အရပ်ဘက် အစိုးရဝန်ထမ်းများ အချိန်ပိုလုပ်ခရရှိရေးအဆို တိုင်းလွှတ်တော်တွင် ရှုံးနိမ့်
by bniwebmaster@yahoo.com (မဇ္ဈိမ)
သတင်း - BNI OnlineToday, 22:27
အရပ်ဘက်အစိုးရဝန်ထမ်းများ အချိန်ပို လုပ်ခရရှိရေး တိုင်းအစိုးရ ဆောင်ရွက်ပေးစေလိုကြောင်း အဆိုကို ဧရာဝတီတိုင်းလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃မဲ သာရရှိပြီး ကန်ကွက်မဲ ၅၈ မဲဖြင့် ရှုံးနိမ့်သွား သည့် အတွက် လွှတ်တော်တွင် မှတ်တမ်းထားရှိရန်သာ ဆုံးဖြတ်လိုက်သည်။
ဖေဖော်ဝါရီ ၁၉ရက်က ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် လပွတ္တာမြို့ နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးဇော်ဝင်းက ယင်းအဆိုကို တင်သွင်းခဲ့ပြီးနောက် ကိုယ်စားလှယ်များဆွေးနွေးအပြီး ဖေဖော်ဝါရီ ၂၆ရက် တိုင်းလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားခြင်းဖြစ်သည်။
ယင်းအဆိုနှင့်ပတ်သက်၍ ကြံခင်းမဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်က “အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများ ဘဝရပ်တည်ရေးအတွက် အစိုးရဆီမှာ လုပ်ခလစာ ယူထားသူများဖြစ်ပြီး၊ အလုပ်သမားဥပဒေအရ ပေးလို့ရသမျှ ပေးစေလို ပါကြောင်း” ဟု ဆွေးနွေးခဲ့သည်။
အရပ်ဘက်အစိုးရဝန်ထမ်းများသည် ပြင်ပကုမ္ပဏီဝန်ထမ်းများ အချိန်ပိုကြေး ရရှိသည်ကို နှိုင်းယှဉ်ကာ ၎င်းတို့အနေဖြင့်လည်း အလုပ်သမားအခွင့်အရေးအရ အချိန်ပိုကြေး ရသင့်ကြောင့် ပြောဆိုမှုများ ရှိနေသည့် အတွက် အဆိုတင်ရခြင်းဖြစ်ကြောင်း ဦးဇော်ဝင်းက ဖေဖော်ဝါရီ ၁၉ ရက် လွှတ်တော်အစည်းအဝေးတွင် သုံးသပ်ပြောကြားထားသည်။
အရပ်ဘက် အစိုးရဝန်ထမ်းများ လုပ်ခအချိန်ပိုကြေးနှင့် ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ကျေးလက် ဒေသ ဖွံဖြိုးတိုးတက်ရေးဝန်ကြီး ဦးကျော်ဝင်းနိုင်ကမူ “တိုင်းဒေသကြီး အစိုးရမှာဆောင်ရွက်ပေးလို့ မရပါဘူး၊ ပြည်ထောင်စု အစိုးရကပဲ ဆောင်ရွက်ခွင့်ရှိတာပါ။ တိုင်းဒေသကြီးအစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရ ထံ ဆက်လက်တင်ပြ ပေးသွားပါ မယ်”ဟု ပြန်လည်ဖြေကြားသည်။
တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ ငွေစာရင်း စီမံကိန်းနှင့် ဘဏ္ဍရေး၊ သမဝါယမ၊ စီးပွားရေးနှင့်ကုန်သွယ်ရေး လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကော်မတီကလည်း အဆိုသည် လျော်ကန်သင့်မြတ်သော အဆိုဖြစ်ပြီး၊ တိုင်းအစိုးရ အဖွဲ့ မှ တိုက်ရိုက် ဆောင်ရွက်ရန် မသင့်ကြောင်းနှင့် ပြည်ထောင်စုအစိုးရကသာဆောင်ရွက်သင့် သည်ဟု ကော်မတီဥက္ကဋ္ဌ မော်လမြိုင် ကျွန်းမဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က တင်ပြသည်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment