Tuesday, February 25, 2014

ရခိုင်ပြည်နယ်မအီမြို့နယ်စနဲရွာမှ၇မိုင်

ရခိုင် ပြည်နယ် မအီ မြို့နယ် စနဲ ရွာမှ ၇မိုင် ခန့်ဝေး ပါတယ် ကားလမ်း စတင် ဖောက်လုပ် နေပါ ပြီရှင်
by kokomyanmarpyithar
အသည်းရောဂါ ကာကွယ် တား ဆီးရေး အစွမ်း ထက် ...Yesterday, 10:20
မအီစက်တော်ရာ နှစ်ဆူ၏ထူးခြားမှုများ ကမ္ဘာပေါ်ရှိ သမိုင်းဝင် (၁၂) ဆူသော စက်တော်ရာများတွင် (၁) ဆူတည်းသာရှိသော ဘုရားရှင်၏ လင်္ကျာခြေတော်ရာကိုပါဖူးတွေ့နိုင်ခြင်း။ လူသူအရောက်အပေါက်နည်းပါးကာ ဆိတ်ငြိမ်အေးချမ်းသောအရပ်တွေသတွင်ရှိ၍ မူလအတိုင်းဖူးတွေ့နိုင်ပြီး တစ်ကြိမ်ရောက်လျှင် နောက်တစ်ကြိမ်ဖူးမျှော်လို့သည့် စိတ်ဆန္ဒများဖြစ်ပေါ်လာစေခြင်း၊ လူခြေတိတ်ဆိတ်သောအခါကြီး နေ့ကြီး လပြည့်နေ့ညများတွင် ဂဠုန် နဂါး သိကြား ဗြမ္မာ နတ်ဒေ၀ါဟု ယူဆရသော ရောင်ဝါထွန်းလင်းသည့် ပုဂ္ဂိုလ်ထူးတို့ကို မြင်တွေ့ရတတ်ခြင်း။ တပေါင်း တန်ခူး ကဆုန်လများ၏ လပြည့်နေ့ညရောက်ခါနီးညများတွင် ခြေတော်ရာတည်ရှိရာ ဒေသမှ ရောင်ခြည်တော်တို့သည် အရပ် (၁၀) မျက်နှာသို့ ကွန့်မြူးတတ်ခြင်းနှင့် ရောင်ခြည်တော်များ ကွန့်မြုးသည်ကို (၅) မိုင်အကွာအဝေးရှိတောင် ပေါ်ယာတဲများမှပင် ဖူးတွေ့နိုင်ခြင်း။ စက်တော်ရာ အနီးတွင်တွေ့ရတတ်သော ကျေးငှတ်၊ တိရိစ္ဆာန်နှင့် ငါးများကို အန္တရယ်ပြုမိပါက ဘေးဒုက္ခနှင့်လက်ငင်းကြုံတွေ့တတ်ရခြင်း။ စက်တော်ရာ နှစ်ဆူကို မှားယွင်းသောအယူရှိသူတို့မှ ယစ်ပူဇော်သော ဓလေ့ရှိခဲ့ရာတွင် စိတ်မချမ်းမြေ့ဖွယ် ဆိုးရွားသော ကပ်ရောဂါများ ကျရောက်၍ လူမျိုးနွယ်တစ်စု မျိုးတုံးပျောက်ကွယ်ခဲ့ဖူးခြင်း။
မြတ်စွာဘုရားရှင်၏ ဗျာဒိတ်နေရာဖြစ် ၍ မြင့်မြတ်သောနေရာဖြစ်ခြင်း။ ဖူးတွေ့ရသူ၏ စိတ်နှလုံးကို အေးငြိမ်းစေကာ ကြည်ညိုမဆုံးဖြစ်စေခြင်း။ ဘီစီ (၆) ရာစုနှစ်တွင် ဘုရားရှင်ကိုယ်တိုင် ကြွရောက်၍ချထားပေးခဲ့သော (ပါဒ) စက်တော်ရာများဖြစ်ကာ တတိယဓည၀တီခေတ်နှင့် ဝေသာလီခေတ်များတွင် များစွားစည်ကား၍ လူအများဖူးမျှော်ခဲ့ကြခြင်း။ ဗုဒ္ဓစက်တော်ရာကို ဖူးမျှော်ရခြင်းဖြင့် လောကီ လောကုတ္တရာ နှစ်ဖြာအကျိုးကျေးဇူးကို ယခုဘ၀မှာပင်ရရှိခံစားနိုင်ခြင်း။

ပဋ္ဌာန်းဆက် ရှိတဲ့ မြောက်ဦးဆရာတော်ဘုရားကြီး၏ ကျေးဇူးဖြင့် တွေ့ ရှိ ပုဇော်ထားတဲ့ မြတ်စွာဘုရား၏ ခြေတော်ယာအစစ်ပါ။ မအီ စနဲ ကျေးရွာမှာ တည်ရှိပါတယ်။ နှစ်ပေါင်း နှစ်ထောင့် ငါးရာကျော်တဲ့အထိ အကောင်းပကတိ တည်ရှိနေတဲ့ ခြေတော်ရာ ကို ဖူးမျော်လို့ ရနိုင်ပါပြီ။

Myawady News

Related posts:

�ol>
ရခိုင်ပြည်နယ် လယ်ယာမြေပြဿနာ စတင် စုံစမ်းစစ်ဆေးမည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်ထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ကိုတိုင်ကြားလာတဲ့ ရခိုင်ပြည်နယ် အတွင်းက လယ်ယာမြေပြဿနာ...
ကချင်စစ်ဘေးရှောင် ဒုက္ခသည်များထက် ရခိုင်ပြည်နယ် အတွင်းရှိ ရွှေ့ပြောင်း ဒုက္ခသည်များ အတွက် ရန်ပုံငွေ ပိုရရှိထား မြန်မာနိုင်ငံ အတွင်းရှိ ရွှေ့ပြောင်း ဒုက္ခသည်များအနက် ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များအတွက် ရန်ပုံငွေ ရရှိမှုမှာ ကချင်ပြည်နယ်...
ကချင် ပြည်နယ် လမ်းပန်း ဆက်သွယ်မှု အ ဆင် ပြေ ချော မွေ့ ရေး မြစ် ကြီး နား- မန္တလေး အမှတ်(၅၆) အစုန် တွဲဆိုင်း သစ်ဖြင့် စတင် ပြေးဆွဲ လက်ရှိ အခြေအနေတွင် ကချင်ပြည်နယ် အတွက် မီးရထား ပို့ဆောင်ရေးကို အဓိက အားထား နေရဆဲဖြစ်ကြောင်း၊ ပြည်နယ်...
Related posts brought to you by Yet Another Related Posts Plugin.

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment