင်းတို့ကိုခွင့်ပြုမည်မဟုတ်ဆိုတဲ့ သတင်းနဲ့ ပက်
သက်ပြီး အခုလိုဖြစ်လာတာတွေက သူတို့ပြောတဲ့
ဆိုင်ဘုတ်ထောင်ခြင်းခွင့်မပြုဆိုတာနဲ့ ပက်သက်လို့
ပြောရရင် ဒါစည်ပင်သာယာရေး ဥပဒေနဲ့ ပဲခွင့်ပြုခြင်း
တားမြစ်ခြင်းပြုလုပ်နိုင်တာဖြစ်ပါတယ် သဘင်ပညာ
အစည်းအရုံးနဲ့ဘာမှမပက်သက်မသက်ဆိုင်ပါကြောင်
ပွဲလက်ခံခြင်းဆိုတာကလည်းလွတ်လပ်တဲ့ စီးပွားရေး
တံခါးဖွင့်ဝါဒ ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံမှဘယ်လုပ်
ငန်းကိုမှ နိုင်ငံတော်ကတောင်သဘင်လုပ်ငန်းနဲ့ပက်
သက်လို့ ပိတ်ပင်တားဆီးမှုတွေမလုပ်ပဲ ပံ့ပိုးကူညီမှု
တွေပေးနေတဲ့ အချိန်အခါကြီးမှ ဘယ်ဥပဒေဘယ်ပုဒ်
မတွေနဲ့ညိစွန်းလို့ပိတ်ပင်တားဆီးတာလည်း
နိုင်ငံတော်ပုန်ကန်မှုလည်မဟုတ်ပဲကျွန်မတို့ဇာတ်အ
ဖွဲ့(၃)ဖွဲကို သူတို့ထုတ်ပြန်တဲ့ စည်းကမ်းချက်နဲ့ 
မကိုက်ညီလို့ဆိုရအောင်က သူတို့ကောက်ခံတဲ့
ဝန်ဆောင်ခတွေ နှစ်တိုင်းပေးဆောင်လာတာ
သားကြီးလှိုင်ဘွားအောင်တစ်သက်(၁၅)နှစ်ထက်
မနည်းတော့ဘူး ကထိန်အလှူငွေ ပဌာန်းအလှူငွေ
သက်ကြီးပှုဇော်ပွဲအလှူငွေတွေဆိုလည်း နှစ်တိုင်း
အချိုးကျထည့်တဲ့အပြင် သီးခြားဆွမ်းအလှူ သီးခြား
ပဒေသာပင်အလှူတွေ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်
နောက်တီးလုံးတိုက်တာဆိုလည်း ကျွန်မတို့ စစ်ကိုင်း
မှ သီးသန့်ဇာတ်တီးလုံးတိုက်ဖို့ ခြံတစ်ခြံ စီစဉ်ပြီးတိုက်
ခဲတာပါ မန္တလေးမှာလာပြီးတီးလုံးမတိုက်ပါဘူး
ပွဲလက်ခံတာဆိုလည်း ကျွန်မတို့  ဘွတ်ကင်နဲ့ကျွန်မ
တို့ ဌားရမ်းဖွင့်လှစ်ပွဲလက်ခံတာပါ သူများဘွတ်ကင်
ကပ်ရက်ပွဲလက်ခံတာလည်းမဟုတ်ပါဘူး။
ပွဲကပြတာနဲ့ပက်သက်လို့လည်း ပွဲဌားရမ်းသူများ
ဌားရမ်းကပြစေတဲ့ ရက်ကွက် ကျေးရွာ မြို့နယ်မရွေး
ကပြခွင့်ရှိတဲ့ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်း
အရုံး(ဗဟို)ကထုတ်ပေးတဲ့ သဘင်လုပ်ငန်းတည်
ထောင်ခွင့် မှတ်ပုံတင်ကဒ် ရယူထားတဲ့တရားဝင်
အဖွဲ့ အစည်းတိုင်းဟာတစ်နိုင်ငံလုံးမည်သည့်ဒေသ
မှာမဆို သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်း
ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်
ရေးဦးစီးဌာနမှ ခွင်ပြုချက်တင်ပြတောင်းခံပြီး ကပြ
နိုင်ပါတယ် ။ သဘငါအစည်းအရုံးဆိုတာ ပွဲကပြခွင့်
ခွင့်ပြုနိုင်ခြင်းမရှိသလို ပိတ်ပင်နိုင်ခြင်းလည်းမရှိဘူး
ဒါပေမယ့် အခုလိုလုပ်ပိုင်ခွင့်မရှိပဲ လုပ်တဲ့သူတွေက
လုပ်တာကတော့ ကျွန်မတို့ ဇာတ်အဖွဲ့(၃)ဖွဲ့အတွက်
နှစ်နာဆုံးရှုံးမှုတွေခံကြရပါတယ်။
အချို့ပွဲဌားတွေက မဌားရဲကြတော့ဘူး ဒီကိစ္စနှင့်ပက်
သက်၍လုပ်စရာရှိတာတွေဆက်လုပ်သွားမှာပါ
ကုလသမဂ္ဂ လူ့အခွင့်အရေးစောင့်ရှောက်မှုအဖွဲ
အိုင်အယ်လို နဲ့လည်းဆက်သွယ်ဆောင်ရွက်သွားမှာ
ဖြစ်သလို တည်စဲဥပဒေအရလည်း ခုခံကာကွယ်ဖို့ 
ဥပဒေအကြံပေးမျာ ရှေ့နေများနဲ့လည်းဆက်သွက်
လုပ်ကိုင်သွားမယ် သူတို့ပြောသလို ပြောကြစတမ်း
ဆိုရင် စစ်ကိုင်းဇာတ်တွေမန္တလေးလာမကနဲ့လို့ တား
သလို မန္တလေးဇာတ်တွေလည်းစစ်ကိုင်းလာမကနဲ့
လို ကျွန်မပြောရင်ရမလား ဒါပေမဲ့ကျွန်မ မပြောပါဘူး
ကျွန်မနိုင်ငံရေးနားမလည်း ဥပဒေမတက်ကျွမ်းပေမဲ့
ကိုယ့်မှားမရှိတဲ့ အဏာကို အာဏာရူးရူးပြီး ငါနယ်ဝင်
မလာနဲ့  ငါနယ်လာလုပ်မစားနဲ့လိုပြောမဲ့အာဏာရူးစာ
ရင်းထဲကျွန်မအပါမခံနိုင်ပါဘူး လို လှိုင်ဘွားအောင်
ဇာတ်တည်ထောင်သူဒေါ်ထွေးမြင့်ကြည်မှပြောသည်။

မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)
အမှတ်-၁၃၅-၂၁လမ်း လသာမြို့နယ်ရန်ကုန်မြို့မှ
ပွဲမိန့်ခွင့်ပြုပေးပါရန်ကိစ္စအားသဘင်ပညာရင်အစည်း
အရုံးအတွင်းရေးမှူးစည်သူအကယ်ဒမီဒေါ်နွဲနွဲစန်း
မှမန္တလေးမြို့ မဟာအောင်မြေမြို့နယ်အထွေထွေ
ထံသို့ သြဂုတ်လ ၂၅ ရက်စွဲဖြင့်ခွင့်ပြုပေးရန်အတွက်
ဇာတ်ပွဲ အငြိမ့်ပွဲ ဆိုင်ပွဲ နတ်ကန္နားပွဲများတီးမှုတ်ကပြ
ခွင့် တင်ပြတောင်ခံလာလျှင် မြန်မာနိုင်ငံသဘင်ပညာ
ရှင်များအစည်းအရုံး ဗဟို ဌာန၏ သဘင်လုပ်ငန်းအ
ဖွဲ့အစည်းတည်ထောင်ခွင့်အသိအမှတ်ပြုလွှာနှင့်
သဘင်အဖွဲ့အတွင်းပါဝင်သောပညာရှင်အင်အားစာ
ရင်းအစုံအညီတင်ပြတောင်းခံလာသောအခါမှ
တီးမှုတ်ကပြခွင့် ပွဲမိန့်များချထားပေးပါရန်နှင့်
မန္တလေးတိုင်းဒေသကြီးသဘင်ပညာရှင်များ အစည်း
အရုံးမှ ငှင်းတို့လုပ်ပိုင်ခွင့်မရှိသော ဇာတ်အဖွဲ့ (၃)
အဖွဲ့ အား ၂၃ ၈ ၂၀၁၃ ရက်နေ့ ထုတ် ရတနာပုံသ
တင်းစာတွင်ပွဲမိန့် ပိတ်ခြင်းများပြုလုပ်နေသည်ကို
တွေ့ရှိနေရသည့် အတွက် မြန်မာနိုင်ငံသဘင်ပညာ
ရှင်များအစည်းအရုံးဦးစီးဌာန ပွဲမိန့် ခွင့်ပြုချက်ရယူပြီး
ကပြခွင့်ရှိကြောင်းသိရှိစေရန်နှင့်သဘင်ပညာဖြင့်
အသက်မွေးဝမ်းကျောင်းပြုသူ သဘင်ပညာရှင်များ
စားဝတ်နေရေးအဆင်ပြေစေရန်စောင့်ရှောက်မှုပြု၍
ပွဲမိန့် များခွင့်ပြုပေးရန်တင်ပြအပ်သည်ဟုသောစာ
အားမြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး
ဗဟို မှအတွင်းရေးမှူးအကယ်ဒမီဒေါ်နွဲနွဲစန်းမှ
ပေးပိုထားပြီးဖြစ်ပါကြောင်းကို ကိုချစ်ကိုနိုင်မှရှင်ပြခဲ့
ပါသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍မန္တလေးတိုင်းသဘင်
ပညာရှင်များအစည်းအရုံးလောကနတ်အဖွဲ့သားများ
မန္တလေးဇာတ်သဘင်အဖွဲ့ မှ ဗဟို ကိုလည် အယုံ
ကြည်မရှိတော့ကြောင်း ကျွန်တော်တို့ မန္တလေးဇာတ်
အဖွဲ့ များလိုက်နာရမည့်စည်းကမ်းများမလိုက်နာ၍
မန္တလေးဇာတ်တစ်ဖွဲ့လုံးညီညီညွတ်ညွတ်ဆုံးဖြက်
တာဖြစ်ပါတယ် သူတို့ လုပ်ချင်သလို လုပ်မယ်ဆိုရင်
ညကျေမရှင်ဘဲသူဇာတ်ကိုယ်ဇာတ်ကြိုးသုံးထုတ်ပြီး
တရာဆွဲတာတွေ မန္တလေးဇာတ်သဘင်ရဲစည်းကမ်း
ကို ဗဟိုက ဝင်ရောက်ပြီးမလုပ်သင့်ပါဘူး
မန္တလေးမှသူမြို့နယ် နယ်သူ သဘင်အစည်းအရုံး
တွေရှိပါတယ် ဥပမာ ချမ်းမြသာစည်မြို့နယ်ကသဘင်
ပညာရှင်ပွဲပါမစ်တို့ကို မလုပ်ပဲ တိုင်းလာလုပ်ခွင့်မရှိ
ပါဘူး အဲသလိုကျော်ပြီးလုပ်မယ်ဆိုရင် မြို့နယ်
တွေ တိုင်းတွေမလိုတော့ပါဘူ အားလုံးဇာတ်သမား
တွေက ဝင်ချင်တဲ့နေရာဝင်က လိုရတဲ့နေရာကဖြစ်
လာမှပါ စစ်ကိုင်းတိုင်းကနေ လာတယ် လူတွေ့
စစ်ဆေးခွင့် မန္တလေးဇ်ာတွေအားလုံးစစ်ဆေးရပါ
တယ် သူတို့က လူတွေမခံရင် ရန်ကုန်ဇ်ာကငွေယူ
ထားသောပညာရှင်တွေ အကျွေးကျန်သူတွေအမှု
ဖြစ်လာရင်ဗဟိုက လာမရှင်ပေးပါဘူး ကျွန်တော်တို့
ပဲရှင်ရမှမုံရွာဇာတ်ကသူတွေ သူတို့ ခေါ်ချင်သောသူ
ပြသာနာတက်မယ်သူပါလာရင်မဖြစ်သင့်တာတွေ
မဖြစ်ရအောင် လူတွေ့ စစ်ဆေးတာပါ မန္တလေး
သဘင်ပညာအစည်းအရုံးကထုတ်တဲ့စည်းကမ်း
မလိုက်နာသောဇာတ်ရှိရင် ထုတ်မှပါပဲ သူတို့ ဇာတ်
၃ ဖွဲ့ ကွက်ထုတ်တာမဟုတ်ပါဘူး တာဝန်မယူဘူ
လိုပြောတာပါ လိုမန္တလေးသဘင်ပညာရှင်အစည်းအ
ရုံးမှဦးပေါက်ကြိုင်မှဖြေကြားခဲပါသည် ။
အဆိုပါကိစ္စများ၏ပြသာနာအစမှ ယခုလ ၂၈ ရက်
သဘင်ပညာရှင်အစည်းအရုံးဗဟို ဥက္ကဋ္ဌ ဦးမြကြည်
အားမန္တလေးသဘင်လောကသားများကဆန္ဒဖော်ထု
တ်မည်ကိစ္စနှင့်ပက်သက်မှုတော့မရှိပါဘူ စည်းကမ်း
မလိုက်နာလိုပါ အရင်နှစ်တွေကလို စည်းကမ်းမဲ့စွာ
လုပ်ခဲ့ သူများကြောင်း သဘင်ပညာရှင်များအစည်း
အရုံးဥက္ကဋ္ဌဦးမြကြည်ကိုယ်တိုင်က ဝန်ကြီးပြောသော
စကားကြောင်းသာမန္တလေးဇာသဘင်အဖွဲ့ များဆန္ဒ
ဖော်ထုတ်သွားမှပါ ကျန်တာတွေကတော့ကျွန်တော်
မသိပါဘူး ပယ်ခံရသောဇာတ်များကစည်းကမ်းမလို
က်နာလို့ ပါလို့ သဘင် ဒုဥက္ကဋ္ဌဗဟို ကဘဘဦးစိန်မွ
တ္တားတို့ ပြောပြချက်အရသိရပါတယ် ဆန္ဒဖော်ထုတ်
အထဲ့တော့ကျွန်တော်မပါဘူးလုံးခြုံရေးထည်တော့
မြန်မာသဘင်အလှဆင်သူများအဖွဲ့ နဲ့ပါဝင်သွားမှပါ
လိုမန္တလေး မင်းသားကိုဝင်းနောင်မှဖြေvကြားခဲ့ပါသည်။


posted from Bloggeroid

No comments:

Post a Comment