ဝဋ်လည် မည် သတိ ထား
by kokomyanmarpyithar
အသည်းရောဂါ ကာကွယ် တား ဆီးရေး အစွမ်း ထက် ...Today, 22:29
ဘွားဘွားကို အဖေဒီလို ရိပ်သာပို့ပစ်မည်ဟု ကျွန်တော်လုံးဝမထင်ခဲ့။ သည်လိုအလုပ်မျိုး လုပ်ရက်မည်ဟု ဘယ်တုန်းကမှလဲ မတွေးရဲခဲ့ပေ။ သို့သော်ယခု အဖေလုပ်ရပ်ပြီ။
ယနေ့ညဟာ မိသားစုစားပွဲအတွက် နောက်ဆုံးညပေ။ ဘွားဘွားရယ်၊ အဖေရယ်၊ အဖေနောက်ယူမည့် ကျွန်တော့် မိထွေးလောင်းနှင့် ကျွန်တော်တို့ရဲ့ အဓိပ္ပါယ်မဲ့ ညစာစားပွဲဖြစ်သည်။ အိမ်တွင် ဟိုတယ်မှ မှာထားသည့် စားဖွယ်အစုံလင်နှင့် ဖြစ်သည်။ အဖေက သူ့ဇနီးလောင်းကို သွားခေါ်နေသည်။ အိမ်တွင် ကျွန်တော်နှင့် ကျွန်တော့်ဘွားဘွားနှစ်ယောက်တည်း။ ယခင်က အလွန်သာယာစိုပြေသည့် ဂေဟာကြီးက ယခုအလွန်ခြောက်သွေ့ကာ တိတ်ဆိတ်နေသည်။
ဘွားဘွားထံမှ အသံစကြားလာရသည်။ “မြေးလေးရယ်– ဝမ်းမနည်းပါနှင့်ဟု။ ဘွားဘွားနှင့် ရိပ်သာက သင့်တော်ပါတယ်။ ဟိုမှာ တရားအေးဆေး အားထုတ်လို့ ရပါသည်ဟု”။ ကျွန်တော့်ထံမှ ဘာသံမှ ပြန်၍မထွက်ပေ။ ငိုချင်လို့တော့မဟုတ်။ ကျွန်တော်စိတ်မှာ အလိုလို နားလည်နေသည်။ ကျွန်တော့်အား ကျွန်တော့်ဘွားဘွား ဖြေသိမ့်ပေးနေသည်။ ကျွန်တော် အေးဆေး မီးဖိုချောင်သို့ ထွက်ခဲ့သည်။ ပြင်ဆင်စရာရှိသည်ကို ကြိုတင် ပြင်ဆင်ပေးထားလိုက်သည်။
၈နာရီခွဲ ဝန်းကျင်တွင် အဖေနှင့် သူ၏ဇနီးလောင်းရောက်လာသည်။ တစ်ယောက်လက် တစ်ယောက်ချိတ်လို့။ အဖေ့ထံမှ စကားတစ်ခွန်းထွက်လာသည်။ “အမေနှင့် သားတို့ရေ— ညစာအတူတူစားရအောင်” ဟူ၍။ ကျွန်တော် အဘွားလက်ကိုတွဲကာ ထမင်းစားခန်းသို့ ထွက်ခဲ့သည်။ အဘွားကို ထမင်းထည့်ပေးကာ ကျွန်တော်လည်း ထမင်းစားဖို့ စတင်ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် အဖေက အဖွားလက်ထဲသို့ ပိုက်ဆံ ၁၀သိန်း ထည့်ပေးနေသည်။ ပါးစပ်ကလဲပြောသည်။ “အမေ လှူစရာရှိတာ လှူရအောင်” ဟူ၍။
ထိုအရာကို မြင်သည့် အဖေ့ဇနီးလောင်းက “ ရိပ်သာမှာ ဘာလှူစရာရှိလို့လဲ။ ၁၀သိန်းတောင် မလိုပါဘူး”ဟူသည့် စကားပြန်ထွက်လာသည်။ အဖေ့မျက်နှာ နီရဲတက်သွားသည်။ ကျွန်တော်နားလည်လိုက်သည်။ အဖေဒေါသထွက်နေပြီ။
အဖေ့ဇနီးလောင်းက ပြန်ပြောသည်။ “ဒါလေးပြောတာကို ဖြစ်နေလိုက်တာ”ဟုဆိုကာ ထမင်းစားဝိုင်းမှ ထထွက်သွားသည်။ အဖေဘာလုပ်ရမလဲ မသိသည့်အချိန်တွင် ဘွားဘွားက “ ဟုတ်လဲ ဟုတ်တာပဲသားရယ်။ အမေ့အတွက် ၁၀သိန်းလောက် မလိုပါဘူး” ဟုဆိုကာ ငွေကို ပြန်ပေးနေသည်။
ကျွန်တော်လည်း ငွေကို ဝင်ယူလိုက်ကာ ဘွားဘွားလက်ထဲ ငွေ၅သိန်းထည့်ပေးလိုက်ကာ အဖေ့ကို ငွေ ငါးသိန်းပြန်ပေးလိုက်သည်။ အဖေက နားမလည်ဟန်နှင့် ကြည့်နေသည့်အခါ ကျွန်တော်လည်း “အဖေဒီငွေ ၅သိန်းကို သိမ်းထားလိုက်ပါ။ အဖေ ဘွားဘွားလို အသက်ရွယ်ရောက်တဲ့အခါ ဒီလိုမကြုံဘူးဟု မပြောနိုင်ပါဘူး။ ကြုံလာသည့်အခါ သုံးလို့ရအောင် သိမ်းထားလိုက်ပါ”ဟု ပြောကာ ငွေကိုထည့်ပေးလိုက်သည်။ အဖေ့မျက်ဝန်းထဲ မျက်ရည်ဝဲလာသည်။ တစ်စုံတစ်ခုကို နားလည်ဟန်တူသွားသည်။ သို့သော် ဘာစကားမျှမထွက်လာ။ ဖွားဖွားက အားလုံးကို နားလည်သည့်သဘောနှင့် “သားရယ်— အမေနားလည်ပါတယ်။ သားကိုအပြစ်မယူပါဘူး”ဟူသည့် စကားက တိတ်ဆိတ်နေသည့် ဂေဟာလေးကို လွှမ်းခြုံသွားသည်။
လွမ်းတေး
Credit To :ဘဝစာမျက်နှာ
Related posts:
�ol>
ဗိုလ်ချုပ် အောင်ဆန်း ကြိုက်သည် ဆိုသော တေး တစ်ပုဒ် ၁၉၈ဝ-၈၁ ခုနှစ်က ဖြစ်သည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်။ ပါတီကောင်စီ တို့၏ စီမံချက်၊...
အမှိုက်ကားနဲ့တူသော လူများ တစ်နေ့ ကျွန်တော် Taxi တစ်စီးကို တားလိုက်ပြီး လေဆိပ်ကို ထွက်ခဲ့တယ်..။ ကျွန်တော်တို့ ကားဟာ လမ်းရဲ့...
Related posts brought to you by Yet Another Related Posts Plugin.
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment