မိုင်းပျဉ်း မှ နတ်ကိုး ကွယ်သည့် လားဟူ တိုင်းရင်း သား ၈၀၀ ကျော် ဗုဒ္ဓ ဘာသာ ပြောင်း
by kokomyanmarpyithar
အသည်းရောဂါ ကာကွယ် တား ဆီးရေး အစွမ်း ထက် ...Yesterday, 10:20
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့ရှိ ကျေးရွာဆယ်ရွာမှ မိရိုးဖလာ နတ်ကိုးကွယ်သည့် လားဟူ တိုင်းရင်းသား ၈၀၀ ကျော်သည် ဖေဖော်ဝါရီ တတိယပတ်အတွင်း ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပြီး တိုင်းရင်းသား ၁၀၀ မှာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း မန္တလေးမြို့၊ အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့နှင့် သာသနာပြု ဗဟိုကျောင်း ဆရာတော်ထံမှ သိရသည်။
ထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟို ကျောင်းတွင် ငါးကြိမ်မြောက် ဗုဒ္ဓအဆုံးအမ ခံယူပွဲနှင့် ရှင်ပြုအလှူပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပရာ ဆင်မောင်းကျေးရွာ အုပ်စု၊ ပါခမ်း ကျေးရွာအုပ်စု၊ ထန်ယျန်းကျေးရွာ အုပ်စုနှင့် ယန်းမိုင် ကျေးရွာအုပ်စုတို့မှ ကျေးရွာ ဆယ်ရွာရှိ လားဟူတိုင်းရင်းသား အိမ်ထောင်စု ၁၄၈ စု၊ လူဦးရေ ၈၁၂ ဦးသည် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပြီး ၄င်းတို့၏ သားယောက်ျား ၁၀၀ ဦးကို သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်း ဖြစ်ကြောင်း မြို့နယ်ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဆရာတော် ဘဒ္ဒန္တသီရိဓမ္မ (တောင်ငူ) က မိန့်ကြားသည်။
“ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်ဒေသက တိုင်းရင်းသားတွေကို သူတို့ရဲ့ ဆန္ဒအရ ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲနဲ့ ရှင်ပြုအလှူပွဲကို ကျင်းပနိုင်ခဲ့တာ ငါးကြိမ်ရှိသွားပြီ။ ဒီငါးကြိမ်စလုံးကို မန္တလေး အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့ကပဲ အကျွေးအမွေး ကုန်ကျစရိတ်တွေ အပြင် အိမ်ထောင်စုအလိုက် ကြေးဘုရား ဆင်းတုတော်တွေပါ လှူပေးတယ်။ အခု အကြိမ်က ဗုဒ္ဓဘာသာကို ခံယူတဲ့ဦးရေ အများဆုံးပဲ” ဟု ဆရာတော်က မိန့်ဆိုသည်။
၂၀၁၃ ခုနှစ်မှ စတင်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ ဒေသခံ တိုင်းရင်းသားများ၏ သာသနာပြုလုပ်ငန်း များကို အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့ဝင်များနှင့် စေတနာရှင်များ၏ ထည့်ဝင် လှူဒါန်းငွေ များဖြင့် ကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယခုအကြိမ်၌ နားပေါလောကျေးရွာ စာသင်ကျောင်း ဆောက်လုပ်ရန် အလှူငွေ ၁၅ သိန်းနှင့် ပါခမ်းကျေးရွာ ရေကန်ဆောက်လုပ်ရန် အလှူငွေ ခုနစ်သိန်း အပါအဝင် စုစုပေါင်း ကုန်ကျငွေ သိန်း ၇၀ ခန့်ရှိကြောင်း မန္တလေးမြို့ အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုသည်။
“ဒီတစ်ကြိမ်ကတော့ လူအစည်ကားဆုံးပဲ။ တောင်ပေါ်ဒေသက ကိုယ့်လူမျိုးတွေ အသိဉာဏ် ပွင့်လင်းလာအောင် လုပ်ဆောင်ပေးတဲ့ ဆရာတော်ရဲ့ကျေးဇူးက ကြီးလှပါတယ်။ အရင်နှစ်တွေက ကိုရင်ဝတ်ခဲ့တဲ့ သူတွေကိုလည်း စာဝါလိုက်နိုင်အောင်လို့ မန္တလေးအထိ ဆရာတော်က ပို့ပေးတယ်။ ကျောင်းမှာလည်း ယဉ်ကျေးလိမ္မာ သင်တန်းအပြင် ကွန်ပျူတာသင်တန်းနဲ့ အင်္ဂလိပ်စကားပြော သင်တန်းကိုပါ အခမဲ့ သင်ပေးတယ်” ဟု ယုံကြည်မှုအရ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲခဲ့ပြီး ဆရာတော်၏ သာသနာပြု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘာသာပြန်အဖြစ် လိုက်ပါကူညီ ဆောင်ရွက်ပေး နေသော လားဟူတိုင်းရင်းသူ ဒေါ်အဲနာက ဆိုသည်။
မိုင်းပျဉ်းမြို့နယ် အတွင်းရှိ ဘာသာခြား လားဟူတိုင်းရင်းသား များကို ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဆရာတော်၏ ဟောပြောစည်းရုံးနိုင်ခဲ့မှုကြောင့် ပထမအကြိမ်တွင် ၄၀၀ ဦး၊ ဒုတိယ အကြိမ်တွင် ၆၁၅ ဦး၊ တတိယအကြိမ်တွင် ၇၁၀ ဦး၊ စတုတ္ထအကြိမ်တွင် ၄၆၆ ဦးနှင့် ပဉ္စမအကြိမ်တွင် ၈၁၂ ဦးတို့အား ဗုဒ္ဓဘာသာ အဆုံးအမ ခံယူပွဲများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ယင်းမြို့နယ် သာသနာရေး ဦးစီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မြို့နယ် ဆယ်မြို့နယ်တွင် ၁၉၉၄ ခုနှစ်မှ လက်ရှိအချိန်ထိ ဗုဒ္ဓဘာသာ အဆုံးအမ ခံယူခဲ့သည့် အကြိမ်ပေါင်း ၃၀ ကျော်ရှိပြီး အာခါ၊ လားဟူနှင့် လီရှောတိုင်းရင်းသား ၃၇,၄၀၀ ခန့်သည် ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခဲ့ပြီး ဖြစ်ကြောင်း ပြည်နယ် သာသနာရေးမှူးရုံး ထံမှ စုံစမ်းသိရှိရသည်။
Myawady News
Related posts:
�ol>
ခန္ဓာကိုယ် ဘာသာ စကား ကို အသံထွက် ပြောင်းနိုင်သော လက်အိတ်တီထွင် ယူကရိန်း နိုင်ငံမှ တီထွင်ရေး အဖွဲ့ တစ်ဖွဲ့ သည် ဆွံ့အနား မကြားသူ တို့၏ ခန္ဓာကိုယ်...
ဘာသာ စကား ၃၂ မျိုးကို ဘာသာပြန်ပေးနိုင် မယ့် COMET Talking Translator ပြည်တွင်း သို့ရောက်ရှိ လာပြီ ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော COMET အမှတ်တံဆိပ် Talking Translator ပြည်တွင်းသို့ရောက်ရှိလာပါပြီ။...
အလောင်း စည်သူ မင်းတည်ထား ကိုးကွယ်သည့် ပခန်း ကြီးမြို့ ဟောင်းမှ စည်သူ ရှင်ဘုရား ပခုက္ကူ ခရိုင် ၊ရေစကြို မြို့ နယ်၊ ပခန်းကြီး ကျေးရွာ ( ပခန်း ကြီးမြို...
Related posts brought to you by Yet Another Related Posts Plugin.
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment