Tuesday, February 25, 2014

မော်ဒယ်မတင်မိုးလွင်

မော်ဒယ် တင်မိုး လွင်ကို ကိုရီး ယားသမ္မ တနိုင် ငံ နိုင်ငံ ခြားရေး ၀န်ကြီး ဌာန က ဂုဏ်ပြု လွှာ ချီး မြှင့်ခဲ့
by kokomyanmarpyithar
အသည်းရောဂါ ကာကွယ် တား ဆီးရေး အစွမ်း ထက် ...Yesterday, 10:20
နိုင်ငံကျော် မော်ဒယ် တင်မိုးလွင်ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်နိုင်ငံခြားသံတမန်ဆက်ဆံရေးဆိုင်ရာ လှုပ်ရှားမှုများ၌ အားကြိုးမာန်တက် ပါဝင်ကူညီပေးခဲ့မှုအတွက် အမှတ်တရ ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ပွဲကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးတွင် ပြုလုပ်ခဲ့သည်။

Talents & Models အေဂျင်စီတည်ထောင်သူဖြစ်သည့် မော်ဒယ်တင်မိုးလွင်သည် ၂၀၁၃ ခုနှစ်၊အောက်တိုဘာလ၌လည်း ကိုရီးယားသမ္မတနိုင်ငံ ခရီးသွားဌာနက ပေးအပ်သည့် ဂုဏ်ထူးဆောင် ခရီးသွားသံတမန်ဘွဲ့ကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် သွားရောက်လက်ခံယူခဲ့သည်။

“ဆုရပါစေတော့ဆိုပြီးတော့ ရည်ရွယ်ခဲ့တာ မဟုတ်ဘဲ ကိုယ့်အလုပ်ထဲမှာ ပါနေတဲ့အလုပ်တစ်ခုကိုစေတနာပါပါနဲ့ လုပ်ပေးခဲ့တာပါ။ ဒါမှမဟုတ်ပါဘူး၊ ထိုင်းကုန်ပစ္စည်းပြပွဲတွေမှာလည်း အစ်မအနေနဲ့ ပါဝင်ခဲ့တာပါပဲ။ ဒီလိုမျိုး ဆုပေးတယ်ဆိုတာကလည်း ကိုရီးယားနိုင်ငံအနေက သူတို့နဲ့ပတ်သက်တဲ့ခရီးသွားလာရေးတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေရေးတွေနဲ့ ကမ္ဘာကို အမြဲတမ်းထိုးဖောက်နေတာ ဖြစ်တော့ သူတို့ရဲ့ သံရုံးရှိတဲ့နိုင်ငံတိုင်းမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ပေးတဲ့သူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြင့်တဲ့သဘောပါပဲ”ဟု မော်ဒယ် တင်မိုးလွင်က ဆိုသည်။

Myanmar Times

အမှတ်တရ ဂုဏ်ပြုလွှာလက်ခံရယူအပြီး မော်ဒယ်တင်မိုးလွင်ကိုတွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)

Related posts:

�ol>
မြန်မာနဲ့ တောင်ကိုရီး ယားသမ္မတတို့ ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေး မြန်မာသမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ တောင်ကိုရီးယားခရီးစဉ် ဒုတိယနေ့ ဒီကနေ့ ညနေစောင်းက သမ္မတ အီမြောင်ဘတ်နဲ့ တွေ့ဆုံပြီး...
၂၀၁၂အရှေ့မြောက်အာရှ နိုင်ငံတကာမော်တော်ကားစူပါမော်ဒယ်ပြိုင်ပွဲ   ဇူလိုင် ၁၇။ ။ တရုတ်နိုင်ငံ Jilin ပြည်နယ်၊ Changchun မြို့ တွင်...
ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ Asia New Star Models ပြိုင်ပွဲမှာ Myanmar Model Star Awardဆုကို ရရှိခဲ့တဲ့ မော်ဒယ် အွန်ဆိုင်း ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဇန်နဝါရီ၁၅ရက်နေ့နှင့်၁၆ရက်နေ့တွေက ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၄ Asia New Star Models ပြိုင်ပွဲကို...
Related posts brought to you by Yet Another Related Posts Plugin.

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment