Friday, February 28, 2014

7Day Newsမှမြန်မာနိုင်ငံပေါ်

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် အာဆီယံတိုက်တွန်း
by 7dnroot
7Day News Journal - ၇ ရက် သတင်းဂျာနယ်Jan 21, 2011
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေး ယူမှုများရုပ်သိမ်းပေးရန် အာဆီယံအဖွဲ့ကြီးက တောင်းဆိုလိုက်သလို ပြည်တွင်းရှိတိုင်းရင်းသားပါတီ ငါးခုကလည်းတောင်းဆိုမှုပြုလုပ်ခဲ့ရာ ရက်ပိုင်းအတွင်း ရှေ့ဆင့် နောက်ဆင့်ကိုထွက်ပေါ်ခဲ့သည်။

    အာဆီယံအဖွဲ့ကြီးက တောင်းဆိုရာတွင် အတိုက်အခံနှင့်တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန်ကိုပါ  ထည့်သွင်းတိုက်တွန်းတောင်းဆို လိုက်ခြင်းဖြစ်သည်။
    အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်လျှက်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အစိုးရ၊ ဥရောပသမဂနှင့် ကနေဒါနိုင်ငံတို့က ချမှတ်ထားသော စီးပွားရေးအရပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရေးစဉ်းစားရန် တိုက်တွန်း လိုက်ခြင်းဖြစ်ကာ ထိုသို့တိုက်တွန်း ရခြင်းမှာ မြန်မာနိုင်ငံသည် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးဖြစ်ကာ အခြားသော အကြောင်းပြချက် တစ်ခုတို့ကြောင့်ဖြစ်ကြောင်း ပြောဆိုထားသည်။
    အမေရိကန်နှင့် အနောက်နိုင်ငံအချို့သည် လူ့အခွင့်အရေး၊ နိုင်ငံရေး  အကြောင်းပြချက်များ ဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး နှင့်နိုင်ငံရေးပိတ်ဆို့တားဆီးမှုများချမှတ်ထားသည်။
    မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ်က ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
    အာဆီယံအဖွဲ့၏ တိုက်တွန်းမှုသတင်းမထွက်ပေါ်မီ ဇန်န၀ါရီ ၁၅ရက်ကရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတီများက ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေး စဉ်း စားပေးရန် တောင်းဆိုရာတွင်မူ သမိုင်းအဆက်ဆက် ဖွံ့ဖြိုးမှု နောက်ကျနေသည့် တိုင်းရင်းသားများ ၏ ဖွံ့ဖြိုးတိုးရေးအတွက် အရေးကြီးသော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ် နှံမှုနှင့် ခေတ်မီနည်းပညာများ ရရှိရေး လုပ်ငန်းစဉ်များ အခက်အခဲဖစ်ပေါ်နေခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
    ပူးတွဲကြေညာချက် ထုတ် ပြန်လိုက်သည့် တိုင်းရင်းသားပါတီ ငါးခုမှာလွှတ်တော်နှစ်ရပ်အတွက် ကိုယ်စားလှယ်၂၁ ဦး ရွေးချယ်ခံထားရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ၁၆ဦးရွေးချယ်ခံထားသည့်  ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ကိုယ်စားလှယ်၎ဦးရွေးချယ်ခံရသည့် ချင်းအမျိုးသားပါတီ၊ ကိုယ်စားလှယ် ၇ဦးရွေးချယ်ခံရသည့် မွန်ဒေသလုံးဆိုင်ရာပါတီ၊ ကိုယ်စားလှယ် ၅ဦးရွေးချယ်ခံရသည့် ဖလုံစဝေါ်ဒီမိုကရက်တစ် ပါတီတို့ဖြစ်သည်။
    ယခုကဲ့သို့ တိုင်းရင်းသားပါတီများ ပူးပေါင်းကာ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုင်မ်က ပြောကြားသည်။
    ၂၀၁၀ရွေးကောက်ပွဲရလဒ်အဖြစ် လွှတ်တော်အစည်းအဝေး များကို ဇန်န၀ါရီ၃၁ရက်တွင် ကျင်းပမည်ဖြစ်ကာ ပေါ်ထွက်လာမည့်အစိုးရသစ်တစ်ရပ်ကို ပြည်တွင်းပြည်ပ   အသိုင်းအ၀ိုင်းမှ စောင့်ကြည့်လျက်ရှိသည်။
   Ref; Jakata Globe

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment